← Chapters

ထပ်ပြီးတော့ ဝမ်မာဇီပဲ။

Vol. 14 Ch. 204

ထပ်ပြီးတော့ ဝမ်မာဇီပဲ။

Vol. 14 Ch. 204

ရွှီဖန်းသည် သူ့စိတ်ထဲမှ သံသယများကို ခေတ္တချုပ်ငြိမ်းစေလိုက်ပြီး ရှုချိုးယာ စိတ်အေးစေရန် နှစ်သိမ့်ပေးပြီးမှ အဖွားဝမ်အိမ်ကို လိုက်သွားခဲ့သည်။ ထိုနေရာ၌ ချိုးဆုအာလည်း ရောက်ရှိနေပြီး လေထုက တင်းမာနေလေသည်။

"အဒေါ် ဘာဖြစ်တာလဲ"

အဖွားဝမ်၏ မျက်လုံးများက အရောင်ဖျော့နေလေသည်။ သူမ ခေါင်းကိုမော့ကာ ရွှီဖန်းအား ကြည့်လာသည်။ လူသေတစ်ယောက်မှ ရုတ်တရက် မျှော်လင့်ချက်ပြန်ရလာသလိုပင် သူမသည် ချက်ချင်း ဒူးထောင်ရန်ပြင်နေတာကြောင့် ရွှီဖန်းအား ထိတ်လန့်စေခဲ့သည်။

"သားလေးဖန် ကျေးဇူးပြုပြီး ကူညီပေးပါလို့ မေတ္တာရပ်ခံပါရစေ၊ ဒီသားလေးတစ်

ယောက်ပဲရှိတာပါ၊ သားကို ကယ်တင်ပေးပါ၊ ဘာမဆို လုပ်ပေးပါ့မယ်!"

အဖွားဝမ်၏ ငိုကြွေးမှုကြောင့် ဒီကိစ္စ၏လေးနက်မှုကို ရွှီဖန်း သဘောပေါက်သွားခဲ့သည်။ သူ ဘေးနားရှိ ချိုးဆုအာကို ကြည့်လိုက်မိသည်။ ချိုးဆုအာသည် ရှုချိုးယာအား အဖွားဝမ်ကို တည်ငြိမ်စေရန် နှစ်သိမ့်ထားပေးဖို့ တောင်းဆိုပြီးနောက်မှာ ရွှီဖန်းကို ဇာတ်လမ်းတစ်ခုလုံး ပြောပြရန်အတွက် ဘေးအိမ်သို့ ခေါ်သွားခဲ့သည်။

အဖွားဝမ်၏ယောကျ်ားသည် အသေစောသည့်အပြင် ဆွေမျိုးကလည်း မရှိတာကြောင့် ခရိုင်မှာငွေရှာရန် သူမသားကို ဝမ်မာဇီနှင့် အလုပ်တူတူလုပ်ရန် ချန်ထားခဲ့ရသည်။ ဝမ်မာဇီသည် လူကောင်းမဟုတ်မှန်း သူမသိသော်လည်း သူတို့သည် တစ်ရွာတည်းမှလာသူများဖြစ်ပြီး ဝမ်မာဇီသည် ရွာသားများကိုမူ စောင့်ရှောက်ပေးသည်ဟု မကြာခဏပြောလေ့ရှိတာကြောင့် သူမ အများကြီး စိတ်မပူခဲ့ပေ။ 

သို့သော် ဤတစ်ကြိမ် ဆောက်လုပ်ရေးလုပ်နေစဥ်၌ ​ရုတ်တရက် ပြဿနာတစ်ခုပေါ်လာပြီး အဆောက်အအုံပြိုကျသွားခဲ့သည်။ အဖွားဝမ်၏သားလည်း ပြုတ်ကျသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ပွဲချင်းပြီး မသေဆုံဘဲ ရှင်သန်ခဲ့သော်ငြားရအခြေအနေကမကောင်းပေ။ 

"ဆရာဝန်က ဦးနှောက်သွေးကြောပေါက်တာဖြစ်ပြီး  ခွဲစိတ်ရမယ်လို့ပြောတယ်၊ မခွဲစိတ်ရင် သေလိမ့်မယ်တဲ့၊ ခွဲစိတ်ထားရင်တောင်မှ အသက်ရှင်ဖို့ မကျိန်းသေဘူးတဲ့၊ ဒါပေမယ့် ကယ်တင်လို့ရတဲ့ မျှော်လင့်ချက်လေးတော့ ရှိနေတုန်းပဲလေ၊ အလုပ်ကရတဲ့ ဒဏ်ရာလို့ ယူဆရပေမယ့် ဝမ်မာဇီက အဒေါ်ဝမ်ရဲ့သား ဒီနေ့ အလုပ်မလာသင့်ဘဲ လာလို့ဖြစ်ရတာလို့ ပြောပြီး ဆေးဖိုးပေးဖို့ ငြင်းဆန်နေတယ်"

ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ထပ်ပြီး ဝမ်မာဇီပဲလား၊ အဲ့ဒီဝမ်မာဇီက ဘာလို့ ငြိမ်ငြိမ်မနေနိုင်တာလဲ။

ရွှီဖန်း၏ လေးနက်သော အမူအရာကိုမြင်သည့်အခါ ချိုးဆုအာသည် သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်၍ တောင်းဆိုမိသည်။

"ရွှီဖန်း အဒေါ်ဝမ်က အစ်မကို သူ့သမီးအရင်းလိုဆက်ဆံတာ၊ ဒီကိစ္စအတွက် ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခုရှာပေးလို့ရမလား၊ ပိုက်ဆံတောင်းဆိုနေတာမဟုတ်ပါဘူး၊ ဝမ်မာဇီဆီမှာ ဆေးဖိုးသွားတောင်းပေးနိုင်မလားလို့လေ၊ အစ်မ တောင်းဆိုနေတာပါ နော်"

ဒါကိုကြားသည့်အခါ ရွှီဖန်း မပျော်တော့ပေ။ သူ ချိုးဆုအာကိုကြည့်ကာ မကျေမနပ်ပြောမိသည်။

"အစ်မ ဘာတွေပြောနေပြန်ပြီလဲ၊ ကျွန်တော် သေချာပေါက်ကူညီမှာပါ၊ အစ်မ ကျွန်တော့်ကို ကျေးဇူးတင်စရာလည်းမလိုဘူး၊ နည်းနည်းပါးပါး လှည့်ပြရုံပဲ ဟဲဟဲ"

ရွှီဖန်းက ရယ်မောနေသည်။ သူ့ဆိုလိုသည်မှာ ထင်ရှားပေသည်။ ချိုးဆုအာသည် ရွှီဖန်း၏ အလွန်ညစ်တီးညစ်ပတ်နိုင်သော အမူအရာကိုမြင်သည့်အခါ ရှက်ရွံ့ကာ စိတ်ဆိုးသွားတော့သည်။ တစ်လက်စတည်း ရွှီဖန်း၏ပေါင်ကို သူမဆိတ်လိုက်တာကြောင့် သူ့အား နာကျင်စွာအော်စေခဲ့သည်။ 

"ဘယ်ဆေးရုံမှာလဲ၊ အဲ့ဒီကို အရင်ပို့ပေးလိုက်၊ စောင့်ရှောက်မယ့်လူမရှိမှာတော့ သေချာတယ်၊ သူနာပြုခေါ်ထားပေးရင်တောင် အဒေါ်ဝမ်က အိမ်မှာ ထိုင်နေနိုင်မှာမဟုတ်ဘူး"

ချိုးဆုအာခေါင်းညိတ်လိုက်ကာ သူတို့နှစ်ယောက် အခန်းထဲသို့ ပြန်ဝင်လာကြသည်။ ထို့နောက် ရှုချိုးယာ၏နှစ်သိမ့်မှုအောက်၌ ငြိမ်သက်နေသော အဒေါ်ဝမ်ကိုကြည့်၍ 

"အဒေါ်ဝမ် ဆေးရုံအရင်သွားရအောင်၊ သားဆီပို့ပေးမယ်၊ ရွှီဖန်းက အရင်ဆုံး ဆေးဖိုးဝါးခကို ရှင်းပေးမယ် ပြီးရင် ဝမ်မာဇီဆီမှာ သွားတောင်းပေးမယ်၊ ကိစ္စမရှိပါဘူးတဲ့"

ရွှီဖန်းကလည်း စိတ်ချလက်ချဖြစ်အောင် သူ့ရင်ဘတ်ကို ပုတ်ပြသည်။ ချိုးဆုအာသည် အဘွားဝမ်ကို နှစ်သိမ့်ပေးရင်း မတ်တပ်ရပ်ရန်ကူထောက်ကာ ရွှီဖန်းအနောက်ကိုလိုက်လေသည်။

