← Chapters

ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်း

Vol. 34 Ch. 475

ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်း

Vol. 34 Ch. 475

" ဘယ်လိုဖြစ်ပြီးတော့... "

ထိုမြင်ကွင်းကို ကြည့်ရင်း အားလုံး အံ့သြမှင်သက်သွားကုန်၏။

ထိုသူမှာ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် မဟုတ်သည့်တိုင်... မသေမျိုးအဆင့်ရှိထားသူတစ်ဦး ဖြစ်ပါသည်။

ထိုသို့သော သူမျိုးက ဤသို့ အလွယ်တကူ သေဆုံးသွားခဲ့ရသတဲ့လား ။

ယွဲ့ယန်ကမ္ဘာမှ မသေမျိုး ဆယ့်နှစ်ယောက်ထဲမှ တစ်ယောက်က ချက်ချင်း ဒေါသတကြီး ပြောလာသည်။

" မင်းက ငါတို့ ယွဲ့ယန်ကမ္ဘာသားတစ်ယောက်ကို သတ်ရဲတယ်ပေါ့လေ... မျိုးမစစ်ကောင် ။ မင်း သေချင်နေတယ်နဲ့ တူတယ် "

ထိုသို့ပြောနေရင်းမှာပင် သူ့ကိုယ်မှ အရောင်အဝါ

လည်း ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

ဝုန်း..

ကမ္ဘာကြီး တစ်ခုလုံးလည်း ချက်ချင်း တုန်ခါသွားသည်။

ယောင်ချီဘက်မှ လူများမှာလည်း အရောင်အဝါကြောင့် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ နောက်ဆုတ်လိုက်ကြသည်။

ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဒေါသထွက်ခြင်းက အလွန်ကြောက်စရာပင်..

ဝုန်း..

ထိုစဥ် တဖက်မှ မသေမျိုးက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဒေါသတကြီး အော်လိုက်ပြန်၏။

" ကြွက်စုတ်ကောင်.. ဘာမဟုတ်တဲ့ ဓားပဲ လာယမ်းပြမနေနဲ့ ၊ သတ္တိရှိရင် လူကိုယ်တိုင် အပြင်ကို ထွက်လာပြီး ငါ့ကို တိုက်ခိုက်စမ်း "

သူ့အော်သံမှ ထွက်လာသော အသံလှိုင်းများ နေရာအနှံ့ ပျံ့သွားသည်။

ကျန်လူများအားလုံးမှာလည်း ဓားပိုင်ရှင်ကို ဝေ့ဝဲရှာလိုက်ကြ၏။

သို့သော် ထိုစဥ်တွင် ယွဲ့ယန်ကမ္ဘာမှ မသေမျိုးများ၏ ခေါင်းဆောင်က ခေါင်းယမ်း၍ ပြောလာသည်။

" ဟွမ်ထျန်း ၊ ဒီကို ပြန်လာခဲ့စမ်းပါကွာ။ မင်းက သူ့အတွက် ပြိုင်ဘက်မဟုတ်ပါဘူး "

ဟွမ်ထျန်းဆိုသည့် သူမှာ ထိုစကားကြောင့် အလွန်ဒေါသထွက်သွားဟန် တူသည်။

" ယဲ့ကျီ... အဲ့စကားက ဘာအဓိပ္ပါယ်လဲ "

ယဲ့ကျီဆိုသော မသေမျိုးက အေးစက်စက်မျက်နှာထားဖြင့် ပြန်ပြော၏။

" တဖက်လူက ဒီမှာ ရှိမနေတာကိုတောင် မသိဘဲနဲ့ မင်းက သူနဲ့ တိုက်ခိုက်ချင်နေတာလေ "

" မင်း... ဘာပြောလိုက်တယ် "

