← Chapters

🍭 You Are My Pride! (3)

Vol. 4 Ch. 52

🍭 You Are My Pride! (3)

Vol. 4 Ch. 52

ဘလော့ဂါသည် လက်ခုပ်တီးရင်း အလုပ်များနေသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်များ၏ တောင်းဆိုမှုကို သတိမထားမိပုံရသည်။ ပရိသတ်များ စိတ်ပျက်လက်ပျက်ဖြစ်နေချိန်တွင် ရုတ်တရက် သူနေရာကို အနေအထားပြောင်းလိုက်သည်။

အဆိုပါ ဘလော့ဂါသည် တိုက်ရိုက်ထုတ်လွှင့်နေဆဲဖြစ်သည်ကို မေ့လျော့သွားပုံရပြီး လက်ခုပ်တီးရင်း ပင်ပန်းလာသဖြင့် သူ့အနေထားကို ပြောင်းလိုက်ရာ ကင်မရာရှုထောင့်လည်း ပြောင်းလဲသွားခဲ့သည်။

ကင်မရာသည် အနေအထားပြောင်းပြီး နောက်ပြန်လည်တည်ငြိမ်သွားခဲ့သည်။

ကင်မရာငြိမ်သွားသောအခါ ဖန်သားပြင်ပေါ်တွင် ချစ်စရာကောင်းသော ခရမ်းရောင်အသွင်အပြင်တစ်ခုပေါ်လာပြီး လူတိုင်း၏မြင်ကွင်းထဲသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွားသည်။

ဖန်သားပြင်ပေါ်တွင် အမျိုးသမီးတစ်ဦးသည် သူမ၏လက်ဖြင့် နှလုံးသားပုံသဏ္ဍာန် လုပ်ပြနေခြင်းဖြစ်သည်။

ဝတ်ဆင်ထားသော ခရမ်းရောင်အရောင်စပ် စကတ်သည် သူမ၏အသားအရေကို ပို၍လင်းထွက်သွားအောင် ပံ့ပိုးပေးထားပြီး သူမ၏လှိုင်းထနေသောဆံပင်များကို ရင်ဘတ်ပေါ်တွင် ဖြည်ချထားကာ မျက်နှာမှာ အလွန်သိမ်မွေ့ပြီး တောက်ပနေသည်။

စွဲဆောင်မှုအရှိဆုံးအရာမှာ သူမ၏ မျက်လုံးများပင်ဖြစ်သည်။

မျက်လုံးများသည် ကြယ်ပွင့်များသဏ္ဍန် တောက်ပကြည်လင်နေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် မည့်သည့် Filter မှ မပါသော်ငြားလည်း သူမ၏ ကြည်လင်ရှင်းသန့်သောအသွင်အပြင်အား တစ်စိုးတစ်စိမှ ထိခိုက်နိုင်ခြင်းမရှိခဲ့ပေ။

သူမ စင်မြင့်ပေါ်သို့ ဦးတည်ကာ လက်ကိုဝှေ့ယမ်းရင်း အော်ဟစ်နေသည်ကို လူတိုင်းကြားလိုက်ရသည်။

"လောင်ကုန်း၊ကျွန်မရဲ့ဂုဏ်ယူစရာလေး....အမျိုးသားလေး...!ကျွန်မ ရှင့်ကို ထာဝရချစ်သွားမယ်!"

"ကြယ်ထောင်ပေါင်းများစွာထက်တောင် ရှင်မျက်လုံးတွေက ပိုလှတယ်! တစ်ချက်ကြည့်တာနဲ့ ကြွေဆင်းသွားတယ်"

…

လုလီသည် သူမ၏ခံစားချက်များကို ဖော်ပြပြီးနောက် စင်ပေါ်တွင် ဟိတ်ဟန်အပြည့်နှင့် ခန့်ငြားထည်ဝါနေသော အမျိုးသားလေးကိုကြည့်ကာ လတ်တလော သူမစိတ်ကူးထားသော အစီအစဉ်များကိုသတိရနေမိသည်။

မျိုးရိုးဗီဇကောင်းသူ ထိုခင်ပွန်းသည်နှင့်ကလေးယူမည့် အစီအစဥ်သည် မည်မျှ စိတ်လှုပ်ရှားဖွယ်ကောင်းနေလိမ့်မည်နည်း?

သူမ ထပ်ပြီး လက်နှစ်ဖက်အား ခေါင်းပေါ် ကွေးညွတ်ကာ ကြီးမားသော နှလုံးသားပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်သည်။ ထို့နောက် ဒီတစ်ခါ သူမ ပါးစပ်မှပွင့်ကျလာသည့်စကားများသည် ရှက်ဖွယ်များပါဝင်နေသောကြောင့် အသံတိုးတိုးဖြင့်သာ ပြောလိုက်သည်။ "လောင်ကုန်းက အရမ်းကြီးတယ်၊ ဒီည အားလီနဲ့ အိမ်မှာ ပေါင်မုန့်လုံးလေးတွေ ဖန်တီးကြမယ်!"

