← Chapters

အသိမိတ်ဆွေများအား နှုတ်ဆက်ခြင်း

Vol. 13 Ch. 192

အသိမိတ်ဆွေများအား နှုတ်ဆက်ခြင်း

Vol. 13 Ch. 192

"မင်းက အနိုင်ရမှာလား"

စွမ်းဖုဟိုင်က မောက်မာစွာပြုံး၍ ပတ်ဝန်းကျင်မှ လူများအား မေးလာသည်။

"လူတိုင်းပြောကြည့်ပါ၊ သူ့ကိုကြည့်လိုက်၊ ပြီးရင် ငါသန်းနဲ့ချီပြီး ဝယ်ယူထားတဲ့ နတ်ဆိုးနီကိုကြည့်၊ ဘယ်သူအနိုင်ရမယ်ထင်လဲ"

ခဏတာတိတ်ဆိတ်သွားပြီးနောက် လူအုပ်ကြီးက ဆူပူသွားသည်။ ဘေးပတ်ပတ်လည်မှ လူအားလုံး အော်လာကြသည်။

"နတ်ဆိုးနီက အနိုင်ရလိမ့်မယ်"

"ဟုတ်တယ်!"

"ဟားဟားဟား"

စွန်းဖုဟိုင်သည် ဂုဏ်ယူစွာဖြင့် ကျယ်လောင်စွာ ရယ်မောကာ လက်ကိုဝှေ့ယမ်းလျက် ပြောလိုက်သည်။

"ဒါဆို အားလုံးပဲ ခင်ဗျားတို့ လောင်းကြေးတွေကို နတ်ဆိုးနီအပေါ်မှာ လောင်းနိုင်ပါတယ်၊ အများကြီး အနိုင်မရရင်တောင်မှ အကုန်လုံးတော့ မဆုံးရှူံးဘူး...ဟားဟား"

"မှန်တယ်!"

"ဟုတ်တယ်!"

ပတ်ဝန်းကျင်မှ လူများက အဆက်မပြတ်

ခေါင်းညိတ်လာကြသည်။ အကြောင်းအရင်းမှာ လူတစ်ယောက်၌ မျက်စိပါလာသ၍ ရွှီဖန်း၏သာမန်

အိမ်ကြက်အမျိုးအစားသည် ဘယ်လောက်ပဲ အရွယ်အစားကြီးပါစေ စွန်းဖုဟိုင်၏နတ်ဆိုးနီကို မနိုင်မှန်း ထင်ရှားသောကြောင့်ပင်။

နတ်ဆိုးနီကို ကြည့်လိုက်လျှင် လူရှစ်ယောက်ဝန်းရံထားသော သားရေဆိုဖာအပေါ်၌ ဇိမ်ကျကျနေထိုင်နေရသည်။ သူ့ကိုကျွေးသည့် အစားအစာကိုတောင် ကျွမ်းကျင်အာဟာရပညာရှင်မှ ပြုလုပ်ပေးထားပြီး အမေရိကန်ပြည်ထောင်စုမှ အထူးလေယာဥ်ဖြင့် သယ်ဆောင်ထားရသည်ဟု ကြားထားသည်။

ပြီးလျှင် ရွှီဖန်း၏ ကြက်ကိုကြည့်လိုက်ပါက ပြောစရာပင် ပျောက်ရှရသည်။

"ညီလေး ငါ့ကိုလှည့်စားထားတာတော့ မဟုတ်ဘူးမလား"

စွမ်းဖုဟိုင်၏အရှေ့တွင် မာကြောခက်ထန်နေသော ဟုန်ဖေးသည် ရွှီဖန်းအား သုန်မှုန်နေသော မျက်နှာထားဖြင့်လှည့်ကြည့်ကာ ရွှီဖန်း၏အရှေ့တွင် ဒူးထောက်ချလုနီးပါးပင်။

ရွှီဖန်း ရှက်သွားကာ ဟုန်ဖေးကို အမြန်ဆွဲထူလိုက်ရသည်။ 

"စိတ်မပူပါနဲ့၊ နေရာရှိလား...တခြားမှာ စကားအရင်ပြောရအောင်၊ ယင်ယင် ကြက်ကို သေချာဆွဲထား"

