← Chapters

အဆိပ်ဖြေဆေး

Vol. 14 Ch. 210

အဆိပ်ဖြေဆေး

Vol. 14 Ch. 210

ရွှီဖန်း သက်ပြင်းချကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ 

"ဒီလောက်ဆိုးတဲ့ကံက ဘာလို့ ငါ့ဆီပဲ ကျရောက်နေတာလဲ၊ ငါ သူနဲ့တွေ့တဲ့အကြိမ်တိုင်း ငါကံဆိုးတယ်"

ဘာပဲဖြစ်ဖြစ် ရွှီဖန်းသည် ရှောင်းချောင်ကို လျစ်လျူရှုထားရန်လည်း မတတ်နိုင်ခဲ့ပေ။ ပြီးတော့ သူက ဆေးဘက်ဆိုင်ရာမှာလည်း နည်းနည်းကျွမ်းကျင်ထားလေသည်။ ယခုအချိန် ရှောင်းချောင်၏ ထိုအဆိပ်ကို မဖယ်ရှားပေးလိုက်ပါက သူမ၏ လက်ရှိအနေအထားအရ ဤည သူမ ရရှိမည့် ဝေဒနာသည် သူမ၏ကျောက်ကပ်ကို သေစေလောက်အောင် ထိခိုက်စေမည်မှန်း သူသိလေသည်။

အမျိုးမျိုးသော အဆိပ်များကို ဖယ်ရှားသည့် နည်းလမ်းများက များပြားသော်ငြား နွေဦးအဆိပ်ကို ဖယ်ရှားနိုင်သည့် နည်းလမ်းများက မရှိပေ။ ရွှီဖန်း စဥ်းစားနေသည့်အချိန် ရှောင်းချောင်က သူ့အနားရောက်လာပြီး သူ့ပုခုံးကို သိုင်းဖက်လာသည်။ သူမပါးစပ်မှ လေပူများကို မှုတ်ထုတ်လိုက်လေရာ ရွှီဖန်းမှာ ရင်တုန်သွားရသည်။

သူမကို အခု မထိန်းချုပ်လိုက်ပါက သူမ၏ခန္ဓာကိုယ်က ပိုပိုဆိုးလာပြီး သူမ၏သက်ရောက်မှုကြောင့် သူပါ ကျရှုံးသွားမည်မှန်း ရွှီဖန်း နားလည်ထားလေသည်။ ဒါ့အပြင် ရှောင်းချောင်က သာမန်အချိန်မှာတောင် တော်တော်လေးလှသည့်အမျိုးသမီးဖြစ်နေသေးသည်။ 

နည်းလမ်းမရှိတော့ပေ။ ရွှီဖန်းသည် ရှောင်းချောင်၏ လည်ပင်းနောက်ကိုအသာရိုက်ကာ အရင်မေ့သွားအောင် ပြုလုပ်လိုက်ရသည်။ 

ရွှီဖန်း သူမကို ဘေးတွန်းပို့လိုက်ပြီး သူမ၏နီမြန်းနေသော မျက်နှာကို ကြည့်လိုက်မိသည်။ သူ နာရီဝက်

အတွင်း မကုသပေးပါက သူမ၏ခန္ဓာကိုယ် အန္တရာယ်ရှိလာမည်မှန်း သူ သိလေသည်။

သို့သော်ငြား သူဟာ ပြည်နယ်ဆေးရုံမှာ ရောက်နေပြီး ဒီမှာ သူနှင့် ရင်းနှီးသည့် ဆရာဝန်ကလည်း မရှိပေ။ မဟုတ်လျှင် သူမကို ခဏဂရုစိုက်ခိုင်းထားပြီး သူက နည်းလမ်းတွေးနိုင်လိမ့်မည်။

ဟုတ်သားပဲ! ရွှီဖန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူ အခု အဒေါ်ဝမ်နဲ့ လိုက်လာခဲ့တာမဟုတ်လား။ ချိုးဆုအာနှင့် ရှုချိုးယာက အခု ဒီနေရာမှာ ရှိနေပေသည်။ 

ဘာမှထပ်ပြောမနေတော့ဘဲ ရွှီဖန်းသည် သူ့ဖုန်းကို ထုတ်ကာ ချိုးဆုအာဆီ ဖုန်းခေါ်လိုက်သည်။

