← Chapters

မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း

Vol. 14 Ch. 205

မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း

Vol. 14 Ch. 205

လမ်းတစ်လျှောက်၌ အဖွားဝမ်သည် သဘာဝကျစွာပင် ခံစားရတာ မလွယ်ကူခဲ့ပေ။ သို့သော် ချိုးဆုအာနှင့် ရှုချိုးယာတို့ တစ်ယောက်တစ်လှည့် သူမကို နှစ်သိမ့်ပေးနေသည်မှာ ကံကောင်းလှသည်။ မဟုတ်လျှင် အဖွားဝမ်သည် ဝမ်းနည်းလွန်း၍ ဖျားသွားမှာကိုပင် ရွှီဖန်းစိုးရိမ်မိသည်။

"ကျေးဇူးအများကြီးတင်ပါတယ်ကွယ်၊ ကလေးတို့ကြောင့်သာမဟုတ်ရင် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေမှာ"

ရွှီဖန်း ခေါင်းခါရမ်းပြလိုက်စဥ် ချိုးဆုအာက အပြုံးဖြင့် ဆိုလာသည်။

"အဒေါ်က ကျွန်မကို သမီးအရင်းတစ်ယောက်လို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တာ၊ အဒေါ့်ဆီမှာ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ် လျစ်လျူရှုနိုင်ပါ့မလဲ"

ချိုးဆုအာကိုကြည့်ရင်း အဖွားဝမ်သည် ထိရှသွားကာ ဘာပြောရမှန်းပင် မသိခဲ့ချေ။ ပြည်နယ်မြို့တော်ကိုရောက်ရန် နှစ်နာရီကြာမြင့်ခဲ့သည်။ ကံမကောင်းသည်က ပိတ်ရက်ဖြစ်တာကြောင့် ကားလမ်းပိတ်မှုက ဆိုးဆိုးရွားရွားပင်။ မီးပွိုင့်သည် လူနာတင်ယာဥ်ကို ခွင့်ပြုသော်လည်း ရွှီဖန်းတို့ကမူ ဖြတ်၍မရတာကြောင့် လူနာတင်ယာဥ်က သူတို့ကို ထားခဲ့ရသည်။

"ခရိုင်ဆေးရုံက ဘယ်ဆေးရုံနဲ့ ဆက်သွယ်ထားတာလဲ"

"ပြည်နယ်ဆေးရုံကိုပဲသွားရအောင်"

ဆေးရုံကို အတည်ပြုပြီးသည်နှင့် ရွှီဖန်းခေါင်းညိတ်လိုက်ကာ ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွားခဲ့သည်။

"ဟေး ကျန်းဖန်းယင်ရဲ့အဖေကလည်း အဲ့ဒီဆေးရုံမှာပဲမလား"

ချိုးဆုအာလည်း ရုတ်တရက်ပင် သူမနဖူးကို ရိုက်ကာ ခေါင်းညိတ်၍ အတည်ပြုလာသည်။

ရွှီဖန်းခေါင်းညိတ်လိုက်သည်။ ကျန်းဖန်းယင်၏အဖေ အဲ့ဒီမှာရှိကတည်းက ဆေးရုံက သိပ်ဈေးမကြီးဘူးဟု ဆိုလိုခြင်းပင်။ မဟုတ်လျှင် ဆေးရုံပြောင်းရွှေ့ထားတာ ကြာလောက်ပြီပင်။

နောက်ဆုံးမှာ ရွှီဖန်းတို့အဖွဲ့သည် ရွှံ့များလူးထားသော Land Roverကားဖြင့် ဆေးရုံသို့ရောက်လာကြသည်။ ကားပါးကင်မှာ ကားတွေပြည့်နှက်နေတာကြည့်ပြီး သူ ပြောစရာစကားပျောက်ဆုံးရသည်။