ဟုတ်ပါသည်၊ လက်ရှိ ဗိုလ်ချုပ်ကြီးရှန့်ဝူကို ထိန်းနေသူက တုံးအသည့် ဆိုင်သူဌေးမလေး ကျန်းဖန်းယင်

ပင်။ ဒီတုံးအသည့်ကလေးကို ပြင်ပလောက မြင်

ရအောင်ဆိုပြီး ခေါ်လာတာဖြစ်သည်။ ဒါဆို အနာဂါတ်မှာ သူမ ဂရုတစိုက်ရှိပြီး လူတွေ၏ လှည့်စားခြင်းကို မခံရတော့မှာ ဖြစ်သည်။ 

ချိုးဆုအာကတော့ ရွှီဖန်းနှင့် ခွဲလို့မရသည့်လူပင်။ 

ဒါနဲ့ သူမက ရွှီဖန်းနဲ့ လက်တွဲထားတာလား။

သူမသည် ရွှီဖန်း၏ လွှမ်းမိုးခြင်းခံထားရတာ ဖြစ်

နိုင်သည်၊ သို့မဟုတ် တစ်စုံတစ်ရာအောင်မြင်ထားမှုကြောင့် သူတို့၏ ဆက်ဆံရေးတိုးတက်လာတာလည်း ဖြစ်နိုင်သည်။ မူလက အမြဲရှက်နေသည့်ချိုးဆုအာသည် ယခုဆိုလျှင် ရွှီဖန်းနှင့် လူရှေ့သူရှေ့၌ ပွင့်ပွင့်လင်းလင်း ဆက်ဆံပြောဆိုရဲလာသည်။

ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသော ရွှီဖန်းသည် ဖိနပ်

တွင် ရွှံ့များပေလူးနေသော်လည်း ဘယ်တစ်ဖက် ညာတစ်ဖက်၌ အလှလေးများ ရှိနေကာ သူအနားတွင်လည်း အဆင့်အတန်းမြင့်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဟုန်ဖေးလည်း ရှိနေ၏။ ဒုတိယမျိုးဆက်မှ သခင်လေးများသည် စိတ်ထဲ၌ သက်ပြင်းချမိတော့သည်။

"အခုခေတ် လယ်သမားတွေက အရမ်းတော်နေပြီပဲ၊ အပြင်ထွက်လာတာတောင် အတွင်းရေးမှူးနဲ့"

VIPနားနေခန်းတစ်ခန်းတွင် ရွှီဖန်းသည် ကြက်တိုက်

ပွဲ၏ စည်းမျဥ်းများအကြောင်းကို ဟုန်ဖေးဆီမှ မေးမြန်းခဲ့သည်။ ဟုန်ဖေးကလည်း သူ ဘာကြောင့်မေးမှန်း မသိသော်ငြား အသေးစိတ်ရှင်းပြခဲ့သည်။

စည်းမျဥ်းက ရိုးတော့ရိုးရှင်းပေသည်။ ကြက်နှစ်ကောင်မှာ တစ်ကောင်မသေမချင်း၊ သို့မဟုတ် ခွန်အားကုန်ဆုံးမှုကြောင့် နောက်ဆုံးစင်ပေါ်၌ ရပ်နေနိုင်မည့် ကြက်က အနိုင်ရလိမ့်မည်ဖြစ်၏။

စွန်းဖုဟိုင်၏ ကမ်းလှမ်းချက်တွင် အရေးပေါ် ငွေပေးချေမှုနည်းလမ်းကို အသုံးပြုထားသည်။ ပွဲကိုယ်စားလှယ်သည် ပွဲအခြေအနေအရ လောင်းကြေးနှုန်းကို အချိန်မရွေး ညှိလိမ့်မည်။

