← Chapters

🍭 100 Reasons Why Lu Li is the Best Wife (4)

Vol. 4 Ch. 56

🍭 100 Reasons Why Lu Li is the Best Wife (4)

Vol. 4 Ch. 56

ချီချန်းရန်သည် အစပိုင်းတွင် လုလီအား တာဝန်ယူစိတ်ဖြင့်သာလက်ခံခဲ့ပြီး သူမ အခြေအနေပိုကောင်းလာလိမ့်မည်ဟု မျှော်လင့်ကာ စိတ်တိုင်းကျ နေထိုင်ခွင့်ပေးခဲ့သည်။

သို့သော် အခုတော့…

“ကိုယ်…” ချီချန်းရန် ဖြည်းညှင်းစွာပြောလိုက်သည်။

သူ့စကားရှေ့သို့ လုလီ ရုတ်တရက် ပြေးဝင်လာပြီး "ရှင် ပြောစရာတောင်မလိုပါဘူး၊ ရှင် ကျွန်မကို ဘယ်လောက်ချစ်မှန်း ကျွန်မ သိတယ်!"

"ရှင်က ရှက်တတ်တော့ ဒီလိုစကားမျိုး လွယ်လွယ်နဲ့ ထုတ်မပြောတတ်ဘူးလေ"

ချီချန်းရန် လုလီကို ကြည့်လိုက်သည်။

လုလီ၏မျက်နှာထက်ဝယ် ခိုင်မာသောအမူအရာတို့ ပေါ်လွင်နေသည်။

သူ မည်သို့ ပြန်ပြောရမှန်းမသိဖြစ်နေသည်။

လုလီသည် သူမ၏ မျက်လုံးများအောက်တွင် ဝမ်းနည်းမှု အရိပ်အယောင်ကို တိတ်တဆိတ် ဖုံးကွယ်ပြီးနောက် သူမ၏လက်ကိုင်ဖုန်းကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။

"ကျွန်မ Weibo မှာတင်မယ်။ ကျွန်မက ရှင်ရဲ့ ချစ်စရာဇနီးချောလေးဖြစ်ပြီး သူတို့ ကောက် ချက်ချတွေ မှားနေတယ်ဆိုတာ၊ကျွန်မတို့ ကြား သံယောဇဉ်နဲ့ချည်နှောင်ထားပြီး ကလေးယူဖို့ ဆုံးဖြတ်ပြီးပြီဆိုတာ...."

ဤသည်ကိုကြားတော့ ချီချန်းရန်သည် လုလီဆီက ဖုန်းကို လုယူလိုက်သည်။

လုလီ: "ဟင်?"

ချီချန်းရန်- "မဖြစ်ဘူး"

ချီချန်းရန်သည် အေးဆေးတည်ငြိမ်သော အသံဖြင့် လေးလေးနက်နက်ပြောလာသည်။- "လုလီ၊ အခုချိန်က ကိုယ်တို့အတွက် ကလေးယူဖို့ အချိန်မတန်သေးဘူး"

လုလီ အံဩသွားသော အမူအရာဖြင့် “ဘာလို့လဲ?”

ချီချန်းရန် ခဏတာ အကျဥ်းအကျပ်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်းတွင် နှစ်ယောက်စလုံးသည် ၎င်းတို့၏ အိမ်ထောင်ရေးအခြေအနေကို တိတ်တဆိတ်နားလည်ခဲ့ကြသောကြောင့် သန္ဓေတားဆေးများကို အသုံးပြုခဲ့ကြသည်။ သို့သော် လုလီသည် ယခုချိန်တွင် ၎င်းတို့၏ဆက်ဆံရေးနှင့် ပတ်သက်၍ ရှုပ်ထွေးနေပြီး ချီချန်းရန်အား အမှန်တကယ် ချစ်ခင်စုံမက်သော ခင်ပွန်းအဖြစ် မှတ်ယူကာ ကလေးယူဖို့ပင် တွေးတောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ကလေးယူခြင်းသည် လူတိုင်း၏ဘဝတွင် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုဖြစ်ရာ ပေါ့ပေါ့တန်တန် ဆုံးဖြတ်လို့မရပေ။

ချီချန်းရန်သည် လုလီအတွက် အရာအားလုံး ဖြစ်နိုင်သည်ဟု ခံစားရသော်လည်း ယခုချိန်နှင့် သူ လုလီနှင့်ကလေးယူဖို့ မလုပ်နိုင်သေးပေ။

