← Chapters

အိုးတစ်လုံးအဆုံးသတ်

Vol. 14 Ch. 200

အိုးတစ်လုံးအဆုံးသတ်

Vol. 14 Ch. 200

စာကိုမြင်ပြီးနောက် ရွှီဖန်း ပြုံးလိုက်မိသည်။ ဘာဖြစ်တာလဲ။ ဘာလို့ ဒီမသေမျိုးကလေးလေးက နေ့တိုင်း ဆေးဖော်စပ်တာကျင့်နေရတာလဲ။ သို့သော် သူစဥ်းစားကြည့်ပြီးနောက် ဤပျက်စီးနေသောဆေးများသည် ကောင်းကင်ဘုံနန်းတော်၌ အမှိုက်များဖြစ်သော်လည်း သူ့အတွက်တော့ရတနာများဖြစ်သည်။ ထို့ပြင် ထိုမှတဆင့် တခြားသော အမြတ်အစွန်းများကိုလည်း သူ ရရှိနိုင်သေး၏။

ရွှီဖန်း မျက်လုံးမှိတ်လိုက်ကာ ကျန်းဖန်းယင်၏ အချက်အပြုတ်စွမ်းရည်ကို ပြန်တွေးတောကြည့်

လိုက်သည်။ သူမသည် သာမန်အိမ်ရှင်မတစ်ယောက်၏ဟင်းချက်စွမ်းရည်ထက်တော့ ပိုကောင်းသော်ငြား စားသောက်ဆိုင်မှာတော့ မထူးခြားပေ။ စားဖိုမှူးကျန်းကတော့ သူမထက်စာလျှင် ပိုကောင်းသော်ငြား ကျန်းဖန်းယင်၏ကာရိုက်တာအရ အဆင့်မြင့်စားဖိုမှူးကို ငှားရမ်းလျှင် ကောင်းမွန်စွာ ဦးဆောင်နိုင်မည်မဟုတ်ပေ။ ဒါကြောင့် ကောင်းကင်ဘုံနန်းတော်မှ ဟင်းချက်နည်း သို့မဟုတ်စားသောက်ဆိုင်နာမည်ကြီးလာရန်အတွက် ဟင်းလျာတစ်မျိုးများ သင်ပေးလျှင် ကောင်းမလားဟု ရွှီဖန်း တွေးမိသည်။

ထို့ကြောင့် စကားအသုံးအနှုန်းကို စိစစ်ကာ မသေမျိုးကလေးလေးအား စာပြန်လိုက်သည်။

"ဒါက လုပ်ပေးနိုင်ပါတယ်၊ ဒါပေမယ့် အဲ့တာကို ဖြေရှင်းဖို့အတွက်ကျ အများကြီးအားထုတ်ရလိမ့်မယ်၊ မင်းအတွက်ပဲ တစ်နေ့လုံး အလုပ်လုပ်ပေးလို့ မရဘူးဖြစ်နေတယ်၊ ဘယ်လိုလဲ...ဒါကို ထည့်စဥ်းစားပေးလို့ရမလား"

စာကိုပို့ပြီးသည့်နောက်မှာ ရွှီဖန်းသည် သက်သောင့်သက်သာရှိစွာ ဘေးမှာလှဲရင်း မသေမျိုးကလေးလေး စာပြန်လာမည်ကို စောင့်နေလိုက်သည်။

မကြာလိုက် မသေမျိုးကလေးလေးက စာအမြန်ပြန်လာသည်။ သူ့ကိုကြည့်ရတာ ဒီကိစ္စအပေါ် အလွန်စိုးရိမ်ပူပန်နေသည့်အလားပင်။

"ဒီလိုလား...ဒါဆို အစ်ကိုကြီးရွှီ ကျွန်တော့်ဆီက ဘာအကူအညီလိုအပ်လဲ"

"နတ်ဘုရားအစားအစာချက်ပြုတ်နည်းကို ရအောင် လုပ်ပေးနိုင်မလား"

ငါးမိနစ်ကြာတော့ စာပြန်လာလေသည်။

"ဒါ ဒါက နည်းနည်းတော့ခက်တယ်"