ဒါက ဒီလိုကို။ ရွှီဖန်းက သူ့မေးစေ့ကိုထိ၍ ပြုံးနေသည်။

ဟုန်ဖေးသည် မူလကတော့ ဒယ်အိုးပူပေါ်ရောက်နေသည့် ပုရွက်စိတ်ကဲ့သို့ စိုးရွံ့နေခဲ့သည်။ သူ ဒီတစ်ကြိမ်သာ ရှုံးသွားပါက သူ့မျက်နှာတစ်ခုပင် ပျက်ရမည်မဟုတ်ဘဲ သူ့လုပ်ငန်းကိစ္စများပါ ဆိုးရွားစွာ ပျက်စီးရလိမ့်မည်။ သို့သော်လည်း ရွှီဖန်း၏ အပြုံးကို မြင်သည့်အခါ သူ စိတ်သက်သာရာရခဲ့သည်။ 

ရွှီဖန်းက ဒီလိုအပြုံးမျိုး ပြုံးတိုင်း သူ့ရန်သူတွေ ခံရစမြဲပင်။ အကြောင်းတစ်ခုခုကြောင့် ဟုန်ဖေးသည် သူ့ကိုယ်သူ ယုံကြည်တာထက် ရွှီဖန်းကို ယုံကြည်တာက ပိုများနေ၏။ 

"သခင်လေးဟုန် အဆင်သင့်ဖြစ်ပြီလား"

ပွဲက ငါးမိနစ်နေလျှင် စတော့မည်ဖြစ်ကာ စားပွဲထိုးတစ်ယောက်က အသိပေးလာသည်။ 

"အင်း သွားရအောင်"

ရွှီဖန်းသည် ရှောင်ယင်လက်ထဲမှ ကြိုးကိုဆွဲ၍ ကွင်းသို့ လျှောက်လာခဲ့သည်။ အတွင်းဘက်မှ အသံလှိုင်းကြောင့် သူပင် လဲကျလုနီးပါးပင်။

ကွင်းတစ်ခုလုံးသည် ပရိတ်သတ်များဖြင့် ပြည့်နှက်

နေကာ သူတို့အားလုံး အော်ဟစ်အားပေးနေကြသည်။

"နတ်ဆိုးနီ!"

"နတ်ဆိုနီ!"

"နတ်ဆိုးနီ!"

ကွင်းအလယ်တွင် အထူး ကြက်တိုက်ကွင်းတစ်ကွင်းရှိပေသည်။ ကြက်တိုက်ကွင်းကို ကြက်များ အနားယူရာကွင်းနှင့် တိုက်ပွဲကွင်းဟူ၍ နှစ်မျိုးပိုင်းခြားထားသည်။ ကြက်များသည် တိုက်ပွဲမစခင်မှာ သူတို့၏ သီးသန့်နားနေရသည့် ကွင်း၌ အနားယူကြလိမ့်မည်။

ထိုအခိုက်အတန့်တွင် စွန်းဖုဟိုင်၏ နတ်ဆိုးနီသည်  အနားယူရာကွင်း၌ ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့ရင်း စောင့်နေလေသည်။ ထို့ပြင် အထူးယူနီဖောင်းဝတ်ဆင်ထားသော လူသုံးယောက်ကလည်း ထိုကြက်ကို နှိပ်နယ်ပေးနေ၏။ 

ရွှီဖန်း ပြုံးလိုက်သည်။ သူ့မျက်နှာက အလွန်

တည်ငြိမ်နေကာ သူတို့ကြားမှ ကွာခြားချက်ကြောင့် စိတ်ဓာတ်ကျနေသည့်ပုံမပေါ်ပင်။ ထိုအစား စူးစမ်းချင်စိတ်ဖြင့် လိုက်ကြည့်နေ၏။ 

အယ်....

ရွှီဖန်းသည် ပတ်ပတ်လည်ကို အမှတ်တမဲ့ကြည့်မိရာ စွန်းဖုဟိုင်၏ဘေး၌ ရင်းနှီးနေသော အသွင်ကို မြင်ပြီး မျက်နှာ မှုန်ကုပ်သွားတော့သည်။ လင်းရှောင်သည် ရွှီဖန်းနှင့် ရန်ငြိုးရှိထားဖူး၏။