"ပြည်နယ်ဆေးရုံကတော့ ထင်ထားတဲ့အတိုင်းပဲ၊ တော်တော်များများက ဒီမှာပဲ ဆေးရုံလာတက်ကြတာပဲ"

ရွှီဖန်း၏စကားက ချီးကျူးနေတာလားပင် မသိနိုင်။ အနောက်မှ ကားတွန်းတီးသံကြောင့် သူကားပါကင်ထဲဝင်လာကာ နေရာရှာလိုက်သည်။ ကားပါကင်ကို သုံးကြိမ်တိုင်တိုင်ပတ်ကြည့်သော်လည်း ထိုးစရာ နေရာရှာမတွေ့သဖြင့် အားလုံးစိုးရိမ်လာကြသည်။

သို့သော် မိုးကောင်ကင်၏ကောင်းချီးကြောင့် ရွှီဖန်းသည် သူ့ရှေ့မှ ထွက်ခွာတော့သည့်ကားတစ်စီးကိုမြင်လိုက်ရသည်။ ရွှီဖန်း ထိုအနားမှာရပ်ရင်း ထိုကားထွက်သွားသည်အထိ စောင့်ကာ ထိုနေရာ၌ ဝင်ထိုးလိုက်သည်။

သို့သော် ထိုကားရပ်ခဲ့သည့်နေရာအား မျက်စိကျနေသူများ ရှိနေခဲ့သည့်ပုံပင်။ ရှေ့ကားသည် ကားပါကင်ကနေထွက်သွားသည်နှင့် ရွှီဖန်းလည်း အရှိန်

မြှင့်ကာ ထိုနေရာသို့ မောင်းနှင်လိုက်သည်။ ရလဒ်

အနေဖြင့် အလွန်အဆင့်အတန်းရှိလှသော ပြိုင်ကားတစ်စီးသည် ရွှီဖန်း၏ကားကို တိုက်လုနီးပါး ဖြတ်ကျော်ကာ ထိုပြိုင်ကားမှ နားစည်ပေါက်လုနီးပါးအင်ဂျင်သံနှင့် ဘရိတ်မြည်သံကိုလည်း ကြားလိုက်ရသည်။

ရွှီဖန်းအနည်းငယ်စိတ်ဆိုးသွားရသည်။ ဒီကားပါကင်နေရာကို သူအရင်ဦးထားတာမှန်း သိသာပါလျက် ထိုကားက ပေါ်တင်လုယူသွားခဲ့သည်။ 

လှပစွာဝတ်ဆင်ထားသော အမျိုးသားနှင့်အမျိုးသမီးသည် ထိုကားပေါ်မှ ဆင်းလာပြီး ရွှီဖန်းအား မထီမဲ့မြင်ဖြင့် လက်မထောင်ပြလေသည်။ ရွှီဖန်းသည် ထိုအချိန်၌ မပျော်မရွှင်ဖြစ်နေတာကြောင့် သူ့ကားကို ထိုနှစ်ယောက်ဆီ တန်းတန်းမတ်မတ်မောင်းသွားခဲ့သည်။ 

"မင်း ဘာလုပ်နေတာလဲ! ရူးသွားပြီလား!"

ထိုလင်မယားနှစ်ယောက်သည် ရွှီဖန်းကို အရူးဖြစ်နေမည်ဟု မထင်ခဲ့တာ ကျိန်းသေပေ၏။ ဒါပေါ့...ရွှီဖန်း အဲ့ဒီလောက် မရူးမိုက်ပေ။ ထိုနှစ်ယောက်အနားသို့ရောက်ခံနီးကျမှ လမ်းကိုသွေဖယ်ကာ တခြားကားပါကင်ရှိရာကို ကွေ့လိုက်သည်။ 

ကားပေါ်ရှိတခြားလူသုံးယောက်၊ အထူးသဖြင့် ချိုးဆုအာသည် ရွှီဖန်း၏လုပ်ရပ်ကြောင့် ထိတ်လန့်ကုန်ကြသည်။ သူမ ရွှီဖန်းကိုကြည့်၍