သူ့အတွက်တင်မကပဲ လုလီအတွက်လည်းပါသည်။

အခုချိန်တွင် လုလီ၏စိတ်အခြေအနေ ရှုပ်ထွေးနေသော်လည်း သူကတော့ ပုံမှန်ပဲဖြစ်သည်။ အကယ်၍ လုလီသာ ပုံမှန်အခြေအနေတိုင်း ပြန်ရောက်သွားပြီး သူနှင့်ကလေးယူထားကြောင်း သိသွားပါက သူမ ပြိုလဲသွားမှာ သေချာသည်။

ချီချန်းရန် လုလီကို ကြည့်လိုက်ပြီး "ဘာလို့လဲဆိုတော့ ကိုယ် အဆင့်သင့်မဖြစ်သေးလို့"

"နောက်မှ ထပ်စဉ်းစားကြမယ်လေနော်..."

လုလီသည် သူ့စကား အမြဲနားထောင်သည်။

လုလီသည် ယခင်ကကဲ့သို့ ပြုမူချင်ပုံရသည်ကို သူမြင်သော်လည်း လေးနက်သော အမူအရာဖြင့် သူ့ဘက်သို့ လှည့်လာသည်။ သူမမျက်နှာပေါ်တွင် အပြုံးရိပ်တို့ ပျောက်ကွယ်သွားပြီး သူမ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ကာ လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး "ဘာလို့ မလိုချင်ရတာလဲ?"

"လောင်ကုန်းက အားလီနဲ့ရတဲ့ ကလေးကို မလိုချင်လို့လား?"

"ကျွန်မတို့ကလေးလေးက ဘယ်လောက်တောင် ချစ်စရာကောင်းနေလိုက်မလဲ?"

ချီချန်းရန် သက်ပြင်းအနည်းငယ်ချလိုက်ပြီး သူ့လက်ဖြင့် လုလီ၏နောက်ကျောကို ပွတ်သပ်ပေးလိုက်ပြီး

"ဘာလို့လဲဆိုတော့ အချိန်မတန်သေးလို့ပါ"

ထို့နောက် နှစ်ယောက်သား ယခင်အတိုင်း ပြန်ဖြစ်သွားကြသည်။

လုလီ ဆက်မေးလို့မရနိုင်တော့မှန်း သိလိုက်ပြီးအချိန်အတော်ကြာပြီးမှ"အင်းပါ" ဟု ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

နောက်ဆုံးတွင် ရှန့်ကျင်Group ၏ တရားဝင် Weibo မှ ပို့စ်တစ်ခု ထုတ်ပြန်ခဲ့သည်။

"လုလီကို ချစ်မြတ်နိုးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ မစ်လုနဲ့မစ္စတာချီချန်းရန်တို့ လတ်တလောမှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ အတူရှိနေပါတယ်။ အားလုံးပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"

…

ညဘက် ၎င်းတို့ အခန်းသို့ ပြန်ရောက်ချိန်တွင် လုလီသည် ချီချန်းရန်နှင့် အိပ်ရာတစ်ခုတည်းတွင် ဆက်အိပ်နေသည်။

ချီချန်းရန် ကိုယ်တိုင်လည်း ဘာကြောင့်မှန်းမသိ ကျင့်သားရသွားသကဲ့သို့ လုလီအား သူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်သည်။

လုလီ ချီချန်းရန်၏ရင်ခွင်ထဲသို့ သက်ဆင်းသွားသည်။

လုလီသည် ထိုအမျိုးသား၏ ပူနွေးသောရင်ငွေ့ကို ခံစားရင်း ယနေ့သူမအား ငြင်းပယ်ခဲ့သည့်အကြောင်း မတွေးဘဲမနေနိုင်တော့ပေ။

လုလီသည် ချစ်စရာကောင်းသော ကလေးလေးမွေးပေးချင်သည်ဟု ပြောတဲ့အခါ ခင်ပွန်းဖြစ်သူမှ ပျော်ရွှင်သွားလိမ့်မည်ဟု အမြဲတွေးခဲ့သည်။

သို့သော် တကယ့် လက်တွေ့တွင် သူမနှင့်ကလေးယူရန် ဆန္ဒမရှိဟု ငြင်းဆန်ခဲ့သည်။

သူမ တွေးရင်း ဝမ်းနည်းလာကာ မျက်လုံးများ နီရဲလာပြီး တစ်ဖက်သို့ လှိမ့်ကာ ချီချန်းရန်အား ကျောပေးထားသည့်အနေထားသို့ ပြောင်းလိုက်သည်။

All Chapters