← Chapters

🍭 100 Reasons Why Lu Li is the Best Wife (1)

Vol. 4 Ch. 53

🍭 100 Reasons Why Lu Li is the Best Wife (1)

Vol. 4 Ch. 53

ချီချန်းရန်သည် လုလီရှိရာဆီသို့ အကြည့်ရောက်သွားပြီး ပြုံးပြလိုက်သည်။

ဟောပြောပွဲအပြီးတွင် သူစင်အောက်သို့ ဆင်းလာခဲ့သည်။

အခမ်းအနားအား တက်ရောက်လာကြသည့် ဧည့်သည်များသည် နောက်ဆုံးတွင် တစ်ဖွဲဖွဲနှင့် ထွက်ခွာသွားကြသည်။

ချီချန်းရန်သည် ဧည့်သည်များ၏ ချီးကျူးစကားများကို လက်ခံကြောင်း ခေါင်းညိတ်ကာ တုံ့ပြန်လိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် သူ့လက်ထောက်ထံမှ လက်ကိုင်ဖုန်းကို ယူလိုက်သည်။

ထို့နောက် သူ ဖုန်းကိုဖွင့်လိုက်ရာ လုလီထံမှ မက်ဆေ့ချ်အများအပြားရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

သူ ထပ်ပြီး အထဲမှမက်ဆေ့များကို ဖွင့်ကြည့်လိုက်ရာ မက်ဆေ့တိုင်းသည် ချီးကျူးစကားများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

သူ တောက်ပစွာပြုံးလိုက်ရင်း တစ်ခုပြီးတစ်ခု ဝင်ကြည့်လိုက်သည်။

နောက်ဆုံးတစ်ခုမှာ အသံမက်ဆေ့ချ်ဖြစ်သည်။

ချီချန်းရန်သည် မက်ဆေ့ကိုဖွင့်ပြီး နားထောင်လိုက်သည်။ လက်ခုပ်သံများကြောင့် သူမ ပြောနေသည်ကို ရှင်းရှင်းလင်းလင်း မကြားရဘဲ 'ဒီည အိမ်ပြန်....' ဟူသော စကားကိုသာ ကြားလိုက်ရသည်။

ဒီည အိမ်ပြန်...ပြီးရင် ဘာလဲ?

ချီချန်းရန် စဉ်းစားလိုက်သည်။ ထို့အပြင် သူ့လက်ကိုင်ဖုန်းတွင် လုလီ၏ အီမိုဂျီများကိုလည်း တွေ့လိုက်ရသည်။

သူ့ဖုန်းထဲရှိ Sticker များသည် ထိုအတိုင်း လှဲလျောင်းနေရသည်မှာ ပျင်းရိနေလောက်ပြီ ဖြစ်၍ မကြာခဏ အသုံးပြုပေးရန် လုလီ ပြောလေ့ရှိသည်။

ချီချန်းရန်သည် ထို Sticker များကို မြင်ပါများပြီး သဘောကျနေပြီဖြစ်ကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။

ဧည့်သည်များ ထွက်သွားပြီးနောက် လုလီသည် နောက်ခန်းဆီသို့ တန်းတန်း မတ်မတ် လျှောက်သွားသည်။

"လောင်ကုန်း!" လုလီက ချီချန်းရန်ဆီသို့ ပြေးဝင်လာသည်။

ချီချန်းရန်သည် သူ့ဖုန်းကိုချလိုက်သည်နှင့် လုလီ သူထံပြေးလာသည်ကို တွေ့လိုက်ရသည်။

သူမပုံစံသည် တောအုပ်၏ အနက်ရှိုင်းဆုံးနေရာသို့ ပြေးဝင်လာသော နတ်သမီးလေးကဲ့သို့ ဖြစ်နေသည်။

ထို့ကြောင့် သူ၏ လက်နှစ်ဖက်ကို အနည်းငယ်ဖွင့်ပေးလိုက်ပြီး ခုန်တက်လာသော လုလီ၏ခါးလေးကို ပွေ့ဖက်လိုက်သည်။

လုလီသည် ခင်ပွန်းဖြစ်သူ၏ခါးကို ပွေ့ဖက်ကာ ခေါင်းကိုမော့လိုက်ပြီး "ကျွန်မခင်ပွန်းက အရမ်းတော်တာပဲ!"

