အလဲထိုးခြင်း
Vol. 14 Ch. 209
ရွှီဖန်းသည် ခေါင်းကိုငုံ့ကာ ဘီယာပုလင်းကို ရှောင်၍ တစ်ဖက်လူ၏မျက်နှာကို တိုက်ရိုက် ပြန်ထိုးချလိုက်သည်။ သူတို့ညီအစ်ကို ရှုံးသွားမှန်း မြင်သည့်အခါ ကျန်သည့်နှစ်ယောက်လည်း ရွှီဖန်းအား ဒေါသတကြီးကြည့်၍ စတင်တိုက်ခိုက်လာကြသည်။
"အား!"
အော်ဟစ်သံနှင့်အတူ ရွှီဖန်းသည် ထိုနှစ်ယောက်အား စားပွဲပေါ်ဖိချရင်း လက်သီးဖြင့် ထိုးချလိုက်သည်။
"မင်း တစ်ကယ်ပဲ ဘယ်သူလဲ၊ ငါတို့ကို တိုက်ခိုက်ရဲတယ်လား၊ ငါတို့ ဘယ်သူလဲဆိုတာ မင်းသိရဲ့လား!"
ရွှီဖန်းကြားသည့်အခါ ရယ်စရာကောင်းသည်ဟု ခံစားလိုက်သည်။
"မင်းတို့ ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး၊ ငါဘယ်သူလဲဆိုတာ သိဖို့ပဲ ဆန္ဒရှိတယ်"
ထိုလူများက ရွှီဖန်း အခုလိုပြောလာမည်ဟု မထင်ထားပေ။ ခဏတာလောက် ထိတ်လန့်သွားခဲ့ပြီးမှ
"ဒါဆို မင်းက ဘယ်သူလဲ"
ရွှီဖန်း သူ့မျက်လုံးတွေကို လှိမ့်ကာ ရှောင်းချောင်ကို ထနိုင်ရန် ကူညီပေးလိုက်သည်။ သူ ရှောင်းချောင်အား ကူကယ်ရာမဲ့စွာ ကြည့်၍...
"ငါက ဘာလို့ မင်းတို့ကို ပြောပြရမှာလဲ"
ထို့နောက် နူးညံ့ကာအားနည်းနေသော ရှောင်းချောင်အား အခန်းပြင်သို့ ခေါ်ထုတ်လာခဲ့သည်။
"မင်း ဘာလို့ အဲ့ဒီလိုလူစားမျိုးတွေနဲ့ အတူတူရှိနေတာလဲ၊ မင်းရဲ့မိသားစုက အရမ်းအံ့သြဖွယ်ရာကောင်းတယ်မဟုတ်ဘူးလား၊ ဘာလို့ သူများအနိုင်ကျင့်တာကို ခံနေတာလဲ"
ရွှီဖန်းစကားကိုကြားသော် ရှောင်းချောင်က ပြုံးလိုက်လေသည်။ သူမ၏အပြုံးက ခါးသက်နေသည်။
"ငါ့မိသားစုက အင်အားကြီးတယ်လား၊ သူတို့ ဘယ်လောက်ပဲ အင်အားကြီးပါစေဦး သူတို့စော်ကားဖို့ မတတ်နိုင်တဲ့အရာတွေတော့ ရှိနေတုန်းပဲ၊ သူတို့က စော်ကားလို့မရတဲ့သူကို စော်ကားခဲ့ကြတယ်၊ ငါက သူတို့ရဲ့ တရားမဝင်သမီးပဲ၊ အကျိုးအမြတ်အတွက် အလဲအလှယ်အနေနဲ့ အသုံးခံရမှာ ပုံမှန်ပါပဲ"
ရှောင်းချောင်၏ ယစ်မူးနေသော စကားများကို နားထောင်ရင်း ရွှီဖန်းမျက်မှောင်ကြုတ်လိုက်သည်။ ဒီလိုနေရာသို့ ရောက်လာဖို့ မလွယ်ကူသော်ငြား ရွှီဖန်းသည် အခုလို ဒုက္ခရောက်ရမည့်ပြဿနာထဲ ဝင်ပါမိနေလေပြီ။ သူ့အတွက် မြွေစိမ်းဂိုဏ်းကိုတောင် တိုက်ခိုက်ဖို့ မလွယ်ကူတာ မြွေစိမ်းဂိုဏ်းမှ ကြောက်ရသည့် အဖွဲ့အစည်းအား ဘယ်လိုလုပ်ခုခံနိုင်မည်နည်း။