ရွှီဖန်း စာကိုဖတ်ကာ ချက်ချင်းမျက်မှောင်ကြုတ်မိသည်။ ထို့နောက် စာပြန်လိုက်သည်။

"အခုလိုဖြစ်သွားပြီပဲ၊ ငါက အခု နိုင်ငံခြားရောက်နေတာလေ၊ ဒီည ရထားလက်မှတ်ကိုတောင် ဝယ်ပြီးပြီ၊ ဒါပေမယ့် မင်းလည်း ငါ့ကို မကူညီနိုင်ဘူးဆိုတော့ မေ့လိုက်ပါတော့"

"မလုပ်နဲ့ မလုပ်နဲ့ မလုပ်နဲ့ အစ်ကိုကြီးရွှီ! ကျွန်တော့်ကို ကူညီပေးရမှာပေါ့၊ မဟုတ်ရင် ဒီလတစ်လလုံး ဒီအမှိုက်တွေကို ထိုင်စားနေရတော့မှာ၊ အစ်ကိုကြီးရွှီ ဆယ်ရက်ပဲစောင့် ၊ ဆယ်ရက်ပြည့်ရင် လိုချင်တာကို ပေးပါ့မယ်"

ရွှီဖန်း ခဏတွေးလိုက်သည်။ ကျန်းဖန်ယင်၏ စားသောက်ဆိုင်ကလည်း အခုမှ ပြန်ပြီး ပြုပြင်တုန်းဖြစ်ကာ လတ်တလောတော့ စိတ်ပူစရာမလိုသေးပေ။ သူခေါင်းညိတ်ကာ သဘောတူလိုက်၏။

"ကောင်းပြီ၊ မမေ့ပါနဲ့...အကယ်၍ ဆယ်ရက်အတွင်း မပေးရင် ဒီအကြောင်းတွေကို မင်းရဲ့ဆရာသခင်ဆီ ပြောပြရလိမ့်မယ်"

"ငါ မင်းကို ကူညီပေးနေတယ်ဆိုတဲ့အကြောင်းကို သူ့ကို မပြောပြရဲဘူးမလား၊ စိတ်ချထားပါ...ကိစ္စတွေကိုကိုင်တွယ်ဖို့ ငါ့နောက်ကို အသာလိုက်ခဲ့ရုံပါပဲ"

"ကောင်းပြီ ကောင်းပြီ၊ စိတ်မပူနဲ့! စိတ်ချလက်ချသာနေ"

ရွှီဖန်းသည် သူ့စိတ်ထဲ၌ 'ဟုတ်ပြီ'ဟု အော်ပြောကာ ကုတင်ပေါ်၌ သက်သောင့်သက်သာအိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ ရွှီဖန်းအိပ်ရာထချိန်၌ ၈:၃၀ရှိနေလေပြီ။ သူ့မိဘများသည် ချက်ပြုတ်ရန်အတွက် အသီးအရွက်များခူးရန် တောင်ပေါ်တက်သွားကြသည်။ 

"ရှို့ရှို့ မထသေးဘူးလား"

သူ ကျယ်လောင်စွာ အော်ခေါ်သော်လည်း တုံ့ပြန်မှုမရှိပေ။ ကလေးမလေးသည် အိပ်ရာမထသေးဘဲ သူမ၏ ချိုမြိန်သော အိပ်မက်များကို သူ မနှောင့်ယှက်

သင့်ကြောင်း သိလိုက်သည်။ အိမ်မှမထွက်ခင် အဝတ်အစားလဲပြီးနောက် အစားအသောက်များကို နွှေးကာ အနည်းငယ် စားသောက်လိုက်သည်။ ဗိုလ်ချုပ်ကြီးရှန့်ဝူအား မနေ့က ကြက်ခြံသို့ပြန်ပို့ရန် အချိန်မရှိခဲ့ပေ။ ယခု သူဟာ ခြံထဲမှာ လမ်းလျှောက်နေပြီး ဒဏ်ရာများလည်း ပြန်လည်သက်သာနေလေပြီ။ သူဟာ ခေါင်းကိုမော့ထားပြီး ရင်ဘတ်ကိုမောက်

