ဟုန်ဖေးကို စနောက်ခဲ့ခြင်း
Vol. 13 Ch. 191
'လဲ့ကျိုက်' ကလပ်သည် တရုတ်အရှေ့ပိုင်းတစ်ခုလုံး၌ ကျော်ကြားလေသည်။ ဇိမ်ခံပစ္စည်းများဖြင့် အလှဆင်ထားသော အတွင်းခန်းများနှင့် လှပသော မိန်းမငယ်များကြောင့် ပျော်ရွှင်ရသည့် နေရာအဖြစ် နာမည်ကြီးလေသည်။
မြေသုံးဆယ်စတုရန်းမီတာကို သိမ်းပိုက်ထားသည့် ဤကလပ်တွင် မည်သည့်ကစားနည်းမဆို ရှာတွေ့နိုင်မည် ဖြစ်သည်။
ဘောလုံး၊ ဘတ်စကက်ဘော၊ ဂေါ့၊ ပုရစ်နှင့်လိပ်မွေးမြူခြင်း၊ ရှေးက ကစားနည်းများ။
ပုံမှန်အားဖြင့် ထိုကစားနည်းများအား ကစားရန် လူသိပ်မရှိပေ၊ ကစားရန် ပိုက်ဆံမရှိတာလည်း ဖြစ်နိုင်ပေသည်။
ဒါကြောင့် တရုတ်ပြည်အရှေ့ပိုင်းရှိ ချမ်းသာသော လူငယ်၊ လူကြီးများသည် သူတို့၏ ချမ်းသာကြွယ်ဝမှုကို ပြသရန် ဒီကို လာတတ်ကြသည်။
ချမ်းသာသော ဒုတိယမျိုးဆက်များ၏ အသိုင်းအဝိုင်းကြားထဲ၌ ခွေးတိုက်ပွဲတို့၊ ဘာတို့ဆိုတာ ရှင်းပြရန်
ပါးစပ်တောင်ဖွင့်စရာမလိုခဲ့ပေ။ ဒီမှာ လူကြိုက်အများဆုံးပွဲကတော့ ခွေးတိုက်ပွဲနှင့် ကြက်တိုက်ပွဲပင်။
ဤနေရာ၌ လောင်းကြေးသည် သန်းဆယ်ဂဏန်း သို့မဟုတ် သန်းရာနှင့်ချီ၍ ရှိသည်ဟု ဆိုကြပေသည်။ ဒါဟာ သူတို့၏ ကျော်ကြားမှုကို မီးမောင်းထိုးပြနေလေသည်။
ဤနေရာနှင့် နှိုင်းယှဥ်ပါက မြွေစိမ်းဂိုဏ်းမှ ခွေးတိုက်ပွဲသည် အဆင့်မသတ်မှတ်ထားသော တည်ရှိမှု တစ်ခုသာ ဖြစ်၏။
ဤနေ့တွင် သြစတြီးယားထုတ် ဝတ်စုံများ၊ စပိန်၌ သီးသန့်မှာချုပ်ထားသော သားရေဖိနပ်များ၊ သန်းပေါင်းများစွာ တန်၍ ကန့်သတ်မှုဖြင့် ဝယ်ရသော Rolax ရွှေနာရီများကို ကြက်ကွင်းအပြင်၌ ပျိုးပျိုးပြက်ပြက်မြင်နေရသည်။
ရောက်နေသည့် ချမ်းသာသော ဒုတိယမျိုးဆက်များက ဟုန်ဖေးအား သိနေသည့်ပုံ ပေါက်ပြီး သူ၏ စိုးရိမ်နေသော အကြည့်ကို မြင်သည့်အခါ စတင်တီးတိုးပြောဆိုလာကြသည်။
"ဟေး ကြည့်စမ်း ဒါ အရှေ့ပင်လယ်က နာမည်ကြီး သခင်လေး ဟုန်ဖေးမလား"