ဟွမ်ထျန်းတစ်ယောက် အံ့သြမှင်သက်သွားရသည်။

ယဲ့ကျီက အေးစက်စက် မျက်နှာထားဖြင့်ပင် ဆက်ပြော၏။

" တဖက်လူက အဝေးကြီးကနေ ဓားထိန်းချုပ်နည်း ပညာရပ်ကို သုံးပြီး လုပ်လိုက်တာ။ အခု သူ့ဓားက ဒီမှာ ရှိနေပေမယ့် လူကတော့ မိုင်သန်းချီ ဝေးတဲ့ နေရာမှာကွ။ ဒါလေးတောင် မင်း သတိမထားမိဘူးလား "

ဟွမ်ထျန်း ခေတ္တမျှ ဆွံ့အနေပြီးမှ အခြေအနေကို သေချာစစ်ဆေးကြည့်လိုက်ရာ တစ်ခုခု ထူးခြားနေသည်ကို သတိထားမိသွားတော့သည်။

ထိုအချက်ကြောင့်လည်း သူ ပိုဒေါသထွက်သွားကာ စိတ်ဆိုးမာန်ဆိုး အော်လိုက်၏။

" မင်းက ငါ့ကို လှည့်ကွက်တွေနဲ့ ကစားရဲနေတယ်ပေါ့လေ။ ကောင်းပြီလေ... မင်းက ဒီမှာ မရှိဘူးဆိုတော့လဲ မင်းရဲ့ ဓားကိုပဲ အရင် ဖျက်ဆီးပစ်ရုံပေါ့။ အဲ့ကျမှ မင်း ဆက်ပြီး လျှို့ဝှက်နိုင်ဦးမလား ကြည့်မယ် "

သူ ထိုသို့ပြောပြီး ဓားကို ဆုပ်ကိုင်ရန် လက်ဆန့်လိုက်သည်။

" မလုပ်နဲ့.... "

ယဲ့ကျီက သူ့အား အော်တားလိုက်သေးသော်လည်း...

နောက်ကျသွားခဲ့လေပြီ..

" ဓားကမ္ဘာ.... သွမ့်ခုန်း ဓားသိုင်း "

အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။

ချွှင်...

သွမ့်ခုန်းဓား ချက်ချင်း တုန်ခါသွားကာ အရှိန်ဖြင့် လွှဲလာသည်။

ဝီ...

ထို့နောက် ချက်ချင်းမှာပင် ဓားကမ္ဘာများ တစ်ခုနှင့်တစ်ခု ရောယှက်သွားပြီး ဟွမ်ထျန်းအား ချုပ်နှောင်လိုက်တော့၏။

ဟွမ်ထျန်းမှာ စစချင်း အံ့သြမှင်သက်နေသေးသော်လည်း မကြာမီမှာပင် သူ့မျက်နှာထက်၌

လှောင်ပြုံးတစ်ခု ပေါ်လာသည်။

" ဟား ဟား... ငါက ဘယ်လိုထူးခြားတဲ့ သိုင်းကွက်များလဲလို့... ၊ လက်စသတ်တော့ ဒီတိုင်း ရိုးရိုးဓားကမ္ဘာပါပဲလားကွ ။ ဒီလောက်နဲ့ ငါ့ကို ကိုင်တွယ်လို့ ရမယ် ထင်နေရင်တော့ မင်း သိပ်ကို တုံးလွန်းသွားပြီ "

သူ ထိုသို့ပြောကာ ဓားကမ္ဘာအား ရှိသမျှ အစွမ်းကုန်သုံး၍ တိုက်ခိုက်လိုက်၏။

သို့သော်...

ဧရာမ ဓားကမ္ဘာကြီးက သူ့အား တန်ပြန်တိုက်ခိုက်လာပြီး ...

