← Chapters

🍭 Pro Husband Chaser (1)

Vol. 4 Ch. 57

🍭 Pro Husband Chaser (1)

Vol. 4 Ch. 57

ချီချန်းရန်သည် သူ့ရင်ခွင်ထဲမှ ကျောပေးလိုက်သော လုလီ ၏အပြုအမူကို သတိထားမိပြီး သူမအား တိတ်တဆိတ် ပိုမိုတင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

လုလီကျောသည် ချီချန်းရန်၏ရင်ဘတ်နှင့်ထိကပ်နေပြီး သူမထံမှ နှာရှုပ်သံထွက်လာသည်။

ချီချန်းရန်သည် လုလီ၏နှာရှုပ်သံကို ကြားလိုက်ရသဖြင့် အိပ်ရာဘေးရှိ မီးအိမ်ကိုဖွင့်ကာ ကျောပေးထားသော သူမခန္ဓာကိုယ်ကို သူ့ဘက်သို့ဆွဲလှည့်လိုက်သည်။

လုလီ လှည့်လာသောအခါ သူမ၏နှာခေါင်းထိပ်မှာ နီနေရဲပြီး မျက်လုံးထဲ၌ မျက်ရည်စများ ရစ်ဝဲနေသည်ကို သူ မြင်လိုက်ရသည်။

သူမ၏မျက်လုံးထဲတွင် ချီချန်းရန် မမြင်ဖူးသော ဝမ်းနည်းခြင်းအရိပ်အယောင်များ ပြည့်နှက်လို့နေသည်။

ချီချန်းရန်သည် ထိုကဲ့သို့ လုလီ နာကျင်နေသည်ကို မြင်ရသောအခါ ရုတ်တရက် သူ့ရင်ဘတ်အား တစ်စုံတစ်ခုမှ ဆွဲစုတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး စိတ်မသက်မသာဖြစ်သွားသည်။

ဤသည်မှာ ကလေးယူမည့်ကိစ္စကြောင့် လုလီငိုနေမှန်း ချီချန်းရန်သိသည်။

ချီချန်းရန် ရုတ်တရက် ဘေးကြပ်နံကြပ်ဖြစ်သွားသည်။ ယခုချိန်တွင် လုလီသည် ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးအပေါ် အမြင်မှားနေခြင်းဖြစ်ရာ ကလေးယူရမည့်အနေအထားမဟုတ် ကြောင်း ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်ပါလျှင် သူမအား မချစ်တော့၍ဖယ်ထုတ်ချင်သောကြောင့် လိမ်ညာနေသည်ဟု ထင်သွားနိုင်ပြီး ပိုပြီးဝမ်းနည်းကာ ပြင်းပြင်းထန်ထန် ငိုကြွေးနေလိမ့်မည်ကို သူသိသည်။

ချီချန်းရန် အကျပ်ရိုက်သွားသည်။

လုလီသည် သူမ၏မျက်ရည်များကို လက်ခုံဖြင့် သုတ်လိုက်ပြီး အားနည်းစွာ ငိုကြွေးနေခဲ့ပြီး သူမကိုယ် သူမ ထိန်းချုပ်ရန် အားထုတ်နေခဲ့သည်။

"မငိုနဲ့တော့နော်၊ ဟုတ်ပြီလား?"

ချီချန်းရန်သည် သူမ၏မျက်ရည်ကို တစ်ရှူးဖြင့် သုတ်ကာ ညင်သာစွာ နှစ်သိမ့်ပေးခဲ့သည်။

ချီချန်းရန် စကားကို ကြားသောအခါ လုလီ ပို၍ပင် ငိုကြွေးလာခဲ့သည်။ သူမ၏ မျက်ရည်များသည် ကြိုးပြတ်သွားသော ပုလဲ လုံးများကဲ့သို့ မရပ်မနား ကျဆင်းလျက်ရှိသည်။

ချီချန်းရန်သည် ယခင်က သူမ ငိုကြွေးနေသည်ကို မြင်ဖူးသော် ငြားလည်း ထိုစဥ်က ကလေးတစ်ယောက်လို ချစ်စဖွယ်ငို ကြွေးနေခဲ့ခြင်းဖြစ်ပြီး ယခုမူ အမှန်တကယ်ပင် ဝမ်းနည်းပက် လက်ဖြင့် ငိုကြွေးနေခြင်းဖြစ်သည်။

ချီချန်းရန်သည် ကူကယ်ရာမဲ့စွာဖြင့် သူမအား ချော့လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူ့ထံ အပြစ်ရှိသလို ခံစားခဲ့ရသည်။ အဆုံးတွင် သူသည် နူးညံ့အိစက်သော လုလီ၏ခန္ဓာ ကိုယ်လေးကို ထွေးပွေ့လိုက်ပြီး သူမ၏ နဖူး၊ မျက်ခုံး၊ နှာခေါင်းနှင့် ပါးပြင် တစ်ဝိုက်တို့ကို နူးညံ့စွာ အနမ်းပေးခဲ့သည်။

လုလီသည် ခင်ပွန်းဖြစ်သူ၏အနမ်းကို ထိတွေ့ခံစားလိုက်ရသဖြင့် နောက်ဆုံးတွင် စိတ်သက်သာရာရလာခဲ့သည်။

