← Chapters

🍭 You Are My Pride! (2)

Vol. 4 Ch. 51

🍭 You Are My Pride! (2)

Vol. 4 Ch. 51

တစ်ချိန်တည်းမှာပဲ သိပ္ပံနှင့်နည်းပညာဆိုင်ရာ စီစစ်ထားသော အကောင့်တစ်ခု၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် သန်းနှင့်ချီသော ဒစ်ဂျစ်တယ်နည်းပညာဝါသနာရှင်များသည် ချီချန်းရန် ဖိုင်အိတ်ထဲမှ မျိုးဆက်သစ်"Go" ကို ထုတ်ယူနေသည်ကိုမြင်ပြီး တစ်ပြိုင်နက် အံ့အားသင့်သွားကြသည်။ တချို့ကမူတစ်စုံတစ်ခု ထူးဆန်းနေသည်ကို သတိထားမိသွားကြသည်။

[တစ်ယောက်ယောက် 'လောင်ကုန်း' လို့ ခေါ်နေတာ ကြားလိုက်သလိုပဲ]

[ငါရောပဲ နားကြားမှားနေတာလား?]

[မဟုတ်ဘူး!ငါလည်း ကြားတယ်၊ သေချာပေါက်တစ်ယောက်ယောက်က 'လောင်ကုန်း'လို့ ခေါ်နေတာ]

[အသံလေးက ချစ်စရာ ကောင်းသားပဲ]

[အသံပိုင်ရှင်လေးလည်း ချစ်ဖို့ကောင်းနေမှာပဲ... ah ငါ သေတော့မယ်။]

[ဘယ်သူလဲ၊ ဘယ်သူလဲ၊ ဘယ်သူက ဘယ်သူ့ကို လောင်ကုန်းလို့ ခေါ်နေတာလဲ? ချီချန်းရန်ကိုလား?]

[မဟုတ်လောက်ပါဘူး၊ ချီချန်းရန်ရဲ့ဇနီးက လုလီပါ၊ ပြီးတော့ သူက ဘယ်တုန်းက ရှန့်ကျင်ရဲ့သတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖူးလို့လဲ?]

[လုလီမဟုတ်တာတော့ သေချာတယ်]

[ဒါပေမယ့် လုလီက လှတာတော့ တော်တော့်ကိုလှတာ၊ တကယ့်ကို နတ်ဘုရားမတစ်ယောက်ပဲ။]

[အမှန်ပဲ၊အရှေ့က အကဗီဒိယိုမှာကတည်းက သူမ ငါနှလုံးသားကိုသိမ်းပိုက်သွားတာ]

[ဟုတ်တယ်၊ဖန်သားပြင်ကိုဖြတ်ပြီး ငါ့ရင်ခုန်သံတွေ ထိန်းချုပ်မရခဲ့ဘူး၊ ငါ့အပိုင်လေးလိုပဲ]

[ဒါနဲ့ ဒီချစ်စရာအသံလေးနဲ့ မိန်းကလေးရဲ့လောင်ကုန်းက ဘယ်သူများလဲ? Blogger ရေ၊ ကင်မရာကိုဘေးတိုက်လှည့်ပြီး သူ ဘယ်သူလဲဆိုတာ ကြည့်လို့ရအောင်လုပ်ပေးပါဦး]

...

သို့သော် ဤမှတ်ချက်များသည် လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့ပြီး ဆွေးနွေးသည့်အကြောင်းအရာသည် သတင်းစာရှင်းလင်းပွဲဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

လုလီသည် ခင်ပွန်းဖြစ်သူကို အားပေးပြီးနောက် ပရိသတ်ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

သူမ အကြောင်းအရာများကို မိနစ်အနည်းငယ် နားထောင်ပြီးနောက်မှာပဲ ရှေ့နှစ်များက မတက်ရောက်ဖြစ်သည်ကို နောင်တရသွားသည်။