သို့သော် သူမအသံကို ကင်မရာမှ တိတိ ကျကျ ဖမ်းယူမိသွားသည်။

…

တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသူတိုင်းသည် ဤမြင်ကွင်းကိုမြင်ပြီး သူမ၏စကားများကို ကြားသောအခါ အံသြမှင်တက်သွားကြသည်။

တစ်စုံတစ်ယောက်မှ မှတ်ချက်ဝင်မပေးခင်အထိ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး ခဏတာ တိတ် ဆိတ်လို့သွားသည်။

[လု... လီ ?]

[အဲဒါ လုလီပဲ!]

[F*ck! ဒါ....ဒါ...ဒါ တကယ်ကြီး လုလီလား? ချီချန်းရန်ရဲ့မယားအတု လုလီ!]

[ဒါဆို တစ်ချိန်လုံး လောင်ကုန်းလို့ အော်နေတာ လုလီဖြစ်နေတာလား?]

[လုလီ!ချစ်စရာကောင်းတဲ့အသံနဲ့ အလှလေးက လုလီဖြစ်နေတယ်...]

[အမှန်ပဲ!အဲ့ဒါ လုလီ.....မိန်းကလေး Idol အဖွဲ့ရဲ့ အကကို ကပြပြီး လှုမှုကွန်ရက်ကို ထိပ်ဆုံးထိ လွှမ်းမိုးနိုင်ခဲ့တဲ့ သူဌေးသမီးလေးလုလီ....]

လုလီသည် လူမှုကွန်ရက်ပေါ်တွင် ရံဖန်ရံခါ ဓာတ်ပုံအနည်းငယ်တင်လေ့ရှိသော်လည်း ယခုကဲ့သို့ အနီးကပ်အကွာအဝေးရိုက်ချက်နှင့် အရည်အသွေးမြင့်သော တိုက်ရိုက်ထုတ်လွှင့်မှုများတွင် မကြာခဏ ပေါ်ထွက်လာလေ့မရှိပေ။

သူမ နောက်ဆုံးအကြိမ် အများသူငှာရှေ့သို့ ပေါ်ထွက်လာသောအရာမှာ အကဗီဒီယိုသာ ထိုစဥ်က ပေါ့ပေါ့ပါးပါး စကပ်အတိုကိုသာ ၀တ်ဆင်ထားသည်။ ယခုမူ သူမ ဝတ်ဆင်ထားသော စကတ်မှာ တန်ဖိုးကြီးပုံပေါက်ကာ လှိုင်းထနေသော ဆံပင်များနှင့် မိခင်ဖြစ်သူ၏အလှတရားကို အပြည့်အဝဆက်ခံထားသော မျက်နှာအသွင်အပြင်က လူတိုင်းကိုအံ့အားသင့်စေသည်။

သူမ၏အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိလူအားလုံးသည် နောက်ခံသက်သက်ဖြစ်သွားသည်။

လုလီသည် အလှလေးဖြစ်မှန်း လူတိုင်းသိထားကြပေမယ့် ဤမျှလှပနေလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။

ကော်ဇောနီအား လျှောက်လှမ်းကြသော ကြယ်ပွင့်များနှင့်ပင် ယှဥ်နိုင်သော ထိုအမျိုးသမီးသည် များသောအားဖြင့် ဤကဲ့သို့ ချစ်စရာကောင်းသော အပြုအမူမျိုး လုပ်ပြလေ့မရှိပေ။

သူမသည် အေးစက်ပြီး ဂုဏ်သိက္ခာရှိသော သူဌေးသမီးအဖြစ်သာ လူသိများပြီး တကယ်တမ်းတွင် ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက်ဖြစ်နေသည်။

သူမ၏ချွဲပစ်သောအပြုအမူများသည် မြင်ရသူတိုင်းကို ချိုမြိန်မှုများခံစားရစေသည်။

လက်နှစ်ဖက်အား ခေါင်းပေါ်တင်ကာ အသဲနှလုံးပုံ လုပ်ပြနေသော သူမ၏အသွင်အပြင်သည် မြင်ရသူတိုင်းကို အကြီးအကျယ် ထိုးနှက်စေခဲ့သည်။

ထို့အပြင် သူမ အနေထားသည် ကင်မရာဘက်သို့ မျက်နှာမူထားခြင်း မရှိပဲ ဘေးတိုက်အနေထားမှ ရိုက်ကူးမိနေခြင်းဖြစ်သည်။ အကယ်၍ ကင်မရာဘက်လှည့်လာကာ ပြုံးပြလိုက်ရင်ဖြင့် ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲကို လူအများက မတွေးရဲကြပေ။ ၎င်းတို့သည် ပြင်းထန်သော ချိုမြိန်ခြင်းကို တိုက်ခိုက်ခံရနိုင်ပြီး မိမိကိုယ်ကို ကူညီနိုင်မည်မဟုတ်ချေ။

ထိတ်လန့်စရာအကောင်းဆုံးအချက်မှာသူမ၏ လုပ်ရပ်များသည် စင်ပေါ်တွင် ရှိနေသော သူမ၏ နာမည်ကြီးခင်ပွန်းအတုအား ဦးတည်နေခြင်းဆိုတာပင်။

All Chapters