← Chapters

လောထျန်း ပေးသည့် ကြီးမားသော အခွင့်ကောင်း

Vol. 34 Ch. 463

လောထျန်း ပေးသည့် ကြီးမားသော အခွင့်ကောင်း

Vol. 34 Ch. 463

ပျောင်ပိုင်မြို့၌...

လောထျန်း ပြန်ရောက်လာပြီးနောက်..  သိဒ္ဓိဝင်ဆေးပင်အား သူ့ခြံဝင်း အနောက်ဘက်တွင်ပင် စိုက်ထားလိုက်၏။

ထို့နောက် လီလေးကိုလည်း ကျင့်ကြံရန် နေရာတစ်ခု စီစဉ်ပေးလိုက်သည်။

" သခင်လေး လောထျန်း ၊ ကျုပ် အရင်ဆုံး တစ်ယောက်တည်း ကျင့်ကြံပြီး ကျောက်တုံးက သွေးအစွမ်းကို သန့်စင်လိုက်ဦးမယ်ဗျာ။ ကျုပ် အဲ့အစွမ်းကို ကောင်းကောင်းကြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်သွားရင်တော့ လက်တုန့်ပြန်လို့ ရမယ်ထင်တယ်။ ဒီကြားထဲမှာ တစ်ခုခု လိုအပ်ရင် ကျုပ်ကိုသာ သတင်းပို့လိုက်ပါ "

နတ်ဆိုးဧကရာဇ်လီ က ထိုသို့ ပြောပြီးနောက် တစ်ကိုယ်တည်း ကျင့်ကြံရန် ထွက်သွား၏။

သူ အလွန် အစွမ်းထက်ချင်လွန်းလှနေလေပြီ..

လောထျန်းမှာလည်း လီလေးကိစ္စများကို စီစဉ်ပြီးသွားသည်နှင့် မျောက်အား ဆုမီတောင်သို့ ပို့၍ အခြား နတ်ဆိုးဘုရင်များနှင့်အတူ ကျင့်ကြံရန် မှာလိုက်၏။ ပြီးနောက်တွင်မူ...  သူ မြို့ရိုးပေါ်တက်၍ တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေလိုက်သည်။

" သခင်လေး ဘာတွေ ဖြစ်နေတာလဲ "

ထိုစဉ် ပန်းလင်က သူ့ဘေးရောက်လာပြီး စိုးရိမ်ဟန်ဖြင့် မေးသည်။

လောထျန်း သက်ပြင်းချ၍ ပြန်ဖြေလိုက်၏။

" ကျုပ် စိတ်ပူနေတာ တစ်ခု ရှိလို့ "

" စိတ်ပူတယ်...  ဟုတ်လား  .  "

လောထျန်းဆီမှ မကြားစဖူးစကားကို ကြားလိုက်ရသည့်အတွက် ပန်းလင် အံ့အားသင့်သွားရသည်။

လောထျန်းက ခေါင်းညိတ်၍ စကားဆက်၏။

" ဟုတ်တယ်ဗျ။ ယွီရှဂိုဏ်းရဲ့ အခြေအနေကို တွေ့ပြီးတဲ့နောက်ပိုင်း ကျုပ်တို့ ပျောင်ပိုင်မြို့လဲ တစ်ချိန် အဲ့

လိုဖြစ်သွားမှာကို ကျုပ် စိုးရိမ်နေတာ "

ပန်းလင် စကားမဆိုနိုင်ဘဲ ခေတ္တမျှ တိတ်သွားသည်။

လောထျန်းက ပန်းလင်အား လက်နောက်ပစ် ကြည့်ရင်း စကားဆက်၏။

" ပျောင်ပိုင်မြို့က အစွမ်းနိမ့်လွန်းနေသေးတယ်ဗျ။ အခုလက်ရှိ အချိန်ထိ မသေမျိုးအဆင့်ရဲ့ အထက်မှာ ရှိကြတဲ့ တိုက်ခိုက်ရေး အင်အားစုဆိုလို့ ကျုပ်ကလွဲရင်...  ရှောက်ထျန်းလုံရယ် ၊ လီလေးရယ်...  နောက် အများဆုံးမှ မိစ္ဆာဝိဉာဉ်တွေ တစ်ရာလောက်ရယ်ပဲ ရှိတာ "

