အရဲစွန့်သောစိတ်ကူး
Vol. 14 Ch. 203
ဝူယွီရွှမ်းပြောတာကိုကြားတော့ ရွှီဖန်း ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းမိသည်။
"အဒေါ်လီတို့မိသားစုက ခြံတွေတင်မဟုတ်ဘူး၊ ငါ့ရည်ရွယ်ချက်က မြစ်ရွာတစ်ရွာလုံးနဲ့ သီးပင်စားပင်တွေ တူတူစိုက်ပျိုးဖို့ စာချုပ်ချုပ်ချင်တာပဲ"
ဝူယွီရွှမ်း မယုံနိုင်ဖြစ်သွားရသည်။ သူမ ရွှီဖန်းကိုကြည့်ကာ သူ့နဖူးကို ထိလိုက်သည်။
"ရွှီဖန်း နင် ဖျားပြီး ငါ့ကို မနောက်ပြောင်နေတာ သေချာရဲ့လား"
ရွှီဖန်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"ငါမရူးနေဘူး၊ ငါပြောတာကို အရင်နားထောင်ပါဦး"
ဝူယွီရွှမ်းသည် ရွှီဖန်း၏ အကြံကို နားမလည်နိုင်
ဖြစ်နေသော်လည်း ယခင်က သူတို့ပြောဆိုခဲ့ဖူးသည့် အတွေ့အကြုံအရ ရွှီဖန်းသည် အမိုက်အမဲမဟုတ်မှန်း သူမသေချာသိပေသည်။ သို့သော် သူ ဘာလုပ်ဖို့များ စီစဥ်ထားသနည်း။ ဝူယွီရွှမ်းသည် သူ့အစီအစဥ်အားတွေးတောင်မတွေးဝံ့ပေ။ ဒါကြောင့် သူရှင်းပြလာဖို့ကိုသာ တိတ်တဆိတ်ကြည့်ရင်း စောင့်နေလိုက်သည်။
ရွှီဖန်း ပြုံးကာ ဝူယွီရွှမ်းအရှေ့မှာ ဝင်ထိုင်လိုက်သည်။
"တစ်ကယ်တော့ ဒီလိုပါ၊ ငါ ဒီမနက် အနောက်တောင်ပေါ်ကို တက်ပြီး ငါ့သီးပင်စားပင်တွေကို ကြည့်ခဲ့တယ်၊ သူတို့ တော်တော်လေး ကောင်းကောင်းမွန်မွန်ကြီးထွားနေတာကို ငါခံစားလို့ရတယ်၊ အဟွတ်! အဟွတ်!"
ရွှီဖန်းသည် ပြောပြီးသည်နှင့် ထပြီးခုန်လေသည်။ ဘေးမှာရှိနေသည့် ဝူယွီရွှမ်းမှာ ရယ်ဖွယ်ရာကောင်းသည်ဟု ခံစားခဲ့ရသည်။ ဒီလူဟာ အတော်လေး တည်ငြိမ်ပုံပေါက်သော်လည်း တစ်ကယ့်လက်တွေ့မှာတော့ ကလေးတစ်ယောက်လို ပျော်တတ်ပေသည်။
"ဒီတော့ အဲ့ဒီမြေတွေကို သီးခြားစိုက်ပျိုးနေရင် ငွေက နည်းနည်းပဲရမှာ သေချာတယ်၊ ဒါပေမယ့် ငါတို့ မြေတွေအားလုံးကို လိုက်စုနိုင်နေတာပဲ၊ ငါ့ဆီမှာ မြေကြီးတွေရဲ့ စိုပြေရှင်သန်မှုကို ပြန်လည်ရယူပေးနိုင်တဲ့ ပညာရှင်တစ်ယောက်ရှိတယ်၊ ဒါကြောင့် ဒီလိုနည်းလမ်းကို အရဲစွန့်ပြီးလုပ်လို့ရနိုင်တယ်၊ ငါတို့ ဘာမှ ဆုံးရှုံးမှာ မဟုတ်ဘူး"
ဝူယွီရွှမ်းလည်း ခဏတာတွေး၍ ခေါင်းညိတ်လာသည်။ ရွှီဖန်း၏ အစီအစဥ်က ပြည့်စုံပေသည်။ အစပိုင်းတွင် ရွာ၌ မြုံနေသော မြေများရှိခဲ့သော်လည်း ရွှီဖန်းအတွက် စိတ်ပူပန်စရာမဟုတ်ခဲ့ပေ။ လွင်တီးခေါင်များက စိုပြေ၍ အဆီဓာတ်ပြန်လည်ပြည့်ဝလာကြသည်။
