← Chapters

🍭 Pro Husband Chaser (1)

Vol. 4 Ch. 58

🍭 Pro Husband Chaser (1)

Vol. 4 Ch. 58

လုလီသည် ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှည်လျားသော ပြတင်းပေါက်ရှေ့တွင် ထိုင်ရင်း အပြင်ဘက်ရှိ မြို့တော်၏ စည်ကားသော ဘဏ္ဍာရေးစင်တာကို မျက်နှာမူကာ သူမဘဝအကြောင်းကို စဉ်းစားတွေးတောနေမိသည်။

ယခုတော့ ကလေးယူမည့်ကိစ္စနှင့်ပတ်သတ်သည့် ရလဒ်ကို သူမ လက်ခံလိုက်ရပြီ ဖြစ်သည်။ သို့သော် သူမ ထိုအကြောင်းကို ပြန်တွေးမိသည့်အခါတိုင်း ဝမ်းနည်းစိတ်မကောင်းဖြစ်ရသည်။

လုလီ သက်ပြင်းချလိုက်ပြီး မိုဘိုင်းဖုန်းကို ကောက်ယူကြည့်လိုက်သည်။ မနေ့ညက ရှန့်ကျင်၏ထုတ်ပြန်ချက်အပြီးတွင် သူမ Hot search ပေါ်မှ ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။

ဤသည်မှာ သေချာပေါက် ရုပ်သိမ်းခံလိုက်ခြင်းဖြစ်ပြီး လုလီသည်လည်း သူမ၏ဝန်ခံဗီဒီယိုကြောင့် ရှက်ရွံ့နေခဲ့ရသည်။

သူမ Weibo ကို လှန်လှောကြည့်ရင်း ရုတ်တရက်စနစ်မှ အကြံ ပြုထားသော အကောင့်များစွာကိုတွေ့လိုက်ရသည်။

'လုလီ Global Support Association'၊ 'ရှောင်းလီလီ National Fans'၊ 'လုလီ Anti-Black Fan Station'

ဤအကောင့်များကို ကြည့်ရင်း လုလီ၏ စိတ်ထဲတွင် မေးခွန်းအမှတ်အသားတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

အဆိုပါအကောင့်များ၏ ပရိုဖိုင်ပုံမှာ မနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း သူမ၏ချစ်စရာကာတွန်းပုံစံ(Chibi Version) ဖြစ်နေသည်။

တစ်စုံတစ်ယောက်က သူမအား Chibi ပုံစံအဖြစ် ပြောင်းလဲထားပုံရသည်။

လုလီသည် 'လုလီ Global Support Association' အကောင့်ထဲသို့ ဝင်ကြည့်လိုက်ရာ Pin ထောက်ထားသော ပို့စ်ကို တွေ့လိုက်ရသည်။

'ဒီအကောင့်က ကမ္ဘာ့ချစ်စရာအကောင်းဆုံး အမျိုးသမီးလေး လုလီအတွက် ကမ္ဘာလုံးဆိုင်ရာ Fan club ဖြစ်ပါတယ်၊ သူက ချစ်စရာကောင်းပြီး အားလုံးရဲ့ စိတ်နှလုံးကို သိမ်းပိုက်သွားခဲ့တဲ့အမျိုးသမီး Idol အဖွဲ့ရဲ့သီချင်းကို ချစ်စဖွယ်ကောင်းအောင် ကပြခဲ့သူလည်း ဖြစ်တယ်၊ ရှောင်လီလီကို အားပေးတဲ့ Fan အားလုံးကို ကြိုဆိုပါတယ် ကမ္ဘာပေါ်က အကောင်းဆုံး ရှောင်လီလီကို ကာကွယ်ဖို့ ကျွန်တော်တို့ ဒီနေရာမှာ ရှိနေမယ်'

လုလီ: “…”

သူမအနေနှင့် ကြိုးစားပမ်းစား ဆောက်တည်ခဲ့ရသည့် ဂုဏ်သိက္ခာရှိသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်သည် ပြိုလဲသွားပြီဖြစ်ကြောင်းကို သူမ သိလိုက်သည်။ သူမ အဘယ်ကြောင့် သတင်းစာရှင်းလင်းပွဲအတွင်း ခင်ပွန်းဖြစ်သူအား အော်ဟစ်အားပေးခဲ့မှန်း သူမကိုယ်တိုင်လည်း နားမလည်တော့ပေ။ ရုတ်တရက် သူမ နားရွက်များကိုသာ ဆွဲလိမ်လိုက်ချင်တော့သည်။

လုလီသည် သူမ၏ကိုယ်ပိုင် Chibi ဗားရှင်းကို ကြည့်လိုက်သည်။

ယခင်က ကြယ်ပွင့်နောက်လိုက်သူ တစ်ယောက်ဖြစ်ခဲ့ပြီး ယခုမူ ခင်ပွန်းဖြစ်သူအား အရူးအမူးစွဲလမ်းနေသူ တစ်ယောက်အဖြစ် တနေ့တွင် Fan များ၏ချစ်ခြင်းကို ခံရလိမ့်မည်ဟု မည်သည့်အခါကမှ မမှန်းဆခဲ့ဖူးပေ။ ထိုခံစားချက်က တကယ့်ကို အသစ်အဆန်းဖြစ်လို့နေသည်။

သူမ Webioကို ဆက်ပြီး ဆွဲကြည့်လိုက်သည်။ အလှအပဓာတ်ပုံအချို့မှလွဲ၍ Weibo တွင် ပို့စ်များစွာမရှိပဲ ပို့စ်တစ်ခုသည် အနက်ရောင်ဆန့်ကျင်ရေး (anti-black) မှ ဖြစ်နေသည်။

