ယောင်ချီ ရွေးချယ်ရမည့် လမ်းသုံးသွယ်
Vol. 34 Ch. 473
" အကိုဟွမ်ရော ဘာရွေးမလဲ ။ နတ်ဘုရားသခင်မကြီးလား ၊ အပျိုစင် နတ်ဘုရားမလေးလား "
တစ်ယောက်က လှောင်ပြောင်လိုသည့် အသံဖြင့် မေးလိုက်သည်။
အကိုဟွမ် ဆိုသူက လှောင်ပြုံးဖြင့် ပြန်ပြော၏။
" အဲ့လို ရွေးတဲ့ အလုပ်က ကလေးတွေပဲ လုပ်တာကွ။ ငါက အကုန်လုံးကို လိုချင်တာ "
ထိုသို့ ပြောပြီးနောက် အားလုံး တဟားဟား အော်ရယ်လိုက်ကြသည်။
ယောင်ချီမှ လူများမှာကား ထိုစကားများကို နားထောင်ရင်း အလွန်ဒေါသထွက်နေပုံပင် ။
ယောင်ချီသည် ထျန်းယွမ်ကမ္ဘာ၏ မြင့်မြတ်နယ်မြေ တစ်ခုဖြစ်ပြီး... အဆင့်အတန်းမြင့်သည့် အဖွဲ့တစ်ခု ဖြစ်ပါသည် ။
ထိုသို့သော အဖွဲ့တစ်ခုက ယခုကဲ့သို့ လှောင်ပြောင်
အရှက်ခွဲ ခံနေရသည်ကို ဒေါသမထွက်ဘဲ မည်သို့ နေပါမည်နည်း။
" ပါးစပ်ပိတ်ထားကြစမ်း ၊ မျိုးမစစ်ကောင်တွေ "
ယောင်ချီမှ အကြီးအကဲတစ်ယောက်က ဒေါသတကြီး အော်ပြောကာ လက်ထဲမှ ဓားကို ဝေ့ယမ်းလိုက်သည်။
တဖက်ရှိ လူဆယ့်နှစ်ယောက်ထဲမှ တစ်ယောက်က ၎င်းကို ကြည့်ရင်း လှောင်ပြုံးဖြင့် ပြန်ပြော၏။
" ပုရွက်ဆိတ်လေး ၊ ဒီမှာ မင်းစကားပြောခွင့် ရှိတယ် ထင်တယ်ပေါ့ "
ထိုသူက ပြောပြောဆိုဆိုပင် လက်ညိုးဖြင့် ထိုးလိုက်သည်။
ဝုန်း..
ချက်ချင်းမှာပင်... ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မယောင် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု ထွက်ပေါ်လာ၏။
ယောင်ချီမှ အကြီးအကဲ၏ မျက်နှာထားလည်း ချက်ချင်း ပြောင်းသွားသည်။
သူမ ထိုတိုက်ကွက်အား ရှောင်တိမ်းရန် ကြိုးစားလိုက်သေးသော်လည်း... သူမ ခန္ဓာကိုယ်က ချုပ်နှောင်ခံထားရကာ ရှောင်တိမ်းရန်ပင် မတတ်နိုင်လိုက်ပါချေ။
သူမရင်ထဲ သေရမည်ကို ကြောက်ရွံ့စိတ် လွှမ်းခြုံလာပြီး ကူကယ်ရာမဲ့ ခံစားလိုက်ရ၏။
သို့သော် ထိုအချိန်မှာပင်..
ဝီ...
ကောင်းကင်ယံမှ အလင်းတန်းဖြူ တစ်ခု ကျလာပြီး အကြီးအကဲမှာလည်း ခန္ဓာကိုယ် ရုတ်တရက် တုန်သွားသလို ခံစားမိကာ ပြန်လှုပ်ရှားနိုင်သွားသည်။
ဘုန်း...
ထိုစဥ်မှာပင် တဖက်လူ၏ လက်ချောင်းမှ ထွက်လာ
သော ဖိအားကလည်း အဖြူရောင်အလင်းတန်းနှင့် တိုက်မိသွားပြီး ကမ္ဘာမြေကြီးကိုပင် တုန်ခါသွားစေသည့် အသံကျယ်ကြီး ထွက်ပေါ်လာသည်။
အု ..
