← Chapters

ဘိုးဘေး သွေးအစွမ်း နှိုးထလာခြင်း

Vol. 34 Ch. 464

ဘိုးဘေး သွေးအစွမ်း နှိုးထလာခြင်း

Vol. 34 Ch. 464

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ လောထျန်းလက်ထဲမှ ကောင်းကင်ဘုံနဂါးသွေး တတိယမြောက်သွေးစက်မှာလည်း ကုန်သွားခဲ့ပါသည်။

ဤတစ်ကြိမ်တွင်မူ လူဆယ်ယောက်၌ တစ်ယောက်က သူတိ့၏ ကန့်သတ်ချက် ပမာဏသို့ ရောက်သွားခဲ့ကြပြီး သွေးအစွမ်းကို ဆက်မစုပ်ယူနိုင်ဘဲ ထွက်သွားခဲ့ကြပါ၏။

သို့တိုင်.. ထိုသူများ၏ ခန္ဓာကိုယ်အစွမ်းက များစွာပင် တိုးတက်သွားခဲ့ပါ၏။

သူတို့၏ ခန္ဓာကိုယ် တိုးတက်မှု တစ်ခုတည်းသည်ပင် နှစ်တစ်ရာစာ ခက်ခက်ခဲခဲ ကြိုးစားကျင့်ကြံရသည်နှင့် ညီမျှသည်ဟု ပြော၍ ရပါသည်။

သွေးအစွမ်း တိုးတက်မှုကိုပါ ထပ်ပေါင်းလိုက်လျှင်ကား ဆိုဖွယ်ရာ မရှိတော့ပေ။

ပုံမှန်ဆိုလျှင် ကိုယ်ထဲမှ သွေးအစွမ်းက ကျင့်ကြံရုံဖြင့် မတိုးတက်နိုင်ဘူး မဟုတ်ပါလား..

သွေးအစွမ်း တိုးတက်ရန် ဆိုပါက ထိပ်တန်းအဆင့် သဘာဝရတနာများ လိုအပ်သလို အခြားသော အခွင့်ကောင်းများလည်း များစွာပင် လိုပါသည်။

ဤသို့ဖြင့် စတုတ္ထမြောက် သွေးစက် ကုန်သွားသည့် အချိန်တွင်မူ ယခင် ရှိနေခဲ့သော လူအုပ်၏ တစ်ဝက်ခန့်သာ ကျန်ခဲ့ပါတော့၏။

ထိုသူများ၏ ခန္ဓာကိုယ်အစွမ်းမှာကား... လူသားအဖြစ် အသွင်ပြောင်းနိုင်သည့် သားရဲများနှင့်ပင် တူနေခဲ့လေပြီ။

ထိုလူအုပ်ထဲတွင် မှော်သားရဲများ ဖြစ်ကြသော နျိုထျဲ့ချူတို့ အုပ်စုလည်း အပါအဝင်ပင်။

ထို့နောက် ငါးစက်မြောက် သွေးကို သုံးပြီးသွားချိန်တွင်ကား ယခင်လူအုပ်၏ ဆယ်ပုံတစ်ပုံစာခန့်သာ ကျန်ရှိတော့၏။

ခြောက်စက်မြောက် သွေးစက် ကုန်သွားပြီးချိန်တွင်မူ လူ အယောက်နှစ်ဆယ်သာ ကျန်ခဲ့တော့သည်။

" မဆိုးဘူးပဲ "

လောထျန်းက ကျန်နေသေးသော လူများကို ကြည့်ရင်း ခေါင်းအသာညိတ်လိုက်သည်။

ယခုအဆင့်အထိ တောင့်ခံနိုင်ကြသော သူများမှာ ထိပ်တန်းအဆင့် ပါရမီရှင်များဟု ပြော၍ ရပါ၏။

" ကဲ... ၇ စက်မြောက် သွေးစက်ကို ထပ်သုံးမယ် "

လောထျန်းက ပြောပြောဆိုဆိုပင် ကောင်းကင်ဘုံနဂါးသွေးတစ်စက် ထပ်ထုတ်လိုက်သည်။

ဝုန်း...