သူ့ခန္ဓာကိုယ်ထဲသို့ တမဟုတ်ချင်း ထိုးဖောက်ဝင်သွားတော့သည်။

" ချီးပဲ.... "

ဟွမ်ထျန်း၏ ရင်ထဲတွင် ဒေါသနှင့် မယုံနိုင်မှုတို့ ရောပြွန်းသွားကာ သူ့ စိတ်စွမ်းအင်များ အားလုံးကို အသက်သွင်း၍ ဓားကမ္ဘာအား ခက်ခက်ခဲခဲ ဖျက်ဆီးလိုက်နိုင်၏။ ပြီးသည်နှင့် သူ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ ချက်ချင်း ပြန်သွားလိုက်သည်။

သို့သော်... ထိုအချိန်တွင် သူ့ တစ်ကိုယ်လုံး ဓားဒဏ်ရာများဖြင့် ပြည့်နေပြီး သွေးများလည်း ချင်းချင်းနီနေကာ ဒဏ်ရာဆိုးဆိုးရွားရွား ရထားပုံ ပေါ်နေပါသည်။

" ဒီကောင်က.... "

ဟွမ်ထျန်း၏ မျက်နှာကြီးမှာလည်း အလွန်တည်နေပါ၏။

ယဲ့ကျီက သူ့အား တစ်ချက်လှမ်းကြည့်ကာ ပြောလာသည်။

" အဲ့လောက်ပဲ ဖြစ်သွားတာကို မင်း ကျေးဇူးတင်ရမှာ။ တကယ်လို့ တဖက်လူသာ ဒီမှာ ရှိနေတယ်ဆိုရင် စောနက ဓားချက်နဲ့ မင်း အသက်ဆုံးသွားနိုင်တယ် "

" မင်း... ဘာပြောလိုက်တယ် "

ထိုစကားအား ဟွမ်ထျန်း လုံးဝ မကျေနပ်ပါချေ။

ယဲ့ကျီက သူ့အား လျစ်လျူရှုထားကာ စကားဆက်၏။

" အဲ့လူရဲ့ အစွမ်းက သာမာန် မသေမျိုးအဆင့်ထက် သာတယ်ကွ။ အဲ့တော့ သူနဲ့ တိုက်ခိုက်ဖို့ဆိုရင် မင်းဘက်မှာ အနည်းဆုံး လူသုံးယောက်လောက် ရှိထားမှ သူ့ကို နိုင်မယ့် အခွင့်အရေး ရှိမှာ "

" ဒါ..... "

အားလုံးမှာလည်း ယဲ့ကျီ၏ စကားကို ယုံကြဟန်တူပြီး မျက်နှာထားများ တည်သွားကြသည်။

" ထျန်းယွမ်ကမ္ဘာမှာ အဲ့လောက်ကြောက်စရာကောင်းတဲ့ အစွမ်းထက် ကျင့်ကြံသူမျိုး ရှိမယ်လို့ ထင်တောင်မထင်ထားမိဘူး "

" ဟမ့်.. အဲ့တော့ရော ဘာဖြစ်သေးလဲကွာ။ ငါတို့ဘက်က လူအင်အား အများကြီး ပိုသာတာပဲ "

အားလုံးက ထိုသို့ တစ်ယောက်တစ်ပေါက် ပြောပြီး ယုံကြည်ချက် ပြန်ရသွားဟန်ဖြင့် ခါးမတ်မတ် ရပ်လိုက်ကြ၏။

သို့သော် ထိုအချိန်မှာပင်...

ဘုန်း...

ခပ်ဝေးဝေးရှိ လေထုက ရုတ်တရက် ပြိုကွဲသွားပြီး ကြောက်မက်ဖွယ် မသေမျိုးအစွမ်းတစ်ခု ကျလာ၏။

ဝုန်း..