ချီချန်ယန်သည် သူမ၏ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်သည်။

လုလီက “လောင်ကုန်း၊ ကျွန်မ ရှင့်ကို ချစ်တယ်”

“ကိုယ်လည်း မင်းကို အရမ်းချစ်တယ်…”

ချီချန်းရန်သည် ၎င်းတို့နှစ်ဦးကြား နေရာအနည်းငယ်ခြားလိုက်သည်။ လုလီ၏မျက်တောင်မွှေးများသည် မျက်ရည်စများဖြင့် စိုစွတ်နေပြီး သူမ၏မျက်လုံးများနီရဲနေသည်ကိုတွေ့လိုက်ရသည်။

ထိုကဲ့သို့ ပြိုလဲနေသော လုလီကို မြင်ရသောအခါ ချီချန်းရန် ၏စိတ်ထဲတွင် ရှုပ်ထွေးသွားပြီး ထိုအချိန်မှစ၍ လုလီရှေ့ မှောက် ကျဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ချီချန်းရန်သည် မျက်လုံးများကိုမှိတ်လိုက်ပြီး တစ်စုံတစ်ခုကို သည်းခံနေသကဲ့သို့ရှိသည်။

နောက်ဆုံးတော့ သူ လုလီ၏ခေါင်းကိုကိုင်ကာနှုတ်ခမ်းပေါ်သို့ အနမ်းမိုးများခြွေပေးလိုက်တော့သည်။

နောက်တစ်နေ့…

လုလီ အိပ်ယာမှ နိုးလာချိန်တွင် မနေ့ညက ငိုထားသောအရှိန်ကြောင့် မျက်လုံးများမို့အစ်နေသည်။

သူမ ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး သမ်းဝေကာပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်သည်။

ထိုစဥ် ချီချန်းရန် မနက်စာယူပြီး ပြန်ဝင်လာသည်။

ထို့နောက် လုလီရှေ့တွင် စားပွဲကို ချလိုက်ပြီး မနက်စာကို ဂရုတစိုက်ပြင်ဆင်ပေးနေသည်။

လုလီသည် စားပွဲပေါ်တွင် သူ အကြိုက်ဆုံး အဆာပြေမုန့်များကိုမြင်ပြီးနောက် သူ့အား မနက်စာကျွေးနေသော ချီချန်းရန်ကို ကြည့်လိုက်သည်။

ချီချန်းရန်သည် ယာဂုကို ဇွန်းဖြင့် ခပ်ယူလိုက်ပြီး သူမ၏နှုတ် ခမ်းနားတွင်တေ့ပေးလိုက်သည်။ သူ ပါးစပ်ကို မဖွင့်ပဲ ပါးကိုဖောင်းထားလိုက်သည်။

ထို့နောက် "ဟင်း" ဟူသော အသံလေးထွက်လာသည်။

ကလေးယူရန် ငြင်းဆန်လိုက်ခြင်းသည် သူမအား ဝမ်းနည်းစေသည့် အရာတစ်ခုဖြစ်သွားသည်။ သူ့အား အနမ်းပေးပြီးမနက်စာကျွေးရုံနှင့် ဤအပြစ်ကို ချေဖြတ်ဖို့လုံလောက်မည်မထင်ပေ။

သို့သော် ချီချန်းရန်သည် နောက်မဆုတ်သကဲ့သို့နေသည်။ သူ ပန်းကန်လုံးကို ချလိုက်ပြီး လုလီ၏ဆန့်ကျင်ဘက်တွင် ထိုင်ကာ သူမအတွက် ပြင်ဆင်ထားသည့် မနက်စာကို ဖြည်းဖြည်းချင်းစားပြလိုက်သည်။

လုလီသည် ကြက်ဥအားအခွံခွာပြီး ကိုက်စားနေသည့် ချီချန်းရန်ကို မြင်သောအခါအံ့ဩသွားသည်။

ချီချန်းရန်သည် ကြက်ဥများကို အိနြေရရစားသောက်ပြီးနောက် တူဖြင့်အသားဖက်ထုပ်အားယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။

လုလီ စိတ်လှုပ်ရှားသွားပြီး စားပွဲပေါ်ရှိ အစားအသောက်များကို ကာကွယ်လိုက်သည်။- "မစားနဲ့တော့၊ရှင် ဒါကို ကျွန်မအတွက်ယူလာတာလေ၊ ရှင်...ရှင်... ရှင်ပဲ စားပစ်လို့မရဘူး"

"မင်းကလေ တကယ့်ကို လူဆိုးမလေးပဲ"

ချီချန်းရန် သဘောကျစွာ ရယ်မောလိုက်သည်။

ထို့နောက် ချီချန်းရန်သည် လုလီ၏ပါးစပ်နားသို့ ယာဂုကိုယူကာခွံကျွေးလိုက်သည်။

ဒီတစ်ခါတော့ လုလီ နာခံစွာဖြင့်သောက်လိုက်သည်။

ချီချန်းရန်သည် လုလီအား ဂရုတစိုက်ဖြင့် မနက်စာကျွေးပြီးနောက် အလုပ်သို့ထွက်ခွာသွားခဲ့သည်။

All Chapters