နဂါးသွေးက တစ်စက်တည်း ဆိုသည့်တိုင် ကျန်နေခဲ့သည့် လူများမှာ အနည်းစု ဖြစ်သဖြင့် သူတို့စုပ်ယူရသော သွေးအစွမ်း ပမာဏက ယခင်ထက် များစွာ ပိုများပါ၏ ။

ထို့ကြောင့် ဤတစ်ကြိမ် အားလုံး၏ တိုးတက်မှုနှုန်း

က များစွာပင် တိုးသွားခဲ့သည်။

နောက်ဆုံး.. ၇ စက်မြောက် နဂါးသွေး ကုန်ခါနီး အချိန်မူ ကျန်နေခဲ့သော လူများထဲမှ ဆယ့်နှစ်ယောက်က သွေးအစွမ်းကို ဆက်မစုပ်ယူနိုင်တော့ဘဲ နောက်ဆုတ်လိုက်ကြရ၏။

လူ ကိုးယောက်သာ ကျန်ပေတော့သည် ။

" ကဲ.. ရှစ်ခုမြောက်.. "

လောထျန်းက စကားများစွာ ပြောမနေဘဲ ၈ စက်မြောက် နဂါးသွေးကို ထုတ်လိုက်သည်။

ဝုန်း...

၈ စက်မြောက် နဂါးသွေးအား သန့်စင်နေချိန်မှာပင် ကျန်ရှိနေသော သူများ၏ ကိုယ်ထဲမှ သွေးက စတင်အသွင်ပြောင်းလာကြတော့၏။

ပထမဆုံး သူများမှာ ဘုရင်ကျင်းဖန်နှင့် နျိုဝူဖုန်းတို့ ဖြစ်ပြီး... သူတို့ကိုယ်ထဲမှ သွေးများ ဆူပွက်လုနီးပါးပင် ဖြစ်နေပါ၏။

ရွှေရောင် အရောင်အဝါတစ်ခုကလည်း သူတို့ကိုယ်အား လွှမ်းခြုံထားပြီး သူတို့၏ အနောက်ဘက်တွင်လည်း ကြောက်မက်ဖွယ် ဧရာမ အရိပ်ကြီးများ စတင်စုစည်းလာကြသည်။

" ဒါ.... နတ်ဘုရားအဆင့် သားရဲ သွေးအစွမ်း နိုးထလာတာလား "

" ဒါ ရိုးရိုး နတ်ဘုရားသားရဲ သွေးအစွမ်းတောင် မဟုတ်ဘူး.... ဘိုးဘေးသွေးအစွမ်း နှိုးထလာတာကွ "

အသိပညာ ကြွယ်ဝသူတစ်ဦးက တစ်ချက်ကြည့်ရုံဖြင့် အခြေအနေကို နးလည်သွားပြီး ဆိုသည်။

" ဘိုးဘေးသွေးအစွမ်း နိုးထတယ်ဆိုတာ ဘယ်လို အဓိပ္ပါယ်လဲဗျ "

ကျန်လူများ နားမလည်နိုင် ဖြစ်သွားကြ၏။

" ငါလဲ ဒီကိစ္စကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာ။ စာအုပ်ထဲမှာ ပြောထားတာတော့ နတ်ဘုရားသားရဲတွေရဲ့ သွေးအစွမ်းက မျိုးဆက်တွေ ဆက်ပြီး မွေးတာနဲ့အမျှ ပိုပိုပြီး အစွမ်းနိမ့်သွားကြတယ်တဲ့။ တချို့ ထူးခြားတဲ့ အခြေအနေမျိုးမှသာ သွေးအစွမ်းက ပြောင်းပြန်ဖြစ်ပြီး အရင် ဘိုးဘေးတွေရဲ့သွေးအစွမ်းကို ပြန်ရပြီးတော့ ပိုအစွမ်းထက်လာကြတာ လို့ ပြောတယ် "

" နတ်ဘုရားသားရဲ တစ်ကောင်ရဲ့ သွေးအစွမ်းက ဘိုးဘေးအဆင့်ကို ရောက်သွားရင် ထူးခြားတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပြီးတော့ ဘိုးဘေးသွေးအစွမ်း နိုးထလာတယ်တဲ့။ အဲ့အခါကျရင် အဲ့ နတ်ဘုရားသားရဲရဲ့ သွေးအစွမ်းနဲ့ ခန္ဓာကိုယ် တိုးတက်သွားရုံတင် မကဘူး ၊ သူ့သွေးထဲက အစွမ်းကို လှုပ်နိုးပြီးတော့ နတ်ဘုရားသားရဲ အမွေအနှစ်ကိုပါ ရနိင်တယ် တဲ့ကွ "

" ဒါဆို... သခင်ကြီး ကျင်းဖန် နဲ့ သခင်ကြီး နျိုဝူဖုန်းတို့က ပိုပြီး အစွမ်းထက်လာကြတယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့ "

" ဒါပေါ့ကွ ... ဒီတိုင်း ရိုးရိုးလေး ပိုအစွမ်းထက်လာတာတောင် မဟုတ်ဘူးနော် ။ ဘိုးဘေး သွေးအစွမ်းကို လှုပ်နှိုးနိုင်ရင် ရှေးဟောင်းမှော်သားရဲတွေရဲ့ အမွေအနှစ်ကိုပါ ရမှာဆိုတော့... သူတို့ရဲ့ အစွမ်းက အရမ်းကြောက်စရာ ကောင်းသွားတော့မှာ "

ထိုစကားကို ကြားသောအခါ လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။

ဝုန်း...

