← Chapters

ပျော်ရွှင်စွာပါဝင်ခြင်း

Vol. 14 Ch. 208

ပျော်ရွှင်စွာပါဝင်ခြင်း

Vol. 14 Ch. 208

ဒီကိစ္စနှင့်ပတ်သက်၍ ရွှီဖန်း ခေါင်းခါယမ်းလိုက်သည်။ သူ စိတ်ထဲ မထားပေ။ 

ရှုချိုးယာ၏အမူအရာကိုကြည့်၍ ရွှီဖန်းပြုံးကာ ပြောလိုက်သည်။

"မင်းပြောသလိုပဲ လူနဲ့တိရိစ္ဆာန်ကြားမှာ ဘာမှ ပြောစရာမရှိဘူး၊ ပြီးတော့ စေ့စပ်ထားတဲ့လူမရှိလည်း ဘာဖြစ်လဲ၊ ကျွန်တော်ရှိသေးတာပဲ"

ရှုချိုးယာသည် ထိုကဲ့သို့သောစကားက ဟာသမှန်း သိထားသော်ငြား အကြောင်းအရင်းတချို့ကြောင့် သူမမျက်နှာနီရဲလာကာ ရင်ခုန်လာလေသည်။ 

ရှုချိုးယာ၏အမူအရာကိုကြည့်ရင်း ရွှီဖန်း စိတ်ရှုပ်ထွေးသွားရသည်။ ဒီနေ့ ချိုးယာက ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ရှက်နေတာလဲ။

"ချိုးယာ ဖျားနေတာလား၊ လာ လာ လာ သွေးခုန်နှုန်းတိုင်းမှရမယ်၊ ဘာလို့ မျက်နှာဒီလောက်တောင် ရဲနေတာလဲ"

ရှုချိုးယာကြားသည့်အခါ ရွှီဖန်း၏ရင်ဘတ်အား သူမ လက်သီးဖြင့် ထုလိုက်လေသည်။ 

"အဆင်ပြေတယ်..ဒါက...ရှင်ကတော့ တစ်ကယ်ဝက်ပဲ!"

ရှုချိုးယာက ပြောပြီးသည်နှင့် တစ်ဖက်လှည့်ကာ ထွက်ပြေးသွားတော့သည်။

"တစ်ကယ်တော့ ဒီကိစ္စက ကိုင်တွယ်ရလွယ်ပါတယ်၊ မင်းရဲ့မိသားစုက ဖန်ချင်းမင်ရဲ့သရုပ်မှန်ကို သိသွားရင်ပေါ့ ဥပမာ...သူ အဲ့ဒီကောင်မလေးကို ကလေးမွေးပေးဖို့ခေါ်လာတာ ကျွန်တော် ဓာတ်ပုံရိုက်မိထား

တယ်၊ အဲ့ဒီပုံကိုပြလိုက်ရင် မင်းရဲ့မိသားစုက နှစ်

ယောက်ကြားက စေ့စပ်ပွဲကို ဆက်ပြီးလုပ်တော့မှာမဟုတ်ဘူး"

ရှုချိုးယာက ရပ်သွားပြီး ရွှီဖန်းအား ထိတ်လန့်စွာကြည့်လာသည်။ 

"ဓာတ်ပုံရိုက်ထားမိတာလား...ဒါပေမယ့် အဲ့တာက အလုပ်ဖြစ်ပါ့မလား"

ရွှီဖန်းမှာ ကူကယ်ရာမဲ့စွာပင် သူ့နှာခေါင်းကိုထိ၍

"ဘယ်မိသားစုကများ သူတို့သမီးကို လူဆိုးလူမိုက်နဲ့ ချစ်ကြိုက်စေချင်မှာလဲ"

ရှုချိုးယာက ခေါင်းညိတ်၍ အပေါ်ထပ်ကို ပြန်တက်သွားသည်။ သူမဟာ လေသံတိုးတိုးလေးဖြင့် ရွှီဖန်းအား ကျေးဇူးတင်ကြောင်း ပြောခဲ့လေသည်။

