စာချုပ်ချုပ်ခြင်း
Vol. 14 Ch. 201
"ဟုတ်တယ် ကိစ္စတစ်ခုရှိတယ်၊ ပြီးတော့ ကိစ္စက ကြီးတယ်"
ရွှီဖန်းပြောပြလာတာကို ကြားတော့ ဝူယွီရွှမ်းသည် သူ့အား အံ့သြစွာကြည့်လာပြီး နောက်ဆုံးမှာပြုံးပြလာသည်။
"အိုက်ယား! ရွှီဖန်း နင်ငါ့ကိုဘာလို့လာတွေ့တာလဲ၊ မြန်မြန်ထိုင်"
ရွှီဖန်းကို မြင်ပြီးနောက်မှာ သူမပြက်ရယ်ပြုရန် စိတ်မဝင်စားတော့ချေ။ အမြန်ပင် သူမတွက် ထိုင်ခုံတစ်လုံးယူပေးကာ ရေထည့်ပေးလာသည်။
ရွှီဖန်းမှာ အနည်းငယ် စိတ်မသက်မသာခံစားလိုက်ရသည်။ ဝူယွီရွှမ်းကိုကြည့်ရသည်မှာလည်း ထူးဆန်းနေ၏။
"မဟုတ်သေးဘူး ယွီရွှမ်း ဘာဖြစ်နေတာလဲ၊ မင်းငါ့ကို အခုလောက်ထိ ကောင်းကောင်းမဆက်ဆံဖူးပါဘူး၊ ဘယ်လိုလုပ်နေတာလဲ...ငါ့အကူအညီလိုအပ်နေလို့လား"
"ရွှီဖန်း နင် ဘာကိုဆိုလိုချင်တာလဲ၊ ငါတို့က အတန်းဖော်ဟောင်းတွေဆိုပေမယ့် ငါအရမ်းအလုပ်ရှုပ်နေတော့ ဟိုတုန်းကအကြောင်းတွေပြောဖို့အချိန်မရှိခဲ့ဘူး၊ နင့်မိသားစုက တစ်ရွာလုံးကို စိုက်ပျိုးမွေးမြူရေးမှာ လုပ်ဖို့ခေါ်ထားတာက ငါ့ကို အများကြီးအကူအညီဖြစ်စေခဲ့တယ်လေ၊ ငါကလည်း လူတိုင်းရဲ့ဝင်ငွေကို ဘယ်လိုတိုးအောင်လုပ်ရမလဲကြံနေခဲ့တာဆိုတော့ နင်ငါ့ကို အစစအရာရာကောင်းဖို့အတွက် ကူညီပေးခဲ့တာပဲ"
ရွှီဖန်းပြုံးလိုက်ကာ သူမ၏ဖောင်းကားနေသော ပေါက်စီနှစ်လုံးကိုကြည့်လိုက်သည်။
"ဒါဆို ငါတို့က အခု ဘယ်လိုဆက်ဆံရေးလဲ"
ယခင်ကဆိုလျှင် ဝူယွီရွှမ်းသည် ရွှီဖန်း၏ အခုကဲ့သို့ အောက်တန်းကျသော အကြည့်ကိုမြင်သည့်အခါ လက်သီးဖြင့်ထိုးလိမ့်မည်ဖြစ်သော်လည်း မြစ်
အောက်ပိုင်းရွာ၌သာ အချိန်အတော်ကြာ ခြေချုပ်ကျပြီးနောက် သူမ ထိုအကြည့်ကို ဘာမှမခံစားရတော့ပေ။ လက်ရှိဝူယွီရွှမ်းသည် အရွယ်မရောက်သေးသော တက္ကသိုလ်ကျောင်းသူအဖြစ်မှ အရည်အချင်းရှိသော အုပ်ချုပ်ရေးမှူးအဖြစ် လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သေချာသည့်အရာမှာ သူမသည် ရွှီဖန်း၏ ကာရိုက်တာကို ရင်းနှီးပြီးသားဖြစ်တာကြောင့် သူစနောက်နေမှန်း သိလေ၏။ မဟုတ်ဘဲ တခြားမိန်းကလေးများသာဆိုလျှင် သူ့ကို ဝိုင်းရိုက်ကြလိမ့်မည်။
"အို ဟုတ်သား၊ နင် ငါ့ကိုပြောစရာရှိတယ်လို့ ခုနကပဲ ပြောနေတာမလား၊ ဘာကိစ္စလဲ"
ထိုအခါမှသာ ရွှီဖန်းသည် သူ၏ ကြီးမားသောအစီအစဥ်အတွက် ဝူယွီရွှမ်းကို ရှာရန် ရောက်လာခဲ့မှန်းသတိရတော့၏။ သူတစ်ခုခုပြောရန် ပြင်လိုက်ချိန် နှောင့်ယှက်ခံလိုက်ရသည်။
"အုပ်ချုပ်ရေးမှူး! မကောင်းတော့ဘူး! ဝမ်ရှို့ချိုင်ကလေ မြစ်ရွာက ဒုတိယအဒေါ်လီနဲ့ ရန်ပွဲဖြစ်နေပြီ!"