ထိုကဲ့သို့ တွေးလိုက်သော်လည်း ရွှီဖန်း မကြောက်ပေ။ လုံးဝမနိုင်တော့ဘူးဆိုမှ အစ်ကိုဟုန်ဖေးကို အကူအညီတောင်းလည်း မနောက်ကျသေးပေ။
"ကောင်းပြီ၊ ငါ စားစရာတချို့ အရင်ဝယ်လိုက်ဦးမယ်၊ မင်းဘာသာမင်း အိမ်ပြန်နိုင်လား"
ဘယ်လောက်တောင်မှ အရည်တွေ ပါးစပ်ထဲလောင်းထည့်ခံထားရလည်းမသိပေ။ ရှောင်းချောင်သည် အသိစိတ်လွတ်စပြုနေပြီဖြစ်ရာ သူမပါးစပ်ကလည်း အိပ်ချင်မူးတူးဖြင့် ရေဆာတယ်၊ ပူတယ်ဟု ထိုင်အော်နေသေး၏။ သူမသည် လမ်းပေါ်၌ အဝတ်အစားများ ချွတ်ပစ်တော့မလို လုပ်နေတာကြောင့် သူ အမြန်တားလိုက်ရသည်။
"မဟုတ်သေးပါဘူး...လောလောဆယ် ဟိုအဖွဲ့ကို ခုခံနိုင်၊ မခံနိုင်က ကိစ္စမရှိသေးဘူး၊ ရှောင်းပုချီက မင်း ဒီလောက်တောင်သောက်ထားလည်း အေးဆေးနေနိုင်သေးတယ်လား"
သို့သော်ငြား ရှောင်းချောင်၏လက်ရှိအခြေအနေဖြင့် ရွှီဖန်းပြောသည်ကို မကြားနိုင်တော့ပေ။ အကယ်၍ သူမကြားနိုင်လျှင်တောင်မှ ပြန်ဖြေနိုင်မည် မဟုတ်
ချေ။
ရွှီဖန်းမှာ အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားရ
သည်။ ဟင်းလျာနှင့် မုန့်များထုပ်ပိုးနေသည့် စားသောက်ဆိုင်သေးသေးလေးကို တွေ့ပြီးနောက် ရှောင်းချောင်ကို လက်တစ်ဖက်ဖြင့်ကူထောက်ထားကာ စားစရာတွေဝယ်ရင်း ဆေးရုံသို့ ပြန်လှည့်လာခဲ့သည်။
"ဘယ်ကိုခေါ်သွားတာလဲ၊ နင် ငါ့ကို အခန်းထဲ ခေါ်မလို့မလား၊ လူယုတ်မာ...ငါ့ကိုလွှတ် မထိနဲ့!"
ဒါကိုကြားတော့ ရွှီဖန်း မကြားချင်ယောင်ဆောင်လိုက်သည်။ သို့သော်ငြား သူမက မူးနေတာကြောင့် ထိုစကားများအား နှေးနှေးကွေးကွေးဖြင့် ကျယ်
လောင်စွာ ပြောခဲ့လေသည်။ လမ်းဘေးရှိ လူအနည်းငယ်က ထိုအသံကြောင့် ရွှီဖန်းအား စစ်ဆေးနေသလို အကြည့်များဖြင့် ကြည့်လာကြသည်။
"ဘာတွေလာရူးနေပြန်ပြီလဲ၊ ငါ မင်းကို မကယ်ခဲ့ဘူးဆိုရင် မင်းအခုအချိန် ဘယ်ရောက်နေမှန်းတောင် သိနိုင်မှာ မဟုတ်ဘူး"
ရွှီဖန်းမှာ ကူကယ်ရာမဲ့နေသော်လည်း ထိုလူများ၏အကြည့်အား ဘာမှမတုံ့ပြန်နိုင်ခဲ့ပေ။ ယောကျ်ားတစ်ယောက်က ညဘက်ကြီး အရက်မူးနေတဲ့မိန်းမကို တွဲခေါ်ထားပြီး ထိုမိန်းမကလည်း အော်နေတာကြောင့် အများသူငှာမှာလည်း သံသယဖြစ်ကြမှာပင်။
ခဏလောက် လမ်းလျှောက်ပြီးနောက် ရှောင်းချောင်သည် ရွှီဖန်း၏လက်ထဲမှ တွန်းထွက်ကာ လမ်းပေါ် လဲကျသွားခဲ့သည်။
"ငါ့ရှေ့က ဖယ်၊ မထိနဲ့! လာမထိနဲ့ လူယုတ်မာကောင်!"
