← Chapters

🍭 100 Reasons Why Lu Li is the Best Wife (3)

Vol. 4 Ch. 55

🍭 100 Reasons Why Lu Li is the Best Wife (3)

Vol. 4 Ch. 55

ဗီဒီယို ပြီးဆုံးပြီးနောက် ပို့စ်၏အဓိကစာသားကို ပြန်ရောက်သွားသည်။

"လုလီက ရှန့်ကျင် သတင်းစာရှင်းလင်းပွဲကို သွားခဲ့တယ်။ ချမ်းသာပြီး လှပတဲ့ အတုအယောင် ဇနီးအတုလေးက တစ်ခါတည်း လူသိရှင်ကြား ၀န်ခံခဲ့ပြီး သူ့ခင်ပွန်းအတု ချီချန်းရန်က မတုန်မလှုပ်ဖြစ်နေပေမယ့် သူ့ဇနီးအသံက မရေမတွက်နိုင်တဲ့ အင်တာနက်အသုံးပြုသူတွေရဲ့ နှလုံးသားကို ထိမိသွားစေခဲ့တယ်"

ထိုစာသားကိုဖတ်ပြီးနောက် လုလီသည် 'မတုန်မလှုပ်'ဖြစ်နေသော ခင်ပွန်းဖြစ်သူကို ကြည့်ရန် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ချီချန်းရန်သည် အံ့အားသင့်နေသောအမူအရာဖြင့် သူ၏လက်ကိုဆန့်ကာ မှတ်ချက်များ ကြည့်ရန် ဖုန်းကိုအောက်သို့ ပွတ်ဆွဲလိုက်သည်။

ဗီဒီယိုသည် အစပိုင်းတွင် ဒစ်ဂျစ်တယ်နည်းပညာဖိုရမ်များတွင်သာ ပျံ့နှံ့ခဲ့သော်လည်း မိန်းကလေးတစ်ယောက်၏ အလွန်လှပသော အပြင်အဆင်၊ ကလေးတစ်ယောက်လို ချစ်စရာကောင်းပြီး ချိုမြိန်လွန်းသော အပြုအမူကြောင့် ထိုဗီဒီယိုသည် မကြာခင်မှာပဲ Weibo တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

ဤသည်မှာ တိုက်ရိုက်ဝန်ခံခြင်းဖြစ်ပြီး ခင်ပွန်းအတု၏ 'မတုန်မလှုပ်' ဖြစ်နေသော အပြုအမူကြောင့် အမျိုးသားများသည် လုလီကို ၎င်းတို့၏ ကိုးကွယ်စရာအဖြစ် မြှင့်တင်ပြီး သူမ၏အချစ်ကို လက်ခံလိုကြောင်းပြောဆိုရန် လွယ်ကူသွားကြသည်။

ထို့အချိန်တွင် လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ၎င်းတို့၏ပေါင်ကိုပုတ်နေကြစဥ် ဗီဒီယိုသည် ပိုမိုမြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။ ယခုဆိုရင် Weibo နှင့်အခြားဗီဒီယိုပလက်ဖောင်းပေါ်ရှိ Hot Search ၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိနေပြီး ဖျော်ဖြေရေး Website များတွင်လည်း အပူတပြင်း ဆွေးနွေးနေကြပြီဖြစ်သည်။

မကြာခင်မှာပဲ 'လုလီကို ဘာကြောင့်ဇနီးကောင်းတစ်ယောက်လို့ ခေါ်ရလဲဆိုတဲ့ အကြောင်းအရင်း ၁၀၀'၊ 'လူလီလို ဇနီးလေးကို မလိုချင်တဲ့သူရှိလား?'၊ 'သူများဇနီးကို အပိုင်လိုချင်နေတဲ့ ငါ့အပြစ်' ဟူသော ဗီဒီယိုများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါဗီဒီယိုများ၏ ဦးတည်နေသော အကြောင်းအရာများမှာ သတင်းစာရှင်းလင်းပွဲတွင် ရိုက်ထားသည့် လုလီ၏အကြောင်းဖြစ်ပြီး 'Love Cycle' သီချင်းနှင့် တွဲဖက်ပြသထားသည်။

