← Chapters

လက်ထပ်ချင်သော ရွှေယွဲ့ချီ

Vol. 34 Ch. 469

လက်ထပ်ချင်သော ရွှေယွဲ့ချီ

Vol. 34 Ch. 469

အကြီးအကဲမူ ကိစ္စကို ကိုင်တွယ်ပြီးသည်နှင့် အကြီးအကဲဟယ်က ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်ပြီး အသံကျယ်ဖြင့် အော်ပြောလိုက်သည်။

" နတ်ဘုရားသခင်မကြီးရဲ့ အမိန့်အရ .. ဒီ ယောင်ချီညီလာခံဟာ ကောင်းကင်ဘုံ ပျက်စီးခြင်း ကိုးခုနဲ့ ပတ်သက်နေရုံမကဘဲ ယောင်ချီရဲ့ အနာဂါတ်နဲ့ပါ အများကြီး ပတ်သက်နေတယ် "

" ဒီအချိန်မှာ သာမာန်လူတစ်ယောက်ပဲ ဖြစ်နေရင်တောင် ယောင်ချီကို ကူညီဖို့လာတယ် ဆိုတာနဲ့ ယောင်ချီရဲ့ အထူးဧည့်သည်တွေ ဖြစ်သွားပြီ။ အဲ့လို ဧည့်သည်တော်တွေကို စော်ကားတဲ့ ယောင်ချီက ဘယ်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ် မှတ်ပါ "

သူမစကား ဆုံးသည်နှင့် အားလုံးထံမှ အော်ဟစ်အားပေးသံ ကျယ်ကြီး ထွက်လာ၏။

" ဒီ ယောင်ချီရဲ့ နတ်ဘုရားသခင်မကြီး ဆိုတဲ့သူက ဖြောင့်မတ်တဲ့ပုံပါလား။ အဲ့လိုဆိုတော့လဲ ငါ့ဘက်က

တိုက်ခိုက်ဖို့ ခက်သွားတာပေါ့။ ဘောပဲ၊ဒီစော်ကားမှုကို အကြောင်းပြပြီး ဓားပြတိုက်ဖို့ကိုကွာ နှမြောစရာ "

လောထျန်း စိတ်ထဲမှ တွေးမိလိုက်သည်။

ထိုအချိန်တွင် အကြီးအကဲဟယ်က လောထျန်းအနားသို့ ရောက်လာပြီး ခေါင်းအသာညိတ်၍ ဆို၏။

" သခင်လေး လောထျန်း ၊ ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပါရှင် "

လောထျန်း ခေါင်းညိတ်ပြလိုက်ပြီး အားလုံးကို ဦးဆောင်၍ အကြီးအကဲဟယ် နောက်မှ လိုက်သွားလိုက်သည်။

ပျောင်ပိုင်မြို့မှ လူများမှာ လမ်းတလျှောက်မှ မြင်ကွင်းများကို ကြည့်ရင်း မျက်မှောင်ကြုံ့မိသွားကြ၏။

" ဒါ ကျုံ့ကျိုးဒေသရဲ့ မြင့်မြတ်နယ်မြေ ၊ ယောင်ချီ ပေါ့ ။ သိပ်လဲ မကောင်းပါလား "

" ဟုတ်တယ်ကွ ၊ ဒီက စိတ်စွမ်းအင် သိပ်သည်းမှုက ငါတို့ ပျောင်ပိုင်မြို့လောက်လဲ မကောင်းဘူး "

" ကောင်းကင်နဲ့ မြေကြီးရဲ့ကြားက တာအိုအစွမ်းကလဲ သိပ်မကောင်းဘူးပဲကွ "

" ဒီတိုင်း နာမည်ကြီးရုံ သက်သက်ပဲနဲ့ တူပါတယ်ကွာ "

