ဗိုလ်ချုပ်ကြီးရှန့်ဝူက စွမ်းအားကြီးတယ်၊ အင်အားကြီးတယ်
Vol. 13 Ch. 194
ရွှီဖန်း၏ လက်ထဲမှ ခွက်က ခွဲချေခံလိုက်သည်။ သူသည် စူးရှသော မျက်လုံးများဖြင့် ကွင်းထဲကို ကြည့်ကာ အံကြိတ်ထားသည်။ ထို့နောက် လှောင်အိမ်အား သူ လက်သီးဖြင့် ထိုးချလိုက်သည်။
ရွှီဖန်း ဒေါသတကြီးဖြစ်နေသော အမူအရာကို ကြည့်ကာ ပတ်ဝန်းကျင်မှ လူများသည် ပို၍ ရယ်မောလာကြသည်။ ဟုန်ဖေးကတော့ လက်နှစ်ဖက်ဖြင့် မျက်လုံးကိုအုပ်ကာ မြေပြင်ပေါ်၌ ကူကယ်ရာမဲ့စွာ ထိုင်နေလေသည်။ သူ ဆက်မကြည့်နိုင်တော့ပေ။
သို့သော် ရွှီဖန်းက သူ့ကို ဆွဲတင်လာကာ
"ကြည့်! ကျွန်တော်တို့ လက်တုံ့ပြန်တော့မယ်"
"ဘာကို လက်တုံ့ပြန်မှာလဲ၊ စွန်းဖုဟိုင်နဲ့ ဘယ်လိုဆက်ဆံရမလဲပဲ တွေးရတော့မယ်....ငါ...သောက်ကျိုးနည်း!"
ဟုန်ဖေးသည် သူ့ရှေ့မှ မြင်ကွင်းကိုမြင်သည့်အခါ လျှာကိုက်လုနီးပါးပင်။
ဟုန်ဖေးသည် ပညာတတ်ဖြစ်ပြီး ယုတ်ညံ့သော စကားများကို မဆိုဖူးသော်လည်း အခုအချိန်မှာ ကျယ်
ကျယ်လောင်လောင် မဆဲဆိုဘဲ မနေနိုင်ခဲ့ပေ။
ပရိတ်သတ်များသည်လည်း လွန်ခဲ့သည့် တစ်
စက္ကန့်ကျော်ကမှ ရွှီဖန်းက သူ့ကိုယ်သူ များစွာတွက်ဆထားသည်ဟု တွေးကာ လှောင်ပြောင်ဆဲဆိုခဲ့သည်။ နောက်တစ်စက္ကန့်မှာ လူအုပ်ကြီး၏လည်ပင်းများ အညှစ်ခံလိုက်ရသလိုပင် တိတ်ဆိတ်သွားတော့သည်။
"ဂလု!"
တစ်စုံတစ်ယောက်၏ တံတွေးမြိုချသံက ကွင်းအတွင်းထွက်ပေါ်လာပြီး ကျယ်လောင်နေခဲ့သည်။
အိပ်မက်မှ နိုးထလာသည့်အလား သူတို့သည် မယုံနိုင်ဖွယ်ရာ အော်ဟစ်ပြောဆိုလာကြသည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"
ဗိုလ်ချုပ်ကြီးရှန့်ဝူသည် ကွင်းအနှံ့ပြေးနေပြီး နတ်ဆိုးနီ၏ ထိုးစိုက်ခြင်းကို ခံနေရသည့်အချိန် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ဂါး
နတ်ဆိုးနီသည် အတတ်နိုင်ဆုံးခုခံရန် ကြိုးစားခဲ့သော်လည်း ဗိုလ်ချုပ်ကြီး ရှန့်ဝူသည် ၎င်းအား ထိန်းထားကာ နောက်ထပ် မျက်လုံးတစ်လုံးကို ကိုက်နေ၏။
နတ်ဆိုးနီသည် ဗိုလ်ချုပ်ကြီးရှန့်ဝူအား အကြိမ်ပေါင်းများစွာ ကိုက်ခဲ့သော်လည်း အခုတွင် သူ့ဘက်မှ နှစ်ကြိမ်သာအကိုက်ခံခဲ့ရပြီး မျက်လုံးနှစ်ခုစလုံးကန်းသွားခဲ့သည်။
သို့သော် မပြီးသေးပေ။
