← Chapters

🍭 100 Reasons Why Lu Li is the Best Wife (2)

Vol. 4 Ch. 54

🍭 100 Reasons Why Lu Li is the Best Wife (2)

Vol. 4 Ch. 54

ပြင်သစ်စားသောက်ဆိုင်ထဲတွင် စန္ဒယားတေးဂီတသံများ ဖြည်းညှင်းစွာတီးခတ်နေပြီး စားပွဲထိုးသည် ၎င်းတို့နှစ်ယောက်အတွက် ဝိုင်ဖြည့်ပေးနေသည်။ ၎င်းတို့ရောက်ရှိရာ သီးသန့်အခန်းငယ်လေးသည် ပြတင်းပေါက်နှင့်ကပ်လျက်နေရာတွင် တည်ရှိပြီး မြို့တော်၏ကျယ်ပြန့်သော မြင်ကွင်းများကို ခံစားနိုင်သည်။

ချီချန်းရန်သည် လုလီ သူ့အား ပြောလိုသည်များကို စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။

လုလီသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လည်ချောင်းရှင်းလိုက်ကာ အလွန်လေးနက်သောအမူအရာဖြင့် စတင်ပြောဆိုလာသည်။

သူမသည် သွယ်ဝိုက်သောနည်းလမ်းဖြင့် စတင်မေးမြန်းခဲ့သည်- "လောင်ကုန်းရဲ့မျိုးရိုးဗီဇကို ဘယ်လိုမြင်လဲ? တကယ့်ကိုသာလွန်ကောင်းမွန်တယ်လို့ ကိုယ့်ကိုကိုယ် မထင်ဘူးလား?"

ချီချန်းရန်: "?"

လုလီ - "ကျွန်မအမြင်မှာတော့ လောင်ကုန်းက လုံးဝပြစ်မျိုးမှဲ့မထင် ချို့ယွင်းချက်မရှိတဲ့ ပြီးပြည့်စုံတဲ့ မျိုးဆက်ပဲ။ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကနေ ဉာဏ်ရည်၊စိတ်ခံစားမှုအထိ အကုန်ပါတယ်"

ချီချန်းရန်: “အင်း…”

လုလီ- "ဒီလောက် အဖက်ဖက်က ပြည့်စုံတဲ့ လောင်းကုန်ရဲ့မျိုးရိုးဗီဇတွေကို ဒီတိုင်းအလဟဿအဖြစ်ခံရမှာတဲ့လား? ဒါကြောင့် ကျွန်မ မကြာသေးခင်က ဒီကိစ္စကို လေးလေးနက်နက် စဉ်းစားပြီး ကျွန်မတို့အတွက် အရမ်းအရေးကြီးတဲ့ ဆုံးဖြတ် ချက်တစ်ခုကို ချလိုက်တယ်"

ချီချန်ယန်သည် သေချာအာရုံစိုက်ကာ နားထောင်နေခဲ့သည်။

လုလီသည် သူမလက်ထဲရှိ ဓားနှင့်ခက်ရင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် - "ဒီဆုံးဖြတ်ချက်က... "

သူမ ပြောချင်သည့် အရေးကြီးဆုံးအပိုင်းသို့ ရောက်ခါနီးတွင် စားပွဲပေါ်မှ ရုတ်တရက် ဖုန်းမြည်သံ ထွက်လာသည်။

ဖုန်းခေါ်ဆိုသူမှာ ချောင်ကျာယိဖြစ်သည်။

လုလီ: “…”

သူမသည် ခင်ပွန်းဖြစ်သူနှင့်ပြောဆိုနေသော အရေးကြီးအကြောင်းအရာကို အရင်ဖြေရှင်းချင်သောကြောင့် ဖုန်းခေါ်ဆိုမှုအား ပယ်ဖျက်လိုက်သည်။ သို့သော် နှစ်စက္ကန့်အကြာတွင် ချောင်ကျာယိထံမှ ဖုန်းထပ်ဝင်လာသည်။

လုလီ၏ဖုန်း အဆက်မပြတ်ဝင်နေသည်ကို ချီချန်းရန် မြင်သောအခါ - "ဖုန်း အရင်ကိုင်လိုက်ပါ"

“အွန်း” လုလီ ဖုန်းကိုကောက်ယူပြီး ကိုင်လိုက်သည်။

လုလီသည် ဖုန်းချိတ်ဆက်ပြီးသည်နှင့် စပီကာကို ဖွင့်လိုက်ရာ တစ်ဖက်မှ ချောင်ကျာယိ၏ စိတ်လှုပ်ရှားနေသော အသံထွက်ပေါ်လာသည်။

"နင် ငါ့ဖုန်းကို ဘာလို့ချပစ်တာလဲ?!"

လုလီသည် သူမ၏သူငယ်ချင်းကြောင့် ချီချန်းရန် အထိတ်တလန့်မဖြစ်စေရန်အလို့ငှာ မျှော်လင့်ချက်ဖြင့် သူ့အား တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ?"

ချောင်ကျာယိ: "လုလီ၊ နင် Hot Search ပေါ်ရောက်နေတာ သိလား???"

လုလီ၏မျက်နှာသည် '?' များနှင့်ပြည့်နှက်သွားသည်- "ငါ Hot searchပေါ် ရောက်နေတယ် ဟုတ်လား?"