"ဘာ!"
ဝူယွီရွှမ်းသည် ရွှီဖန်းကို ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန်ပြေးထွက်လာခဲ့သည်။ ဒါကိုမြင်တော့ ရွှီဖန်းလည်း အမြန်ပြေးလိုက်သွားခဲ့သည်။ ကိစ္စကိုတောင် မပြောရသေး၊ ဘာလို့ တစ်ယောက်ယောက်က ဒုက္ခရှာပြန်တာလဲ။ ဝမ်ရှို့ချိုင်ကတော့ ဝမ်ရှို့ချိုင်ပင်။
ရွှီဖန်း အနည်းငယ် စိတ်မချမ်းသာ ဖြစ်နေရသည်။ ဝမ်ရှို့ချိုင်သည် ယခင်က သူ့အစ်ကိုပိုက်ဆံတွေကိုသုံး၍ ရွာရှိ လူများကို အနိုင်ကျင့်ခဲ့၏။ ရွှီဖန်းမှ သူ့သားကို ကယ်တင်ပေးခဲ့တာကြောင့် ရွာသားများအား အနိုင်ကျင့်သောဖြစ်စဥ်က နည်းနည်းတော့ ထိန်းထားနိုင်ခဲ့သည်။ ဒုတိယအဒေါ်လီသည် သူ့ရွာမှ မဟုတ်ပေ။ ရွာနာမည်ချင်း အနည်းငယ်ဆင်သော်ငြား အဆက်အသွယ်သိပ်မရှိကြပေ။ ရွှီဖန်းသည် ထိုရွာရှိမှန်းသိသော်လည်း ထိုရွာအကြောင်းကိုတော့ မသိပေ။
သို့သော် ဘယ်ရွာကပဲဖြစ်ပါစေ သူတစ်ပါးကို အနိုင်ကျင့်တာကတော့ မှားယွင်းပေသည်။ ရွှီဖန်း သူ့စိတ်ထဲ၌ ဆုံးဖြတ်လိုက်သည်။
"မဟုတ်သေးဘူး၊ ဒီတစ်ခါ ဝမ်ရှို့ချိုင် နည်းနည်းဒုက္ခရောက်အောင်လုပ်ထားမှဖြစ်မယ်၊ မဟုတ်ရင် သူ့အစ်ကိုအားကိုးနဲ့ ရွာထဲ လုပ်ချင်ရာဆက်လုပ်နေမှဖြင့်"
ထိုသို့တွေးရင်း ရွှီဖန်းသည် ဝူယွီရွှမ်းအနောက်မှ လိုက်၍ ရန်ပွဲဖြစ်ရာနေရာသို့ သွားခဲ့သည်။
"ဘယ်မှာလဲ"
ဝူယွီရွှမ်းမျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူမက ရွှီဖန်းအား မျက်လုံးအကြည့်ဖြင့် မေးနေ၏။ သူဖြေရှင်းချင်နေမှန်း သူမသိတာကြောင့် ဘာမှမပြောပေ။
ရောက်နေသူက အထက်တန်းတုန်းက အတန်းဖော်ဟောင်း ချန်ရှောင်ကျွင်းပင်။ ယခင်က ရွှီဖန်း၏ သီးပင်စားပင်များကို ခုတ်လဲဖျက်ဆီးခဲ့တာကြောင့် စိတ်ဆင်းရဲစွာ ပြန်လည်ခံစားခဲ့ရသည်။ ရွှီဖန်းကို ထပ်တွေ့ရသည့်အခါ သူ့မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