ခြုံငုံပြောရလျှင် သူမသည် လှပပြီး ချမ်းသာသောမိသားစုမှ ဆင်းသက်ပြီး ချစ်စရာကောင်းကာ ချွဲတက်သော၊ မိန်းကလေး Idol အဖွဲ့၏သီချင်းအား ချစ်စဖွယ်ကပြနိုင်သသည့် အလွတ်တန်းနာမည်ကြီး တစ်ယောက်ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပဲ ချောင်ကျာယိလည်း သူမကို မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။

[ချီချန်းရန်ရဲ့ အမျိုးသမီးလေး Hot Search ရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်]

[ရိုးရိုးသားသားပြောရရင် ငါ ဒါကိုမြင်ပြီး နင့်ကိုလက်ထပ်ချင်စိတ်တောင် ပေါက်သွားတယ်]

လုလီ အံ့ဩသွားပြီး သူမ၏ အနည်းငယ်တုန်ယင်နေသော လက်ချောင်းများဖြင့် သူမ၏ Weibo နှင့် Super Chat ကို နှိပ်လိုက်သည်။

ဖန်သားပြင်ပေါ်ရှိ Fan များ၏ ဖွင့်ဟဝန်ချက်များကိုမြင်လိုက်ရချိန်တွင် သူမ ထိတ်လန့်သွားခဲ့သည်။

သူမ၏ super chat ထဲတွင် မိန်းကလေး Fan အများစုရှိပြီး

သူမသည် အလွန်အေးဆေးတည်ငြိမ်စွာ နေထိုင်တတ်သူဖြစ်ပြီး မိတ်ကပ်လိမ်းနည်း၊ အ၀တ်အစားဆင်ယင်မှုနှင့် သပ်ရပ်လှပသော ဘဝနေထိုင်နည်းများကိုသာ ဆွေးနွေးလေ့ရှိသည်။ ယခုမူ…

ထူးဆန်းသော Fan အများအပြား ရောနှောဝင်ရောက်လာပုံရသည်။

[ရှောင်လီလေးက အရမ်းချစ်ဖို့ကောင်းတာပဲ...Ah....Ah..... အားဝေတော့ အကြိမ်ထောင်သောင်းမက သေပါပြီ။]

[လီလီရေ....မင်းငါ့နဲ့ ဘယ်တော့လက်ထပ်မှာလဲ?]

[လုလီ၊ ငါ မင်းကို ချစ်တယ်။]

[မိန်းကလေးတစ်ယောက်က ဒီလောက်တောင် လှရက်နိုင်တယ်တဲ့လား]

[ရှောင်လီလေးနဲ့လက်ထပ်ဖို့ နောက်ရှစ်ဘဝထိ ရှာဖွေရင်တောင် လုံလောက်ပါ့မလား?]

[ရှောင်လီလေးကို လက်ထပ်ဖို့ ပိုက်ဆံကို ကြိုးစားရှာရမယ်]

[ငါက မိန်းကလေးဆိုပေမယ့် လီလီလို ဇနီးမျိုးလိုချင်တယ် T_T]

[ရှောင်လီလီရေ....ဒီလောက် ချိုမြိန်တဲ့ မင်းလေးကို တန်ဖိုးမထားတဲ့ ချီချန်းရန်ကို ကွာရှင်းပါ]

[ဓား.အီမိုဂျီ ချီချန်းရန်!]

[ရှောင်လီလီ၊ မင်းရဲ့စိတ်နှလုံးကို CCY ကို မပြပါနဲ့၊ ငါ့ကိုပြပါ....]

…

လုလီသည် 'ရှောင်လီလီ' ဟူသော အခေါ်အဝေါ်ကို ကြည့်ရင်း တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထလာပြီး 'ရှောင်လီလီ ကွာရှင်းပါ' ဆိုသော စာကို မြင်သောအခါ သူမ၏ခင်ပွန်းအစစ်ကို လှမ်းကြည့်လိုက်သည်။

ခင်ပွန်းဖြစ်သူလည်း သူမဖတ်နေသောစာများကို ဖတ်ပြီးသွားပုံရသည်။

လုလီသည် ရုတ်တရက် အရှုပ်အရှင်းတစ်ခုလို ခံစားလိုက်ရပြီး လက်ထဲတွင် ပူကျစ်နေသော အာလူးတစ်လုံးကို ကိုင်ထားရကဲ့သို့ ဖုန်းကိုပစ်ချလိုက်သည်။

"လောင်ကုန်း၊ကျွန်မ ရှင်မရှိရင် မနေနိုင်ဘူး! ဘာမှ စိတ်ထဲ မထားနဲ့!"