ပြီးနောက် ကောင်းကင်ယံမှ လူတစ်ယောက် ဆင်းသက်လာသည်။

" ချင်းဝူရှန်ပဲဟေ့... ဝူလျန်နန်းတော်ရဲ့ ဂိုဏ်းချုပ်ကြီး ချင်းဝူရှန်ပဲ "

" ထျန်းယွမ်ကမ္ဘာရဲ့ ကမ္ဘာပေါ်က မသေမျိုး နောက်တစ်ယောက်ပါလား။ ဒါနဲ့... သခင်ကြီး ချင်းဝူရှန်ရဲ့ ပုံက ဘာလို့ အစွမ်းနိမ့်တဲ့ပုံ ပေါက်နေရတာလဲ "

" ကြည့်ရတာ... သူ့ရဲ့ ကိုယ်ပွားပုံရိပ်တစ်ခုနဲ့ တူတယ် "

" ကိုယ်ပွားပုံရိပ်.. ဟုတ်လား "

အားလုံး စိတ်အပျက်ကြီး ပျက်သွားကြသည်။

သို့သော်.. သူတို့ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည့်တိုင် တဖက်ရှိ ယွဲ့ယန်ကမ္ဘာမှ လူများမှာမူ မျက်နှာထားများ ပြောင်းသွားကြပါ၏။

" မဖြစ်နိုင်တာ.... ဒီ ကိုယ်ပွားပုံရိပ်ရဲ့ စိတ်စွမ်းအင်က ငါ့လောက်ကို အစွမ်းထက်နေတာလား "

" ထျန်းယွမ်ကမ္ဘာမှာ အဲ့လို အဆင့်မျိုးနဲ့ ကျင့်ကြံသူ နှစ်ယောက်တောင် ရှိတာလား "

လူများ တီးတိုးပြောနေကြချိန်တွင် ယဲ့ကျီမှာလည်း မျက်နှာအလွန်တည်နေသည်။

" တကယ်လို့ အဲ့လူနှစ်ယောက်သာ ဒီကို ရောက်လာလို့ကတော့.... ငါ ဝင်မပါဘူးဆိုရင် အနည်းဆုံး ကမ္ဘာပေါ်က မသေမျိုး ခြောက်ယောက်လောက်နဲ့မှ သူတို့တွေကို ခုခံမှာ "

ယဲ့ကျီ တစ်ကိုယ်တည်း တွေးမိလိုက်သည်။

ထိုအချိန်မှာပင်..

ဝုန်း..

လေထုကို ဖြိုခွင်း၍ လာနေသော အခြားအသံတစ်သံ ထွက်လာပြန်၏။

ထို့နောက်တွင်မူ မြင်းမြှီးကြာပွတ် တစ်ခု ပေါ်လာသည်။

" နဂါးကိုးသွယ် မြင်းမြှီးကြာပွတ် ပါလား... ။ အဲ့ဒါ ထျန်းယွမ်ကျောင်းတော်က ဂိုဏ်းချုပ်သခင်ကြီး ထျန်းလုံရဲ့ အသက်ကယ် မှော်လက်နက်တစ်ခုပဲ "

" သခင်ကြီး ထျန်းလုံရော ဒီကို ရောက်နေတာလား "

အားလုံး ဝမ်းသာအားရ ဖြစ်ကုန်ကြသည်။

ယောင်ချီ နတ်ဘုရားသခင်မကြီးသည်ပင် စိတ်လှုပ်ရှားသွားဟန် တူပါ၏။

အစောပိုင်းလေးတွင်ပင် သူမ တစ်ယောက်တည်း

အားဖြင့် ယွဲ့ယန်ကမ္ဘာမှ လူများကို သူသေကိုယ်သေ တိုက်ခိုက်ရတော့မည်ဟုသာ ထင်နေခဲ့ပါသေးသည်။

ထိုအချိန်မျိုး၌ သူမကို ထောက်ပံ့ပေးနိုင်မည့် အစွမ်းထက် ကျင့်ကြံသူများစွာက ထင်မထားစွာပင် ရောက်လာခဲ့သည် မဟုတ်ပါလား။

" သခင်ကြီးတို့ သုံးယောက်... "