"ရွှီဖန်း မင်းက ဒီကို ဘာလာလုပ်တာလဲ"
ရွှီဖန်းကတော့ ချန်ရှောင်ကျွင်းအား စိတ်ရှုပ်စွာ ကြည့်ရင်းတွေးလိုက်မိသည်။
*မင်းမှာ ငါ့အပေါ်ထားတဲ့ သဘောထားရှိရင်တောင် ဒီလောက်ထိ ရှင်းရှင်းလင်းလင်းတော့ မပြသင့်ဘူးမလား*
သူက ဝူယွီရွှမ်းဘက် လှည့်၍
"ဒါက ရေလှောင်ကန်ကိစ္စပါ၊ ဒီနှစ်မှာ ဒုတိယအဒေါ်လီကို ငါတို့ ရေလှောင်ကန် စာချုပ်ချုပ်ပေးခဲ့တယ်
မဟုတ်လား၊ ဒုတိယအဒေါ်လီက ငါးပျိုးပင်တွေကို ယူပြီးထည့်ထားတာ၊ အဲ့ဒါကို ဝမ်ရှို့ချိုင်ကတစ်ယောက်ယောက်ကို ခိုင်းပြီး အဲ့ဒီအပင်တွေကို ဆွဲနှုတ်၊ အပြင်မှာထားခိုင်းထားတဲ့ပုံပဲ၊ မနက်ရောက်တော့ အပင်တွေက သေနေပြီ"
ရွှီဖန်းနှင့် ဝူယွီရွှမ်း၏အမူအရာက ကြည့်မကောင်းတော့ပေ။
ဒုတိယအဒေါ်လီ၏ သားဖြစ်သူသည် ရွာအပြင်ဘက်ရှိ စီးပွားရေးကုမ္ပဏီကြီးတစ်ခု၌ လုပ်ကိုင်နေပြီး လစဥ်ဝင်ငွေတချို့ရှိပေသည်။ အပြင်မှာ အိမ်ထောင်ကျခဲ့သော်ငြား အိမ်မှာပြန်အခြေချနေထိုင်ခဲ့တာကြောင့် ရွာတွင် ဂုဏ်ယူရသည့်လူတစ်ဦးအဖြစ် သတ်မှတ်ခံရလေသည်။ သို့သော် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း၌ ငယ်ရွယ်စဥ်အသုံးစရိတ်များပြားမှုကြောင့် အခြေအနေသိပ်မကောင်းခဲ့ပေ။ ထို့အပြင် ဒုတိယအဒေါ်လီ၏ ယောကျ်ားကလည်း ကျန်းမာရေးသိပ်မကောင်းသောကြောင့် သူတို့နှစ်ယောက်အဆင်မပြေသည်ကို မြင်သည့်အခါ ဝူယွီရွှမ်းသည် ဝမ်ရှို့ချိုင်ကို ခေါ်ပြီး ဒုတိယအဒေါ်လီအတွက် ရေလှောင်ကန်စာချုပ်ချုပ်ပေးစေခဲ့သည်။ အစပိုင်း၌ အဆင်ပြေသော်ငြား ဝမ်ရှို့ချိုင်သည် ရက်အနည်းငယ်ကြာသော် စိတ်ပြောင်းသွားခဲ့သည်။
ရေလှောင်ကန်သို့ သူတို့ရောက်သည့်အချိန်တွင် ဝမ်ရှို့ချိုင်သည် လူအုပ်ကြီးနှင့်အတူ မတ်တပ်ရပ်နေပြီး ဒုတိယအဒေါ်နှင့် လီအာတို့သည် မြေပြင်ပေါ်ထိုင်ရင်းနာကျင်စွာ အော်ဟစ်ငိုယိုနေကြသည်။