ရွှီဖန်းမှာ ကူကယ်ရာမဲ့နေသည်။ သူမကို ကူညီချင်သော်လည်း လက်မောင်းကိုထိလိုက်သည်နှင့် ပါးရိုက်တာခံလိုက်ရသည်။
"လူဆိုး! တစ်ယောက်ယောက်လာကြပါ! ကယ်ကြပါဦး!"
ရွှီဖန်းကို ရိုက်ပြီးနောက် ရှောင်းချောင်သည် ရူးသွပ်သွားပုံရကာ အကူအညီတောင်းတော့သည်။ ရွှီဖန်းမှာ မသက်မသာလည်းခံစားရကာ ဆွံလည်းဆွံ့အသွားရသည်။
"မင်းကတော့ တစ်ကယ်ပဲ...ဒီလိုမှန်းသိရင် စောစောကတည်းက ငါမင်းကို မကယ်ဘဲ နေခဲ့ရမှာ"
လူကပိုများပြီး သူတို့ကို အာရုံစိုက်လာကြတာကြောင့် ရွှီဖန်းမှာ နေရခက်စွာ နှာခေါင်းပွတ်လိုက်မိသည်။ ဓါတ်ပုံရိုက်နေတဲ့လူနှင့် ရဲကိုဖုန်းခေါ်ဖို့ ကြိုးစားနေသည့်လူများကိုပါ တွေ့လိုက်ရသည်။ ဒါကြောင့် ရွှီဖန်းမှာ စကားပင် မပြောနိုင်တော့ချေ။
"ရှောင်းချောင် မင်းဒီလိုလုပ်နေရင် ငါ ရွှီဖန်းကို သွားရိုက်လိုက်မှာနော်"
ရှောင်းချောင်က ထိုစကားကိုကြားသော် တိတ်ဆိတ်သွားလေသည်။
"ရွှီဖန်းကိုလား နင့်မှာ ရွှီဖန်းကိုရိုက်ဖို့ ဘာအခွင့်အရေးရှိလို့လဲ၊ သူ့ကို ထိခွင့်မပေးနိုင်ဘူး"
ရွှီဖန်းက...
"ကောင်းပြီ ကောင်းပြီ၊ ငါ သူ့ကို မထိတော့ဘူး၊ ငါ့နောက်ကို လိုက်ခဲ့ ဟုတ်ပြီလား၊ သူ့ကို ရှာဖို့ ခေါ်သွားမယ်"
ရှောင်းချောင်က ခဏလောက် စဥ်းစားနေပြီး မှုန်ဝါးဝါးမျက်လုံးများဖြင့် ရွှီဖန်းကို ကြည့်ကာ ပြောလာသည်။
"နင် ငါ့ကို လိမ်နေတာ၊ နင့်အခန်းထဲ ခေါ်သွားဖို့ ငါ့ကို လှည့်စားနေတာ၊ လူယုတ်မာကောင်!"
ဖြောင်း!