"ဟယ်လို ဘာဖြစ်လို့လဲ ရွှီဖန်း"

ချိုးဆုအာသည် ဆေးရုံထောင့်နားမှာထိုင်ရင်း ပဟေဠိအမူအရာဖြင့် ဖုန်းဖြေနေသည်။

"ဆုအာ...အခုထိ ဆေးရုံမှာ ရှိတုန်းလား"

မတိုင်ခင်ကသာဆိုလျှင် ရွှီဖန်းသည် တစ်ခုခုမပြောခင်  ချိုးဆုအာကို စနောက်နေကြဖြစ်သော်လည်း အခု အရေးပေါ်ဖြစ်နေတာကြောင့် လိုရင်းကိုသာ တစ်ခါတည်းပြောလိုက်လေသည်။

"တရုတ်ဆေးပညာဌာနကို သွား၊ ငွေအပ်အစုံလိုက်

ဝယ်ပြီး ကားပါကင်ကို လာခဲ့ပေးပါ၊ မြန်မြန်လေး!"

"အိုး ဟုတ်ပြီ!"

ချိုးဆုအာကလည်း ဘာမှ မမေးလာပေ။ ရွှီဖန်း၏လေသံအရ သူ့မှာ ပြဿနာဖြစ်နေမှန်း သူမ သိပေသည်။ ဒါကြောင့် ဖုန်းချပြီးသည်နှင့် တရုတ်ဆေးပညာဌာနကို ပြေးတော့သည်။ 

ဖုန်းချပြီးသည့်နောက် ရွှီဖန်းသည် ရှေ့ခရီးသည်ခုံမှာ လဲနေသည့်ရှောင်းချောင်အား လှည့်ကြည့်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းမိသည်။

ပုံမှန်အားဖြင့် ငွေအပ်များကို ဆေးရုံပြင်ပသို့ မရောင်းပင်။ ချိုးဆုအာသည် ရွှီဖန်း၌ ဘာပြဿနာရှိမှန်းမသိတာကြောင့် ယွမ်သုံးရာကိုသာ အလျင်အမြန် ထုတ်ယူသွားရသည်။ ဘာပဲပြောပြော လူတွေဟာ စိတ်ပြောင်းတတ်တာဖြစ်၍ ချိုးဆုအာလက်ထဲမှ ပန်းရောင်ခေါင်းသုံးလုံးကို မြင်သည်နှင့် တာဝန်ကျသူနာပြုက ပိုက်ဆံယူပြီး ငွေအပ်များကို ပေးလိုက်လေသည်။

မကြာလိုက်ပေ၊ ချိုးဆုအာသည် ငွေအပ်များနှင့်အတူ ရွှီဖန်း ကားရှိရာသို့ ရောက်လာသည်။

ဆယ်မိနစ်ကျော်လာသည့်အခါ ရှောင်းချောင်၏ကျန်းမာရေးအတွက် စိတ်ပူလာသဖြင့်ရွှီဖန်း ကားပေါ်မှ ဆင်းကာ ခရီးသည်တံခါးကို ဖွင့်လိုက်သည်။

"ဆုအာ...ဒီကိုလာပြီး သူမကို နောက်ခုံကို ပြောင်းရွှေ့ပေးပါ"

ချိုးဆုအာသည် ကားပေါ်မှ သတိလစ်နေသော ရှောင်းချောင်ကို ကြည့်လိုက်သည်။ သူမ သိချင်နေသော်လည်း ရွှီဖန်း၏ စိတ်ပူနေသော မျက်နှာကို မြင်လိုက်ရသည့်အခါ ဘာမှမပြောဘဲ နောက်ကို ရွှေ့ပေးလိုက်သည်။

အနောက်ခုံမှာ အတောင့်လိုက်လှဲနေသည့် ရှောင်းချောင်ကိုကြည့်ရင်း ရွှီဖန်း စိတ်ရှုပ်သွားရသည်။ စိမ်းပြာရောင်ဆေးအိတ်ထဲ၌ နွေဦးအဆိပ်ဖြေဆေးအား မရေးထားပေ။ သူစပြီး အပ်စိုက်ကုထုံးလုပ်လို့ရမည့် အမှတ်အား သူ့ဘာသာသူ ပုံဖော်ရန်သာ တတ်နိုင်ပေသည်။