ယောင်ချီ နတ်ဘုရားသခင်မကြီး စိတ်လှုပ်ရှားစွာ စကားစလိုက်သည်။

ထိုအချိန်တွင် ချင်းဝူရှန်၏ ကိုယ်ပွားပုံရိပ်က သူမဘက်သို့ ခေါင်းတဖြည်းဖြည်း လှည့်ကြည့်လာပြီး ဆို၏။

" ယောင်ချီ နတ်ဘုရားသခင်မကြီး ၊ စိတ်အေးအေးသာ ထားပါဗျာ။ ဘုရားက ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားတဲ့သူတွေကို ကူညီပေးတယ် ဆိုတဲ့စကား ရှိတာပဲလေ။ တကယ်လို့ နတ်ဘုရားသခင်မကြီးသာ ခုနက ယွဲ့ယန်ကမ္ဘာနဲ့ ပူးပေါင်းဖို့ ၊ ဒါမှမဟုတ် ထျန်းမင်ကမ္ဘာရဲ့ လက်အောက်ခံဖြစ်ဖို့ လက်ခံလိုက်မယ်ဆိုရင်.. ကျုပ်တို့ သုံးယောက်လုံး ဒီကို လုံးဝရောက်လာမှာ

မဟုတ်ဘူး "

" ဒါပေမယ့် သခင်မကြီးက ဒီလူတွေကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာဆိုတော့... ထျန်းယွမ်ကမ္ဘာသားတွေ ဖြစ်တဲ့ ကျုပ်တို့ကလဲ ဝင်တိုက်ခိုက်ရမှာပေါ့ဗျာ "

ကျန် မသေမျိုးနှစ်ယောက်မှာလည်း မည်သို့မှ မပြောကြသည့်တိုင် သူ့စကားကို သဘောတူဟန် ရှိပါသည်။

ထိုစဥ် ယောင်ချီနတ်ဘုရားသခင်မကြီးမှာ ကြားလိုက်ရသည့် စကားကြောင့် တစ်ကိုယ်လုံး တုန်သွားရှာ၏။

သူမ ရွေးချယ်ခဲ့သော ဆုံးဖြတ်ချက်က ဤမျှ အရေးကြီးနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပါချေ။

ထိုစဥ် တဖက်မှ ချင်းဝူရှန်က မျက်နှာလွဲသွားပြီး ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ လျှောက်သွား၏။

" ယဲ့ကျီ.. မတွေ့တာတောင် ကြာပြီနော် "

သူ အေးစက်စက် ပြောလိုက်သည်။

ယွဲ့ယန်ကမ္ဘာမှ လာသော မသေမျိုးများအားလုံးပင် သူတို့၏ ခေါင်းဆောင် ၊ ယဲ့ကျီအား ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

ယဲ့ကျီက ရှေ့သို့ ခြေတစ်လှမ်း တိုးလာကာ ပြန်ပြော၏။

" ချင်းဝူရှန်.... ငါတို့ မတွေ့ရတဲ့ နှစ်တွေကြားထဲမှာ မင်း ဒီလောက် အစွမ်းထက်လာမယ်လို့ ငါ ထင်​တောင် မထင်ထားမိဘူးကွာ "

ချင်းဝူရှန်က မျက်မှောင်ကြုံ့လျက် ပြောလိုက်သည်။

" ဒါပေါ့.... ငါ အဲ့တုန်းက ရခဲ့တဲ့ အရှက်ကွဲမှုကို ကောင်းကောင်းကြီး မှတ်မိနေသေးတယ်ကွ။ အဲ့အချိန်တုန်းက ငါက မိတ်ဆွေနှစ်ယောက်နဲ့ အတူတူ မင်းကို တိုက်ခိုက်ခဲ့ပေမယ့် မင်းက ငါတို့အားလုံးကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်။ ဒါ့ကြောင့်မို့လဲ ငါ ဒီကြားထဲမှာ တစ်ရက်မပျက် ပင်ပင်ပန်းပန်း ကြိုးစားပြီး ကျင့်ကြံခဲ့တာကွ။ အခု နောက်ဆုံးတော့ မင်းနဲ့ ပြန်တွေ့ရပြီပေါ့ကွာ "