ချီချန်းရန် - "ကျေးဇူးပါပဲ"

လုလီ - "လောင်ကုန်း...ကျွန်မ အသဲနှလုံးပုံစံ လုပ်ပြတာ ရှင် စင်ပေါ်က လှမ်းမြင်ရလား?"

ချီချန်းရန် ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည် "အင်း....ကိုယ်မြင်တယ်"

သူမ၏ ဖြူစင်သော အသားအရေသည် လူအများကြားတွင် ထင်ရှားပြီး မှတ်မိရန် အလွန်လွယ်ကူသည်။ သူ တစ်ချက်ကြည့်လိုက်သည်နှင့် စင်အောက်မှ လုလီကို လှမ်းမြင်နေရသည်။

“ဟီး...ဟီး...” လုလီ ခေါင်းမော့ပြီး ခင်ပွန်းဖြစ်သူ၏မျက်နှာကို မော့လိုက်သည်။ “ဒါဆို ကျွန်မပို့လိုက်တဲ့စာတွေရော မြင်ပြီးပြီလား?"

ချီချန်းရန်သည် လုလီ၏ရှည်လျားသောဆံပင်ကို ပွတ်သပ်ပေးရင်း- "အင်း...မြင်တယ်"

လုလီ ရှက်သွားဟန်ဖြင့် နှုတ်ခမ်းကို အနည်းငယ်စုဝိုင်းရင်း “ဒါဆို လောင်ကုန်း၊ကျွန်မ ပို့ပေးလိုက်တဲ့ မက်ဆေ့ချ်ရော နားထောင်ပြီးပြီလား?”

ချီချန်းရန် စဉ်းစားပြီးပြောလိုက်သည်။ "ဒီည အိမ်ပြန်ရင် ဘာလုပ်မယ်ဆိုလား....?"

လုလီ - "သေချာ ရှင်းရှင်းလင်းလင်း မကြားရဘူးလား?"

ချီချန်းရန် - "ဘေးက အသံ နည်းနည်း ဆူနေတယ်"

ချီချန်းရန်သည် လုလီ ပို့လိုက်သည့် အသံမက်ဆေ့ချ်ကို ပြရန် သူ့ဖုန်းကို ထုတ်လိုက်သည်။ လုလီ နား ထောင်ကြည့်လိုက်ရာ သူမပြောနေသော စကားများသည် မိုက်ခရိုဖုန်းကို မထိမိဘဲ အတားအဆီးဖြစ်နေသည်။ နောက်ခံအသံများမှာလည်း အတော်လေး ဆူညံနေရာ အသံက ရှင်းရှင်းလင်းလင်းမရှိလှပေ။

ချီချန်းရန် မျက်ခုံးပင့်လိုက်ပြီး "ဒါဆို ကိုယ်တို့ ဘာလုပ်ရမှာလဲ?"

လုလီသည် သူ့အား ဘေးတိုက်အနေထားဖြင့်ကြည့်ကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း သူ့ကိုယ်သူ ထိန်းလိုက်ရင်း "နောက်မှပြောပြမယ်"

အရှေ့မှ စိတ်လှုပ်ရှားစရာအခိုက်အတန့်များ ကျော်လွန်သွားပြီဖြစ်သည်။ ထို့အပြင် သူ ရှင်းရှင်းလင်းလင်း မကြားရသည့်အတွက် ထိုအရေးကြီးသော ဆုံးဖြတ်ချက်ကို ပိုပြီးလေးနက်သည့်နည်းလမ်းနှင့်ပြောပြတာ ပိုကောင်းမည်ဟု သူမထင်သည်။

ချီချန်းရန်သည် စိတ်ရှည်သူဖြစ်ရာ မစိုးရိမ်ပဲ- "အင်းပါ" ဟု ပြန်ဖြေလိုက်သည်။

ချီချန်းရန်းသည် သတင်းစာရှင်းလင်းပွဲ ပြီးဆုံးသွားပြီးနောက် တခြားသော အသေးအဖွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီးချိန်တွင် ညနေ ၅ နာရီထိုးနေပြီဖြစ် သည်။

ရှန့်ကျင်အတွက် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပရန်ရှိသော် လည်း ချီချန်းရန်သည် ထိုပွဲသို့မတက်ရောက်ဖြစ်ခဲ့ပေ။ လုလီသည် သူ့အား သူမနှင့်အတူ အောင်ပွဲခံရန် စားသောက်ဆိုင်တစ်ဆိုင်သို့ ဆွဲခေါ်သွားခဲ့သည်။

All Chapters