← Chapters

🍭 Pro Husband Chaser (2)

Vol. 4 Ch. 59

🍭 Pro Husband Chaser (2)

Vol. 4 Ch. 59

🍭 Chapter 59

လုလီသည် Super Chat ကို လှန်လောကြည့်လိုက်ရာ မက်ဆေ့ချ်အနည်းငယ်သာ ဝင်နေသည်ကို မြင်လိုက်ရသည်။ သူမသည် ကံစမ်းမဲကို မက်လုံးပေးပြီး Fan အရေအတွက် တိုးမြှင့်နိုင်ခဲ့ပေမယ့် မနေ့ညမှစ၍ Fan အချို့ ထွက်ခွာသွားပြီး တစ်ကိုယ် တော် Fan များ ဖြစ်လာခဲ့သည်။

‘သစ်တော်သီးစုံတွဲ’ Fan မှ 'ရှောင်းလီလီ' Fan သို့။

၎င်းတို့သည် သူမ၏တစ်ဦးတည်းသော အမာခံ Fan များဖြစ် လာသည်ကိုမြင်သောအခါ နောက်ဆုံးတွင် လုလီ ပဟေဠိဖြစ်သွားသည်။

ဒါဆို ငါရဲ့ကြိုးစားအားထုတ်မှုနဲ့ ရထားတဲ့ CP Fan တွေကို ငါကိုယ်တိုင် တစ်ကိုယ်တော် Fanတွေ အဖြစ် ပြောင်းမိလိုက်တာလား ???

ဒီလို မဖြစ်ရဘူးလေ!

ငါ ဘာလုပ်မိသွားတာလဲ ?!

ထို့နောက် 'Pear-Flavored Little Fairy' ကို တည်ထောင်သူနှင့် ကိုင်တွယ်သူ တစ်ဖြစ်လဲ လုလီသည် အွန်လိုင်းပေါ်တွင်ပို့စ်သုံးခု ဆက်တိုက်တင်ခဲ့သည်။

[သစ်တော်သီးစုံတွဲကအရမ်းချိုတယ်လေ၊၊ မင်းတို့ ဘာလို့သူတို့ကိုမကြိုက်ရတာလဲ? သူတို့က ကမ္ဘာပေါ်က အတွဲတွေထဲမှာ အချိုဆုံးဇနီးမောင်နှံပဲ]

[လုလီမှာ ဘာလို့ Fan တွေ သွားစုနေတာလဲ?! သူ့ထက် ပိုကောင်းအောင် ကနိုင်တဲ့သူတွေမှ အများကြီးပဲ!]

[CP Fan တွေက ဘာလို့ တစ်ကိုယ်တော် Fan အဖြစ် အလွယ် တကူ ပြောင်းလဲနိုင်ရတာလဲ?! လုလီမှာ တစ်ကိုယ်တော်ပရိသတ်တွေ မလိုအပ်ဘူး!]

သူမသည် ထိုစာတိုများရေးကာ စိတ်ထဲရှိသည့်အတိုင်း တင်ချပစ်လိုက်သည်။ Super Chat ဖန်တီးသူနှင့် ကိုင်တွယ်သူအဖြစ် လုလီထုတ်ပြန်ပြီးနောက် တစ်စုံတစ်ယောက်မှ အမြန်တုံ့ပြန်လာသည်။

CP Fan များသည် တစ်ကိုယ်တော် Fan များအဖြစ်ပြောင်းလဲသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် လူတိုင်းသည် ၎င်းတို့၏ထင်မြင်ချက်ကို ဖွင့်ဟဝန်ခံလာကြသည်။

[နတ်သမီးလေးရေ၊ မင်း အရင်က အရသာရှိတာတွေပဲ ကြိုက်တာပါ၊ အခုမှ ဘာလို့ ဒီသစ်သီးစုံတွဲကို ချစ်နေရတာလဲ?]

[နတ်သမီးလေးရေ၊ တကယ့်ကို စိတ်မကောင်းပါဘူး။ ဒီလောက်အကြာကြီး စောင့်မျှော်ခဲ့ရပေမယ့်... ဒီနေ့မှာတော့ မင်းကို ဒီစကားပြောရမယ်! သူတို့အတွဲက စိတ်ဝင်စားဖို့ မကောင်းဘူး!]

[သဘောတူတယ်! ဒီတွဲဖက်မှုက တကယ့်ကို ပျင်းစရာကောင်းတယ်!]"

မှန်တယ်! နတ်သမီးလေး၊ မင်း လုလီကို ဒီလိုမျိုးပြောတာခွင့်မပြုဘူး! သူက ငါမြင်ဖူးသမျှထဲမှာ ချစ်စရာအကောင်းဆုံးနဲ့အလှဆုံး နာမည်ကြီးတစ်ယောက်ပဲ! သူက ဟန်မဆောင်ဘူး! ငါ သူ့ကို သိပ်ကြိုက်တယ်! သူ့အသံလေးက အခြားအသံတွေထက် ပိုချစ်စရာကောင်းတယ်! ငါသူ့ပရိသတ်အဖြစ် တိုက်ရိုက်ဝင်မယ်!]

[လုလီမှာ တစ်ကိုယ်တော် Fan တွေ မလိုအပ်ဘူးလို့ ဘယ်သူပြောလဲ? သူ့လောင်ကုန်းက မချစ်ပေမယ့် ငါတို့က သူ့ကို ချစ်ပြီး ကမ္ဘာပေါ်မှာအချိုဆုံး၊ အလှဆုံး ရှောင်လီလီကို ကာကွယ်စောင့်ရှောက်သွားမယ်!]