ရွှီဖန်း ခေါင်းခါယမ်းကာ လေပူများကို ရှူထုတ်လိုက်သည်။ ထို့နောက် ရှုချိုးယာ၏ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကိုကြည့်မိရာ တံတွေးအသာလေးမြိုချလိုက်ရသည်။

သူတို့နှစ်ယောက် ၁၆လွှာသို့ ပြန်တက်လာကြသည်။ အချိန်ဘယ်လောက်ကြာသွားပြီမှန်း သူမသိသော်ငြား ခရိုင်မှ ပြည်နယ်သို့ ရောက်လာသည့်အချိန်ကပင် မွန်းလွဲပိုင်းရောက်နေလေပြီ။ သူ ထမင်းတောင် မစားရသေးပေ။ 

"ကျွန်တော်အောက်ဆင်းပြီး စားစရာသွားဝယ်လိုက်ဦးမယ်၊ ဒီမှာပဲ စောင့်နေကြပါ"

ဒါကိုကြားတော့ ချိုးဆုအာသည် အဖွားဝမ်ကိုကြည့်၍

"အဒေါ် ဘာစားချင်လဲ၊ ရွှီဖန်းဝယ်လာပေးရအောင် ပြောလိုက်ပါ"

အဖွားဝမ်က ခေါင်းခါ၍

"ကလေးတို့ အဒေါ်ဗိုက်မဆာပါဘူး၊ နည်းနည်းပဲစားရင်ကိုရပါပြီ"

ချိုးဆုအာမှ...

"ဘယ်လိုလုပ်ရမလဲ၊ အဒေါ်မစားရင် အဒေါ့်သားကို ဘယ်လိုဂရုစိုက်မလဲ၊ အဒေါ်ပြန်ဖျားသွားရင် ဘယ်လိုလုပ်မလဲ"

ရှုချိုးယာက လှည့်ပြောလာသည်။

"ရှင်ကြိုက်တာ ဝယ်ခဲ့လို့ရတယ်၊ ဒီလိုအချိန်မှာ အဒေါ်လည်း ဘာစားရမလဲဆိုပြီး ရွေးချင်စိတ်ရှိနေမှာ မဟုတ်ဘူး"

ရွှီဖန်းက ခေါင်းညိတ်၍ အောက်ထပ်ကို ဆင်းသွား၏။

ဆေးရုံအနီးတွင် ဈေးလေးတစ်ခုရှိသည်မှာ သေချာသည်။ ဆေးရုံတွင် လူနာများမပြတ်တာကြောင့် လူနာများနှင့် လိုက်ပါလာသည့် ဆွေမျိုးများသည် ဈေးဝယ်ထွက်တတ်ကြသည်။ ဆေးရုံ၏ကန်တင်းမှာ မစားချင်သောလူများလည်း ရှိတာကြောင့် အပြင်ထွက်ပြီး စားစရာဝယ်သူများလည်း ရှိပေသည်။ ဒါဟာ ဝယ်လိုအားမှ ဈေးကွက်ကို ဆုံးဖြတ်ပေးလိုက်တာပင်။

ပြည်နယ်ဆေးရုံသည် လူစည်ကားသော မြို့လယ်အတွင်း ရှိတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ ဆေးရုံရှိ လူနာရှင်များ မဝယ်ကြလျှင်တောင်မှ ဈေးတွင် ဝယ်

သူများ ပေါများနေ၏။ အထူးသဖြင့် ညနေဘက်

ရောက်တော့မည်ဖြစ်ရာ ညဈေးက စတင်နေလေပြီ။ အိမ်မှထွက်လာကြသည့် ကားများပင် လမ်းပေါ်မှာ များပြားနေလေပြီ။

စားစရာများရောင်းသည့်နေရာသို့ ပတ်ဝန်းကျင်မှလူများကို မေးမြန်းပြီးနောက် အကြီးဆုံးလမ်းရှိရာသို့ လျှောက်သွားလိုက်သည်။