ထိုနေရာ၌ သူနှင့် ပန်းလင် နှစ်ယောက်တည်းသာ ရှိနေခြင်းက ကံကောင်းသည်ဟု ပြောရပေမည်။

သို့မဟုတ်ဘဲ သူ့စကားကိုသာ အပြင်လူများ ကြားသွားခဲ့ပါက သူ့အား ခရမ်းချဉ်သီးများဖြင့် ကောက်ပေါက်ကြမည် မလွဲပေ။

" အစွမ်းနိမ့်လွန်းနေသေးတယ်....  "

လောထျန်း ထပ်ပြောလိုက်သည်။

" ဒါဆို သခင်လေးက ဘာလုပ်ချင်လို့လဲ "

ပန်းလင် မေးလိုက်၏။

လောထျန်းက ခါးကို မတ်မတ်ရပ်ရင်း ပြန်ပြောသည်။

" ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခု ရောက်မလာခင်မှာ ထိပ်တန်းအဆင့် အစွမ်းထက် တိုက်ခိုက်ရေးအင်အားစုတွေ ဖြည့်တင်းပြီးတော့ အင်အား ပိုကောင်းလာအောင် လုပ်ထားရမယ်ဗျ။ ဒီနေ့ပဲ လုပ်လိုက်ကြရအောင်ဗျာ "

လောထျန်းက ပြောပြောဆိုဆိုပင် ကောင်းကင်ဘုံနဂါးသွေးများအား ထုတ်လိုက်သည်။

" မိသားစုဝင်တွေကို လူစုကြဖို့ သတင်းပို့လိုက်ပါဦးဗျာ။ ပြီးတော့ ပျောင်ပိုင်မြို့ထဲက ထူးချွန်တဲ့ ကျင့်ကြံသူတွေရယ် ၊ ဒီကြားထဲမှာ ပျောင်ပိုင်မြို့ကောင်းဖို့အတွက် အများကြီး လုပ်ပေးထားတဲ့ သူတွေရယ်ကိုရော လူစုလိုက်ဗျာ "

လောထျန်း ပြောလိုက်၏။

ဤသို့ဖြင့် မကြာမီ အချိန်မှာပင် လောထျန်းရှေ့သို့ ထောင်နှင့်ချီသော လူအုပ်ကြီး ရောက်လာကြသည်။

" အကိုထျန်း ၊ ဒီတစ်ခေါက် ဘယ်သူ့အိမ်ကို သွားဓားပြတိုက် အဲလေ ဖျက်ဆီးရမလဲဗျ "

လူအုပ်ရှေ့တွင် ရပ်နေသော လောရုံက မေး၏။

ကျန်လူများကလည်း လောထျန်းအား စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ အများစုမှာ လက်ထဲ၌ပင် ဟင်းလင်းပြင်လက်စွပ်တို့ ပြည့်နေသော အိတ်များ ကိုယ်စီ ကြိုသယ်လာကြသေးပါ၏။

လောထျန်းမှာ ၎င်းကို ကြည့်ရင်း အနည်းငယ် အိုးတို့အမ်းတမ်း ဖြစ်သွားကာ ချောင်းဟန့်လိုက်ပြီးမှ ပြောသည်။

" ဒီတစ်ခေါက်က အင်အားသုံးပြီး ဖျက်ဆီးဖို့ မဟုတ်ပဲနဲ့...  မင်းတို့ကို အစွမ်းပိုတိုးလာအောင် လုပ်ပေးမလို့ "

" အစွမ်းတိုးအောင် လုပ်ပေးမှာ....  အချိန်နဲ့နေရာ ဗိမ္မာန်ကို ထပ်ဖွင့်မလို့လား သခင်လေး "

တစ်ယောက်က အရောင်လက်နေသော မျက်လုံးများဖြင့် မေးလာ၏။

လောထျန်း သက်ပြင်းချကာ ပြန်ဖြေသည်။

" အခု ပျောင်ပိုင်မြို့ရဲ့ စိတ်စွမ်းအင်သွေးကြောက အရင်လို ပြန်မကောင်းသေးတော့ အချိန်နဲ့နေရာ ဗိမ္မာန်ကို ဖွင့်လို့ မရသေးဘူးကွ။ ဒီတစ်ခေါက်က မင်းတို့ရဲ့ သွေးအစွမ်းနဲ့ ခန္ဓာကိုယ်ကိုပဲ တိုးတက်အောင် လုပ်ပေးမလို့ "

သူ ပြောပြောဆိုဆိုပင် ကောင်းကင်ဘုံနဂါးသွေးများအား ပြလိုက်သည်။

ဝုန်း..