[ချီချန်းရန်းကလွဲရ င်လုလီလိုမျိုး ချစ်စရာကောင်းတဲ့ ဇနီးသည်လေးကို လူတိုင်းလိုချင်ကြတယ်!]

...

လူလီသည် ဤတုံ့ပြန်မှုများကို မြင်ရသောအခါ တုန်လှုပ်သွားခဲ့သည်။

သူမ အလျင်အမြန် ပြန်လည်ဖြေကြားခဲ့သည်။

[သူတို့ ဆက်ဆံရေးမကောင်းဘူးလို့ ဘယ်သူပြောတာလဲ? သစ်တော်သီးစုံတွဲရဲ့ ဆက်ဆံရေးက ကောင်းတယ်၊ သူတို့က ဒါကို မကြာခဏ ထုတ်မပြလို့သာ မသိရတာ ၊ရှန့်ကျင် Group ကလည်း မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့သေးတယ်လေ]

[ဒီလောက်ချစ်စရာကောင်းတဲ့ လုလီကို သူ့လောင်ကုန်းက မချစ်ပဲနေမလား?]

အောက်ရှိ ပရိသတ်များသည် '‘Pear-Flavored fairy'၏ စိတ်လှုပ်ရှားမှုကို သတိထားမိပုံရပြီး သူမအား နှစ်သိမ့်စကားများပြောကာ 'သစ်တော်သီးစုံတွဲ'အား ထောက်ခံခြင်းမှ စောစီးစွာ ရပ်တန့်နိုင်မည်ဟု မျှော်လင့်ကြသည်။ ဒီလို CP တွဲမျိုးဟာ အနာဂတ် မရှိနိုင်ဟု ၎င်းတို့ တထစ်ချယုံကြည်နေကြသည်။

[ရှန့်ကျင် Group ရဲ့ ကြေညာချက်က တရားဝင်ပဲ။ သူတို့ရဲ့ ဥက္ကဋ္ဌနဲ့ ဇနီးက အချိန်ကြာမြင့်စွာ ကွဲနေတာ ကြာနေပြီလို့ ပြောဖို့ မဖြစ်နိုင်ဘူးလေ]

[CP ရဲ့ အဓိကအချက်က သူတို့ရဲ့ မပြတ်သားတဲ့ အပြန်အလှန်ဆက်ဆံမှုကို ကြည့်ရတာလေ! လုလီက Weibo မှာ သူ့ အ ကြောင်းချည်းပဲ တင်နေတာ၊ အဲဒါ ဘယ်လိုချိုမြိန်တဲ့သကြား လုံးဖြစ်မှာလဲ ?]

[မှန်တယ်၊ လုလီ တစ်ယောက်တည်းက ချစ်ကြောင်းဝန်ခံခဲ့တာ ချိုမြိန်တယ်လို့ ဆိုနိုင်ပေမယ့်... CP ဆိုတာ လူနှစ်ဦးအပြန်အ လှန်ဆက်သွယ်မှ စိတ်ဝင်စားဖို့ကောင်းတာ]

[နတ်သမီးလေး၊ ငါ့အထင် ပြောရရင် ချီချန်းရန်က ရှောင်လီလီကို တကယ်မချစ်ဘူးလို့ထင်တယ်။ သူတို့ကြားမှာ နည်းနည်းပါးပါး တက်ကြွတဲ့ အရိပ်အယောင်လေးတောင် မရှိဘူး၊ အရမ်းပျင်းဖို့ကောင်းတယ်]

[+1]

[ရှောင်လီလီက တကယ့်ကို နှိမ့်ချနေတာပဲ၊ သူ့ကို ကြည့်ပြီး စိတ်မကောင်းလိုက်တာ]

[လုလီ အရင်နဲ့မတူတာတော့ သတိထားမိတယ်၊ သူတို့က အရင်က အတုအယောင်စုံတွဲတွေဖြစ်နေပြီး ဘာလို့အခုမှ ရုတ် တရက်ကြီး ပြောင်းလဲသွားတာလဲ?]

…

မနေ့ကအထိ ထိုစကားများကို သူမအား ပြောခဲ့ရင်တောင် သူမ လုံးဝယုံကြည်မှာမဟုတ်ပေ။

နှစ်ယောက်စလုံးသည် တစ်ယောက်ကိုတစ်ယောက် အပြန်အ လှန်ချစ်ကြပြီး ချစ်စရာအကောင်းဆုံး ဇနီးမောင်နှံအတွဲအဖြစ် ယူဆထားသည်။

ချီချန်းရန်သည် သူမအား မည်မျှချစ်ကြောင်း ထုတ်မပြောခဲ့သည်မှာ ရှက်တက်သောကြောင့်ဟု သူမ ထင်ခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် လုလီ ထိုမှတ်ချက်များကို ကြည့်ပြီး ရုတ်တရက် သံသယဝင်လာခဲ့သည်။

သူမ ပို့လိုက်သော အချိုများမှာ လုံးဝမချိုမြိန်တော့မှန်း သူမသိလိုက်ရသည်။

သူ့ ခင်ပွန်းဖြစ်သူအား "ချစ်လား?" ဟု မေးသည့်အခါတိုင်း တုံ့ဆိုင်းနေသည့်အမူအရာနှင့် ကလေးမလိုချင်သည့် ဆုံးဖြတ် ချက်များကို သူ မေ့ထားလို့မရနိုင်ပေ။

ပထမအကြိမ်အဖြစ် သူမ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မိမိအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခြင်းနှင့် ချစ်ခြင်းတို့မှာ အဓိပ္ပါယ်မတူညီကြမှန်း သူမ နားလည်သဘော ပေါက်သွားသောကြောင့် ဖြစ်သည်။

All Chapters