တစ်ကယ်တော့ သရေစာများရောင်းသည့်လမ်းဟု ခေါ်တွင်ခဲ့ပေမယ့် နှစ်အနည်းငယ်အတွင်းမှာ အစားအသောက်နှင့် အဖျော်ယမကာအတွက် ရှိနေသော လမ်းအဖြစ် ပြောင်းလဲခဲ့လေသည်။ ညအချိန်လုံးလုံး မရောက်သေးသော်လည်း လူကတော့များနေသေး၏။ ရွှီဖန်းသည် လူအုပ်ကြီးအနောက်မှ လိုက်သွားကာ သူစားချင်သော အစားအစာများကို ရှာဖွေလေသည်။ 

"ဟား မိန်းကလေးရှောင်း ငါ နောက်တစ်ခွက် ထပ်ဖြည့်လိုက်မယ်"

လမ်းဘေးတွင် အသားကင်ဆိုင်တချို့ ရှိသည်။ ဟုတ်ပါ၏။ ၎င်းအသားကင်များသည် သာမန်လမ်းဘေးအကင်များနှင့်တော့ မတူပေ။ ၎င်းတို့အများစုမှာ အတွင်းခန်းမှာဖွင့်ထားပြီး အရည်အသွေးကောင်းမွန်လေသည်။ အနည်းဆုံးတော့ အဝင်အထွက်လုပ်နေသူအများစုသည် အဖြူရောင်

ကုတ်ဝတ်ထားသည့် ဆရာဝန်များ ဖြစ်နေသည်။

သာမန်အားဖြင့် ဘာအသံမှမကြားရနိုင်သော်ငြား ပတ်ဝန်းကျင်နှင့် ပဲ့တင်သံမထပ်နေသော ထိုအသံက ရွှီဖန်း၏ခေါင်းထဲ ဝင်ရောက်လာလေသည်။

"ငါမသောက်နိုင်တော့ဘူး၊ ငါတစ်ကယ်မသောက်

နိုင်တော့ဘူး၊ ငါထပ်သောက်ရင် တစ်ကယ်မူးသွားလိမ့်မယ်"

ထိုအသံက ရင်းနှီးနေပြီး ရွှီဖန်း၏အမူအရာအား လေးနက်လာစေသည်။ ထိုလူဟာ ရှောင်းချောင်မှလွဲ၍ တခြားလူမဖြစ်နိုင်ပေ။

ရွှီဖန်း၏နှုတ်ခမ်းထောင့်က အပြုံးတစ်ခုကြောင့် ကွေးတက်သွားခဲ့သည်။ ထပ်ပြီးမသောက်နိုင်တော့သော်လည်း မူးလည်းမူးနေပြီဖြစ်သည့် ရှောင်းချောင်ကို ကြည့်ရသည်မှာ ထူးဆန်းသလို သူခံစားရသည်။ မြွေစိမ်းဂိုဏ်းက မြို့တော်ထဲမှာ အန္တရာယ်အရှိဆုံးဖြစ်နေသင့်တာမဟုတ်ဘူးလား။ ဘာကြောင့် မြွေစိမ်းဂိုဏ်း၏ခေါင်းဆောင်လုပ်သူက အပြင်ထွက်၍ သောက်စားနေရသနည်း။

အစက ရွှီဖန်းသည် ဂရုမစိုက်ရန် စီစဥ်ထားသော်ငြား ကံကောင်းချင်တော့ ရှောင်းချောင်ဟာ သူ့ကိုမြင်ပြီးတာနှင့် ရေနစ်နေသူမှ အသက်ကယ်ကောက်ရိုးတစ်ရိုးကို ချက်ချင်းဆွဲယူသလိုမျိုး ပြုမူလာသည်။

တစ်ကယ်တော့ သူတို့နှစ်ယောက်က အရမ်းကြီးမရင်းနှီးသည့်အပြင် အတိတ်မှာ သူမကလည်း သူ့ကို မကြာခဏဒုက္ခပေးခဲ့တာကြောင့် သူ လုံးဝလျစ်လျူရှုလိုက်လို့ရပေသည်။ သို့သော်ငြား ဘာကြောင့်မှန်းမသိပေ၊ သူမကို အခုလိုအခြေအနေမျိုး၌ မြင်လိုက်ရသည့်အခါ သူ့နှလုံးတစ်ချက်ခုန်သွားပြီး ရှေ့ကို လျှောက်သွားမိသည်။