"ဘယ်လိုလုပ်လိုက်တာလဲ၊ နည်းနည်းနှေးနှေးသွားလို့မရဘူးလား၊ အဒေါ်ဝမ့်ကို လန့်အောင်ခြောက်နေတာလား"

သို့သော် ပုံမှန်အတိုင်းဆိုလျှင် ရှုချိုးယာကလည်း စကားစလာလိမ့်မည်။ ယခုတွင်မူ သူမ၏ပါးစပ်ကိုတင်းတင်းပိတ်ထားကာ တစ်ခွန်းမှ ဝင်မပြောလာပေ။ 

အဖွားဝမ်က ပြုံး၍

"ရပါတယ်၊ ရပါတယ်၊ အိုက်ယား လူငယ်တွေက စိတ်မြန်လက်မြန်ရှိကြတာပဲလေ"

လမ်းတစ်လျှောက်တွင် ရှုချိုးယာနှင့် ချိုးဆုအာတို့က သူမနှင့်အတူ နေပေးတာကြောင့် အဖွားဝမ်၏ စိတ်အခြေအနေက ကောင်းမွန်နေတာ သိသာလှ၏။ 

မြေပြင်ပေါ်၌လဲကျနေသော အမျိုးသားနှင့် အမျိုးသမီးကို ကြည့်ကာ ရွှီဖန်းရယ်မောလိုက်သည်။ သူ့လူတွေအား အတွင်းလူနာဌာနသို့ မပို့ဆောင်ပေးခင်မှာ ထိုနှစ်ယောက်အား သူလက်မထောင်ပြခဲ့သေးသည်။

သူတို့သည် ဆရာဝန်ထံသို့ ကြိုတင်ဆက်သွယ်ပြီးပြီဖြစ်ရာ အဖွားဝမ်၏သားသည် 16လွှာ၊ ICU၌ ခွဲစိတ်မှုကို ပြုလုပ်ရင်း စောင့်နေမှန်း သိထားပြီးလေပြီ။ ဒါပေါ့...ဒီလိုရထားဖို့ကလည်း ရွှီဖန်း၌ ငွေအလုံအလောက်နှင့် မိသားစုဝင်လက်မှတ်များ ရှိထားရ၏။

ရွှီဖန်းသည် ကြာကြာအချိန်မဆွဲချင်တော့သော်ငြား တစ်စုံတစ်ယောက်ကတော့ ထိုကဲ့သို့ မတွေးပေ။ 

"ဟေး ရပ်စမ်း ဒီတောသားက ဘယ်ကရောက်လာတာလဲ၊ ငါ့ကို လန့်အောင် လုပ်ရဲတယ်ပေါ့"

ယောကျ်ားလေးသည် မိန်းကလေး၏ ထောက်ပံ့မှုဖြင့် မြေပြင်မှထကာ ဆက်ဆံရမလွယ်သကဲ့သို့ ဒေါသတရှူးရှူးထွက်နေလေသည်။ သို့သော် ရွှီဖန်းက အဖက်မလုပ်ဘဲ လျစ်လျူရှုကာ ထွက်သွားသည်။

ထိုလူက ပြေးလာပြီး သူတို့ကို တားလာသည်။

"ဒီနေ့ မရှင်းပြရင် ဘယ်သူမှ သွားလို့ရမယ်မထင်နဲ့"

ရွှီဖန်းသည် နဂိုကတည်းက စိတ်တိုနေပြီးသားလူပင်။

"မင်း ဘာလာလုပ်နေတာလဲ၊ ကျေးဇူးပြုပြီးငါ့လမ်းကနေ ဖယ်ပေးပါ၊ ငါ မင်းနဲ့ ဂိမ်းကစားနေဖို့ အချိန်မရှိဘူး"