နတ်ဆိုးနီ၏ မျက်လုံးများနာကျင်နေစဥ်၌ ဗိုလ်ချုပ်ကြီးရှန့်ဝူသည် လည်ပင်းအား ထပ်မံကိုက်ခဲလိုက်သည်။ နတ်ဆိုးနီမှ အစွမ်းကုန်ရုန်းကန်ခဲ့သော်လည်း သူ့လည်ပင်း ကိုက်ခဲခံနေရခြင်းမှ လွတ်မြောက်အောင် မရုန်းကန်နိုင်ခဲ့ပေ။ ခဏကြာတော့ နတ်ဆိုးနီ၏ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ကာ ရပ်တန့်သွားတော့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ကွင်းထဲရှိ ပရိတ်
သတ်များသည် လေအေးအား ရှိုက်သွင်းလိုက်မိကြသည်။ ဗိုလ်ချုပ်ကြီး ရှန့်iဝူအား သူတို့ကြည့်နေသည့်
အကြည့်များက မယုံနိုင်ဖွယ်ရာ ကောင်းနေသည်။
နတ်ဆိုးနီ 9:1
ဗိုလ်ချုပ်ကြီးရှန့်ဝူ 1:13
တိုက်ခိုက်နေသာ ကြက်တစ်ကောင်သည် ဒေါ်လာသန်းပေါင်းများစွာတန်နေသော နတ်ဆိုးနီကို ကိုက်သတ်
ရန်အတွက် သုံးကိုက်သာ လိုအပ်သည်။
ရယ်စရာကောင်းတာက ထိုကြက်အား ဘယ်သူမှ လောင်းကြေးမထပ်ခဲ့ခြင်းပင်။
"တိုက်ပွဲပြီးသွားပြီ၊ ဟုန်ဖေးက အနိုင်ရရှိ!"
မှင်သက်နေသော ဒိုင်လူကြီးသည် နောက်ဆုံးမှာ အသိပြန်ဝင်လာပြီး နတ်ဆိုးနီ အမှန်တကယ် သေဆုံးခြင်း ရှိ၊ မရှိကို အတည်ပြုကာ ကျယ်လောင်စွာ ကြေညာခဲ့သည်။
"ငါတို့ အနိုင်ရပြီ"
"ငါတ်ု့ အနိုင်ရပြီ"
"ငါတို့ အနိုင်ရပြီ!"
စိတ်ပျက်လက်ပျက်ဖြစ်နေသော ဟုန်ဖေးသည် ချောက်ထဲမှ ကောင်းကင်ဘုံသို့ ရောက်တော့မည့်
အလား ရုတ်တရက် ခုန်ထကာ အခန်းထဲကို စိတ်
လှုပ်ရှားစွာ ပြေးလာသည်။ သူသည် အပျော်လွန်း၍ ပွေ့ဖက်ရမည့်လူကို ရှာချင်နေ၏။
သို့သော် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အချိန် ချိုးဆုအာသည် ရွှီဖန်း၏ ကြင်ယာတော်ဖြစ်နေသည်။ဟုန်ဖေး သူမအား ထိရန် သတ္တိမရှိပေ။ ကျန်းဖန်းယင်ကရော...ဟုန်ဖေး တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းကလေးသည် ရွှီဖန်းအား ကြယ်လေးကဲ့သို့ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေသောကြောင့်ပင်။ သူမမျက်လုံးထဲရှိ ကိုးကွယ်
ယုံကြည်မှုက မိုးကုတ်စက်ဝိုင်းကိုပင် ကျော်လွန်တော့မည်ဖြစ်သည်။
အဆုံးတွင် သူ ရွှီဖန်းကိုသာ ပွေ့ဖက်တော့မည်ဟု တွေးလိုက်ချိန် သူက ပျောက်နေသည်။ သူ လှည့်ကြည့်လိုက်တော့ ရွှီဖန်းက ကြက်တိုက်ကွင်းထဲ သွားနေသည်ကို တွေ့လိုက်ရသည်။
"ဗိုလ်ချုပ်ကြီး ရှန့်ဝူ.."