ထားသည်မှာ တစ်ကယ်ကို ဗိုလ်ချုပ်အတိုင်းပင်။

ရွှီဖန်းထွက်လာတာကို မြင်သည့်အခါ ဗိုလ်ချုပ်ကြီးရှန့်ဝူသည် သူ့ခေါင်းကိုလှည့်၍ နှစ်ကြိမ်အော်လာသည်။ ထို့နောက် ပြေးလာ၍ ရွှီဖန်း၏ ခြေသလုံးကြက်သားများကို ကြက်ခေါင်းဖြင့်ပွတ်သပ်လေသည်။ ထို့နောက် သူရဲကောင်းဆန်ဆန်အော်လာပြန်သည်။

ရွှီဖန်းမှာ စကားတချို့ မပြောဘဲ မနေနိုင်ခဲ့ချေ။ 

"မင်းက ကြက်တစ်ကောင်နော်၊ ခွေးမဟုတ်ဘူး၊ ဟိုမှာတွေ့လား အဲ့တာက ကောင်းကင်နတ်ခွေးရဲ့သားစဥ်မြေးဆက်ပဲ၊ မင်းကို ကိုက်မှာကို သတိထားဦး"

ဗိုလ်ချုပ်ကြီးရှန့်ဝူက ရွှီဖန်း၏ စကားကိုနားလည်ပုံရသည်။ သူ့ဘေးရှိ မြေပြင်ပေါ်၌ ပျင်းရိငြီးငွေ့နေပုံပေါ်သည့် ခွေးနက်များအား လှည့်ကြည့်လေသည်။ သူ့အမူအရာက ထိုခွေးများကို မျက်လုံးထဲ လုံးဝမထည့်သည့်အလားပင်။

ရွှီဖန်းမှာ ရယ်စရာကောင်းသည်ဟု ခံစားရကာ အဝေးကိုကန်ထုတ်ရင်း လျစ်လျူရှုလိုက်တော့သည်။

"ကတွတ်! ကတွတ်!"

ဗိုလ်ချုပ်ကြီးရှန့်ဝူသည် ရွှီဖန်းမှ သူစိတ်မကျေနပ်ကြောင်းကို မမြင်ချင်ဘူးဆိုတာ သိသည့်အခါ အတောင်ပံများအား ခတ်၍ ရွှီဖန်း၏ပုခုံးပေါ်သို့ ပျံတက်ကာ မကျေမနပ်အော်ဟစ်လိုက်သည်။

မနေ့က သူ Bidens bipinnataကို စားခဲ့ရတာကြောင့် ဒီနေ့လည်း စားချင်နေမှန်း ရွှီဖန်းသိသည်။ သို့သော်ငြား Bidens bipinnataအား ဘာမှမဟုတ်သလိုမျိုးတော့ သူမပေးခဲ့ပေ။

"ပုံမှန်ဆိုရင်တော့ စားခွင့်ပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းမနေ့က ငါ့ကိုအများကြီးကူညီခဲ့တာမလို့ တချို့တော့ စားခွင့်ပေးလိုက်မယ်၊ စားပြီးရင် ကြက်ခြံကို ပြန်သွားတော့၊ ပြီးရင် မင်းကို ရောင်းစားပစ်မယ်မှတ်"

ဗိုလ်ချုပ်ကြီးရှန့်ဝူက ရွှီဖန်း၏စကားများကို အလေးအနက်မထားပေ။ ထိုအစား ရွှီဖန်းလက်ထဲမှ Bidens bipinnataနှစ်ပင်အားကြည့်ကာ ဆွဲယူလိုက်သည်။

အသက်ရှူချိန်ခဏတာအတွင်းမှာပဲ ရွှီဖန်းလက်ဖဝါးပေါ်မှ Bidens bipinnataများက သူ့ဗိုက်ထဲရောက်သွားလေသည်။ ထို့နောက် ကျေနပ်စွာ အော်

ရင်း ကြက်ခြံရှိရာသို့ ခြေလှမ်းတစ်လှမ်းချင်းလှမ်းကာ လျှောက်သွားလေသည်။ 

ထိုကြက်၏ ကျောပြင်ကိုကြည့်ရင်း ရွှီဖန်း အံ့သြသွားရသည်။ သူမြင်လိုက်ရတာကို မယုံနိုင်ပေ။