ထိုအချိန် လင်းရှောင်က စွန်းဖုဟိုင်၏ ဘေးမှာ ထိုင်နေသည်။ သူက စွန်းဖုဟိုင်ကို တစ်စုံတစ်ရာပြောနေစဥ် ခါးကိုကိုင်းကာ နှိမ့်ချသော အပြုံးကို ထုတ်သုံးနေလေသည်။

စွန်းဖုဟိုင်ကလည်း သူပြောသမျှ ကျယ်လောင်စွာ ရယ်မောနေပြီး နှစ်ယောက်စလုံး လိုက်လျောညီထွေရှိလှ၏။

"ဟဲဟဲ ဒီနေ့ အောင်ပွဲခံဖို့ နောက်ထပ်အကြောင်းအရင်း ရှိနေတဲ့ပုံပဲ"

ရွှီဖန်း အနည်းငယ် ငြိမ်သက်သွားပြီး နောက်ကို လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသည့် ပုံရိပ်လေးအား တွေ့လိုက်ရသည်။

သူမကတော့ မြွေစိမ်းဂိုဏ်းမှ ရှောင်းချောင်ပင်။

ရှောင်းချောင်သည် ယခင်အတိုင်းလှနေဆဲဖြစ်ကာ ပတ်ဝန်းကျင်မှ လူများသည် တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လာကြသည်။ သို့သော် သူမမျက်နှာသည် ယခင်ကကဲ့သို့ ယုံကြည်ချက်များ မရှိနေပေ။ ထိုအစား အနည်းငယ် ကြောက်ရွံ့နေသည့်ပုံတောင် ပေါက်နေ၏။ 

ဒီမိန်းမက ထိတ်လန့်နေတာလား။

ရွှီဖန်း ခေါင်းခါရမ်းမိသည်။ သူ့စိတ်ထဲ၌ ရှောင်းချောင်သည် ကမ္ဘာကြီးပျက်စီးသွားလျှင်တောင် ထိတ်လန့်နေမည့်လူမဟုတ်ပေ။

တောင်! တောင်! တောင်!

ခေါင်းလောင်းမြည်သံနှင့်အတူ ကြက်တိုက်ပွဲကစတင်တော့မည်။ သုံးမိနစ်အတွင်း ကြက်တိုက်ပွဲကွင်းထဲ မဝင်လာသည့် ကြက်သည် လက်လျှော့လိုက်

သည်ဟု သတ်မှတ်မည်ဖြစ်ကြောင်း ဒိုင်လူကြီးက အသိပေးခဲ့သည်။ 

ရွှီဖန်းသည် သိပ်အရေးမစိုက်ပေ။ ထိုအစား သူ့ကြက်မကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်ကာ

"ဗိုလ်ချုပ်ကြီးရှန့်ဝူ ငါ ပြောတာကို မင်းနားလည်

လိမ့်မယ်လို့ ငါထင်တယ်၊ ငါပြောတာ နားလည်

ရင်ခေါင်းညိတ်!"

ကြက်မက ခေါင်းကို လည်၍ ရွှီဖန်းအားကြည့်လာသည်။ ထို့နောက် တွန်တီး၍ လည်ပင်းတွင်ချည်ထားသော ကြိုးကို ကိုက်လေသည်။

ရွှီဖန်း ပြုံးမိကာ

"ငါပဲ အတွေးလွန်နေတာများလား"

သို့သော် သူ ကြက်မကြီး၏ နားထဲသို့ စကားတချို့ကို တီးတိုးပြောလိုက်တုန်းပင်။

"ကြည့်စမ်း၊ သူက ကြက်နဲ့ စကားပြောနေတယ်ဟ!"

"ဟားဟား သူ့ကိုယ်သူ တုန်ဖန့်ရှို့လို့ ထင်နေလား၊ တိရိစ္ဆာန်နဲ့ စကားပြောနိုင်တယ်ပေါ့"

"နတ်ဆိုးနီက သေချာပေါက်အနိုင်ရမှာပဲ၊ လောင်းကြေးနှုန်းက မမြင့်တာ နှမြောစရာပဲ၊ မဟုတ်ရင် ဒီလိုအခြေအနေမျိုးက ငွေရှာဖို့ အကောင်းဆုံးပဲ"

********************

All Chapters