ပျောင်ပိုင်မြို့မှ လူများ တစ်ယောက်တစ်ပေါက် တီးတိုးပြောလိုက်ကြသည်။

သို့သော်.. လူအုပ်ရှေ့ဆုံးမှ အကြီးအကဲဟယ်ကမူ အားလုံးက မမြင်ဖူးသော မြင်ကွင်းများကြောင့် အံ့အားသင့်နေသောကြောင့် ထိုသို့ တီးတိုးပြောနေသည်ဟု ထင်သွားပြီး အပြုံးဖြင့် တည်ငြိမ်စွာ ပြောလာ၏။

" ကျွန်မတို့ ယောင်ချီက စိတ်စွမ်းအင်သိပ်သည်းမှုက တခြားနေရာတွေထက် ပိုပေါကြွယ်ဝတာတော့ အမှန်ပဲရှင့်။ အားလုံးလဲ ဒီမှာ ရှိတုန်း သေချာကျင့်ကြံလို့ ရပါတယ်။ ဒီမှာ တစ်ရက် ကျင့်ကြံတာက တခြားနေရာမှာ ဆယ်ရက်လောက် ကျင့်ကြံတာနဲ့ အတူတူပဲလေ "

ထိုစကားကို ကြားသည့်အချိန်တွင်မူ အားလုံး အိုးတို့

အမ်းတမ်းဖြင့် ကြောင်အအ ဖြစ်သွားကြတော့သည်။

ဤမျှ နည်းပါးသော စိတ်စွမ်းအင်ကို ပေါကြွယ်ဝသတဲ့လား..

သို့သော်.. ပျောင်ပိုင်မြို့မှ လူများမှာ စိတ်ထဲ ခွန်းတုန့်ပြန် ပြောချင်နေကြသည့်တိုင် တဖက်မှ အကြီးအကဲဟယ်က ယဥ်ယဥ်ကျေးကျေး ပြောနေသဖြင့် မည်သို့မှ ပြန်မပြောနိုင်ကြပါချေ။

တဖက်မှ အကြီးအကဲဟယ်မှာကား အားလုံး ထိုသို့ တိတ်နေကြသဖြင့် ပို၍ပင် နားလည်မှု လွဲသွားပါ၏။

" သခင်လေး လောထျန်း ၊ ဒီ ယောင်ချီညီလာခံမှာ မတည်မငြိမ်တော့ ဖြစ်မှာရှင့် ။ ကျွန်မတို့ နတ်ဘုရားသခင်မကြီး တွက်ချက်ထားတဲ့အတိုင်း ဆိုရင် ကောင်းကင်ဘုံပျက်စီးခြင်း ၉ခုက လာမယ့် ရက်ပိုင်းအတွင်းမှာကို ဖြစ်လာတော့မှာ "

" အဲ့ကျရင်တော့ သခင်လေးရော ၊ ပျောင်ပိုင်မြို့က သူတွေအားလုံးရော အတတ်နိုင်ဆုံး နောက်မှာနေပြီး

တော့ ကျွန်မတို့အတွက် ထောက်ပို့လုပ်ပေးဖို့ လိုလိမ့်မယ်။ ဖြစ်နိုင်ရင်တော့ တိုက်ပွဲကွင်းပြင်ထဲကို လွယ်လွယ် မဝင်လိုက်နဲ့နော်။ သခင်လေးတို့အတွက် အရမ်းအန္တရာယ် များသွားနိုင်တယ် "

အကြီးအကဲဟယ်က နူးနူးညံ့ညံ့ ဆိုလိုက်သည်။

သို့သော် သူမက ထိုသို့ ကြင်နာသည့်စကားများ ပြောလာလေ.. လောထျန်းတစ်ယောက် အနေခက်လာလေပင် ။

" အကြီးအကဲဟယ် ၊ ခုနက ဟိုအမျိုးသမီး ပြောသွားတာ... ရွှေယွဲ့ချီက နတ်ဘုရားမ ရာထူးကနေ အဖြုတ်ခံရတော့မှာဆို။ ဘာတွေ ဖြစ်နေတာလဲဗျ "

