← Chapters

ကိစ္စဝိစ္စများလုပ်ခြင်း

Vol. 14 Ch. 206

ကိစ္စဝိစ္စများလုပ်ခြင်း

Vol. 14 Ch. 206

ကျန်းဖန်းယင်က ခေါင်းညိတ်၍ ပျော်ရွှင်စွာ ပြောလာသည်။

"အစ်ကိုကြီးရွှီ ဘာလို့ဆေးရုံကိုရောက်နေတာလဲ"

"အိုး ဒီမှာလုပ်စရာတစ်ခုရှိလို့၊ မင်းအဖေက ဘယ်

လူနာဆောင်မှာလဲ၊ ခဏနေရင် တွေ့ဖို့လာခဲ့မယ်"

"ဪ ညီမတို့က ၁၅ထပ်က ခုနစ်ခန်းမြောက်မှာ"

ရွှီဖန်းနှင့် လူအနည်းငယ်၏ မျက်နှာပေါ်တွင် စိုးရိမ်

ပူပန်မှုများရှိနေတာကြောင့် ကျန်းဖန်းယင်သည်

ခေါင်းညိတ်ကာ ဘာမှထပ်မမေးခဲ့ပေ။

16လွှာသို့ရောက်သော် အဖွားဝမ်သည် အမည်များကိုရေးထိုး၍ ငွေချေရသည်။ ရွှီဖန်းသည် သူ့လက်ထဲမှ ဘေစာရွက်ကိုကြည့်၍ မျက်မှောင်ကြုတ်မိသည်။ 

"ဝမ်ကန်ရှန်း ဦးနှောက်သွေးယိုခြင်း"

ဝမ်မာဇီ သဘောမတူတာ အံ့သြစရာမရှိတော့ပေ။ အလုပ်မှာ ထိခိုက်ဒဏ်ရာရခဲ့ပါက ဝမ်မာဇီသည် ပိုက်ဆံအားလုံးကိုပေးချေရမှာဖြစ်ပြီး ဒါ အဆုံးမဟုတ်သေးပေ။ နောက်ဆက်တွဲအနေဖြင့် ဆေးရုံတက်စရိတ်၊ ကုသစရိတ်၊ အာဟာရစရိတ်များကိုပါ တာဝန်ယူရလိမ့်မည်။ ထို့အပြင် လုပ်ငန်းခွင်ထိခိုက်

ဒဏ်ရာရမှုနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ရခြင်းအတွက် လျော်ကြေးကလည်းပေးရဦးမည်။

သို့သော်ငြား ကိစ္စမှာ ဝမ်မာဇီ၏နေရာတွင်ဖြစ်ပျက်ခဲ့ခြင်းပင်။ သူပေးချင်သည်ဖြစ်စေ မပေးချင်သည်

ဖြစ်စေ ရွှီဖန်းကတော့ သွားတောင်းရလိမ့်မည်။

ရွှီဖန်း သက်ပြင်းအသာချရင်း ချိုးဆုအာကိုကြည့်ကာ

"ရှောင်ယင်ကို သွားတွေ့လိုက်ဦးမယ်၊ အဒေါ်ဝမ်နဲ့ချိုးယာနဲ့တူတူ နေခဲ့လိုက်နော်၊ ဒီနေ့ အစ်မကိုယ်အစ်မ ဒုက္ခပေးနေတာများပြီ"

ချိုးဆုအာ ခေါင်းညိတ်လိုက်သည်။ သူမ အဖွားဝမ်၏ဘေးမှာထိုင်ရင်း စကားပြောပေးကာ သူမလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပေးလေသည်။ ရှုချိုးယာကတော့ ခွဲစိတ်ခန်းကို စိုးရိမ်စွာကြည့်နေရသည်။ ဤရွာမှဆရာဝန်မလေးသည် သာမန်လူထက်ပင် ခွဲစိတ်ခန်းကို ပို၍ ကြောက်ရွံ့နေပုံ ပေါ်နေသည်။ သေချာတာကတော့ ဖန်ချင်းမင်ဟုခေါ်သော ထိုလူကြောင့်လည်းပါလိမ့်မည်။ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက သိပ်မကောင်းသည့်ပုံပင်။

"စိတ်မပူပါနဲ့၊ ကျွန်တော် ခဏနေပြန်လာခဲ့မယ်"