"အရင်ဆုံး စိတ်ငြိမ်သွားအောင် လုပ်ရအောင်"

ရွှီဖန်း ရေရွတ်ကာ အပ်စိုက်ရန် ပြင်လေသည်။ သူမကို လုံးဝကုသရန် ယုံကြည်ချက်မရှိသော်ငြား အနည်းဆုံးတော့ သူတတ်ထားသည့်ပညာဖြင့် ပြဿနာတော့ ရှိလာမည်မဟုတ်ပေ။

ရွှီဖန်း သူ့လက်ကို မြှောက်၍ အပ်စိုက်တော့မည့်

အချိန်မှာပဲ သူ့ဖုန်းက တုန်ခါလာပြီး wechatမှာ စာဝင်လာသည်။

"ထူးဆန်းတယ်၊ ဒီလိုအချိန်ကြီး ဘယ်သူက စာပို့မှာလဲ"

ရွှီဖန်းသည် လုပ်လက်စကို ခဏတန့်ကာ သူ့ဖုန်းကို ထုတ်ကြည့်လိုက်သည်။

မသေမျိုး ကလေးလေးထံမှ ဖြစ်သည်။

"အစ်ကိုကြီး ဒီဆေးတွေက ပိုပြီးထိရောက်မှုရှိတဲ့ အဆိပ်ဖြေဆေးတချို့ပါ၊ ဒါပေမယ့် ကျွန်တော် အမှားလုပ်မိထားလို့ အခြေခံအကျဆုံး အင်မော်တယ်မရီဒီယန်ချိတ်စည်းအမှုန့်ကိုတောင် ယှဥ်လို့မရတော့ဘူး"

ဖာ့ခ်! ဘာမှားတာလဲ။ ရွှီဖန်း အမြန် စာပြန်လိုက်သည်။

"နတ်ကလေးထုန် မင်းရဲ့ဆေးပြားတွေက အင်မော်တယ်အဆိပ်တွေကို ကုသလို့မရဘူးဆိုတော့ သေမျိုးလောကက အဆိပ်တွေကိုရော ကုသလို့ရလား"

မကြာလိုက်၊ မသေမျိုးကလေးလေးက စာထပ်ပြန်လာသည်။

"ဒါပေါ့ ဒီဆေးကိုပြုလုပ်ဖို့သုံးထားတဲ့ ဘယ်နတ်ဆေးပင်မဆို သေမျိုးလောကက အဆိပ်မှန်သမျှကို ကုသနိုင်တယ်၊ ကျွန်တော် အမှားလုပ်ထားလို့ ပျက်စီးထားတယ်ဆိုပေမယ့် သေမျိုးလောကက အဆိပ်တွေလောက်ကတော့ သုံးလို့ အဆင်ပြေတယ်၊ အစ်ကိုကြီး အဲ့ဒီဆေးကို မြန်မြန်သုံးပစ်မှရမယ်၊ မဟုတ်ရင် ကျွန်တော် အစ်ကိုကြီးကို အဲ့ဒီဆေးတွေပေးပစ်တာ ဆရာသခင်သိရင် သေချာပေါက် ဆူမှာ"

ရွှီဖန်း ရယ်မောလိုက်သည်။ အင်မော်တယ်ပစ္စည်းတွေက ကျိုးပဲ့ပျက်စီးနေလျှင်တောင် သူ့အတွက် များစွာ အသုံးဝင်နေတုန်းပင်။ သူ အခုပဲ သုံးလိုက်တော့မည်။

ရွှီဖန်းက မသေမျိုးကလေးလေးအား...