လောထျန်း ခေါင်းစဥ်ပြောင်း၍ မေးလိုက်၏။

အကြီးအကဲစယ်က လောထျန်းအား အချိန်အတန်ငယ်ကြာ စိုက်ကြည့်နေပြီး နောက်မှသာ သက်ပြင်းရှည်ကြီး ချ၍ ပြန်ပြောသည်။

" အဲ့ဒါတွေ အားလုံးက အကြီးအကဲဟွာ ရဲ့ လက်ချက်တွေပါရှင် "

" အကြီးအကဲဟွာ.... သူက ဘယ်သူလဲ "

လောထျန်း နားမလည်နိုင် ဖြစ်သွားရသည်။

အကြီးအကဲဟယ်က စကားဆက်၏။

" အကြီးအကဲဟွာ ဆိုတာ ယောင်ချီရဲ့ ပထမဆုံး အကြီးအကဲတွေထဲက တစ်ယောက်ပေါ့ရှင်။ ပြီးတော့ ယောင်ချီရဲ့ နတ်ဘုရားသခင်မကြီး လက်အောက်မှာရှိတဲ့ မသေမျိုးအဆင့် ကျင့်ကြံသူတွေထဲက တစ်ယောက်ပေါ့။ သူက အရင်တည်းက​ ရွှေယွဲ့ချီနဲ့ မသင့်မြတ်ဘဲ နေလာခဲ့တာ။ အခု ရွှေယွဲ့ချီကို ကျောထောက်နောက်ခံ လုပ်ပေးမယ့်သူကလဲ မရှိတော့ဘူးဆိုတော့.. သူက ဒီအခွင့်အရေးကို အမိအရယူပြီး ရွှေယွဲ့ချီကို ပစ်မှတ်ထား လုပ်နေတာပဲ "

" အခုလဲ သူက ရွှေယွဲ့ချီကို နဂါးသချ်ိုင်းမြေမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့လို့ ဆိုပြီး အကျဥ်းချထားသေးတယ်။ ဒါတင်မကသေးဘူး... သူက ရွှေယွဲ့ချီကို တခြား မြင့်မြတ်နယ်မြေက သခင်ကြီးတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ပါ စီစဥ်ထားသေးတာရှင့်။ ကျွန်မတို့ ယောင်ချီရဲ့ စည်းမျဥ်းတွေအတိုင်းဆိုရင် အဲ့လို လက်ထပ်ပြီးသွားတာနဲ့ ရွှေယွဲ့ချီက နတ်ဘုရားမ ရာထူးကို အလိုလို စွန့်လွတ်လိုက်ရတော့မှာ "

အကြီးအကဲဟယ်က စကားဆုံးအောင် ပြောလိုက်ပြီးနောက် ခေါင်းယမ်းရင်း သက်ပြင်းချလိုက်သည်။

တဖက်မှ လောထျန်း၏ မျက်လုံးထဲတွင်မူ အေးစက်စက် အလင်းတန်းနှစ်ခု ဖျတ်ခနဲ လက်သွားပါ၏။

" ခဏနေပါဦး... ဒါဆို အခု ရွှေယွဲ့ချီက အကျဥ်းချ ခံထားရတာပေါ့ "

လောထျန်း မေးလိုက်သည်။

အကြီးအကဲဟယ် ခေါင်းညိတ်ပြ၏။

လောထျန်းက အသံသြသြဖြင့် ထပ်မေးသည်။

" ဒါဆို အခု သူ့မှာ ဘာအစွမ်း၊ ဘာလုပ်ပိုင်ခွင့်မှ ရှိမနေဘူးပေါ့ "

အကြီးအကဲဟယ်က ကူကယ်ရာ မဲ့နေဟန်ဖြင့် ပြန်ပြောရှာသည်။

" ဒါပေါ့ရှင် "