ကောင်းကင်ဘုံနဂါးသွေး ပေါ်လာသည်နှင့် အစွမ်းထက်သော အားတစ်ခုလည်း ရုတ်ချည်း လွင့်ပျံလာ၏။

" ဒါ.... "

အားလုံးမှာ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း အံ့သြတုန်လှုပ်ကုန်ကြသည်။

လောထျန်းက စကားဆက်၏။

" အခု မင်းတို့ မြင်နေရတဲ့ဟာက ကောင်းကင်ဘုံနဂါးတစ်ကောင်ရဲ့ သွေးပဲ။ ဒီသွေးစက် တစ်စက်ရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလေးနဲ့တောင် နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်ကို မွေးထုတ်ပေးနိုင်တယ် "

" ခဏနေကျရင် ငါက လျှို့ဝှက်နည်းတစ်ခုနဲ့ ဒီကောင်းကင်ဘုံနဂါးသွေးကို သုံးပြီးတော့ မင်းတို့ကိုယ်ထဲက သွေးအစွမ်းနဲ့ အသက်အစွမ်းကို သန့်စင်ပေးမှာ။ ကောင်းကင်ဘုံနဂါးသွေးကို ဘယ်လောက်ပမာဏအထိ စုပ်ယူနိုင်မလဲ ဆိုတာကတော့ မင်းတို့အပေါ်မှာပဲ လုံးဝ မူတည်တယ် "

ထိုစကားကို ကြားသည်နှင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။

" ကောင်းကင်ဘုံနဂါးရဲ့ သွေးတဲ့... ဒါ တကယ်ကြီး ကောင်းကင်ဘုံနဂါးရဲ့ သွေးလား.. "

" မယုံနိုင်စရာကြီးကွာ.... ဒီတိုင်း ရိုးရိုးနဂါးတစ်ကောင်ရဲ့ သွေးကတောင် အဖိုးတန် ရတနာတစ်ခု ဖြစ်နေပြီ ။ ကောင်းကင်ဘုံနဂါးရဲ့ သွေးသာ ဆိုလို့

ကတော့... "

" ငါ ဒီတလော ကျင့်ကြံနေတဲ့ ခန္ဓာကိုယ် ကျင့်စဥ်မှာ အဆင့်မတက်နိုင်ပဲ ကျဥ်းထဲကျပ်ထဲ ရောက်နေတာကွ။ ဒီ ကောင်းကင်ဘုံနဂါးသွေးနဲ့သာဆို သေချာပေါက် အဆင့်တက်သွားမှာပဲ "

အားလုံး အလွန်စိတ်လှုပ်ရှားသွားကြတော့သည်။

၎င်းမှာ သူတို့အတွက် အလွန်ထူးခြားကောင်းမွန်လှသော အခွင့်ရေးကြီး တစ်ခုပါပင်...

" ကဲ... အားလုံး အသင့်ပြင်ကြဟေ့.. အလုပ်စလိုက်ကြရအောင် "

လောထျန်းက ပြောပြောဆိုဆိုပင် ကောင်းကင်ဘုံ နဂါးသွေး တစ်စက်ကို ထုတ်ပြီး သားရဲတစ်ရာ ပညာရပ်အား စတင်အသုံးပြုလိုက်သည်။

ဝုန်း...

ချက်ချင်းမှာပင် သူ့လက်ထဲမှ ကောင်းကင်ဘုံနဂါး

သွေးက သွေးမှုန်များအဖြစ် ပြောင်းသွားကာ.. ကောင်းကင်ဘုံနဂါး သွေးအစွမ်း ပါဝင်သည့် ထွင်းစာများလည်း နေရာအနှံ့ ထွက်ပေါ်လာသည်။ ထိုအစွမ်းက အားလုံးအပေါ်သို့ လွှမ်းခြုံလာ၏။

" အား.... "

ထိုအစွမ်း ပေါ်လာသည်နှင့် အော်သံတစ်သံ ရုတ်တရက် ထွက်လာသည်။

မရှေးမနှောင်းမှာပင်... အခြား အော်သံများ တစ်သံပြီးတစ်သံ ထပ်ထွက်လာသည်။

လောထျန်း ၎င်းကို ကြည့်ကာ မျက်မှောင်ကြုံ့သွား၏။

" အားလုံး.... ခုလိုလုပ်တာက မင်းတို့တွေအတွက် နာကျင်ရတယ် ဆိုပေမယ့် ရလာမယ့် အကျိုးဆက်က ကြီးတယ်ကွ။ ဒါ့ကြောင့်မို့ အကောင်းဆုံး ကြိုးစားသည်းခံပြီးတော့သာ သွေးကို စုပ်ယူကြပါ။ ဘယ်လောက်ကောင်းကောင်း စုပ်ယူနိုင်လဲဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်တာနော် "

ထိုစကားကို ကြားမှသာ အော်သံများ တိတ်သွားပြီး..