ရှုချိုးယာကလည်း လိုက်ချင်လေသည်။ သို့သော် ရွှီဖန်းက တားလာသည်။

"ဒုက္ခလိုက်ယူနေတာ တော်တော့၊ ရွာကဆေးခန်းမှာတင် ဒီလောက်အလုပ်ရှုပ်နေတာမလား"

ရှုချိုးယာမပျော်တော့ပေ။ သူမ နှုတ်ခမ်းဆူကာ ပြောလာသည်။

"အနည်းဆုံးတော့ ကျွန်မကို ဆေးရုံခေါ်သွားသင့်တယ်နော်၊ အဒေါ်ဝမ်ဆီက အကြံဉာဏ်ကို မေးပေးလို့ရတဲ့အပြင် ရှင် အဲ့ဒီက ဆရာဝန်တွေနဲ့သိလို့...."

သို့သော် ရွှီဖန်း၏ ဆေးပညာအရည်အချင်းက သူမထက် ပိုသာမှန်း ရုတ်တရက်စဥ်းစားမိသွားကာ သူမပါးစပ်ကို ချက်ချင်းပိတ်လိုက်မိသည်။ သူမ ခဏတာလောက်စဥ်းစားကာ

"ရွှီဖန်း ရှင့်ရဲ့ဆေးပညာက အရမ်းကောင်းတယ်၊ အဒေါ်ဝမ်ရဲ့သားကို ကယ်တင်ပေးလို့ရမလား၊ ရှင့်အတွက် မခက်ခဲတဲ့အရာမဟုတ်လား"

ရွှီဖန်း ဒါကိုကြားတော့ ခေါင်းကိုက်သွားတော့သည်။

"အစ်မကြီးခင်ဗျာ့ ဘယ်လိုလုပ် ကျွန်တော့်ကို ဒီဟာကုခိုင်းတာလဲ၊ ဒါက အပြင်ကရုပ်ပိုင်းဆိုင်ရာထိခိုက်တာမဟုတ်ဘဲ ခေါင်းသွေးယိုတဲ့ကိစ္စနော်၊ ဒါကြောင့် ကြုံရာကုလို့မရဘူး၊ ကြောင်တစ်ကောင်ရှုပ်သလို ကျွန်တော့ဆေးပညာနဲ့သွားကုသလို့ကတော့ အသက်က မိုးပေါ်ရောက်သွားလိမ့်မယ်"

ရှုချိုးယာလည်း သူမပြောပြီးပြီးချင်း ပြဿနာကို သတိထားမိခဲ့သည်။ မှန်ပေသည်။ ရွှီဖန်း၏ဆေးပညာက တော်သော်လည်း ဒီကိစ္စမှာ ဦးခေါင်းခွံကို ဖွင့်ကာ ခွဲစိတ်ရမည်ဖြစ်သည်။ ရွှီဖန်းမှာ ဘာခွဲစိတ်ကိရိယာမှမရှိသည့်အပြင် ဦးခေါင်းကို ဖြစ်သလို ဖွင့်လိုက်လို့လည်းမရပေ။ ရွှီဖန်းလည်း လက်တွေ့မကျဘူးဟု ခံစားရပေသည်။

"ဒါဆို ကျွန်မ ပိုပြီးတော့တောင် လိုက်ပေးရဦးမယ်၊ ဆေးရုံက ရှင်တို့ကို တစ်ခုခုလှည့်စားလိုက်ရင် ဘယ်လိုလုပ်မလဲ"

ရွှီဖန်း သက်ပြင်းချကာ သူမကို ခေါ်သွားရုံသာ တတ်နိုင်တော့သည်။ နောက်ဆုံးမှာ ကားပေါ်၌ လူလေးယောက်ရှိလာသည်။ သူ့မိဘတွေကို ဖုန်းဆက်ပြီးနောက် လုပ်စရာရှိ၍ ထမင်းပြန်မစားတော့ကြောင်းပြောကာ ခရိုင်ဆေးရုံသို့ မောင်းထွက်လာခဲ့သည်။

ဆေးရုံရောက်တော့ ဆရာဝန်နှင့်တွေ့ရလေသည်။ 

"လူနာရဲ့အခြေအနေက သိပ်မကောင်းဘူး၊ လူနာရှင်တွေ မလာခင်မှာ ကျွန်တော်တို့ ဒီကိစ္စကို အမြန်ဆွေးနွေးခဲ့ကြတယ်၊ ကျွန်တော့်တို့ဆေးရုံမှာ ဒီလိုခွဲစိတ်မှုမျိုးက အရမ်းအန္တရာယ်များတယ်၊ ဒါကြောင့် လူနာကို ပြည်နယ်ဆေးရုံအမြန်ပို့ဖို့ အကြံပေးချင်