ရွှီဖန်းသည် လှောင်အိမ်ထဲတွင် ထိုင်ချထားပြီး သူ့လက်ထဲတွင် သွေးများဖုံးကာ မျက်လုံးများကလည်း မျက်ရည်ဝဲနေသည်။ ရုတ်တရက်ပင် သူ နေရာအနှံ့ကို အရူးအမူးရှာပြီးနောက် ရင်ဘတ်ထဲမှ အဖြူရောင်
အမှုန့်တစ်ထုတ်ကို ယူထုတ်ကာ ဗိုလ်ချုပ်ကြီးရှန့်ဝူ၏ ဒဏ်ရာပေါ်သို့ လောင်းချ၍ သူ့ကို လှောင်အိမ်ထဲမှ ချီသယ်လာခဲ့သည်။
"မင်း အဆိုးလေး...မင်းလုပ်တာ ကောင်းတယ်ဆိုပေမယ့် ဘာလို့ အကြာကြီး ထိုးစိုက်ခံနေရတာလဲ"
ရွှီဖန်းသည် ညင်သာစွာ ပွတ်သပ်ပေးရင်း ခပ်တိုးတိုးဆူမိသည်။
ဗိုလ်ချုပ်ကြီးရှန့်ဝူက လူသားကဲ့သို့ ရွှီဖန်း၏ မျက်နှာကို ပါးစပ်ဖြင့်ထိလိုက်သည်။ သူ့မျက်လုံးထဲ၌ နှစ်သိမ့်ပေးလိုသော ပုံစံကို ရွှီဖန်း ခံစားသိမြင်လိုက်ရသည်။
ရွှီဖန်း မရယ်နိုင်သေးဘဲ ခပ်တင်းတင်းမျက်နှာထားကို လုပ်ကာ
"ချစ်ဖို့ကောင်းအောင် လုပ်ပြနေလည်း မရဘူး၊ ငါ မင်းကို အပြစ်ပေးမှာ"
ဗိုလ်ချုပ်ကြီးရှန့်ဝူက ဝမ်းနည်းစွာ တွန်တီးလာသည်။
"အိုး ဘုရားရေ....ရွှီဖန်း"
ဟုန်ဖေးသည် သူ့မျက်နှာပေါ်၌ အံ့အားသင့်နေသောအကြည့်ဖြင့် ရောက်လာသည်။
"သူက မင်းရဲ့စကားတွေကိုတောင် နားလည်နေပြီပဲ၊ ဘယ်လိုတောင်မွေးမြူထားတာလဲ၊ အရမ်းမိုက်တယ်"
ရွှီဖန်း တုန်လှုပ်သွားကာ
"လူတွေရဲ့သဘာဝကို နည်းနည်းလောက် နားလည်ထားရုံပါပဲ၊ ဘယ်လိုလုပ် စကားလုံးဝနားလည်နေတဲ့ အဆင့်ကို ရောက်မှာလဲ၊ ပေါက်ကရတွေ မပြောပါနဲ့"
ထိုသို့ပြောပြီးနောက် ဗိုလ်ချုပ်ကြီးရှန့်ဝူအား ခေါ်
ဆောင်သွားရန် ချိုးဆုအာကို အမြန်ခေါ်ခဲ့သည်။ ဟုန်ဖေးကို အချိန်ကြာကြာ ကြည့်ခွင့်ပေးလိုက်ပါက ဘာထပ်ပြောလိမ့်မည်မှန်း မသိနိုင်ပေ။
"ဟုတ်သား"
ရွှီဖန်းသည် ရုတ်တရက်ပင် တစ်ခုကို တွေးမိကာ ဟုန်ဖေးအား ရွှင်မြူးစွာ ကြည့်လိုက်မိသည်။
"ဒီပွဲ အနိုင်ရအောင် ကူညီပေးရင် တစ်ခုခုခေါ်မယ်လို့ ပြောခဲ့တာ ကျွန်တော်မှတ်မိပါသေးတယ်"
"ညီလေး မင်းက ငါ့ရဲ့ သွေးသောက်ညီလေးလေ!"