အကြီးအကဲမှာ ထိုတိုက်ခိုက်မှုကြောင့် ဖြစ်လာသော နောက်ဆက်တွဲ အားဖြင့်ပင် သွေးများ အန်သွားရ၏။
ကံကောင်းစွာဖြင့်... ထိုအချိန်မှာပင် အလင်းတန်းဖြူက သူမအား ယောင်ချီ နတ်ဘုရားသခင်မကြီးဘေးသို့ ပြန်ဆွဲခေါ်လိုက်သည်။
ထိုအလင်းတန်းဖြူမှာ နတ်ဘုရားသခင်မကြီး သုံးသွားခဲ့သည့် သိုင်းကွက်ဖြစ်ကြောင်း အသိသာပါပင်။
" အိုး.. မင်းက ငါ့အစွမ်းနဲ့တောင် ယှဥ်နေနိုင်ပါလား။ တော်တော်အစွမ်းထက်တဲ့ အမျိုးသမီးပဲကွ.. ၊ ငါတော့ မင်းကို ပိုပိုပြီး သဘောကျလာပြီကွာ "
တဖက်မှ လက်ညိုးဖြင့် တိုက်ခိုက်ခဲ့သော လူက နတ်
ဘုရားသခင်မကြီးအား လိုချင်တပ်မက်နေသည့် မျက်လုံးအစုံဖြင့် ရုတ်ချည်း ကြည့်လာ၏။
ထျန်းယွမ်ကမ္ဘာဘက်မှ လူများအားလုံး၏ မျက်နှာများ ဆိုးရွားစွာ ပျက်ယွင်းနေတော့သည်။
အစောက တိုက်ခိုက်ခဲ့သူမှာ ဆယ့်နှစ်ယောက်ထဲမှ ဘေးဘက်အစွန်ဆုံးတွင် ရပ်နေသူဖြစ်ပြီး အစွမ်းအနိမ့်ဆုံး တစ်ယောက်ဖြစ်ကြောင်း သူတို့ သေချာသိနေသည် မဟုတ်ပါလား။
ထိုသို့သော သူကပင် ယောင်ချီ၏ နတ်ဘုရားသခင်မကြီးနှင့် အစွမ်းချင်း ယှဥ်နိုင်သည် ဆိုပါက..
အခြားသူများဆိုလျှင် မည်သို့ နေမည်နည်း။
" ယောင်ချီရဲ့ နတ်ဘုရားသခင်မကြီးတော့ သေရတော့မယ်နဲ့ တူပါတယ်ကွာ "
ထိုမြင်ကွင်းကို ခပ်ဝေးဝေးမှ ကြည့်နေသော လူအုပ်ကြားထဲမှ အဘိုးအိုတစ်ယောက်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။
" ယောင်ချီတင်မကဘူးကွ... ဒီတစ်ခေါက်တော့ ထျန်းယွမ်ကမ္ဘာကြီးပါ ဒုက္ခရောက်ပြီနဲ့တူတယ် "
အခြားတစ်ယောက်ကလည်း သံယောင်လိုက်သည်။
ထို့နောက်တွင်မူ လူများစွာပင် နောက်လှည့်ပြီး ဟိုဟိုဒီဒီကြည့်ကာ ထွက်ပြေးရန် လမ်းရှာလိုက်ကြ၏။
ထိုစဥ် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့တွင် ရပ်နေသော ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က လှောင်ပြုံးဖြင့် ပြောလာသည်။
" ယောင်ချီရဲ့ နတ်ဘုရားသခင်မကြီး ၊ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်။ မင်းတို့ဂိုဏ်းတစ်ခုလုံးကို ငါတို့ ယွဲ့ယန်ကမ္ဘာကို လက်နက်ချအညံ့ခံပြီးတော့ မင်းတို့ရဲ့ ဂိုဏ်းသူလေးတွေ တစ်ဝက်ကို ပေးမယ်ဆိုရင် ၊ မင်းတို့ ယောင်ချီကို ဆက်ပြီး တည်ရှိခွင့် ပေးမယ်ကွာ "
ထိုသူက စကားဆုံးသည်နှင့် ယောင်ချီမှ လူများအား အထင်သေးသည့် မျက်လုံးဖြင့် ငုံ့ကြည့်လိုက်သည်။
ယောင်ချီမှ လူများမှာ ထိုစကားကြောင့် လူသတ်ချင်နေသည့် မျက်လုံးများ ဖြစ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြ၏။
ယောင်ချီ၏ နတ်ဘုရားသခင်မကြီးသည်ပင် မျက်နှာဆိုးရွားစွာ ပျက်သွားပါသည်။
" ယွဲ့ယန်ကမ္ဘာက သခင်ကြီးတို့ ၊ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် အတင်းအားသုံးပြီး ဖိနှိပ်ချင်ရတာလဲရှင် "
နတ်ဘုရားသခင်မကြီးက အသံသြသြဖြင့် ပြန်ပြောလိုက်သည်။
တဖက်လူက အေးစက်စက် နှာခေါင်းရှုံ့၏။
" နတ်ဘုရား သခင်မကြီး ၊ ကျုပ် အခု တောင်းဆိုထားတဲ့ဟာတွေက အင်မတန် သဘောကောင်းရာတောင် ကျသေးတယ်နော်။ ဒီတစ်ခေါက် ခရီးကို ကျုပ်က ဦးဆောင်လာတာမို့သာ မင်းကို အခွင့်အရေး ပေးနေတာ ။ ယွဲ့ယန်ကမ္ဘာက တခြားသူတွေသာဆို အခုချိန်မှာ မင်းတို့ယောင်ချီက သွေးချောင်းစီးနေလောက်ပြီ "
သူ ထိုသို့ပြောကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ဝုန်း..