တယ်၊ နောက်ကျသွားရင် လူနာမှာ ပြဿနာရှိလာလိမ့်မယ်"

ရွှီဖန်း၏ကူညီဖေးမမှုအရ ဆေးရုံပြောင်းရတာက ပြဿနာမဟုတ်ပေ။ သို့သော် အကောင်းဆုံးကုသမှုခံယူရမည့်အချိန်မှာ ပြောင်းရွှေ့တာက ဖြစ်နိုင်ပါ့မလားဆိုတာကို မေးရဦးမည်။ 

နာရီဝက်လောက်ဆွေးနွေးပြီး ကြန့်ကြာခဲ့ပေမယ့် နောက်ဆုံးမှာ ပြောင်းရွှေ့နိုင်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

"မြို့တော်ရဲ့တစ်ဖက်ခြမ်းမှာ...."

ရွှီဖန်းက မတုံ့ဆိုင်းပေ။ သို့သော် အခုတုံ့ဆိုင်းနေသည်က ရှုချိုးယာပင်။

"ရွှီဖန်း....ဘယ်လို"

သူမ၏ အမူအရာကိုမြင်သည့်အခါ ရွှီဖန်းအနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။

"ဘာဖြစ်လို့လဲ၊ တစ်ခုခုပြောစရာရှိရင် မြန်မြန်ပြောလိုက်၊ ကျွန်တော်တို့ မြန်မြန်ထွက်ရမယ်၊ မဟုတ်ရင် နောက်ကျကုန်လိမ့်မယ်"

ရှုချိုးယာ၏အမူအရာက အရုပ်ဆိုးလာသည်။

"ကျွန်မမလိုက်တော့ရင်ရော ဘယ်လိုလဲ၊ မဟုတ်

ဘူး...ကျွန်မပါ လိုက်မှဖြစ်မယ်၊ မေ့လိုက်တော့...မေ့လိုက်တော့"

သူ့အရှေ့မှ မိန်းကလေးက ပြည်နယ်မြို့တော်၌ ဂုဏ်သရေရှိမမလေးတစ်ယောက်မှန်း ရွှီဖန်း မှတ်မိသွားခဲ့သည်။ ဒါပေါ့ သူမသည် မမလေးတစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တော့ အိမ်မှဆင်းလာသည့် သာမန်မိန်းကလေးအဖြစ်နေထိုင်နေသည်။ ဒါကြောင့် ပြည်နယ်မြို့တော်အကြောင်းကြားသည့်

အခါ စိုးရိမ်ပူပန်မှုတချို့ရှိလာတာက ပုံမှန်ပင်။

ရွှီဖန်း ပြုံး၍ ပြောလိုက်သည်။

"အဆင်ပြေမှာပါ၊ စိတ်အေးအေးထား၊ နောက်ဆုံးတစ်ကြိမ်မြို့တော်ကို ပြန်တုန်းကလည်း ဒီအချိန်ပဲမလား"

ရှုချိုးယာက ခေါင်းညိတ်လာသည်။ ဘာကြောင့်မှန်းမသိသော်ငြား ရွှီဖန်းကို အခုကဲ့သို့ မြင်လိုက်သည့်အခါ သူမလည်း ထူးထူးဆန်းဆန်း တည်ငြိမ်လာသည်။ ပြည်နယ်မြို့တော်သို့ သွားရတိုင်း ထိတ်လန့်နေရသည်က ရပ်တန့်သွားခဲ့သည်။ 

ရှုချိုးယာ၏မျက်နှာက အကြောင်းအရင်းမရှိဘဲ နီမြန်းလာပြီး သူမကိုယ်သူမ ပွတ်သပ်လိုက်မိသည်။ သူမ၏စိတ်ထဲ သမင်ပေါက်လေး ခုန်နေသကဲ့သို့ ခံစားနေရသည်ကို ရပ်တန့်ကာ ဘာမှမပြောဘဲ ရွှီဖန်းကို ငေးကြည့်လိုက်မိသည်။ 

နောက်ထပ်တုံ့ဆိုင်းနေတာမျိုးမရှိဘဲ ရွှီဖန်းသည် အဘွားဝမ်၏ မှတ်ပုံတင်ကိစ္စများကို စီစဥ်၍ ပြည်နယ်မြို့တော်သို့ ကားဖြင့် အရူးအမူးမောင်းနှင်ကာ ဦးတည်တော့သည်။

**********************

All Chapters