တခြားအကြောင်းကြောင့်မဟုတ်ပေ။ မူးနေသည့်အမျိုးသမီးတစ်ယောက်သည် ခါတိုင်းလို ကြီးစိုးသည့် အပြုအမူများ ပျောက်ဆုံးနေတာကြောင့်ပင်။ ဘာပဲပြောပြော သူမဟာ အမျိုးသမီးတစ်​ယောက်ဖြစ်နေတုန်းပဲဖြစ်တာကြောင့် သူ သနားစာနာမိတုန်းပင်။ ဒါကြောင့် ကူညီရန် လျှောက်လာခြင်းပင်။

"ရှောင်းချောင် သူငယ်ချင်းတွေနဲ့ ဘာလို့ ဒီနေရာမှာ သောက်နေတာလဲ"

ရှောင်းချောင်နှင့် အတူထိုင်နေသည့် ယောကျ်ားသုံးယောက်က သူမကို နောက်တစ်ခွက်သောက်ရန် တိုက်တွန်းနေကြသည်။ ရှောင်းချောင်၏ အားနည်းနေသည့်လက်က ဘေးမှ ဖန်ခွက်ကိုကိုင်ထားရင်း သူတို့ကမ်းပေးနေသည့်ခွက်ကို ငြင်းဆန်နေသည်အဖြစ်အား သူတို့က လျစ်လျူရှုထားလေသည်။

ထိုအဖြစ်အပျက်အားကြည့်၍ ရွှီဖန်း ဒေါသထွက်လာသည်။ ထိုလူလက်ထံမှ ခွက်ကို သူပုတ်ထုတ်၍

"မသောက်နိုင်တော့ဘူးလို့ ပြောနေတာ မကြားဖူးလား၊ ဘာလို့ အတင်း သွားသောက်ခိုင်းနေတာလဲ"

ရုတ်တရက်ရောက်လာသည့် ရှောင်းချောင်၏အပေါင်းအဖော်အပေါ် ထိုလူသုံးယောက်က မဖော်ရွေပေ။ သူတို့အားလုံး ထရပ်ပြီး ဖုန်တွေပေလူးနေသည့် ဤထူးဆန်းသောလူကို စိုက်ကြည့်လာကြသည်။ ကြည့်လိုက်ရုံနှင့် စားပွဲမှာ ထိုင်၍ အလုပ်လုပ်ရသူ မဟုတ်မှန်း သိသာပေသည်။

ဒါကြောင့် သုံးယောက်စလုံး မထိန်းထားတော့ပေ။ တစ်ဖက်လူက ဘာဂုဏ်မှမရှိသည့် သာမန်လူဖြစ်နေကတည်းက သူတို့မှာ ဘာမှစိုးရိမ်စရာမရှိတော့ပေ။ 'ခွမ်း!' ဟူသော အသံနှင့်အတူ ဘီယာပုလင်းက ကွဲကြေသွား၏။

"ကလေး မင်းက ဘယ်က ရောက်လာတာလား၊ မင်းနဲ့ ဘာဆိုင်တဲ့ကိစ္စမလို့ ဝင်ပါနေတာလဲ"

ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူသုံးယောက်၏ အပြုအမူကိုကြည့်ရင်း သူလှောင်ရယ်မိသည်။ 

"အိုး...ဒီမှာ အသက်ဝင်နေတာမြင်တော့ အတူတူပျော်ပါးချင်လို့ လာပူးပေါင်းတာလေ"

ဒါကိုကြားတော့ ထိုသုံးယောက်သည် ရွှီဖန်းအား ခေါင်းဆုံးခြေဆုံးကြည့်၍ တောသားမှန်း သေချာသွားခဲ့သည်။

"တောသား မင်းက ငါတို့ကိစ္စမှာ ဝင်စွပ်ဖက်ချင်နေတယ်ဟုတ်လား၊ အသက်ရှင်ရတာ ပင်ပန်းနေပြီလား"

ယောကျ်ားတစ်ယောက်က ပြောပြီးသည်နှင့် သူ့လက်ထဲမှ ဘီယာပုလင်းကွဲတစ်ဝက်အား ရွှီဖန်းမျက်နှာကို ပစ်ပေါက်လာလေသည်။

*******************

All Chapters