"လောင်ကုန်း၊ မနာလိုမဖြစ်နဲ့နော်!"

"အားလီက ရှင့်ရဲ့အပိုင်လေးပါ!"

"ကျွန်မကို ပိုင်ဆိုင်ခွင့်ရှိသူဟာ ရှင်တစ်ယောက်တည်းပဲ ဖြစ်ရမယ်၊!"

ချီချန်းရန်: “…”

ပျံ့နှံ့နေသော ဗီဒီယိုများ၏ ပမာဏကို တွေးကြည့်ပါက သူ့ဇနီးကိုလိုချင်နေကြသည့် လူတော်တော်များများ၏အတွေးများ၊ သူတစ်ယောက်တည်းအတွက်သာ ရည်ရွယ်ခဲ့တဲ့အပြုအမူများသည် အများမြင်ကွင်းရှေ့ပျံ့နှံ့သွားသည့် အဖြစ်အပျက်၊ ဤခံစားချက်များသည် ချီချန်းရန်အနေဖြင့် စကားလုံးများဖြင့် ဖော်ပြဖို့ရန် ခဲယဥ်းလှပေသည်။

သူ့စိတ်ထဲသို့ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မနာလိုခြင်းတို့ စုပြုံဝင်ရောက်လာသည်။

သူ ရုတ်တရက် သတင်းစာရှင်းလင်းပွဲသို့ပြန်သွားပြီး "ဤချစ်စရာကောင်းတဲ့ဇနီးလေးက သူ့တစ်ယောက်ထဲအပိုင်" ဖြစ်ကြောင်းနှင့် လူတွေကို မျက်စိမှိတ်ထားရန်နှင့် သူ့ဇနီးလေးကို မျှော်မှန်းခွင့်မပေးနိုင်ကြောင်း ကြေငြာပစ်လိုက်ချင်တော့သည်။

ကံကောင်းစွာဖြင့် လုလီစကားကို နားထောင်ပြီးနောက် ချီချန်းရန်၏ မျက်နှာပေါ်တွင် ထင်ဟပ်နေသော စိတ်ညစ်နေသည့်အမူအရာများ ပြေလျော့သွားပြီး စိတ်ထဲတွင်လည်း အနည်းငယ် ပိုကောင်းလာပုံရသည်။

လုလီသည် ပို့စ်ထဲတွင် 'အတုအယောင်ခင်ပွန်းက မတုန်မလှုပ်' ဟူသော စာသားကိုပြန်သတိရမိပြီး ၎င်းတို့ကြား ခိုင်မာသောဆက်ဆံရေးကို စဉ်းစားကာဒေါသထွက်လာသည်။

"လောင်ကုန်း၊သူတို့ပြောကြတာ ရှင်က မတုန်လှုပ်ဘူးတဲ့!"

"ရှင့် ကျွန်မကို ပြုံးနေတာ ကျွန်မမြင်တယ်လေ!"

"ပြီးတော့ ရှင်က ကျွန်မကိုငေးကြည့်နေခဲ့တာလည်း ကျွန်မအားလုံး! သူတို့အားလုံး အဓိပ္ပါယ်မရှိတဲ့စကားတွေပြောနေကြတာ!"

"ရှင် ကျွန်မကို ဘယ်လောက်ချစ်လဲဆိုတာ ကျွန်မ အသိဆုံးပဲ!"

"လောင်ကုန်း၊ ကျွန်မပြောတာ ကြားလား?"

လုလီ ပါးစပ်ကိုဖောင်းပြီး မေးခွန်းထုတ်လိုက်သည်။

ထိုအချိန်တွင် ချီချန်ယန် ငေးငိုင်သွားသည်။

ငါ လုလီကို ချစ်တယ်၊ ငါ လုလီကို ချစ်တယ်။

အဘယ်ကြောင့်မှန်း သူ မသိသော်ငြား ထိုရိုးရှင်းသောမေးခွန်းအတွက် အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။

ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်ပေါ်လာသည့် စိတ်လှုပ်ရှားမှုတစ်မျိုးကို သူခံစားလိုက်ရသည်။

ဒီရက်အပိုင်းအခြားများသည် ယခင်နေ့များနှင့် လုံးဝမတူပဲ ကွာပြားနေသော်လည်း သူ ဤသည်ကို သေချာမစဥ်းစားမိခဲ့ကြောင်း သတိထားမိလိုက်သည်။

All Chapters