ရွှီဖန်းသည် ရှုချိုးယာအား လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ ရှုချိုးယာသည် အချိန်ခဏကြာမှ ခေါင်းလိုက်ညိတ်လာပြီး သူမမျက်နှာပေါ်မှ စိုးရိမ်စိတ်များလည်း လျော့ပါးသွားခဲ့သည်။ 

ရှုချိုးယာသည် သူမ၏နှလုံးသားထဲ၌ ရှုပ်ထွေးသော ခံစားချက်ကို ခံစားနေရသည်။ ရွှီဖန်း၏ကျောပြင်ကိုကြည့်လိုက်တိုင်း သူမ၏စိတ်သည် သိသိသာသာငြိမ်သက်လေ့ရှိသည်။ ဒီခံစားချက်က ရှင်းပြရခက်သော်ငြား သူမကို ပျော်ရွှင်စေ၏။

ရွှီဖန်း အောက်ထပ်သို့ဆင်းလာခဲ့သည်။ ကျန်းဖန်းယင်ပြောသောလူနာဆောင်သည် ၁၅ထပ်မှာရှိသည်

ဖြစ်ရာ ဓာတ်လှေကား မစောင့်နေတော့ဘဲ လှေကားမှ ဆင်းလာခဲ့သည်။ 

၁၅ထပ်၌ လူသိပ်မရှိပေ။ အတွင်းလူနာဆောင်သည် လူမရှုပ်သော်ငြား အရိုးနှင့်ခွဲစိတ်အဆောင်တွေကတော့ လူရှုပ်နေတတ်သည်။

လူနာဆောင် (၇)ကို ဝင်သွားလိုက်တော့ သတ်လတ်ပိုင်းအရွယ်အမျိုးသားကို ထမင်းကျွေးနေသော ကျန်းဖန်းယင်ကို မြင်လိုက်ရသည်။ အမျိုးသားသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ဘေးနားမှာ ရှိသည့် ကျန်းဖန်းယင်နှင့် နောက်ထပ်အမျိုးသမီးအား စကားပြောနေ၏။ ထိုနှစ်ယောက်က ကျန်းဖန်းယင်၏ မိဘများ ဖြစ်ရမည်။ 

"ရှောင်ယင်၊ ဦးလေး၊ အဒေါ်"

ရွှီဖန်း သူတို့ကို နှုတ်ဆက်လိုက်သည်။ ကျန်းဖန်းယင်မှ သူ့အကြောင်းပြောပြထားသည့်အပြင် သူတို့ကိုကူညီထားတာကြောင့်လည်း ဖြစ်နိုင်သည်၊ ကျန်းမာမားသည် ရွှီဖန်း၏လက်ကို ဆုပ်ကိုင်လာရင်း လွှတ်ပေးရန်ပင် ဆန္ဒမရှိခဲ့ပေ။

"ရွှီဖန်း သားက အဒေါ်တို့ မိသားစုကို အများကြီးကူညီပေးခဲ့တယ်၊ ဘယ်လိုတောင် ကျေးဇူးပြန်ဆပ်ရမလဲမသိပါဘူးကွယ်၊ တစ်ကယ်ပါ"

ရွှီဖန်း အနည်းငယ်ခေါင်းညိတ်၍

"အဒေါ် ဒါက အဆင်ပြေပါတယ်၊ ကျွန်တော်ကူညီပေးရလောက်အောင် ရှောင်ယင်ကလည်း တော်လို့ပါ၊ ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး"

ထိုသို့ပြောရင်း သူ ကျန်းဖန်းယင်ကို မျက်စပစ်ပြလိုက်သည်။ သူမသည် အစက အသာမှိန်းနေသော်လည်း သူ့ဆိုလိုခြင်းကို နားလည်လိုက်သည်။ ထို့ကြောင့် သူမအမေကို ဆွဲခေါ်၍

"မေမေ အစ်ကိုကြီးရွှီကို မခြောက်နဲ့တော့၊ ဒီမှာ ဖေဖေနဲ့တူတူ ထမင်းစားလိုက်၊ သမီး အစ်ကိုကြီးနဲ့ စကားသွားပြောလိုက်ဦးမယ်"