ထိုစကားကို ကြားသည့်အချိန်တွင်မူ လောထျန်း

လက်သီးပင် ဆုပ်မိသွား၏။

" အကြီးအကဲဟယ်... အခု သူ့ကို ဘယ်မှာ အကျဥ်းချထားလဲ ဆိုတာ ပြောပြပေးလို့ ရမလား "

အကြီးအကဲဟယ်က လောထျန်းအား ရွှေယွဲ့ချီနှင့် သဘောတူသည့် အငွေ့အသက်များ ပါဝင်နေသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

သို့သော် သူမ ခေါင်းယမ်း၍သာ ပြန်ပြော၏။

" သခင်လေးနဲ့ ရွှေယွဲ့ချီတို့က မိတ်ဆွေတွေဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ဒီနေရာက ကျုံ့ကျိုးဒေသရဲ့ မြင့်မြတ်နယ်မြေ တစ်ခုဖြစ်တဲ့ ယောင်ချီ ရှင့်... ဒီမှာ အစွမ်းထက် ကျင့်ကြံသူတွေ အများကြီး ရှိတယ်။ နတ်ဘုရားမလေးကို အကျဥ်းချထားတဲ့ နေရာက အစွမ်းထက်တဲ့ အစောင့်အကြပ်တွေ ပိုပြီးတောင် များသေးတာမို့ အပြင်လူတစ်ယောက် အနားကပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး "

သူတို့ ထိုသို့ ပြောနေရင်းမှာပင် အဆောက်အဦးတစ်ခုရှေ့ ရောက်လာကြသည်။

" ဒီနေရာက အားလုံးအတွက် ယာယီနေကြဖို့

အဆောင်ပါရှင် ။ ယောင်ချီညီလာခံ တရားဝင် စပြီဆိုတာနဲ့ သခင်လေးတို့ကို ကျွန်မ လူလွတ်ပြီး သတင်းလာပို့ခိုင်းလိုက်ပါမယ် "

အကြီးအကဲဟယ်က ထိုသို့ ပြောလိုက်ပြိးနောက် လောထျန်းဘက်လှည့်ကာ စကားဆက်၏။

" သခင်လေး လောထျန်း အခု ဘယ်လိုခံစားနေမယ် ဆိုတာ ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် သခင်လေးက ငယ်လွန်းသေးတော့ တချို့ကိစ္စတွေက ကိုယ့်ဘက်က ဘာမှလုပ်လို့ မရဘူးဆိုတာ သတိရပါ။ ယောင်ချီရော... ရွှေယွဲ့ချီနဲ့ လက်ထပ်ပေးဖို့ စီစဥ်ထားတဲ့ မြင့်မြတ်နယ်မြေရောကို သခင်လေး စော်ကားရန်စလိုက်လို့ မဖြစ်ဘူး။ ရွှေယွဲ့ချီကို မေ့လိုက်တာက... သခင်လေးအတွက်ရော သူ့အတွက်ရော အကောင်းဆုံး ဖြစ်မှာပါ... "

သူမက လောထျန်းနှင့် ရွှေယွဲ့ချီတို့ ကြားထဲမှ ပတ်သက်မှုကို နားလည်မှု လွဲသွားသည်မှာ အသိသာပါပင်။

" ကျုပ်.... "

လောထျန်း ပြန်ရှင်းပြရန် ပြင်လိုက်သည်။

သို့သော် ထိုစဥ်မှာပင် အကြီးအကဲဟယ်က လက်ဝေ့ယမ်းပြပြီး ထွက်ခွာသွားသဖြင့်...