ရွှီဖန်းက ခဏလောက် စဥ်းစားကာ
"ဒါ့အပြင် ရွာမှာ လူအလုံအလောက်မရှိဘူးလို့ ငါခံစားရတယ်၊ ငါတို့ရွာမှာ လူအင်အားက သိပ်မရှိတော့ အလုပ်ကလည်း သိပ်မဖြစ်ထွန်းနေဘူး"
ဝူယွီရွှမ်းက တွေးတောနေ၏။ မြစ်အပေါ်ပိုင်းရွာက မြစ်အောက်ပိုင်းရွာနှင့် ဆန့်ကျင်ဘက်ပင်။
"မြစ်အပေါ်ပိုင်းရွာကို သွားလို့ရတဲ့နေရာတွေအများကြီးရှိပေမယ့် ငါတို့ မြေတွေအားလုံး သိမ်းလိုက်
ရင်တောင် လုပ်သားအင်အားက မလုံလောက်နေဘူး၊ ဒါကြောင့် မြေကိစ္စဆွေးနွေးလို့ရရင်တောင်မှ လုပ်သားအင်အားကို ဖြေရှင်းလို့ရတာ မရှိဘူးဖြစ်နေတယ်"
မြစ်အပေါ်ပိုင်းရွာမှ အုပ်ချုပ်ရေးမှူးသည် ရွှီဖန်းအကြောင်းကို သူမနှင့် ဆွေးနွေးဖူးသည်။ ရွှီဖန်း၌ ငွေရှာနိုင်သောစွမ်းရည်ရှိလာကတည်းက သူတို့အတွက် အမြတ်ဝေစုများ ခွဲဝေလိုချင်လာတာ သဘာဝပင်။ သို့သော်ငြား သူတို့ရွာအချင်းချင်း အဆက်အဆံသိပ်မရှိတာကြောင့် အုပ်ချုပ်ရေးမှူးသည် ထိုကိစ္စကို ဝူယွီရွှမ်းအား ပြောရန် ရှက်ရွံ့နေခဲ့သည်။ ဒီအကြောင်းကို သူ့ကို ပြောပြရမည်ဖြစ်တာကြောင့် ဝူယွီရွှမ်းသည် မပြုံးဘဲ မနေနိုင်တော့ပေ။ သို့သော်ငြား ရွှီဖန်း ယူရမည့် တာဝန်က ကြီးမားလွန်း၏။
"သူတို့ပုံစံက ဘယ်လိုလဲ...ငါ့အထင်တော့ သူတို့လည်း ငါတို့ရွာလိုပါပဲ၊ ငါတို့ ဈေးနှုန်းနဲ့တိုက်တွန်းပြီး မြေရှယ်ယာတွေအားလုံးကို ဝယ်လို့ရနိုင်တယ်၊ ငါ အဲ့ဒီမြေတွေကို တစ်ကြိမ်တည်းဝယ်ပြီးရင် ငါ့မိဘတွေက နေ့တိုင်းအိမ်မှာ ပိုက်ဆံရေနေရလိမ့်မယ်"
ဝူယွီရွှမ်းအံ့သြသွားရသည်။ ရွှီဖန်း၌ အခုလို အရဲစွန့်သော အကြံမျိုးရှိနေလိမ့်မည်ဟု သူမမထင်ခဲ့ပေ။ သူမ အလွန်အံ့သြနေသည်။ အခုဆိုလျှင် မြစ်အောက်ပိုင်းရွာနှင့် ရှောင်လီရွာမှ မြေတွေအားလုံးဟာ ရွှီဖန်းအပိုင်ဖြစ်နေပြီး ကောင်းမွန်စွာလည်း လည်ပတ်နေလေသည်။ သို့သော် သူက မြစ်အပေါ်ပိုင်းရွာမှ မြေများကိုပါ သိမ်းချင်နေလေသည်။ ဒါ့အပြင် သူမကလည်း ထိုရွာအကြောင်း သိပ်မသိပေ။
"ရွှီဖန်း တစ်ကယ်လုပ်ချင်တာ သေချာရဲ့လား၊ ငါက ဒီအတိုင်း အကြံပေးတာပဲ၊ နင် တစ်ကယ်ပဲ လုပ်တော့မယ်ဆိုရင် အရင်ဆုံး အခြေအနေကိုတော့ အရင်စုံစမ်းသင့်တယ်"