ဒါကိုကြားမှ မာမားကျန်းကလည်း ရွှီဖန်းကို အားနာသည့်အပြုံး ပြုံးပြလာသည်။ တစ်ကယ်ကိုလည်း သူမ စိတ်လှုပ်ရှားလွန်သွားခဲ့ခြင်းပင်။ 

ကျန်းဖန်းယင်နှင့် ရွှီဖန်းတို့လမ်းလျှောက်ထွက်သွားတာကိုကြည့်ပြီး မာမားကျန်းနှင့် ပါပါးကျန်းမှာတစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။

"အဘိုးကြီး ဒီလူလေးက ကျွန်မတို့ရှောင်ယင်နဲ့ လိုက်ဖက်တယ်လို့ ထင်လား"

ပါပါးကျန်းသည် ကုတင်ပေါ်မှ မထနိုင်သေးသော်ငြား ရွှီဖန်းကို ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်နေလေသည်။ မိန်းမဖြစ်သူပြောတာကြားတော့ သူပြုံးကာ ခေါင်းညိတ်ပြမိသည်။

ကျန်းဖန်းယင်တို့ လူနာဆောင်မှ ထွက်လာခဲ့ကြသည်။

"အစ်ကိုကြီးရွှီ ဒီတစ်ခါ အစ်ကိုကြီးဘေးနားက မမတွေရဲ့ကိစ္စကြောင့် ဆေးရုံကို ရောက်လာတာမလား၊ ဘာဖြစ်တာလဲဟင်"

ရွှီဖန်းခေါင်းညိတ်၍

"ဘေးအိမ်က အဒေါ်ဝမ်ရဲ့သားက မတော်တဆတစ်ခုဖြစ်လို့ လိုက်ကူပေးတာ၊ ဦးလေးအခြေအနေက တည်ငြိမ်သွားပြီလား"

ကျန်းဖန်းယင်က ခေါင်းညိတ်လေ၏။

"ဖေဖေက နေကောင်းနေပါပြီ၊ တစ်လခွဲနေရင် ဆေးရုံကဆင်းလို့ရပြီဆိုပေမယ့် ဆရာဝန်ကတော့ အလုပ်

အရမ်းမလုပ်ဖို့ အထူးသဖြင့် စားဖိုဆောင်လိုနေရာမျိုးမှာ ပင်ပင်ပန်းပန်းမလုပ်ဘဲ အနားယူခိုင်းဖို့ မှာထားတယ်"

ကျန်းဖန်းယင်၏မျက်လုံးများက အနည်းငယ် မှိန်သွားသည်။ သူမအဖေ အလုပ်မလုပ်နိုင်လျှင် သူမတို့အတွက် ပိုက်ဆံရှာရတာ ပိုခက်မှာပင်။

ရွှီဖန်းသည် သူမပုခုံးအား ပေါ့ပေါ့ပါးပါးပုတ်၍

"ဟွားမန်ရှင်းဟိုတယ်ကိုကြားဖူးလား"

ကျန်းဖန်းယင်သည် ခေါင်းညိတ်ပြလိုက်သော်လည်း ရွှီဖန်း ဘာကြောင့်များ ဟွားမန်ရှင်းဟိုတယ်အကြောင်း မေးလာမှန်း မသိတာကြောင့် သူမဇဝေဇဝါဖြစ်သွားရသည်။

"အကယ်၍ ဦးလေးရဲ့အခြေအနေက တည်ငြိမ်

တယ်ဆိုရင် ငါ မင်းကို မနက်ဖြန်ကျ ဟွားမန်ရှင်းဟိုတယ်ကို ခေါ်သွားပေးလို့ရတယ်၊ အဲ့ဒီက သူဌေးနဲ့ အလုပ်ပူးပေါင်းထားတာမလို့ မင်းကို တချို့တလေ သင်ပေးဖို့ တောင်းဆိုပေးမယ်၊ ဦးလေးရဲ့ အခြေအနေ မတည်ငြိမ်သေးရင်တော့ ထပ်စောင့်ရမှာပေါ့"

ဒါကိုကြားသည့်အခါ ကျန်းဖန်းယင်၏မျက်လုံးများက စိုစွတ်သွားတော့သည်။ သူမ ရွှီဖန်းကိုကြည့်သည့်အခါ ကျေးဇူးတင်ရိပ်များက မျက်လုံးတစ်ခုလုံး ပြည့်နှက်နေလေသည်။ 