လောထျန်းမှာ မည်သို့မှ မပြောလိုက်နိုင်ဘဲ ကျန်နေရစ်ခဲ့တော့သည်။

" အကိုထျန်း ၊ ဘာတွေ ဖြစ်သွားတာလဲ "

ထိုစဥ် လောရုံက လောထျန်းဘေး ရောက်လာကာ တအံ့တသြ မေးလိုက်သည်။

လောထျန်း ခေါင်းယမ်းပြ၍ ပြန်ပြော၏။

" ဘာမှ မဟုတ်ပါဘူးကွာ.. မင်းတို့ အရင် နားလိုက်ကြဦး ။ ငါ လူတစ်ယောက်ကို သွားရှာစရာ ရှိသေးတယ် "

သူ ထိုသို့ ပြောပြီးသည်နှင့် မျက်လုံးမှိတ်၍ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်လိုက်သည်။

ဝုန်း..

အစွမ်းထက်သော စိတ်ဝိဥာဥ်အစွမ်းတစ်ခုက ယောင်

ချီဂိုဏ်း တစ်ခုလုံးကို တမဟုတ်ချင်း လွှမ်းခြုံသွားတော့၏။

ထိုအချိန်တွင် ယောင်ချီ ခန်းမထဲ၌.. ယောင်ချီ၏ ထိပ်သီး အုပ်ချုပ်ရေးပိုင်းမှ လူများက ဧည့်သည်များဖြင့် တွေ့ဆုံနေကြချိန် ဖြစ်သည်။

ခန်းမထဲတွင် ရှိနေသော လူများအားလုံးနီးပါးမှာ မြင့်မြတ်နယ်မြေ ပေါင်းစုံမှ ဧည့်သည်တော်များ ဖြစ်ပြီး..

ထိုသို့သော သူများသာလျှင် ယောင်ချီ၏ နတ်ဘုရားသခင်မကြီးနှင့် တွေ့ဆုံခွင့် ရကြပါသည်။

" စိတ်သာချထားပါ နတ်ဘုရားသခင်မကြီးရယ်။ ကျုပ်တို့ ဒီကောင်းကင်ဘုံပျက်စီးခြင်း၉ ခုကို အစွမ်းရှိသမျှ တိုက်ခိုက်ပြီး ယောင်ချီ အပူပင်ကင်းကင်း နေနိုင်အောင် လုပ်ပေးမှာပါ "

အဘိုးအိုတစ်ယောက်က အပြုံးဖြင့် ဆိုလိုက်သည်။

" ဟုတ်တယ် ။ တကယ်လို့ ကောင်းကင်ဘုံပျက်စီးခြင်း ၉ခုထဲက ပထမ ၃ခု သာ ရောက်လာရင် ကျုပ်တို့မှာ အဲ့လို အခွင့်အရေးမျိုး ရမှာတောင် မဟုတ်

ဘူး။ ဒါပေမယ့် ကျန်တဲ့ဟာတွေကို ရှင်းထုတ်ပစ်ဖို့တော့ ကျုပ်တို့မှာ နည်းလမ်းရှိပါတယ် "

ခန်းမထဲမှ စင်မြင့်ထက်ပေါ်တွင် ထိုင်နေသော ယောင်ချီ၏ နတ်ဘုရား သခင်မကြီးက အပြုံးဖြင့် စကားဆိုရန် ပြင်လိုက်သည်။

သို့သော်... ထိုအချိန်မှာပင်..

လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက အားလုံးအပေါ်သို့ လွှမ်းခြုံလာခဲ့သည်။

ခန်းမထဲတွင် ရှိနေသော လူများလည်း ၎င်းကို ချက်ချင်း သတိထားမိလိုက်ကြပါ၏။

" စိတ်ဝိဥာဥ်အစွမ်းနဲ့ စုံစမ်းနေတာလား.. "

တစ်ယောက်က တအံ့တသြ မေးလိုက်သည်။

" ဘယ်သူက ဒီလောက်အတင့်ရဲပြီးတော့ ကျွန်မတို့ ယောင်ချီကို လျှို့ဝှက်စုံစမ်းနေတာလဲ "