"သူ တစ်ယောက်ယောက်ကို စောင့်နေသလိုပဲ"
"သူ စောင့်နေတာ နာရီဝက်နီးပါး ရှိပြီ၊ သူ့ကို ဒီလောက်ကြာအောင် စောင့်ခိုင်းစေနိုင်တဲ့ လူက ဘယ်သူလဲမသိဘူး"
"မြို့တော်ဝန် မဖြစ်နိုင်ဘူးလား"
ထိုအခိုက်အတန့်တွင် ချမ်းသာသော ဒုတိယမျိုးဆက်မှ အမျိုးသားက သူ့မိန်းကလေး၏ လက်မောင်းကို ကိုင်၍ ပြက်ရယ်ပြုလာသည်။
"မင်းက မသိသေးဘူးပဲ၊ သခင်လေးဟုန်နဲ့ သခင်လေးဟိုင်က မုန်တိုင်းဖြစ်နေတုန်းပဲ"
သူက ပြောနေရင်း အမျိုးသမီး၏ အာရုံစူးစိုက်နေမှုကို သဘောကျကာ သူမတင်ပါးကိုဆုပ်ကိုင်ပြီး ပွတ်
သပ်လိုက်တာကြောင့် သူမအား နှုတ်ခမ်းစူစေခဲ့သည်။
"ဟာဘာကျွန်းက စွန်းဖုဟိုင် လေ၊ မင်း မသိဘူးလား"
ဘေးနားမှ လူများသည် အံ့သြတုန်လှုပ်ကုန်ပြီး လေအေးကို ရှူရှိုက်လိုက်ရသည်။
"အဲ့ဒီ စွန်းဖုဟိုင် ဆိုတာ ဟာဘာကျွန်း၊ စိမ်းမြရောင်
ဂိုဏ်းက ခန်းမသခင်ရဲ့ တူ မလား၊ သူ့ရဲ့ နောက်ခံက နှိုင်းယှဥ်လို့မရအောင် ကြီးမားလွန်းတယ်၊ သခင်လေးဟုန် ရန်စလို့ရမယ့်သူတော့ မဟုတ်ဘူး"
"ဟားဟား...သူ ရန်စလို့ မရင်တောင် ရန်စပြီးနေပြီ၊ သခင်လေးဟိုင်က သခင်လေးဟုန်အပေါ်မှာ ရန်ငြိုးတွေ ဖြေဖျောက်ဖို့ ဒီနေ့ ကြက်တိုက်ပွဲမှာ ထောင်ချောက်တွေ လုပ်ထားတယ်၊ ပြီးတော့ သခင်လေးဟိုင်က နိုင်ငံခြားကနေ အထူးတိုက်ကြက်ကို ဝယ်ဖို့ ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံထားတယ်လို့ ငါကြားတယ်၊ ဟုန်ဖေးဘက်က ရှုံးမှာ သေချာတယ်"
အားလုံး ခဏတာ တိတ်ဆိတ်သွားကြသည်။ ရုတ်တရက် တစ်စုံတစ်ယောက်မှ
"တောင်းပန်ပါတယ်၊ သန့်စင်ခန်းသွားလိုက်ဦးမယ်"
ထိုသို့ပြောပြီးနောက် သူ လှည့်၍ ပြေးသွားသော်လည်း သူဦးတည်နေသည့်နေရာက လောင်းကြေးများလက်ခံသည့် ရုံဖြစ်နေ၏။
စက်ဆုပ်ဖွယ်ကောင်းလှ၏။ အိပ်မက်က နိုးထလာသလိုမျိုး လူအုပ်ကြီးက အော်ဟစ်လာကြတော့သည်။
"ငါလည်း အိမ်သာ သွားရမယ်"
"ငါလည်း လိုက်မယ်"
"ငါ့ကို စောင့်ဦး"
ကျွီး!