"အစ်ကိုကြီးက ညီမကို အများကြီး ကူညီပေးနေတာပဲ၊ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး"

ကျန်းဖန်းယင်၏ဖက်တွယ်မှုကို သတိမထားမိလိုက်တာကြောင့် ရွှီဖန်းမှာ လက်ကားယားကြီးဖြစ်သွားရသည်။ သူမရင်ဘတ်ပေါ်ရှိယုန်ဖြူလေးကလည်း ရွှီဖန်း၏ရင်ဘတ်ကိုပြင်းထန်စွာဖိထားသဖြင့် သူ့အား အနည်းငယ်ပင် အသက်ရှူကျပ်စေခဲ့သည်။

"ကောင်းပြီ ရှောင်ယင်...လူတအားများနေတယ်လေ"

ရွှီဖန်းသည် ကျန်းဖန်းယင်၏ပွေ့ဖက်မှုမှ ရုန်းထွက်ကာ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုမှ ရုန်းထွက်လိုက်ရသည်။ 

"ကောင်းပြီ၊ မင်းအဖေကို ပြန်ပြီဂရုစိုက်လိုက်ဦး၊ မနက်ဖြန်ပြန်ရင် မင်းကို ဝင်ခေါ်မယ်"

ကျန်းဖန်းယင် လူနာဆောင်ထဲသို့ ပြန်ဝင်သွားသောအခါ ရွှီဖန်း တစ်ဖက်ကိုလှည့်လိုက်သည်။ တိုက်ဆိုင်စွာ လူနှစ်ယောက်ကို မြင်လိုက်ရသည်။ ထိုနှစ်ယောက်ကို အသိအကျွမ်းဟု သတ်မှတ်၍မရသလို သူစိမ်းဟုလည်း သတ်မှတ်လို့၍မရပေ။ သူတို့သည် ကားပါးကင်တွင် ရွှီဖန်းကို ကျော်တက်ခဲ့သည့် ယောကျ်ားဖန်ချင်းမင်နှင့်မိန်းမပင်။

"ရန်သူတွေက လမ်းကျဥ်းလေးမှာ ပြန်ဆုံကြတာပဲ"

ရွှီဖန်း နှာမှုတ်လိုက်သော်ငြား ထိုနှစ်

ယောက်၏အနောက်ကိုကြည့်မိရာ အနည်းငယ်

လည်သွားခဲ့သည်။

"ဒါရိုက်တာဝမ် ဒီကိစ္စကို ခင်ဗျားနဲ့ပဲ ထားခဲ့လိုက်တော့မယ်"

ထိုလူက ဆရာဝန်အိုကြီး၏လက်ကို ဆုပ်ကိုင်ကာ လေးနက်စွာပြောနေသည်။ 

ဆရာဝန်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် "စိတ်အေးလက်အေးနေပြီး ကျွန်တော်နဲ့ထားခဲ့လိုက်၊ ဘာပြဿနာမှမရှိပါဘူး"ဟု အာမခံနေသည်။

"ယို...ဒါ အစ်ကိုဖန်ချင်းမင်ပါလား၊ တစ်ကယ်

တိုက်ဆိုင်တာပဲ၊ ဒီမှာတောင် တစ်ယောက်နဲ့တစ်

ယောက်လာတိုးနေတာ"

ဖန်ချင်းမင်မှာ သံသယတချို့ဝင်သွားခဲ့သည်။ အသံက ထူးဆန်းနေ၏။ သူ ထိုအသံပိုင်ရှင်ကို မသိနေပေ။ သူ လှည့်ကြည့်မိရာ တွေ့လိုက်ရသည့်မျက်နှာကြောင့် သူ့အမူအရာမှာ ပြောင်းလဲသွားတော့သည်။

"ကောင်းပြီလေ မင်းဆိုတဲ့ကောင် ငါနဲ့ ဒီမှာ လာတွေ့ရဲမှတော့ ဘယ်လူနာဆောင်ကလဲဆိုတာ ပြောလိုက်၊ ဒါရိုက်တာဝမ် သူ့မိသားစုကို ငါ့အတွက် နှင်ထုတ်ပေးပါ"

ရွှီဖန်းကတော့ ဖန်ချင်းမင်၏ ဆူဆူပူပူတောင်းဆိုမှုအား လှောင်ပြောင်နေလေသည်။

*******************

All Chapters