ချက်ချင်းမှာပင် ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့တစ်ခု ပေါ်လာ၏။ ယောင်ချီ နတ်ဘုရားသခင်မကြီး၏ အရောင်အဝါမှာလည်း ထိုသူ၏ အရောင်အဝါအောက်၌ ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။
" ငါ စိတ်ရှည်တာက အတိုင်းအတာ ရှိတယ်နော်။ အဲ့တော့ ငါ ပြောတာကို သဘောတူလား ၊ မတူဘူးလားဆိုတာ မြန်မြန်ပြန်ဖြေပါ "
တဖက်လူက ထိုသို့ပြောကာ ယောင်ချီနတ်ဘုရားသခင်မကြီးအား စိုက်ကြည့်လိုက်သည်။
ထိုသူ၏ အကြည့်အောက်တွင်... နတ်ဘုရားသခင်မကြီး၏ နဖူးပြင်တစ်ခုလုံး ဇောချွေးများဖြင့် ရွှဲနစ်သွား၏။
ယောင်ချီ၏ အစောင့်အကြပ် စိတ်ဝိဥာဥ်မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
ယခုမျိုးဆက်၏ ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ အလွန်ပါရမီထူးကာ အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး ၊ သူမကြောင့်သာ တဖြည်းဖြည်း အင်အားယုတ်လျော့လာသော ယောင်ချီက မြင့်မြတ်နယ်မြေတစ်ခုအဖြစ် ပြန်ဦးမော့လာနိုင်ခဲ့ကြောင်းကို သူမ သိထားပါသည်။
သို့သော် နတ်ဘုရားသခင်မကြီးသည် အစွမ်းနိမ့်လွန်းနေသေးကာ ဆုံးဖြတ်ချက်လည်း မပြတ်သားပါချေ။
သို့မဟုတ်ပါက... ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခု ပြဿနာနှင့် ရင်ဆိုင်နေရချိန်၌ ယခုကဲ့သို့ ဘာကိုရွေးချယ်ရမည်မသိ ဖြစ်နေမည် မဟုတ်ပါ။
သူမ စကားပြောရန် ပြင်လိုက်စဥ်မှာပင်...
သူမ နောက်မှ လူတစ်ယောက်က ရုတ်တရက် အော်ရယ်လာ၏။
" ဟင်... "
အားလုံးက အသံလာရာဘက် လှည့်ကြည့်လိုက်ကြ
သည်။
ထိုစဥ်မှာပင် လူအုပ်ကြားထဲမှ လူငယ်တစ်ယောက် လေထဲသို့ ပျံတက်လိုက်၏။
" သူက.... "
ထိုလူငယ်ကို ကြည့်ရင်း အားလုံး အံ့သြမှင်သက်ကုန်ကြသည်။
အဘယ့်ကြောင့်ဆိုသော်... ယခုလို အခြေအနေမျိုးတွင် အသံထွက်ပြီး စကားပြောရဲသူက အနည်းဆုံး မသေမျိုးအဆင့် ရှိလိမ့်မည်ဟု အားလုံး ထင်ထားကြသော်လည်း...
ရယ်လိုက်သည့် ထိုလူငယ်က ကောင်းကင်ဘုံအဆင့်၌သာ ရှိနေဟန် တူသောကြောင့်ပါပင်။
ယခုလို အချိန်မျိုးတွင် သူ လေထဲ ပျံတက်လိုက်ခြင်းက မိမိကိုယ်ကို သေကြောင်းကြံနေသလို ဖြစ်မသွားဘူးလား...