အဆိုပါပွဲမျိုးသည် လေးနက်ပြီး ငြီးငွေ့ဖွယ်ကောင်းလိမ့်မည်ဟု သူမအမြဲတွေးမိသောကြောင့် တက်ရောက်ဖို့ စိတ်မ၀င်စားခဲ့ပေ။ ယနေ့ ဤနေရာကို မလာခင်အထိ အကြောင်းအရာများကို စိတ်မဝင်စားရင်တောင် ခင်ပွန်းဖြစ်သူ၏ ချောမောခန့်ငြားသောရုပ်ရည်ကိုပဲ အာရုံစိုက်ရန် ကိုယ့်ကိုယ်ကိုယ် ပြောနေခဲ့သေးသည်။ ယခုမူ ၎င်းကို နားထောင်ပြီးနောက်တွင် သူမစိတ်ကူးထားသည်များနှင့် လုံးဝခြားနားကြောင်း သိလိုက်ရသည်။

သူမသည် ပြောနေသည့် အချက်တိုင်းကို နားလည်နိုင်ပြီး မြန်မြန်ဆန်ဆန်နှင့် လုံး၀ဆွဲဆောင်နိုင်ခဲ့သည်။

ချီချန်းရန်သည် ရှင်းပြရာတွင် အလွန်အဆင့်မြင့်ပြီး ရှုပ်ထွေးသောစကားလုံးများကို အသုံးမပြုဘဲ လူတိုင်းနားလည်နိုင်အောင် ရိုးရှင်းစွာရှင်းပြခဲ့သည်။ ချီချန်းရန်၏ သဘာဝဟန်ပန်နှင့် စွမ်းရည်တို့ကြောင့် အသစ်အဆန်းတစ်ခုကိုပြသသည့်အခါတိုင်း ဧည့်သည်များမှ အာမေဋိတ်သံများ ထွက်ပေါ်လာတတ်သည်။

ဤသတင်းစာရှင်းလင်းပွဲသည် ယခင်နှစ်တွေထက် အချိန်ပိုနည်းအောင်ပြုလုပ်ထားသည်။ အချိန်တစ်နာရီသာ ကြာမြင့်သော်လည်း တစ်နာရီအတွင်း ထုတ်ပြန်လိုက်သည့် အချက်အလက်များ၏ အသစ်အဆန်းများမှာ ယခင်နှစ်များ၏ စုစုပေါင်းထက် နှစ်ဆပိုများနေသည်။

နောက်ဆုံး ချီချန်းရန် ပြောဆိုမှုအပြီးတွင် ယုံကြည်မှုအပြည့်နှင့်ပြုံးကာ "ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည့်အချိန်တွင်ပရိသတ်ထံမှကြွေး ကြော်သံများ၊လက်ခုပ်သံများနှင့် အားပေးသံများ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်လုံး ခင်ပွန်းဖြစ်သူ၏ ဆွဲဆောင်မှုအောက်တွင် နှစ်မြုပ်နေခဲ့သော လုလီသည် နောက်ဆုံးမှ သတိပြန်ကပ်လာခဲ့သည်။

ရှန့်ကျင်၏အံ့ဖွယ်ကောင်းသော ဆန်းသစ်တီထွင်မှုများနှင့် အောင်မြင်မှုများအကြောင်းကို ရှင်းပြနေသော ခင်ပွန်းဖြစ်သူ၏စကားလုံးများသည် သူမနားထဲတွင် ပြန်လည်မြည်ဟီးနေပြီး ပဲ့တင် သံထပ်နေဆဲဖြစ်သည်။

အရမ်းကောင်းတယ်! လောင်ကုန်း အရမ်းတော်တယ်! ရှန့်ကျင်ရဲ့အရှိန်အဝါက အရမ်းခမ်းနားတယ်!