လူအုပ်ကြားထဲမှ အကြီးအကဲဟွာက ဒေါသတကြီး ထရပ်၏။

" ဟား... ဟား... အကြီးအကဲဟွာ ၊ ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားပါဗျာ။ ဒီကိစ္စကို ကျုပ် ကိုင်တွယ်လိုက်ပါ့မယ် "

စကားသံနှင့်အတူ အဘိုးအိုတစ်ယောက်လည်း ထရပ်လာသည်။

ထိုသူကို မြင်သည်နှင့် အကြီးအကဲဟွာ၏ မျက်နှာ ချက်ချင်း ဝင်းပသွားပါ၏။

" ဟုတ်သားပဲ.. စိတ်ဝိဥာဥ်နတ်ဘုရား ဂိုဏ်းက သခင်ကြီး ဖေးစစ်နန်လဲ ရောက်နေတာ ကျွန်မ မေ့တော့မလို့ရှင်။ ဒီလို စိတ်ဝိဥာဥ် သခင်ကြီးတစ်ယောက် ရှိနေတာတောင်.. အဲ့ကောင်က စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး စုံစမ်းရဲနေတာ သူ့အတွက် ကံဆိုးသွားတာပဲ။ အခုလို ဝင်ပြီး အရေးယူပေးတဲ့အတွက် ကျေးဇူးဆင်ပါတယ် သခင်ကြီး "

အကြီးအကဲဟွာက အပြုံးဖြင့် ပြောလိုက်သည်။

ကျန်သူများလည်း ကိုယ်စီ ခေါင်းညိတ်လိုက်ကြ၏။

သခင်ကြီး ဖေးစစ်နန်၏ အစွမ်းက မည်မျှကောင်းသည်ကို သူတို့အားလုံး သိထားသည် မဟုတ်ပါလား။

ဖေးစစ်နန်က အပြုံးဖြင့် ပြန်ပြောသည်။

" အကြီးအကဲဟွာက ယဥ်ကျေးလွန်းနေပါပြီဗျာ။ ယောင်ချီညီလာခံ ပြီးသွားလို့ ကျုပ်တပည့်က ရွှေယွဲ့ချီနဲ့ လက်ထပ်လိုက်တဲ့အခါကျရင် ကျုပ်တို့တွေအားလုံး တစ်မိသားစုတည်း ဖြစ်သွားမှာပဲလေ။ ဒီနေ့တော့ ယောင်ချီကို စုံစမ်းရဲနေတဲ့ ကြွက်ကို လက်ဆောင်အနေနဲ့ ကျုပ် သတ်ပေးပါ့မယ် "

စကားဆုံးသည်နှင့် အဘိုးအို၏ မျက်လုံးများ အရောင်လက်သွားကာ အစွမ်းထက်သော စိတ်ဝိဥာဥ်အစွမ်းတစ်ခု ထွက်ပေါ်လာပြီး လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း ဆီသို့ တိုးဝင်သွား၏။

ထိုအစွမ်း နှစ်ခုက တိတ်တဆိတ် တိုက်မိသွားကြတော့သည်။

ဖေးစစ်နန် ချက်ချင်း မျက်မှောင်ကြုံ့သွားပါ၏။

" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကောင့်ရဲ့ စိတ်ဝိဥာဥ်အစွမ်းက ငါနဲ့ ယှဥ်လို့ ရနေတာလား "

သူ တအံ့တသြ ရေရွတ်လိုက်သည်။

ထိုစဥ် သူတို့ မသိသည်မှာ...

ခပ်လှမ်းလှမ်းတွင် ရှိနေသော လောထျန်းက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ပြောလာ၏။

" ဟင်... ကြည့်ရတာ တစ်ခုခုက ငါ့စိတ်ဝိဥာဥ်အစွမ်းကို လာပြီး ပိတ်ဆို့နေတဲ့ ပုံပါလား။ ငါ့ စိတ်ကပဲ ထင်နေတာများလား... ။ ထားလိုက်ပါလေ.. ထပ်ကြိုးစားကြည့်ရုံပေါ့ "

All Chapters