အကြောင်းရင်းမှာ သူမသည် ပလပ်စတစ်ဆာဂျရီလုပ်ထားခြင်းဖြစ်ကြောင်းနှင့် သူမ၏လုပ်ရပ်များမှာ အတုအယောင်ဖြစ်ကြောင်း ဖိုရမ်အတွင်းမှ လူတစ်ချို့က ပြောဆိုနေကြသည်။ ဤ Hot search နှင့် ပုံမှန်မဟုတ်သောအပြုအမူများသည် လုပ်ဇာတ်များသာဖြစ်ပြီး ယင်းလုပ်ရပ်၏နောက်ကွယ်တွင် ကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခုရှိသည်ဟု ဆိုကြသည်။

ထိုရှုပ်ထွေးသော ပူးပေါင်းကြံစည်မှု သီအိုရီတွေအကြောင်းရေးထားသည်ကို မြင်သောအခါ လုလီ ဆွံ့အသွားခဲ့သည်။

သူမအနေနဲ့ နာမည်ကြီးဖို့ လိုအပ်လို့လား? လိုအပ်တယ်ဆိုရင် ဘာအတွက်လဲ? ချမ်းသာတဲ့သူဌေးသမီးက အဆင်မပြေတာ ရှိလို့လား? ဒါမှမဟုတ် ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်က သူ့မှာ သုံးစရာပိုက်ဆံ အလုံအလောက်မရှိလို့လား?

ထိုအဖြစ်အပျက်သည် သူမ သတိမထားမိခင်အတွင်း နံဘေးရှိ ဘလော့ဂါတစ်ယောက်မှ သူမအား တိုက်ရိုက်ထုတ်လွှင့်မိခဲ့ခြင်းဖြစ်သည်။ သို့သော် သူမ အလွန်စာနာထောက်ထားပြီး ဒေါသမထွက်ခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် ထိုပို့စ်များ၊ကောလာ ဟလများနှင့် အန္တရာယ်ရှိသောမှတ်ချက်များကို သူမ Fan Clubမှ စီစစ်ပြီး ဖျက်ပစ်လိုက်ပြီဖြစ်သည်။

လုလီတွင် Fan club ရှိလာခြင်းသည် သူမအတွက် အထောက်အကူဖြစ်စေသည်ဟု ရုတ်တရက် ခံစားလိုက်ရပြီး Fan အင်အား ဒီထပ်ပိုများလာပါက 'မက်မွန်းသီးစုံတွဲ' အတွက် တရားဝင် ဘလော့ဂ်ဖွင့်ဖို့ ပင်စဉ်းစားလိုက်သည်။

ထို့နောက် သူမသည် ‘မက်မွန်သီးစုံတွဲ’ ၏စူပါချက်သို့ ပြောင်းဝင်လိုက်သည်။

မနေ့က သူမ၏ ဝန်ခံထားသောဗီဒီယို ပေါက်ကြားပြီးနောက် ချန့်ကျင်မှ ဥက္ကဋ္ဌနှင့် ဇနီးသည်တို့ ချစ်ချစ်ခင်ခင်ရှိနေကြသည်ဟူသော ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း 'မက်မွန်သီးစုံတွဲ" ၏ CP Fanအသစ်တွေ တိုးလာခြင်းရှိမရှိ သူမ မသိရသေးပေ။

သို့သော် သူမ သေချာပေါက်ပြောနိုင်သည်မှာ CP Fan အသစ်များ တိုးလာမည်ဆိုတာကိုပင်....

လုလီ ထိုအတွေးဖြင့် ပြုံးလိုက်မိသည်။

သို့သော် ရလဒ်အနေဖြင့်၊ သူမ နောက်ဆုံးအကြိမ်ဝင်ရောက်ခဲ့သည့်အချိန်ထက် Super Chat Fanအရေအတွက် 200 နီးပါးလျော့နည်းနေကြောင်းကို သူမတွေ့ရှိခဲ့သည်။

မြင်ကွင်းကြောင့် လုလီအပြုံးတို့ အေးခဲသွားပြီး စနစ်နှောင့် နှေးနေသလားဟု သူမ တွေးလိုက်မိသည်။ သူမ Refresh လုပ်ကြည့်လိုက်သော်ငြားလည်း အရေအတွက်က ထိုအတိုင်းပဲ ဖြစ်နေသည်။

သူ့မျက်နှာပေါ်ရှိ တောင့်တင်းနေသော အပြုံးတို့ပင်ပျောက်ကွယ်သွားသည်။

ဘာဖြစ်သွားတာလဲ???

သူမ၏ 'လုလီ' Super Chat သည် Fan အရေအတွက် 20,000 ခန့်တိုးလာသော်လည်း ‘မက်မွန်သီးစုံတွဲ’တွင်တော့ အမှန်တကယ်ပင် ပရိသတ်များကို ဆုံးရှုံးသွားခဲ့သည်။

Fan အရေအတွက် 200 ခန့် ကျဆင်းမှုသည် 'မက်မွန်သီးစုံတွဲ' အတွက် အဆိုးရွားဆုံး အခြေနေ ဖြစ်သွားစေသည်။

ဘာဖြစ်တာလဲ ?

'မက်မွန်သီးစုံတွဲ' တွင် Fan အင်အား ပိုများလာမည်ဟု သူမ သေချာပေါက် ကောက်ချက်ချထားခဲ့ခြင်းဖြစ်သည်။

All Chapters