ထိုစဥ် ဘုရင်ကျင်းဖန်နှင့် နျိုဝူဖုန်းတို့ ကိုယ်ထဲမှ သွေးများမှာ ဆူပွက်နေကြပြီး သူတို့၏ ခန္ဓာကိုယ်ကလည်း စတင်ပြောင်းလဲလာ၏။

" နဂါးအသွင် ပြောင်းခြင်းပဲဟေ့... နဂါးအသွင်ပြောင်းခြင်းကွ.. "

" သူတို့ ကိုယ်ထဲက သွေးအစွမ်းက ကောင်းကင်ဘုံနဂါးသွေးနဲ့ ပေါင်းစပ်သွားတာလား "

" ဒီလို နဂါးအဆင့် ခန္ဓာကိုယ်မျိုးက ထိပ်တန်းအဆင့် ထူးခြားတဲ့ ခန္ဓာကိုယ် အမျိုးအစားတွေထဲမှာ ပါတယ် မဟုတ်လား။ အဲ့ဒါကိုသာ အသက်သွင်းလိက်ရင် တိုက်ခိုက်စွမ်းရည်က ဆယ်ဆ.. မဟုတ်သေးဘူး.. အဆ လေး၊ငါး ဆယ်လောက်တောင် တိုးသွားမှာလေ "

" ငါက သခင်မကြီး နျိုထျဲ့ချူတစ်ယောက်ပဲ အဲ့လိုအစွမ်းမျိုး ရှိတယ် ထင်နေတာ။ အခု သူတို့ပါ အဲ့လိုအစွမ်း ရှိနေကြတာပဲ "

အားလုံး အံ့အားသင့်ကုန်ကြပါသည်။

ထိုအချိန်တွင်..

ဘုရင်ကျင်းဖန်နှင့် နျိုဝူဖုန်းတို့က တစ်ပြိုင်နက်တည်းနီးပါး မျက်လုံးများ ဖွင့်လာကြ၏ ။

သူတို့ကိုယ်ထဲမှ အစွမ်းများကလည်း မယုံနိင်လောက်အောင်ပင် တိုးနေခဲ့လေပြီ။

" ငါ့မှတ်ဉာဏ်ထဲမှာ ထူးခြားတဲ့ ကျင့်စဥ်တွေ အများကြီး ရခဲ့တဲ့ ပုံပဲ "

နျိုဝူဖုန်းက တအံ့တသြ ဆိုသည်။

" ငါ ရောပဲ "

ဘုရင်ကျင်းဖန်ကလည်း ခေါင်းညိတ်၍ ဝင်ပြောသည်။

" ငါတော့ စုပ်ယူနိုင်တဲ့ ပမာဏ အကန့်အသတ် ရောက်သွားပြီမို့ နားမှ ရတော့မယ် "

" ငါရောပဲကွ... ငါ အမွေလက်ခံ ရထားတဲ့ မှတ်ဉာဏ်က နည်းနည်း မတည်ငြိမ်သလို ဖြစ်နေတာဆိုတော့ ကျင့်ကြံမှ ဖြစ်မယ် "

ထိုသို့ ပြောပြီးနောက် သူတို့နှစ်ယောက်သား ချက်ချင်း နောက်လှည့်ပြီး တစ်ကိုယ်တည်း ကျင့်ကြံရန် ထွက်ခွာသွားကြ၏။

အားလုံး ၇ ယောက်သာ ကျန်ပေတော့သည်။

ထိုသူများမှာ နျိုထျဲ့ချု ၊ လောရုံ ၊ လောရှောင်ရှောင်း ၊ လောမိသားစုခေါင်းဆောင်.. လောဖုန်း နှင့် အခြားအကြီးအကဲ သုံးယောက်တို့ပင်။

ထိုသူများမှာ လောထျန်းနှင့် အရင်းနှီးဆုံး သူများဖြစ်ပြီး လောထျန်းဆီမှ အကျိုးအမြတ်လည်း အများဆုံး ရခံကြသူများ ဖြစ်ပေရာ...