လက်ခုပ်သံများ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး အနီးနားရှိ လူအများအပြားက မတ်တပ်ရပ်ကာ လက်ခုပ်တီးပြီး ဂုဏ်ပြုနေကြသည်။

လုလီသည် သူမ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပေ။ စင်ပေါ်ရှိ spot light မီးရောင်အောက်တွင်ထွန်းလင်းတောက်ပနေသည့်သူ၊ မီဒီယာများမှ ပြီး ပြည့်စုံသည်ဟု ပုံဖော်ထားသည့် ထိုအမျိုးသားလေးသည် လုလီ၏ အပိုင်လည်းဖြစ်သည်။

"လောင်ကုန်း!" လုလီ မတ်တပ်ရပ်လိုက်သည်။

ခင်ပွန်းဖြစ်သူ၏မျက်လုံးများသည်လည်း သူမဘက်သို့ ကျရောက်နေသည်ကို တွေ့လိုက်ရသည်။

ထိုအခိုက် နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြသည်။

လုလီသည် မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ "သက်တံလေညှိမုန် တိုင်း" ပုံစံကသာ သူမ၏အတွင်းစိတ်ထဲက ဂုဏ်ယူမှုနှင့် စိတ်လှုပ်ရှားမှုကို ဖော် ပြနိုင်ခဲ့သည်။

"လောင်ကုန်း၊ ကျွန်မ ရှင့်ကိုချစ်တယ်၊အရမ်းချစ်တယ် လောင်ကုန်း!" လုလီ လက်ခုပ်သံများကြားမှ အော်ဟစ်ကာ နှလုံးသားပုံသဏ္ဍာန် ထပ်မံလုပ်ပြခဲ့သည်။

ဤမျှ ကျယ်လောင်သောအော်သံကို အနီးနားရှိလူများမှ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

အထူးသဖြင့် သူမ၏ဘေးတွင် ဖုန်းဖြင့်တိုက်ရိုက်ထုတ်လွှင့်နေသည့် နာမည်ကြီး ဘလော့ဂါတစ်ဦး ရှိနေသည်။

သတင်းစာရှင်းလင်းပွဲ အဆုံးသတ်ချိန်တွင် အခန်းထဲရှိ ပရိတ်သတ်အရေအတွက်မှာ တဖြည်းဖြည်းလျော့နည်းလာခဲ့သော်လည်း "လောင်ကုန်း၊ ချစ်တယ်၊ ချစ်တယ် လောင်ကုန်း" ဟူသော အသံထွက်ပေါ်လာသောအခါ ထွက်သွားရန်ပြင်နေသူများ ရုတ်တရက်နားစွင့်ခဲ့ကြသည်။

[ဒါ ဘာသံလဲ?]

[ခုနက 'လောင်ကုန်း' လို့အော်တဲ့ ချစ်စရာအသံလေးနဲ့ မိန်းကလေးပြန်ရောက်လာပြန်ပြီ!]

[ပွဲစကတည်းက ဘလော့ဂါဘေးကနေ 'လောင်ကုန်း' လို့ အော်နေတဲ့ တစ်ယောက် မဟုတ်လား?!]

[အသံလေးက ချိုနေတာပဲ]

[သူ ဘယ်သူ့ကိုခေါ်နေတာလဲ?]

[သိချင်လိုက်တာ]

['လောင်ကုန်း' လို့ အော်ခေါ်နေတဲ့ အသံက ချိုမြိန်လွန်းတယ် မဟုတ်လား? ဒါကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ?]

[မခံနိုင်ဘူး မခံနိုင်တော့ဘူး]

[အဲ့ ချစ်စရာအသံနဲ့မိန်းကလေးက ဘလော့ဂါဘေးမှာရှိနေတယ်ဟုတ်လား?]

[ဘလော့ဂါရေ၊ ကျေးဇူးပြုပြီး ကင်မရာကို ဘေးဘက်လှည့်ပေးပါ ၊အသံပိုင်ရှင်လေးကို မြင်ချင်လို့ပါ!]

[ဆယ်ပြားကြေးလောင်းမယ်၊ တကယ့်အလှလေးပဲ ဖြစ်ရမယ်]

[ငါလည်း လောင်းမယ်၊ချစ်ဖို့ကောင်းတဲ့အသံပိုင်ရှင်လေးက အလှလေးဖြစ်တာ သေချာတယ်]

[ဘလော့ဂါရေ၊ ချစ်စရာကောင်းတဲ့ အသံလေးနဲ့ သူ့လောင်ကုန်းကိုအော်ခေါ်နေတဲ့ မိန်းကလေးကို ကြည့်ခွင့်ပေးပါ]

All Chapters