ဘရိတ်သံအပြီးမှာ ဖုန်များ ကပ်နေသည့်ကားက လဲ့ကျိုက် ကလပ်၏ အရှေ့မှာ ရပ်သွားခဲ့သည်။ တံခါးမှာ စောင့်ကြပ်နေသော အစောင့်များသည် ထပ်ခါထပ်ခါ ဆဲရေးကြတော့သည်။ ဒီလို ချာတူးလံကားက ဘာကြောင့် ဒီမှာ လာရပ်နေသနည်း။
သို့သော်ငြား သူတို့ တားတော့မည့်အချိန် သခင်လေးဟုန်ဖေးသည် စိတ်လှုပ်တရှားပုံစံဖြင့် သူတို့၏မျက်နှာအား တွန်းဖယ်ကာ ထိုကားဆီသို့ လျှောက်သွားလေသည်။ သူတို့ ချက်ချင်းပင် ထိုင်ချကာ ထိုကားအား မမြင်ခဲ့သယောင် ဟန်ဆောင်လိုက်ရသည်။
သို့သော်ငြား သူတို့၏စိတ်ထဲ၌ မညည်းတွားဘဲ မနေနိုင်ခဲ့ချေ။
"သခင်လေးဟုန်နဲ့ သိကျွမ်းတဲ့လူက ရာထူးကြီး ဒါမှမဟုတ် ချမ်းသာတဲ့ အသိုင်းအဝိုင်းက ဖြစ်မှာပဲ၊ ဒါကို ဘာလို ချာတူးလံ ကားကို မောင်းလာရတာလဲ"
"ဒါ ဟန်ဆောင်နေတာ မဟုတ်ဘူးလား"
သို့သော်ငြား ဟုန်ဖေးကတော့ တခြားလူများ၏ ထင်မြင်ချက်များကို ဂရုမစိုက်ပေ။ သူက မိသားစုဝင်ကို တွေ့လိုက်ရသလိုမျိုး ကားဆီသို့ ပြေးဝင်သွားကာ ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည့် လူငယ်တစ်ဦး၏ လက်ကို မလွတ်တမ်းဆွဲကိုင်ထားလေသည်။
ထိုလူငယ်ကတော့ မြစ်အောက်ပိုင်းရွာမှ ရွှီဖန်းပင်။ ရွှီဖန်းမှာ ကူကယ်ရာမဲ့စွာပင် သူ့လက်ကို ပြန်ဆွဲယူလိုက်ရသည်။
"အစ်ကိုဖေး ဘာလို့ ဒီလောက်တောင်မှ ရုတ်တရက်ကြီး စိတ်အားထက်သန်နေတာလဲ၊ ကျွန်တော့် စိတ်ထဲ နေလို့ထိုင်လို့ မကောင်းတော့ဘူး"
"အိုက်ယား...မင်း နောက်ပြောင်နေတာ ရပ်ပေးပါတော့"
အဆင့်အတန်းမြင့်သော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဟုန်ဖေးသည် ဒယ်အိုးပူအပေါ် ရောက်နေသည့် ပုရွက်စိတ်ကဲ့သို့ ရွှီဖန်း၏ လက်ကို ကိုင်ကာ လှုပ်ခါနေသည်။ သူက စိုးရိမ်တကြီးပြောလာသည်။
"ငါတို့ရဲ့ ဗိုလ်ချုပ်ကြီးရှန့်ဝူကရော ဘယ်မှာလဲ၊ ဘယ်မှာလဲ၊ သူ့ကို ကြည့်ခွင့်ပေးပါ"
ရွှီဖန်းမှာ ရှုံ့မဲ့စွာ ပြုံး၍ လက်ကို ပြန်ဆွဲထုတ်လိုက်ရသည်။ သူ မျက်ခုံးပင့်လိုက်ကာ..
"အစ်ကိုဖေး ကျွန်တော်တို့က ဘယ်အချိန်က မိသားစု ဖြစ်လာလို့လဲ၊ ကျွန်တော်တို့က မိသားစုဆိုရင် အစ်ကိုကရော ဘယ်သူလဲ ကျွန်တော်ကရော ဘယ်သူလဲ"
အစက ဟုန်ဖေးအား စချင်ခဲ့ရုံသာ ဖြစ်သော်လည်း သူက မျက်တောင်တောင်မခတ်ဘဲ အော်ပြောလာမည်ဟု ရွှီဖန်း မထင်ထားခဲ့ပေ။
"ညီလေး ငါ့ရဲ့သွေးသောက်ညီလေး!! ဒီအခြေအနေကို ကျော်ဖြတ်နိုင်အောင် မင်းကူညီပေးသ၍ ငါ မင်းကို အဖေလို့ ခေါ်ပါ့မယ်!"