ရွှီဖန်း၏ပါးမှာ နောက်တစ်ကြိမ် အရိုက်ခံလိုက်ရတာကြောင့် သူ့မှာ အလွန်ခိုကိုးရာမဲ့စွာ ခံစားလိုက်ရပေသည်။
"ရှောင်းချောင် မင်းဒီလိုပဲဆက်လုပ်နေရင် ငါမင်းကို ဂရုမစိုက်တော့ဘူး"
ရွှီဖန်း တစ်ကယ် ဒေါသထွက်လာသည်။ ဒါပေါ့ အခုလိုလုပ်တာကလည်း ရှောင်းချောင် မြင်စေရန်သာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အရက်မူးနေသည့် အမျိုးသမီးတစ်ယောက်ကို ဒီအတိုင်းထားခဲ့လို့ မဖြစ်ချေ။
"မလုပ်နဲ့ ရွှီဖန်း မသွားပါနဲ့၊ ငါ ကြောက်တယ်...ငါအေးလို့ပါ"
ရှောင်းချောင်သည် ရွှီဖန်း၏ ဘောင်းဘီကိုဆွဲထားကာ ထရန်ကြိုးစားလေသည်။ ရွှီဖန်း သူမကို ကူညီလိုက်ကာ
"မင်း ဖုန်း ဘယ်မှာလဲ၊ မင်း အစ်ကိုကို ခေါ်လိုက်မယ်"
ဒါကိုကြားတော့ ရှောင်းချောင်၏ အမူအရာက သိပ်မကောင်းပေ။
"မခေါ်ဘူး၊ အစ်ကို့ကို မခေါ်ချင်ဘူး၊ ကျေးဇူးပြုပြီး မခေါ်ပါနဲ့ အဆင်ပြေတယ်မလားဟင်"
"ဒါဆို ဒီညဘယ်လိုလုပ်ရမှာလဲ၊ အိမ်ပြန်ပို့ပေးရမလား"
ရှောင်းချောင်မှာ ခက်ခက်ခဲခဲနိုးကြားလာခဲ့သော်လည်း ယခုမူ ပြန်ပြီး ထွေသွားပြန်သည်။ သူ ရွှီဖန်း ဘာမေးမေး ပြန်မဖြေတော့ပေ။
ပတ်ဝန်းကျင်မှ လူများလည်း ဒါကိုမြင်သည့်အခါ အသောက်များပြီး ဖြစ်နေမှန်း သိပြီး ထွက်သွားကြလေသည်။ ရွှီဖန်းမှာတော့ အမူးသမားအား အဝေးကို သယ်သွားရသည်။
"ဘာမှအလုပ်မဖြစ်ရင်လည်း ဒီည ငါ့ကားမှာပဲ အိပ်ပြီး မနက်ဖြန်မှ ပြန်လိုက်၊ မင်းကို ပြုစုပေးဖို့တော့ ငါပျင်းတယ်"
သူပြောပြီးသည်နှင့် သူမခြေလှမ်းများက ပို၍ လေးလံလာပြီး သူ့လက်မောင်းကိုမှီကာ မျက်လုံးများ မှိတ်သွားလေသည်။
"ဟေး အိပ်ပျော်သွားပြီလား"
ရှောင်းချောင် လုံးဝတိတ်သွားတာကို ကြည့်ပြီး ရွှီဖန်းမှာတော့ ဆွံ့နေသည်။ ကံကောင်းစွာဖြင့် ရှောင်းချောင်၏ ကိုယ်က သိပ်မလေးပေ။ ရွှီဖန်းသည် သူမအား ချီ၍ ကားအနောက်ခန်းထဲကို ထည့်လိုက်သည်။
"မင်း ဒီည ဒီမှာ အိပ်နိုင်တယ်"
ရွှီဖန်း ပြောပြီးသည်နှင့် ရှောင်းချောင်အား ကားထဲမှာ ထားခဲ့ကာ ထွက်သွားရန်ပြင်သော်ငြား သူမက သူ့ကို ဖက်တွယ်လာသည်။
"ပူတယ်"
ရှောင်းချောင်က မျက်ဝန်းများက ရီဝေနေသည်။ သူမ၏ အမူအရာကို မြင်သော် ရွှီဖန်းမှာ အံ့သြကာ ဆွံ့အနေမိသည်။
"ဟေး ဘာလုပ်နေတာလဲ၊ မင်း မဟုတ်မှလွဲရော"
ရှောင်းချောင်၏ ခန္ဓာကိုယ်မှ အပူဓာတ်ကို ခံစားမိတာကြောင့် ရွှီဖန်းမှာ ပြောစရာစကား ပျောက်ရှနေသည်။ ကြည့်လိုက်ရုံဖြင့် ထိုလူတွေ၏ ကိစ္စထဲ သူအခုလေးတင် ဆွဲသွင်းခံလိုက်ရမှန်း သိသာပေသည်။
ဘာဖြစ်တာလဲ...အဟွတ် အဟွတ်
ရှောင်းချောင်သည် ရီဝေသော အကြည့်ဖြင့် သူ့အနားသို့ ဖြည်းညှင်းစွာ ချဥ်းကပ်လာနေသည်ကို ရွှီဖန်း မြင်သည့်အခါ မသိစိတ်မှ အလိုလို တံတွေးမြိုချကာ စကားမပြောနိုင်ခဲ့ပေ။
********************