ရွှီဖန်းက ဝူယွီရွှမ်းအား ပဟေဠိအမူအရာဖြင့်ကြည့်ကာ မေးလေသည်။
"ဘာဖြစ်လို့လဲ၊ ငါ့အစီအစဥ်က လက်တွေ့မကျဘူးထင်လို့လား"
ဝူယွီရွှမ်းက ခေါင်းခါသည်။
"လက်တွေ့မကျလို့မဟုတ်ဘူး၊ ဒီအတိုင်း မြစ်အပေါ်ပိုင်းရွာရဲ့ အခြေအနေက ငါတို့ရွာနဲ့ ရှောင်လီရွာရဲ့အခြေအနေနဲ့မတူရုံပဲ၊ ပထမဆုံးအချက်အနေနဲ့ ငါတို့ရွာနဲ့ ရှောင်လီရွာက မြေတွေထက် မြစ်အပေါ်ပိုင်းရွာက မြေတွေက ပိုပြီးဆိုးရွားတယ်၊ ပြီးတော့ နင့်မှာ လုပ်သားအင်အား မလုံလောက်တဲ့အချက်ကလည်း အသိသာကြီးဖြစ်နေတာ"
"အဲ့ဒီအကြောင်းစိတ်မပူပါနဲ့၊ ငါ ပြောပြပြီးပြီပဲ၊ ငါ့မှာ မြေကျွမ်းကျင်တဲ့သူရှိတယ်၊ ငါတို့ရွာက သီးနှံမဖြစ်ထွန်းတဲ့မြေရိုင်းတွေလည်း အခုဆို ကောင်းကောင်းမွန်မွန်ရှိပြီး သီးနှံတွေ ထုတ်ပေးနိုင်နေတာပဲမဟုတ်လား"
ဝူယွီရွှမ်းက ခေတ္တစဥ်းစားကာ သက်ပြင်းချ၍ ပြောလာသည်။
"နင့်မှာ အကြံတစ်ခုရှိလို့ ပိုက်ဆံရှာချင်နေတာလို့ ငါထင်ခဲ့တယ်၊ ဒါပေမယ့် နင် လမ်းမှန်ကိုရွေးချယ်ရမယ်နော်၊ အနာဂါတ်မှာ နင့်အတွက် အန္တရာယ်ဖြစ်လာမယ့်အရာတွေ မလုပ်သင့်ဘူး၊ မဟုတ်ရင် နင်တစ်ခုရှုံးတာနဲ့ အကုန်ဆုံးရှုံးသွားလိမ့်မယ်"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။
"အိုက်ယား ယွီရွှမ်း ဘာလို့ အရမ်းစိတ်ပူနေတာလဲ၊ ငါက အရင်ကနဲ့ မတူတော့ဘူးလေ၊ အခုလို စွန့်စားဖို့ အရည်အချင်းပြည့်မီနေပြီ၊ ဒါကိုလုပ်ဖို့ ယုံကြည်
ချက်ရှိတယ်၊ ယုံကြည်ချက်ရှိတာကြောင့် ငါ့မှာ လုပ်နိုင်စွမ်းလည်း ရှိတယ်၊ နောက်ပြီး ဒါက ငါတို့ရွာကို အများကြီး အကျိုးပြုလာမှာ"
ဝူယွီရွှမ်းက ခေါင်းကို ပြတ်ပြတ်သားသားခါယမ်းလာသည်။
"ဒါကိုပြောစရာမလိုတော့ဘူး၊ မဖြစ်နိုင်ဘူး! နင် အားလုံး ဆုံးရှုံးကုန်မှာ သံသယဖြစ်စရာတောင်မလိုဘူး"
ရွှီဖန်း ပြောစရာစကားပျောက်ရှသွားတော့သည်။
"စိတ်မပူပါနဲ့၊ ငါအရွယ်ရောက်နေပြီ၊ ငါ့မှာ ကိုယ်ပိုင်စိတ်ကူးအကြံဉာဏ်တွေ ရှိတယ်၊ ဒါကြောင့် အရှက်ကွဲအကျိုးနည်းဖြစ်မယ့်အလုပ်မျိုးကို ငါမလုပ်ဘူး၊ ဒီလိုမျိုး ဘယ်သူက လုပ်မှာလဲ"
ဝူယွီရွှမ်းမှာ ရွှီဖန်းအား မယုံကြည်စွာ ကြည့်မိသည်။ သူမအကြည့်၏ အဓိပ္ပာယ်မှာ - အရွယ်ရောက်နေတဲ့လူဟုတ်လား...ကလေးသာသာပဲရှိသေးတဲ့လူကများ။