"ကောင်းပြီ၊ ငါနားလည်သွားပါပြီ၊ မင်းအလုပ်ရှိရင် သွားလုပ်တော့လေ"

ဖုန်းကိုပိတ်ပြီးနောက် ရွှီဖန်းသည် သူ့လက်ကို အိတ်ကပ်ထဲသို့ထည့်ကာ သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်းကို ထုတ်ယူလိုက်သည်။

ချိုးဆုအာသည် ရွှီဖန်းမှ ဖုန်းသုံးပြီးနောက် ပုလင်းသေးသေးလေးအား ထုတ်လိုက်သည်ကိုမြင်သော် မမေးဘဲ မနေနိုင်တော့ချေ။

"ရွှီဖန်း သူမကို ဆေးကုဖို့ မဟုတ်ဘူးလား၊ ဘာလို့ ရပ်လိုက်တာလဲ"

ရွှီဖန်းသည် သူမ၏ စပ်စပ်စုစုဖြင့် ကလေးဆန်သော အကြည့်ကိုမြင်သောအခါ မနေနိုင်ဘဲ စမိသည်။

"နမ်းရင် ပြောပြမယ်"

ချိုးဆုအာသည် ရွှီဖန်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသော်ငြား ယခုမူ အပြင်လူသူစိမ်းရှိနေတာကြောင့် သူမ ရှက်ရွံ့သွားရသည်။ 

"ကောင်စုတ်လေး ငါ့ကို မကောင်းတာလုပ်ဖို့ဘဲ သိတယ်"

ရွှီဖန်း တဟားဟားရယ်ကာ ဘာမှပြန်မပြောခဲ့ပေ။ သူ ပုလင်းထဲမှ ဆေးတစ်လုံးကိုထုတ်ကာ ရှောင်းချောင်ကို ကျွေးလိုက်သည်။

ရွှီဖန်းက အစကတော့ ရှောက်ချောင်၏ ဗိုက်ထဲသို့ ရေတစ်ဘူးလောက် လောင်းချရတော့မလားဟု ထင်ခဲ့သော်လည်း ဆေးလုံးသည် သူမပါးစပ်ထဲရောက်သွားပြီးနောက် ချက်ချင်း အရည်ပျော်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ဆေးလုံးသည် ရှောင်းချောင်၏ ဗိုက်ထဲထိတိုင်အောင် ပျော်ဝင်၍ ဆင်းသွားလေသည်။

သူ့လက်ထဲမှ ဆေးပုလင်းကိုကြည့်ကာ သူ ရေတွက်

လိုက်သည်။ လေးလုံးကျန်သေးသဖြင့် သူအမြန်ပြန်သိမ်းလိုက်သည်။

ဒါဟာ ကောင်းမွန်သည့်ပစ္စည်းတစ်ခုပင်။ နတ်ကလေးထုန်၏ စကားအရ သေမျိုးလောကရှိ အဆိပ်အားလုံးကို နိုင်သည်ဆိုကတည်းကိုက ကောင်းကင်ကို အံတုနေ

လေပြီ။

ရှောင်းချောင်၏မျက်နှာပေါ်မှ ထူးထူးဆန်းဆန်းအနီစက်များ လျော့ပါးသွားသည်ကို မြင်သည့်အခါ ရွှီဖန်း သက်ပြင်းအသာချမိသည်။ နောက်ဆုံးတော့ ဖြေရှင်းနိုင်ခဲ့လေပြီ။ အခု သူမ နိုးလာတာ စောင့်ဖို့ရန်သာ လိုတော့သည်။

သူ ချိုးဆုအာကို ရှေ့ခုံမှာ ထိုင်ခိုင်းရင်း ရှောင်းချောင်နှင့်ကိစ္စနောက်ကွယ်မှ အကြောင်းအရင်းများကို ရှင်းပြခဲ့သည်။ သူမ သက်ပြင်းအသာချမိသည်။ ရွှီဖန်း၌ အခြားမိန်းမများရှိနေသေးသည်ကို သူမ လက်ခံနိုင်သော်လည်း အများကြီးရှိမှာတော့ မလိုချင်ပေ။

ဝူယွီရွှမ်း၊ ရှုချိုးယာနှင့် တုံးအပြီးချစ်ဖို့ကောင်းသော စားသောက်ဆိုင်ပိုင်ရှင်တို့ကတော့ ရွှီဖန်း၏လက်ထဲမှ မလွတ်မြောက်နိုင်တော့သည့်ပုံပင်။ နောက်ထပ်တစ်ယောက် ထပ်ရှိလာပါက ရွှီဖန်း မထိန်းနိုင်တော့မှာ သူမ ကြောက်မိသည်။ 