သို့သော် အချို့လူများကမူ ထိုသူအား တစ်ချက်ကြ
ည့်ရုံဖြင့် မှတ်မိသွားကာ ပြောလိုက်ကြသည်။
" အဲ့ကောင်က... မဟာအလင်းတန်းဂိုဏ်းက မဟုတ်လား "
" မဟာအလင်းတန်းဂိုဏ်းကလား... ၊ သူတို့ကရော ယောင်ချီညီလာခံကို လူလွတ်လိုက်သေးတာလား "
ဟုတ်ပါသည် ။ လေထဲမှ လူငယ်မှာ အစောပိုင်းက လောထျန်းကြောင့် ကြောက်ရွံ့တုန်လှုပ်ကာ ထွက်ပြေးသွားခဲ့သည့် မဟာအလင်းတန်းဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်ပင် ။
အားလုံး တအံ့တသြ ကြည့်နေကြစဥ်မှာပင်..
ထိုလူငယ်က ယောင်ချီ၏ နတ်ဘုရားသခင်မကြီးဘေးသို့ ရောက်သွား၏။
" မဟာမလင်းတန်းဂိုဏ်းက ကျုပ် ၊ ကျန့်လင်ကျိုးက ယောင်ချီရဲ့ နတ်ဘုရားသခင်မကြီးကို အရိုအသေပေးပါတယ် "
လူငယ်က ဦးညွှတ်အရိုအသေပေးရင်း ဆိုသည်။
ယောင်ချီ နတ်ဘုရားသခင်မကြီးက လူငယ်အား တ
အံ့တသြကြည့်ကာ ပြော၏။
" အရမ်းကြီး ရိုသေနေဖို့ မလိုပါဘူး။ ကျန့်လင်ကျိုး ၊ အခု မင်းက ဒီကို ဘာလာလုပ်တာလဲ "
ကျန့်လင်ကျိုးက အပြုံးဖြင့် ပြန်ပြောသည်။
" ကျုပ်က ယောင်ချီနတ်ဘုရား သခင်မကြီးကိုရော ၊ ယောင်ချီကိုရော အခွင့်ရေးတစ်ခု ပေးချင်လို့ပါ "
" အခွင့်အရေး ပေးမယ်.. ဟုတ်လား "
ကြားလိုက်ရသည့် စကားကြောင့် ယောင်ချီနတ်ဘုရားသခင်မကြီး အံ့သြမှင်သက်သွားရပြန်၏။
သူမရှေ့မှ လူငယ်က အဘယ့်ကြောင့် သူမအား ထိုသို့သော စကားမျိုး ပြောရဲနေရပါသနည်း။
နတ်ဘုရားသခင်မကြီး မျက်နှာမသာမယာ ဖြစ်သွားသည်ကို မြင်သောအခါ ကျန့်လင်ကျိုးက မြန်မြန်ရှင်းပြလိုက်သည် ။
" နတ်ဘုရားသခင်မကြီး ၊ စိတ်မဆိုးပါနဲ့ဗျာ။ ကျေးဇူးပြုပြီးတော့ ကျုပ် အေးဆေး ရှင်းပြပါရစေ "
" ယောင်ချီက ဒီနေ့ ဒုက္ခကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတာလေ။ သူတို့ တောင်းဆိုတာကို မလိုက်လျောရင် ယောင်ချီ ဒုက္ခရောက်သွားမယ့်အပြင် အမွေအနှစ်တွေကို ဆုံးရှုံးသွားရနိုင်တယ်ဗျ။ ဒါပေမယ့် ယွဲ့ယန်ကမ္ဘာဘက်က တောင်းဆိုလာတဲ့ အချက်တွေကလဲ ပြင်းထန်လွန်းတော့ ယောင်ချီကိုရော ၊ နတ်ဘုရားသခင်မကြီးကိုရော စော်ကားအရှက်ခွဲနေတာနဲ့ အတူတူပဲ "
" တကယ်လို့ နတ်ဘုရားသခင်မကြီးသာ သူတို့တောင်းဆိုတာကို သဘောတူလိုက်မယ် ဆိုရင် ယောင်ချီရဲ့ ဂိုဏ်းသူ တစ်ဝက်က အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံး အရှက်ခွဲမှုကို ခံရမယ့်အပြင် ၊ ကျန်တဲ့သူ တစ်ဝက်ကလဲ ယောင်ချီအပေါ် သစ္စာမရှိ ဖြစ်သွားကြမှာ။ အဲ့ကျရင် ဘယ်လိုလုပ်ပြီး ရှေ့ဆက်လို့ ဖြစ်မှာလဲဗျာ "