အားလုံးက အံကြိတ်သည်းခံ၍ သွေးအစွမ်းအား စုပ်ယူလိုက်ကြသည်။

ဝုန်း...

ဤသို့ဖြင့် မကြာမီမှာပင် လူငယ်တစ်ယောက်ဆီမှ အစိမ်းရောင် အလင်းလုံးတစ်ခု တိုးထွက်လာခဲ့ပါ၏။

" ငါ့ခန္ဓာကိုယ်အစွမ်းက.... တကယ်ကြီး အဆင့်တက်သွားခဲ့တာပဲ။ တကယ်ကြီး အလုပ်ဖြစ်သွားပြီ "

ထိုလူငယ်က တအံ့တသြ ပြောသည်။

သူသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းကို ကျင့်ကြံလာသည်မှာ အချိန်ကြာလာသည်နှင့်အမျှ တိုးတက်မှုနှုန်းကလည်း ပိုပို၍ နှေးလာခဲ့ပါ၏။

သူ ယခင် တွက်ချက်ထားသည့် အတိုင်းဆိုလျှင် အနည်းဆုံး သုံးနှစ်ကြာပြီးမှသာ သူ့ခန္ဓာကိုယ်အစွမ်းက နောက်တစ်ဆင့်သို့ တက်နိုင်ချေ ရှိမည် ဖြစ်ပါသည်။

သို့သော်... ယခု မျှော်လင့်မထားစွာပင် ကောင်းကင်ဘုံနဂါးသွေးအစွမ်းအား အနည်းငယ်မျှ စုပ်ယူလိုက်သည်နှင့် သူ့ခန္ဓာကိုယ်အစွမ်းက အဆင့်တက်သွားခဲ့လေပြီ ။

သူ အလွန် ဝမ်းသာပျော်ရွှင်သွားတော့သည်။

ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲမှ နာကျဥ်မှုကို အံကြိတ်တောင့်ခံပြီး သွေးအစွမ်းအား ဆက်စုပ်ယူလိုက်၏။

အားလုံးမှာလည်း လူငယ် အဆင့်တက်သွားသည်ကို ကြည့်ကာ ဝမ်းသာပျော်ရွှင်သွားကြပြီး....

လွန်ခဲ့သော စက္ကန့်ပိုင်းလေး၌ ငိုယိုငြီးတွားနေခဲ့ကြသူများပင်လျှင် အသံတိတ်၍ ကြိုးစားတောင့်ခံကာ သွေးအစွမ်းအား စုပ်ယူလိုက်ကြတော့သည်။

ဝီ... ဝီ.... ဝီ...

ဤသို့ဖြင့် တခဏအတွင်းမှာပင် ခန္ဓာကိုယ်အစွမ်း အဆင့်တက်သွားသော လက္ခဏာဖြစ်သည့် စိတ်စွမ်းအင် အလင်းတန်းများ နေရာစုံမှ ပေါ်လာပါတော့သည်။

လောထျန်း လက်ထဲမှ ကောင်းကင်ဘုံနဂါးသွေး တစ်စက်လုံး ကုန်သွားချိန်တွင်မူ... ထိုနေရာ၌ ရှိနေသူအားလုံး ခန္ဓာကိုယ်အစွမ်း နောက်တစ်ဆင့် တက်သွားခဲ့ကြလေပြီ။

" ကဲ... ဒါဆို ဒုတိယမြောက်သွေးစက် ဆက်သုံးမယ် "

လောထျန်းသည်လည်း အားလုံး၏ အ​ခြေ အနေကို ကြည့်ကာ ကျေနပ်အားရသွားပါ၏။ ထို့ကြောင့် သူ သွေးစက် နောက်တစ်စက် ထပ်ထုတ်ကာ အားလုံး၏ အစွမ်းကို ပိုတိုးလာအောင် လုပ်လိုက်သည်။

ဤတစ်ကြိမ်တွင်ကား အားလုံး၏ အဆင့်တက်သည့်နှုန်းက သိသိသာသာပင် နှေးသွားခဲ့ပြီး..