ချောင်ကျာယိက "ဂုဏ်ယူပါတယ် ၊နင်က Hot search မှာ နံပါတ်တစ်နေရာကို ရောက်နေတာ"

"လုလီ ငါသေချာပေါက်ပြောနိုင်တာက ဒီနေ့ဟာ နင့်ဘဝရဲ့ဖျောက်ပစ်ချင်ဆုံးအရာကို အမြန်ဆုံးချေဖြတ်နိုင်တော့မဲ့ အကောင်းဆုံးနေ့တစ်နေ့ ဖြစ်လာတော့မယ်ဆိုတာပဲ"

လုလီ ရှုပ်ထွေးသွားပြီး "နင် ဘာတွေပြောနေတာလဲ?"

ချောင်ကျာယိ: "နင် ကိုယ်တိုင်သွားကြည့်လိုက်...ဒီတိုင်းဆို နားလည်မှာ မဟုတ်ဘူး"

လုလီ ဖုန်းကို ချလိုက်သည်နှင့် သူမ လေးလေးနက်နက်စဥ်းစားလိုက်သည်။

ရှေ့က ခင်ပွန်းဖြစ်သူနှင့် ဆွေးနွေးနေသည့် အရေးကြီးဆုံးဖြတ်ချက်နှင့် Hot Searchကြည့်ဖို့ ရွေးရမည်ဆိုလျှင် လုလီ Hot Search ကို အရင်ကြည့်ရန် ရွေးချယ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ချီချန်းရန်၏ဖုန်းလည်း အသံမြည်လာကာ မက်ဆေ့ချ်များစွာ ဝင်ရောက်လာသည်။

ချီချန်းရန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ထိုမက်ဆေ့ချ်များသည် လုလီ၏ဖုန်းခေါ်ဆိုမှုနှင့်ဆက်စပ်နေလောက်မည်ဟု တွေးလိုက်သည်။ ထို့နောက် လုလီ၏ ဖုန်းစခရင်ထံ အကြည့်ရောက်သွားသည်။

လုလီသည် ခင်ပွန်းဖြစ်သူ ကြည့်လို့ရအောင် ဖုန်းစခရင်ကို သူ့ဘက် လှည့်ပေးလိုက်သည်။ သူမ နှလုံးခုန်မြန်လာပြီး လည်ချောင်းထဲတွင် တစ်စုံတစ်ခုညှပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူ Weibo ကို နှိပ်ကြည့်လိုက်သည်။

ထိပ်ဆုံးနေရာတွက် လုလီ ဟူသောခေါင်းစဉ်နှင့် ဘေးတွင်'Hot' ဟူသော အနီရောင်စာလုံးကို ရေးထားသည်။

သူမ ကလစ်နှိပ်လိုက်သည်။ Weibo ၏ ပထမဆုံး ရေပန်းစားသည့် အကြောင်းအရာမှာ ဗီဒီယိုတစ်ခုဖြစ်သည်။

wifi ကြောင့် ဗီဒီယို အလိုအလျောက် ပွင့်သွားသည်။

ဗီဒီယိုသည် တည်းဖြတ်ထားခြင်းဖြစ်ပြီး အစပိုင်းတွင် ရှန့်ကျင် ၏ သတင်းစာရှင်းလင်းပွဲ ဖွင့်ပွဲနှင့် ချီချန်းရန် စင်ပေါ်သို့တက်လာသောပုံဖြစ်သည်။ ချီချန်းရန် လက်ခုပ်သံများနှင့်အတူ စင်မြင့်ပေါ်သို့ တက်လာသည်။ ထိုလက်ခုပ်သံများကြားတွင် ရုတ်တရက် အော်သံတစ်ခုထွက်ပေါ်လာသည်။

"လောင်ကုန်း~"

လုလီ သူမ၏အသံကို ချက်ချင်းပဲမှတ်မိသွားပြီး ထိတ်လန့်သွားသည်။

ထို့နောက် သတင်းစာရှင်းလင်းပွဲအဆုံးတွင် လူတိုင်း လက်ခုပ်တီးနေကြစဥ် နောက်ခံမှ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာသည်။

"ချစ်တယ်~"

လုလီ အသက်ပြင်းပြင်းရှူလိုက်သည်။ သူမသည် အကူအညီတောင်းခံရန် ခင်ပွန်းဖြစ်သူအား လှည့်ကြည့်လိုက်ချိန်မှာပဲ ဗီဒီယိုက ဆက်ပွင့်သွားသည် ။ဖန်သားပြင်ပေါ်တွင် ရှုပ်ထွေးနေသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

ပြီးနောက် ခရမ်းရောင်နတ်သမီးဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ပေါ်လာသည်။ သူမ၏ မျက်လုံးထဲတွင် ကြယ်များတောက်ပနေပြီး တောက်ပစွာပြုံးကာ လက်နှစ်ဖက်ကို ခေါင်းပေါ် မြှောက်လျက် နှလုံးသားပုံစံ ပြုလုပ်ပြနေသည်။

ထို့နောက် သူမသည် သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ပြောလိုက်သည်က "လောင်ကုန်းက အရမ်းကြီးတယ် ။ဒီည အားလီနဲ့ အိမ်ပြန်ပြီး ပေါင်မုန့်လုံးလေးတွေ ဖန်တီးရအောင်"

ဗီဒီယို ဤနေရာတွင် ရပ်သွားသည်။

လုလီ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ချီချန်းရန်လည်း ဤသည်ကို မြင်တော့ ထိတ်လန့်သွားသည်။

လုလီ ပြောချင်နေသည့် အရေးကြီးသော ဆုံးဖြတ်ချက်မှာ မည်သည့်အရာဖြစ်မှန်း သူသိသွားပုံရသည်။

သို့သော် ယခုအဓိက ပြဿနာမှာ ဒါမဟုတ်ပေ။

All Chapters