နောက်ဆုံးချိန်ထိ တောင့်ခံနေနိုင်ကြပေသည်။

လောထျန်းက ထိုသူများကို ကြည့်ပြီး အလွန်ကျေနပ်အားရနေဟန်ဖြင့် ကိုးစက်မြောက် ကောင်းကင်ဘုံနဂါးသွေးအား ထုတ်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ လောဖုန်းနှင့် အခြား အကြီးအကဲ သုံးယောက်တို့က အဆုံးထိ တောင့်မခံနိုင်ကြတော့ဘဲ ဦးစွာ နောက်ဆုတ်သွားကြ၏။

သူတို့၏ ကိုယ်ထဲမှ သွေးများ ဆူပွက်နေပြီး သူတို့စုပ်ယူနိုင်သော သွေးအစွမ်း ပမာဏ အကန့်အသတ်သို့ ရောက်သွားခဲ့ကြပြီ မဟုတ်ပါလား ။

သို့သော် သူတို့လေးယောက် မနားခင်၌ သူတို့ခေါင်းပေါ်တွင် ထူးဆန်းသော နဂါးအရိပ်တစ်ခု ပေါ်လာခဲ့ပါသေး၏။

" သွေးအစွမ်းနဲ့ ခန္ဓာကိုယ်အစွမ်း တိုးတက်သွားရုံ မကဘဲ.... ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်ပါ ရသွားခဲ့တာနဲ့ တူတယ် "

" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်မျိုးက စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့် မှာပဲ ပေါ်တာ မဟုတ်ဘူးလား "

" အမြဲတော့လဲ မဟုတ်ဘူးကွ... ထူးခြားတဲ့ အခြေအနေတချို့ ရှိသေးတယ်။ တချို့တွေက စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့်မှာ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ် မရဘဲနဲ့ နောက်ပိုင်းမှ အခွင့်ကောင်းတွေနဲ့ တွေ့ပြီး ရသွားတာမျိုး ဖြစ်တတ်တယ် "

" ဒါဆို သခင်ကြီး လောဖုန်းနဲ့ ကျန်တဲ့ အကြီးအကဲတွေက အဲ့လိုမျိုး ဖြစ်သွားတာပေါ့ "

" သူတို့ရဲ့ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်က ကြောက်စရာပါလား... "

အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

သို့သော် မကြာမီမှာပင် အားလုံး၏ အာရုံက နောက်ဆုံးကျန်နေသော သုံးယောက်ဆီသို့ ရောက်သွားပါ၏။

ထိုသူများမှာ နျိုထျဲ့ချူ ၊ လောရုံ နှင့် လောရှောင်ရှောင်း တို့ပင်...

လက်ရှိတွင် သူတို့သုံးယောက်တည်းကသာ ဆက်တောင့်ခံနိုင်တော့ပါသည်။

" ကောင်းတယ်ကွာ... ဆယ်စက်မြောက် "

လောထျန်း ခေါင်းအသာညိတ်ကာ ဆယ်စက်မြောက် ကောင်းကင်ဘုံနဂါးသွေးအား ထပ်ထုတ်လိုက်သည်။

ဝုန်း..

ထိုသွေးစက်က သွေးမှုန်များအဖြစ် ပြောင်းသွားသည်နှင့် တစ်ပြိုင်နက် သွေးအစွမ်းများ လောရုံတို့ သုံးယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝုန်းခနဲ စီးဝင်သွားသည်။

တခဏအတွင်းမှာပင် သူတို့သုံးယောက်၏ အရောင်အဝါများ ဆက်တိုက် တိုးလာ၏။

" ဟိုကို ကြည့်လိုက်ဦးကွ... အကိုလောရုံက ဆက်ပြီး တောင့်မခံနိင်တော့ဘူးနဲ့တူတယ် "

တစ်​ယောက် ရုတ်တရက် အော်ပြောလာသည်။

အားလုံး ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ကြရာ... လောရုံ၏ နဖူးတွင် ချွေးစေးများ ပြန်နေပြီး သူ့အသွင်မှာလည်း အလွန်နာကျင်ခံစားနေရဟန် ပေါက်နေသည်ကို တွေ့လိုက်ရ၏။

သို့သော် ထိုအချိန်မှာပင်...

ဝီ...

လောရုံ၏ ကိုယ်ပေါ်၌ အလင်းတန်းတစ်ခု လင်းလက်လာ၏။

" အကိုလောရုံရဲ့ ကိုယ်ပေါ်က ဟာက... အရှုပ်အထွေး အရောင်အဝါ လား...