ထိုစုံတွဲကိုကြည့်လိုက်ရာ အထူးသဖြင့် ယောကျ်ားဖြစ်သူသည် လူကောင်းမဟုတ်မှန်း သိသာလှသည်။ အဝတ်အစားပျိုးပျိုးပြတ်ပြတ်ဝတ်ဆင်ထားသော်လည်း လူမိုက်၏ရောင်ဝါရှိနေ၏။ 

ထိုလူက ရှုချိုးယာကို မြင်သွားခဲ့သည်။ သူ့မျက်လုံးထဲ၌ ဇဝေဇဝါဖြစ်နေပြီးမှ ဒေါသအရိပ်အယောင်များ ထွက်လာတော့သည်။ 

"ချိုးယာမလား...မင်း ဒီတောသားနဲ့ ဘာလို့အတူရှိနေတာလဲ၊ ဖြစ်နိုင်တာက...ရှုချိုးယာ မင်းက ငါ့ကိုတောင် အထင်သေးပြီးဆက်ဆံခဲ့တာ၊ ဒီလိုတောသားကို ငါ့ဆီမခေါ်ပြသင့်ဘူးမလား"

ရှုချိုးယာက အေးစက်စွာ နှာမှုတ်၍ ရွှီဖန်း၏လက်မောင်းကို ဖက်ကာ ပြောလာသည်။

"ဖန်ချင်းမင် ငါဘာသာ ဘာပဲလုပ်လုပ် ဘယ်သူနဲ့ပဲတွဲတွဲ နင်နဲ့ဘာဆိုင်လို့လဲ"

ရွှီဖန်းနှင့်တခြားလူများထံမှ ပဟေဠိအကြည့်ကိုမြင်

သည့်အခါ ရှုချိုးယာ၏မျက်နှာမှာ နီရဲသွားတော့သည်။ သူမက ဖန်ချင်းမင်ဟုခေါ်သော လူအား တွန်းထုတ်ကာ ရွှီဖန်းကို ရှေ့ဆွဲထုတ်လေသည်။ 

"ဘာတွေဖြစ်နေတာလဲ၊ သူက ဘယ်သူလဲ၊ အသိတွေလား"

ရှုချိုးယာက အေးစက်စွာဖြင့် ဘောက်ဆတ်ဆတ်ပြောလာသည်။

"စေ့စပ်ထားတဲ့လူ"

ရှုချိုးယာသည် ရင်ခုန်လာတာကြောင့် ရွှီဖန်း၏ လက်မောင်းကို လွှတ်လိုက်သည်။

"အဲ့ဒါက...ဒါကို စိတ်ထဲမထားပါနဲ့"

ရွှီဖန်း ရယ်လိုက်သော်ငြား ဘာမှဆက်မပြောတော့ပေ။  ချိုးဆုအာကတော့ ရှုချိုးယာကို ထူးဆန်းသည့်

အမူအရာဖြင့် ကြည့်နေလေ၏။

ဓာတ်လှေကား၌လည်း စောင့်နေသူများစွာရှိလေသည်။ ကံကောင်းစွာဖြင့် ရွှီဖန်း၌ ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်ရှိတာကြောင့် သူတို့သုံးယောက်ကို အောင်အောင်မြင်မြင် ဓာတ်လှေကားထဲသို့ ဆွဲခေါ်

နိုင်ခဲ့သည်။ 

"အစ်ကိုကြီးရွှီ"

မထင်မှတ်ထားသည့်အရာမှာ ဓာတ်လှေကားထဲတွင် စကားပြောနေသော ကျန်းဖန်းယင်ကို သွားတိုက်မိခြင်းပင်။ သူမ၏ အံ့သြသွားသောအမူအရာကို မြင်လိုက်ရသည့်အခါ ရွှီဖန်းပြုံးလိုက်သည်။

"ဦးလေး နေကောင်းရဲ့လား"

**********************

All Chapters