အချိန်မရွေးနိုးထလာနိုင်သည့် ရှောင်းချောင်ကို ကြည့်၍ ချိုးဆုအာ ပြောလိုက်သည်။

"ကောင်းပြီ ရွှီဖန်း၊ သူမနိုးလာရင် ပြောစရာစကားတွေ ရှိလိမ့်မယ်ထင်တယ်၊ အစ်မ ဒီမှာ နေဖို့ မသင့်တော့ဘူး၊ အရင်ပြန်နှင့်မယ်နော်"

"ဟမ် သွားလေ၊ ဟုတ်သား! ကျွန်တော် လောလောဆယ် လိုက်ပြန်လို့မရသေးဘူး၊ ဝယ်ခဲ့တဲ့စားစရာတွေက လမ်းမှာ အလောတကြီးနဲ့ ဘယ်နားကျန်ခဲ့မှန်းမသိဘူး၊ အဒေါ်နဲ့တခြားလူတွေအတွက် အရသာရှိတဲ့စားစရာတွေ ဝယ်သွားလိုက်ပါ"

ရွှီဖန်းသည် ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်တတ်သော ချိုးဆုအာကို ကြည့်လေ ကြည့်လေ ပိုသဘောကျလေပင်ဖြစ်သည်။ ဒါကြောင့် သူမကိုပွေ့ဖက်၍ ကိုက်လိုက်သည်။

ရွှီဖန်းမှ စားစရာဝယ်သွားရန် ပြောလာသည့်အခါ ချိုးဆုအာ၏ မျက်နှာက နီရဲသွားခဲ့သည်။ သူမယူလာသည့်ငွေက ငွေအပ်ဝယ်ရင်း ကုန်သွားပြီဖြစ်ရာ ရွှီဖန်းဆီမှ သေချာပေါက် တောင်းရပေလိမ့်မည်။ ရွှီဖန်းနှင့် သူမ၏ ဆက်ဆံရေးသည် ခြေတစ်လှမ်းသာ ဝေးကွာတော့သော်လည်း ပိုက်ဆံတောင်းရန် အဆင်မပြေသေးဟု သူမ ခံစားရသည်။ 

ချိုးဆုအာ၏ အဆင်မပြေနေသော အမူအရာကိုမြင်သည့်အခါ ရွှီဖန်း လန့်သွားပြီး တွေးမိသည်။ ချိုးဆုအာမှာ ပိုက်ဆံမကျန်တော့တာ သိသာပေသည်။ ထို့ကြောင့် ရွှီဖန်းသည် အချိန်ဖြုန်းမနေတော့ဘဲ ချိုးဆုအာထံသို့ ငွေသား ယွမ်တစ်ထောင်ကို ပေးလိုက်သည်။

ရွှီဖန်းပေးလာသော ပိုက်ဆံကိုကြည့်၍ ချိုးဆုအာ ရှက်သွားသည်။

"ရွှီဖန်း အရမ်းများလွန်းတယ်၊ စားစရာဝယ်တာ ဒီလောက်မကုန်ပါဘူး"

"ဘာဖြစ်လဲ၊ ကျွန်တော့်မိန်းမက ကျွန်တော့်ငွေကို သုံးတာ ကန့်ကွက်စရာရှိလို့လား"

ရွှီဖန်း ဂရုမစိုက်ပေ။ သူ ပြုံးကာ အနားတိုးလာသည်။

နောက်ခုံမှ ရှောင်းချောင် နိုးလာတော့မည်ကို မြင်သည့်အခါ ချိုးဆုအာသည် သူမ ဖလစ်ခံနေရသည်အား သူများကို မမြင်စေချင်ခဲ့ပေ။ သူမသည် ရှက်ရှက်ဖြင့် ရွှီဖန်းကို နှုတ်ဆက်ကာ ကားပေါ်မှ ဆင်းသွားခဲ့သည်။

ချိုးဆုအာထွက်သွားပြီး တစ်မိနစ်တောင်မကြာလိုက်ဘဲ အနောက်ခုံမှာ လှဲနေသည့် ရှောင်းချောင်လည်း နိုးလာလေသည်။

***********************

All Chapters