သူ စကားခဏရပ်ကာ ရှေ့တစ်လှမ်းတိုး၍ လက်ဖြင့် တဖက်လူကို လာရန် လှမ်းခေါ်လိုက်ပြီးမှ ဆက်ပြော၏။

" မင်း သတ္တိရှိရင် အခု ငါနဲ့ လာတိုက်ခိုက်လေ "

သူ့စကားဆုံးသည်နှင့် လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ကမ္ဘာပေါ်မှ မသေမျိုးအချင်းချင်း ထိပ်တိုက်ရင်ဆိုင်သည့် တိုက်ပွဲမျိုးမှာ အလွန်တွေ့ရခဲလှပြီး လွန်ခဲ့သော ၂ နှစ်အတွင်း ထိုတိုက်ပွဲမျိုးကို သူတို့ မကြုံဖူးခဲ့ကြပါ။

သို့သော်... ယဲ့ကျီက မျက်မှောင်ကြုံ့ပြီး လှောင်ပြုံးဖြင့် ပြန်ပြောလာ၏။

" မင်းလို ကိုယ်ပွားပုံရိပ်တစ်ခုက ငါနဲ့ မယှဥ်နိုင်ပါဘူးကွာ "

ချင်းဝူရှန်က အေးစက်စက် ပြန်ပြောလိုက်သည်။

" မင်းနဲ့ ယှဥ်နိုင်လား ၊ မယှဥ်နိုင်ဘူးဆိုတာ တိုက်ခိုက်ကြည့်ရင် သိရမှာပေါ့ကွာ "

ယဲ့ကျီ၏ မျက်လုံးထဲတွင် အေးစက်စက် အငွေ့အသက်တစ်ခု ဖြတ်ပြေးသွားသော်လည်း.. သူ မည်သို့မှ ပြန်မပြောပါ။

ထိုအချိန်မှာပင် မြင်းမြှီးကြာပွတ် အဝေးသို့ ပျံသန်းသွားပြီး သခင်ကြီး ထျန်းလုံ၏ အရိပ် ပေါ်လာသည်။

" ယဲ့ကျီ... ဒီတစ်ခေါက်တော့ မင်းတို့ ယွဲ့ယန်ကမ္ဘာက ငါတို့ ထျန်းယွမ်ကမ္ဘာသားတွေနဲ့ သူသေကိုယ်သေ မတိုက်ခိုက်ချင်ဘူး မဟုတ်လား "

သခင်ကြီး ထျန်းလုံက အသံသြသြဖြင့် ပြောလိုက်၏။

" အိုး... မင်းက ဘာလို့ အဲ့လိုထင်ရတာလဲ ပြောစမ်းပါဦး "

ယဲ့ကျီ ရယ်သွမ်းသွေးလိုက်သည်။

သခင်ကြီး ထျန်းလုံက အေးစက်စက်နှာခေါင်းရှုံ့၏။

" ဒီတစ်ခေါက် မင်းတို့ ယွဲ့ယန်ကမ္ဘာက လာတဲ့သူတွေက အရင်တစ်ခေါက်ထက်တောင် ပိုအခြေအနေ ဆိုး

နေတာလေ။ တကယ်လို့ မင်းသာ သူသေကိုယ်သေ တိုက်ခိုက်ချင်တယ်ဆိုရင် ကမ္ဘာပေါ်က မသေမျိုးတွေ ခုထက် နှစ်ဆလောက် ပိုခေါ်လာသင့်တာကွ "

" ပြီးတော့ ငါ တွက်ချက်ထားတဲ့အတိုင်း ဆိုရင် ၊ အခု မင်းတို့ယွဲ့ယန်ကမ္ဘာကလဲ ဒုက္ခကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတာ မဟုတ်လား "

All Chapters