" ဟုတ်သားပဲ... မေ့တောင် မေ့တော့မလို့။ အကိုလောရုံရဲ့ ခန္ဓာကိုယ် ကျင့်စဥ်က သခင်လေး လောထျန်းရဲ့ ကျင့်စဥ်နဲ့ အတူဆုံးပဲလေ။ အခု သူက

အရှုပ်အထွေးအရောင်အဝါကို အသက်သွင်းလိုက်ပြီဆိုတော့ နောက်ထပ် နည်းနည်းထပ်ပြီး တောင့်ခံနိုင်ဦးမယ်နဲ့ တူတယ် "

" ဒါတင် မကဘူးကွ... ကြည့်လိုက်ဦး ။ အကိုလောရုံနဲ့ အရှုပ်အထွေး အရောင်အဝါက ပိုအစွမ်းထက်လာတဲ့ ပုံပဲ "

" ဟင်... သူက အစွမ်းတွေကို သူ့ရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ဆီကိုပဲ ပို့နေတာလား "

" မဟုတ်မှလွဲရော... သူက အရှုပ်အထွေးခန္ဓာကိုယ်ကို အသက်သွင်းနိုင်တော့မှာ များလား... "

အားလုံး အံ့သြတုန်လှုပ်သွားကြပြန်သည်။

ပျောင်ပိုင်မြို့ထဲ၌ လောထျန်း၏ အရှုပ်အထွေး ခန္ဓာကိုယ်အကြောင်း မသိသူ မရှိပါချေ။

ထိုသို့သော ခန္ဓာကိုယ်မျိုးက သမိုင်းတွင်ပင် မရှိခဲ့ဘူး မဟုတ်ပါလား။

ယနေ့တွင်သာ လောမိသားစု၌ အရှုပ်အထွေး ခန္ဓာကိုယ်နှင့် ကျင့်ကြံသူတစ်ယောက် ထပ်ပေါ်လာမည် ဆိုလျှင်...

အားလုံး ဆက်ပင် မတွေးရဲကြတော့ပါ...

ဝုန်း...

ထိုစဥ် လောရှောင်ရှောင်း၏ နောက်တွင်လည်း သူမ၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ် ပေါ်လာပါ၏။

ဝေါင်း...

ခေါင်းကိုးလုံး သားရဲကြီးက အသံကျယ်ဖြင့် အော်ရင်း ကောင်းကင်ဘုံနဂါးသွေး အစွမ်းများကို စတင်စုပ်ယူလိုက်သည်။

" ရှောင်ရှောင်းက... ကောင်းကင်ဘုံနဂါးသွေးအစွမ်းကို သူ့ရဲ့ စိတ်စွမ်းအင်ပင်လယ်ကို သန့်စင်ဖို့အတွက် သုံးနေတာပဲ "

" ချီး... ငါ အဲ့လိုလုပ်လို့ရတာကို မတွေးမိလိုက်ဘူးကွာ "

" မင်း တွေးမိတော့ရော ဘာထူးမှာ မို့လို့လဲကွာ။ ရှောင်ရှောင်းရဲ့ စိတ်စွမ်းအင်ပင်လယ်က ကောင်းကင်ဘုံနဂါးသွေးအစွမ်းကို ခံနိုင်တဲ့ လုံလောက်တဲ့အစွမ်းမျိုး ရှိထားလို့သာ အဲ့လို လုပ်နိုင်တာ။ မင်းရဲ့ စိတ်စွမ်းအင်ပင်လယ်နဲ့သာဆို ချက်ချင်းတောင် ပြိုကွဲသွားဦးမယ် "

အားလုံး တစ်ယောက်တစ်ပေါက် ပြောနေကြသော်လည်း သူတို့၏ အကြည့်ကမူ လောရုံတို့ နှစ်ယောက်အပေါ်တွင်သာ ကျနေပါ၏။

မတူညီသော နည်းလမ်းနှစ်ခုဖြင့် သွေးအစွမ်းကိ စုပ်ယူနေကြသော သူတို့နှစ်ယောက်ထဲမှ မည်သူက အကြာဆုံး တောင့်ခံနိုင်မည်ကို သူတို့ အမှန်တကယ်ပင် သိလိုလှပါသည်။

သို့သော်.... အားလုံး သတိမထားမိလိုက်ခင်မှာပင်.. လောရုံတို့ဘေး၌ ရှိနေသော နျိုထျဲ့ချူ၏ ခန္ဓာကိုယ်က စတင်ပြောင်းလဲလာတော့၏။

All Chapters