ဖာ့ခ်!
ရွှီဖန်း လုံးဝ အံ့အားသင့်နေရသည်။ သူက နောက်
ပြောင်နေခြင်း ဖြစ်သော်လည်း ဟုန်ဖေး၏ စိုးရိမ်သောက ရောက်နေသော အမူအရာကို မြင်သည့်အခါ ဆက်ပြီး မနောက်ပြောင်ရဲတော့ပေ။ ထိုအစား ကားအနောက်တံခါးကို ဖွင့်၍
"ရှောင်ယင် ဗိုလ်ချုပ်ကြီးရှန့်ဝူနဲ့ ထွက်လာခဲ့"
ဟုန်ဖေးနှင့် စွန်းဖုဟိုင်၏ ကြက်တိုက်ပွဲကြောင့် လူအများအပြားက ဟုန်ဖေးအပေါ်မှာ မျက်လုံးကျရောက်နေကြသည်။
ထွက်လာခဲ့ ဟုတ်လား။
ညီလေး မင်းက ခွေးအကြောင်း မဟုတ်ဘဲ ကြက်အကြောင်းပြောနေတာရော ဟုတ်ရဲ့လား။
ထို့နောက် လှပသော ပုံရိပ်လေးက နောက်ခုံမှဆင်းလာသည်ကို တွေ့လိုက်ရသည်။ သူမသည် အမည်မသိနေရာမှ ကောက်ယူခဲ့ပုံရသော စုတ်ပြတ်နေသည့် ကြိုးဖြင့် ကြက်မတစ်ကောင်ကို ချီကာ သယ်ဆောင်ထား၏။ သူတို့ ဆွံ့အကုန်ကြသည်။
ညီလေး အဲ့တာက တိုက်ပွဲဝင်ရမယ့်ကြက်နော်။ ဘယ်သူကများ မင်းလိုမျိုး အဲ့ဒီလိုကြိုးကြီးနဲ့ ချည်ထားကြလို့လဲ။
ပြီးတော့ အဲ့ဒါက ကျေးလက်မှာ တွေ့ရတဲ့ သာမန်
အိမ်ကြက်အမျိးအစားပဲ မဟုတ်လား။
မင်း မနောက်နေတာ သေချာရဲ့လား။
ထိုအချိန်မှာပဲ ဇိမ်ခံကားတစ်စီးက ရပ်လာကာ ကားတံခါး ပွင့်လာသည်နှင့် တပြိုင်နက် အလုပ်ခွင်
အဝတ်အစားများနှင့် လက်အိတ်အဖြူများ ဝတ်ဆင်ထားသော လူငယ်တစ်အုပ်သည် တန်းစီ၍ ထွက်လာကြသည်။ ထိုလူများသည် အလွန်ဇိမ်ရှိမည့်ခုံကို ယူဆောင်လာကာ ထိုဆိုဖာခုံပေါ်၌ ကြက်ကြီးတစ်ကောင်ကို ချထားလေသည်။
"ဟားဟားဟား ဒါက သခင်လေးဟုန်မလား"
ဆံပင်ကို အဝါရောင်ဆေးဆိုးထားသော လူငယ်တစ်ယောက်က ဆင်းလာပြီး ဟုန်ဖေးကို ကြည့်ကာ ပြုံးသည်။
"ဒါက ငါ့ကြက်နဲ့ ပြိုင်ချင်နေတဲ့ မင်းရဲ့ကြက်
လား၊ ဟားဟားဟား ငါ့ကို မနောက်နဲ့ ဟုတ်ပြီလား"
ဟုန်ဖေး၏ အမူအရာက အလွန်ရုပ်ဆိုးနေသည်။ သို့သော် နောက်ဆုံးတွင် ဘယ်သူအနိုင်ရရှိမလဲ၊ ရှုံးမလဲက မည်သူကမျှ မပြောနိုင်သေးတာကြောင့် သူ့မျက်လုံးများက ပြန်လည်ခက်ထန်လာခဲ့သည်။
********************