"ဝမ်ရှို့ချိုင် မင်းက လူဆိုးပဲ၊ ဒါတွေက ယွမ်တစ်သောင်းကျော်တန်တဲ့ ငါးပျိုးပင်တွေပဲ၊ ငါတို့မိသားစုမှာ ဒါပဲကျန်တော့တာ၊ မင်းဘာလို့ ငါတို့ကို ဒီလောက်တောင် ဒုက္ခပေးရတာလဲ"
ဝူယွီရွှမ်းသည် ရှေ့သို့ လျှောက်သွားပြီး လူအုပ်ကိုခွဲထုတ်ကာ ဒုတိယမဒေါ်လီနှင့် လီအာကို ကူထူပေးလိုက်သည်။
"ဝမ်ရှို့ချိုင် ဘာတွေဖြစ်နေတာလဲ၊ ရှင်ပဲ ဒုတိယအဒေါ်လီတို့ မိသားစုနဲ့ နှစ်နှစ်စာ အရောင်းအဝယ်လုပ်မယ်လို့ သဘောတူခဲ့တာမလား၊ ရှင့်ရဲ့သီးပင်စားပင်တွေကို ဂရုမစိုက်တော့ဘူးဆိုရင် ဘာလို့ ငါးပျိုးပင်ကို လာဖျက်ဆီးရတာလဲ"
ရွှီဖန်းလည်း သူမအနောက်မှ လိုက်သွားခဲ့သည်။ မူလက ဝမ်ရှို့ချိုင်သည် တော်တော်ခေါင်းကြောမာနေခဲ့သည်။ ရွှီဖန်းကို မြင်ပြီးနောက် သူ့အရှိန်က လျှော့သွားသော်ငြား ခေါင်းတော့မငုံ့သေးပေ။
"ငါ့စကားတွေကို ငါတည်ပြီးသားပါ၊ ငါက သီးပင်စားပင်တွေကို ဘယ်လိုဂရုစိုက်ရမလဲမသိလို့ ဒုတိယအဒေါ်လီနဲ့ စာချုပ်ချုပ်ချင်တုန်းပဲ၊ ဒါပေမယ့် ငါ ဒီအကြောင်းကို လာဆွေးနွေးတော့ သူတို့က ဆန္ဒမရှိတဲ့အပြင် ငါ့ကိုတောင် ဆူငေါက်ကြသေးတယ်"
ထိုအကြောင်းကြားသည်နှင့် ဒုတိယအဒေါ်လီသည် ချက်ချင်း ဒေါသထွက်ကာ အော်လာတော့သည်။
"ဝမ်ရှို့ချိုင်! ငါက ငါးပျိုးပင်တွေက ရေလှောင်ကန်ထဲ ချပြီးတာနဲ့ နင်က ပြန်ထုတ်ဖို့ပြောခဲ့တာလေ! ဘယ်သူက အရောင်းအဝယ်လုပ်ဖို့ ဆန္ဒရှိခဲ့တာလဲ! အနည်းဆုံးတော့ ငါးပျိုးပင်တွေရဲ့တန်ဖိုးကို ပြန်ပေးသင့်တယ်! နင်က ဒီရေလှောင်ကန်နဲ့ စာချုပ်ချုပ်ပေးထားခဲ့တာဆိုတော့ ငါတို့ကို ပြန်လျှော်ဖို့ ဆန္ဒမရှိရင် ငါတို့မှာလည်း ပြောစရာမရှိတော့ဘူး! ဒါပေမယ့် ငါးပျိုးပင်အတွက် ပိုက်ဆံမပေးရင်တော့ တရားမမျှတတာပဲ!"
********************