ဟုန်ဖေးက ကြိမ်းမောင်းလာတော့သည်။
သူတို့နှစ်ယောက် ရန်ဖြစ်နေတုန်း လူနှစ်ယောက်သည် နောက်လိုက်များကို ခေါ်ဆောင်ကာ အနားရောက်လာခဲ့ကြသည်။ စွန်းဖုဟိုင်နှင့် လင်းရှောင်းပင်။
သခင်လေးဟိုင်သည် သူ၏ ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။ သူ၏ များပြားသော ကြွယ်ဝချမ်းသာမှုကြောင့် ဒေါ်လာသန်းပေါင်းများစွာတန်သော ကြက်တစ်
ကောင်ကို ဆုံးရှုံးခဲ့ရသော်လည်း မျက်နှာက အနည်းငယ်သာ ဖျော့တော့သွားခဲ့သည်။
လင်းရှောင်းကတော့ သူ့ကဲ့သို့ စိတ်မထိန်းနိုင်ပေ။ သခင်လေးဟိုင်ကို ကျေနပ်စေရန်အတွက် ဒီတိုက်ပွဲမှာ သူ ငါးသန်းတောင် လောင်းကြေးထပ်ခဲ့သည်။ သူ၏ ချမ်းသားကြွယ်ဝမှုက ဒီလောက်နှင့် မကန့်သတ်ထားသော်ငြား ၁၀မိနစ်အတွင်း ယွမ်၁၀သန်း ဆုံးရှုံးခဲ့ရသည်က သူ့အတွက် နာကျင်ဖွယ်ရာ ကောင်းတုန်းပင်။
နောက်ဆုံးအခိုက်အတန့်မှာ ရလဒ်ပြောင်းပြန်ဖြစ်သွားရသည့် ခံစားချက်က သူ့အား ငိုချင်စေခဲ့သည်။
အခု သခင်လေးဟိုင်နှင့်အတူ ဟုန်ဖေးဆီသွားသည့်
အခါ ရွှီဖန်းကိုပါ မြင်လိုက်ရတာကြောင့် သူ့ခံစားချက်က မကောင်းတော့ပေ။
ရွှီဖန်း ဖြစ်နေပြန်သည်။
သူ့ဘဝအတွက် ရွှီဖန်းက အဆုံးဆုံးဟု ဆိုရပေသည်။ ရွှီဖန်းနှင့်ဆုံတိုင်း အခက်အခဲများ ကြုံရစမြဲပင်။
"ကောင်းတယ်! ကောင်းတယ်! သခင်လေးဟုန် မင်းက အံ့သြစရာပဲ၊ ငါတို့ကြားက အငြိုးတွေလည်း ပြေငြိမ်းသွားပါပြီ"
စွန်းဖုဟိုင်သည် ဟုန်ဖေးနှင့် လက်ဆွဲနှုတ်ဆက်ကာ ရွှီဖန်းကို ကြည့်လာသည်။
"ဒါက ရွှီဖန်း မဟုတ်လား၊ ငါ မင်းကို ရှုံးသွားပြီဆိုမှတော့ ရလဒ်ကို အပြည့်အဝလက်ခံပါတယ်"
ရွှီဖန်း ပြုံးလိုက်ကာ....
"ခင်ဗျား ကျွန်တော့်ကို မရှုံးပါဘူး၊ ခင်ဗျားက ကံဆိုးသွားရုံပါ"
"ကံဆိုးတာလား"
စွန်းဖုဟိုင် စိတ်ရှုပ်ထွေးသွားခဲ့သည်။
"ဟုတ်တယ်၊ တစ်စုံတစ်ယောက်က ခင်ဗျားရဲ့ ကံကို ဖျက်ဆီးခဲ့တာ"
"ဘယ်သူကလဲ"
စွန်းဖုဟိုင်၏ မျက်နှာက ပျက်ပြားသွားခဲ့သည်။
"ဟားဟား"
"ကျွန်တော်လည်း သူ့ကို မသိပါဘူး၊ ကျွန်တော် သိတာဆိုလို့ ခင်ဗျား သူ့ကို ဒီနေ့မှ စတွေ့ခဲ့တာဖြစ်ပြီး အချိန်ခဏလေးနဲ့ ရင်ချင်းအပ်မိတ်ဆွေတွေဖြစ်လာကြတယ်ဆိုတာကိုပဲ"
************