ဒုတိယမြောက်သွေးစက် ကုန်သွားချိန်၌ သာမာန်လူများကသာ နောက်တစ်ဆင့် တက်နိုင်ခဲ့ကြသည်။

" အဲ့လောက်နဲ့ မလုံလောက်သေးဘူး "

လောထျန်း မျက်မှောင်ကြုံ့သွားကာ သွေးစက် နောက်

တစ်စက် ထပ်ထုတ်လိုက်သည်။

" အား.... "

တတိမြောက်သွေးစက်အား သုံးပြီ မကြာခင်မှာပင်... လူငယ်တစ်ယောက်ဆီမှ အော်သံတစ်သံ ရုတ်တရက် ထွက်လာ၏။ သူ့ကိုယ်ထဲမှ မြောက်များစွာသော သွေးကြောများလည်း ပေါက်ကွဲထွက်သွားကာ.. သူ့တစ်ကိုယ်လုံး သွေးချင်းချင်း နီသွားတေ့သည်။

လောထျန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုံ့သွားရ၏။

" ကိုယ်စုပ်ယူနိုင်တဲ့ အကန့်အသတ်ကို ရောက်သွားပြီဆိုရင် အတင်းကြီး အားသုံးပြီး ထပ်မစုပ်ယူနဲ့တော့နော်။ လူသားတွေမှာက အစွမ်းကန့်သက်ချက်ဆိုတာ ရှိတယ်။ အဲ့တော့ ဘယ်အချိန်မှာ နောက်ဆုတ်ရမယ် ဆိုတာကို သိတာကလဲ စွမ်းရည်တစ်ခုပဲ "

သူ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လူငယ်၏ မျက်နှာတွင် ရှက်ရွံ့နေသော အရိပ်အယောင် ပေါ်လာ၏။

" ဟုတ်ကဲ့ပါ သခင်လေး... "

လူငယ် ဒယီးဒယိုင်ဖြင့် လူအုပ်ထဲမှ ထွက်သွားတော့သည်။

လူငယ်၏ မိသားစုဝင်များကလည်း လူအုပ်၏ အပြင်ဘက်တွင် အသင့်စောင့်ကြိုနေကြပါ၏။

" လုလေး.. အဆင်ပြေရဲ့လား "

လူငယ်၏ မိခင်က စိုးရိမ်တကြီး မေးရှာသည်။

" ကျုပ် တောင်းပန်ပါတယ် အမေရယ်... ကျုပ်က အသုံးကို မကျပါဘူးဗျာ။ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ကျုပ်ရဲ့ ခန္ဓာကိုယ်အစွမ်းက... အလွန်ဆုံးမှ ကျင့်ကြံခြင်းအဆင့်တူတဲ့ နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်လောက်ပဲ ရှိသေးတယ် "

လူငယ်မှာ မျက်ရည်ကျတော့မလိုပါပင်။

လူငယ်၏ မိဘများမှာ စစချင်းတွင် သူတို့သားကို အားပေးစကားအချို့ ပြောရန် ပြင်ထားကြသော်လည်း...

ထိုစကားကို ကြားပြီးနောက် နေရာတွင် ကြက်သေ သေသွားကြပါ၏။

ကျင့်ကြံခြင်း အဆင့်တူသည့် နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်နှင့်... အစွမ်း တူတူပဲ တဲ့လား...

၎င်းမှာ လူစကားပင် ဟုတ်ပါသေးရဲ့လား...

ပုံမှန်ဆိုလျှင် လူသားတို့၏ ခန္ဓာကိုယ်အစွမ်းနှင့် သားရဲတို့၏ ခန္ဓာကိုယ်အစွမ်းမှာ လုံးဝ မတူပါချေ။

လူသားတစ်ယောက်က သူ့ခန္ဓာကိုယ်အစွမ်းအား အဆင့်တူ သားရဲတစ်ကောင်လောက် အစွမ်းထက်အောင် ကျင့်ကြံနိုင်လျှင်ပင် အလွန်ကြောက်စရာကောင်းနေပြီဟု ပြော၍ ရပါ၏။

ယခု ဤကောင်လေးက နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်၏ ခန္ဓာကိုယ်အစွမ်းလောက် ကျင့်ကြံနိုင်ခဲ့သည်ကို ယူကြုံးမရ ဝမ်းနည်းနေသတဲ့လား...

ထိုတခဏ၌ သူ့မိဘနှစ်ပါးမှာ တစ်ယောက်​ယောက် အား ထိုးကြိတ်ရိုက်နှက်ပစ်ချင်စိတ်ပင် ပေါက်သွားရတော့သည်။

All Chapters