ရွှီဖန်းမှာ ကူကယ်ရာမဲ့စွာ ခေါင်းခါရမ်းရင်း ပြုံးလိုက်ရသည်။
"အိုကေ၊ ဒါကို ဒီမှာပဲ ရပ်လိုက်ကြရအောင်၊ ငါ မင်းစကားကိုနားထောင်ပြီး အခုတော့ ဒီကိစ္စကို အကောင်အထည်မဖော်တော့ဘူး၊ ဒါပေမယ့် အချိန်
တစ်ခုရောက်လာရင် ငါ ဒီကိစ္စကို လက်လျှော့တော့မှာ မဟုတ်ဘူး၊ ဒါက တစ်ရွာလုံးကို အဆင့်အတန်းတစ်ခုထိရောက်အောင် တွန်းပို့ပေးနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခုပဲ"
ဝူယွီရွှမ်းသည် ရွှီဖန်းအား မဆွဲဆောင်မှန်းသိ၍ ဘာမှဆက်မပြောတော့ဘဲ သက်ပြင်းအသာချလိုက်သည်။ သူမလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းတညိတ်ညိတ်ဖြင့်သာ ပြောနိုင်တော့သည်။
"ကောင်းပြီ၊ နင်ကိုယ်တိုင်ဆုံးဖြတ်ပြီးပြီပဲ၊ ငါ့ကို လိုအပ်တဲ့အချိန်တိုင်း လာရှာပါ"
ရွှီဖန်းခေါင်းညိတ်လိုက်ပြီးနောက် ဝူယွီရွှမ်းကို နှုတ်ဆက်ကာ အိမ်သို့ ပြန်လာခဲ့သည်။
"ဒီဆေးပြားကဘာလဲ၊ သူ့ရဲ့အာနိသင်အများစုကတော့ ကျန်နေတုန်းပဲ"
ရွှီဖန်းသည် ဆိုဖာပေါ် ထိုင်ရင်း သူ့လက်ထဲရှိ ပုလင်းကို ကြည့်နေလေသည်။ သူ့ညီမက တစ်နေရာရာကိုသွားနေပြီး မိဘတွေကလည်း အိမ်ပြန်မလာသေးပေ။ သူကလည်း ဘာမှလုပ်စရာမရှိပေ။
"နတ်ကလေးထုန် ဒါ ဘယ်လိုဆေးအမျိုးအစားလဲ"
ရွှီဖန်းသည် wechatမှတဆင့် မသေမျိုးကလေးလေးဆီ စာပို့ကာ မေးကြည့်သည်။ သို့သော် တစ်ဖက်က မကြောင်းမပြန်ပေ။ အချိန်မရှိတာကြောင့် ဖြစ်နိုင်သည်။ အချိန်အတော်ကြာတွေးတောပြီးနောက်မှာ အဖြေရှာ၍ မရခဲ့တာကြောင့် ရွှီဖန်းသည် ၎င်းအပေါ်၌ အချိန်မဖြုန်းတော့ပေ။ သူ အိမ်မှာလည်း နေရတာ ပျင်းလွန်း
တာကြောင့် ချိုးဆုအာအိမ်သို့ ကူးရန် စဥ်းစားနေ၏။
သူ တံခါးအပြင်ဘက်ကို ထွက်လိုက်သည်နှင့် ရှုချိုးယာသည် ပျာယာခတ်စွာဖြင့် သူ့ဆီဦးတည်လာနေသည်ကို မြင်လိုက်ရသည်။
"ရွှီဖန်း အဒေါ်ဝမ်တို့ မိသားစုမှာ ဆိုးရွာတဲ့ကိစ္စဖြစ်သွားခဲ့တယ်!"
အဖွားဝမ်နှင့် ရွှီဖန်းသည် တစ်ယောက်နှင့်တစ်
ယောက်မရင်းနှီးသော်လည်း ချိုးဆုအာကတော့ သူမနှင့်ရင်းနှီးလေသည်။ သူတို့အိမ်အချင်းချင်းနီးတာကြောင့် အဖွားဝမ်သည် ချိုးဆုအာကို ကောင်းမွန်စွာ ဆက်ဆံလေသည်။ ဝူယွီရွှမ်းမှ အဖွားဝမ်
အိမ်ကို ရောက်တိုင်းလည်း သူမအား အိမ်မှာထမင်းစားသွားရန် ခဏခဏခေါ်ထားလေ၏။
*******************