" ပြီးတော့ အရှက်တကွဲ ဖြစ်တာကို လက်ခံပြီး ယွဲ့ယန်ကမ္ဘာကို လက်နက်ချအဖမ်းခံ လိုက်ပြန်ရင်လဲ ၊ ကိုယ့်ရဲ့ အသက်ကိုတောင် ကိုယ်မပိုင်တော့ဘဲ ဖြစ်သွားရမှာ "
" နောက်တစ်နည်း ပြောရရင်တော့ အခု ယောင်ချီက တကယ့်ကို ကျဥ်းထဲကျပ်ထဲ ရောက်နေတာဗျ။ ဘယ်လမ်းကိုပဲ ရွေးရွေး လမ်းဆုံးတွေ ဖြစ်နေတာ "
ယောင်ချီ နတ်ဘုရားသခင်မကြီး၏ မျက်နှာ သုန်မှုန်သွားတော့သည်။
အမှန်တွင်မူ ကျန့်လင်ကျိုး ပြောသွားသော စကားများ၏ အဓိပ္ပါယ်ကို သူမ နားလည်သဘောပေါက်ထားပြီး ဖြစ်ပါသည်။
ယွဲ့ယန်ကမ္ဘာမှ ကမ်းလှမ်းလာသည့် အချက်များမှာ ထွက်ပေါက် ရှိသေးသည် ထင်ရနိုင်သော်လည်း အမှန်တွင်ကား... အဆုံးသတ်က အတူတူပါပင်။
" မင်းက ဘာကို ပြောချင်တာလဲ "
နတ်ဘုရားသခင်မကြီးက လေသံမာမာဖြင့် ပြန်မေးလိုက်သည်။
တဖက်လူငယ်က အပြုံးဖြင့် ပြန်ပြော၏။
" ကျုပ်က နတ်ဘုရားသခင်မကြီးကို ရွေးချယ်စရာ တတိယလမ်းတစ်ခု ထပ်ပေးချင်လို့ပါ။ ဒီလမ်း
ကတော့ တကယ် ရှေ့ဆက်လျှောက်လို့ရတဲ့ လမ်း ပေါ့ဗျာ "
" ဘာလဲဆိုတာကိုသာ ပြောပါ "
ယောင်ချီ နတ်ဘုရားသခင်မကြီးက မျက်နှာတည်ဖြင့် ပြန်မေးလိုက်သည်။
ကျန့်လင်ကျိုးက ခေါင်းမော့ပြီး ချက်ချင်း ပြန်ပြော၏။
" ကျုပ်က ယောင်ချီရော ၊ ယောင်ချီ နတ်ဘုရားသခင်မကြီးကိုပါ ကျုပ်တို့ရဲ့ လက်အောက်ခံ လုပ်ဖို့ ဖိတ်ခေါ်ချင်တာပါ "
" မင်းတို့ရဲ့ လက်အောက်ခံ လုပ်ရမယ်.. ဟုတ်လား "
နတ်ဘုရားသခင်မကြီး အံ့သြမှင်သက်သွားပြီးနောက် ချက်ချင်း ဒေါသထွက်သွားကာ ပြောသည်။
" မင်းတို့ မဟာမလင်းတန်းဂိုဏ်းက ငါတို့ ယောင်ချီကို လိုချင်တယ်ပေါ့လေ။ ဒါဆို မင်းတို့နဲ့ ယွဲ့ယန်ကမ္ဘာက ဘာထူးတော့မှာလဲ "
ကျန့်လင်ကျိုးက ချက်ချင်း ခေါင်းယမ်း၍ ပြန်ပြော၏။
" နတ်ဘုရား သခင်မကြီး ၊ နားလည်မှု လွဲနေပါပြီဗျာ။ ကျုပ်က နတ်ဘုရားသခင်မကြီးကို မဟာအလင်းတန်းဂိုဏ်းရဲ့ လက်အောက်ခံလုပ်ဖို့ ပြောနေတာ မဟုတ်ဘူးဗျ "
" ဟမ်... ဒါဆို မင်းက ဘာလုပ်စေချင်တာလဲ "
ယောင်ချီ နတ်ဘုရားသခင်မကြီး အံ့အားသင့်သွားရပြန်သည်။
ကျန့်လင်ကျိုးက အပြုံးဖြင့် ပြန်ပြော၏။
" ကျုပ်က ယောင်ချီကို ထျန်းမင်ကမ္ဘာနဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်နေတာပါ "