"မိုးကောင်ကင်ရေ ဒါကြီးကတော့ နတ်ဘုရားဆန်လွန်းတယ်၊ နတ်ဘုရားဆန်လွန်းတာပဲ"

လူစကားကိုနားလည်သည့် ခွေးတစ်စုရှိတာက ဘာမှမဖြစ်သေးပေ။ ဒါ့အပြင် ကောင်းကင်နတ်

ခွေး၏မျိုးဆက်များလည်း ဖြစ်နေသေးသည်။ သို့သော်ငြား သာမန်ကြက်မျိုးရိုးတစ်ကောင်က ဘယ်လိုလုပ် လူစကားကို နားလည်နိုင်မည်နည်း။

ရွှီဖန်းသည် မနေ့ညက မသေမျိုးကလေးလေးပြောခဲ့သည့်စကားကို သတိရမိသဖြင့် မနှောင့်နှေးရဲတော့ဘဲ တောင်အနောက်ဘက်ကို အမြန်ပြေးသွားခဲ့သည်။ မသေမျိုးကလေးလေး ပြောခဲ့သည့် ဆေးပြားကိုသူတွေ့ရှိခဲ့ပြီး ကျောက်စိမ်းပုလင်းထဲမှထုတ်ကာ သေချာစစ်ဆေးပြီးနောက် အတော်တော့ကောင်းမွန်ကြောင်း သူသိလိုက်ရသည်။ သူဘယ်လိုပဲကြည့်ပါစေ အချိန်အကြာကြီးလေ့ကျင့်ထားသည့်လူ မဖော်စပ်ထားသည်နှင့်မတူပေ။

ရွှီဖန်း ခေါင်းယမ်းလိုက်မိသည်။ ကောင်းကင်ဘုံနန်းတော်မှ နတ်များက သူ့ထက်ပို၍ မြင့်မားသော လိုအင်များ ရှိနေပေသည်။ သူကတော့ သာမန်တောသားတစ်ယောက်သာ။

ဒါကိုစဥ်းစားရင်း ဆေးပြားကိုသိမ်း၍ အိတ်ကပ်ထဲမှ ဆေးလိပ်ကိုထုတ်ကာ မီးညှိလိုက်သည်။ 

ဤတောင်မှာ လှပတင့်တယ်ပြီး ယခုဆိုလျှင် တစ်ရွာလုံးက သူ့ပိုင်ဆိုင်မှုတွေဖြစ်နေသော်လည်း လွယ်

လွယ်ကူကူမကျေနပ်သင့်ဘူးဟု သူခံစားရသည်။ ဒီလောက်နှင့်သာ ကျေနပ်နေပါက ပိုက်ဆံများကို တစ်ပါးလူမှ ယူဆောင်သွားလိမ့်မည်။ 

ရွှီဖန်း အသက်ပြင်းပြင်းရှူထုတ်ကာ ဆေးလိပ်ငွေ့အကွင်းကို မှုတ်ထုတ်လိုက်သည်။ ရုတ်တရက် ရွှီဖန်း၏ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ငွေလှိုင်းလုံးကြီးက သူ့ကိုဝှေ့ယမ်းပြနေလေသည်။

"သောက်ကျိုးနည်း ငါ အကုန်ယူပစ်မယ်!"

မျက်လုံးများတောက်ပနေသော ရွှီဖန်းသည် အုပ်ချုပ်ရေးမှူးရုံးခန်းသို့ ပြေးသွားကာ အလုပ်များရှုပ်နေသည့် ဝူယွီရွှမ်းနှင့် တွေ့ဖို့လုပ်လေသည်။

တစ်ယောက်ယောက်ဝင်လာသည့်အသံကြားသည်နှင့် ဝူယွီရွှမ်းသည် သူမ၏ခေါင်းကို အနည်းငယ်မော့ကာ ရောက်လာသည့်လူကို ကြည့်လိုက်သည်။ သူမ သူ့အပေါ်၌ များစွာ အာရုံမစိုက်ဘဲ သာမန်ကာလျှံကာ မေးမိသည်။

"ဘာဖြစ်လို့လဲ၊ ကိစ္စရှိလို့လား"

******************

All Chapters