← Chapters

အခန်း (၇၀၄)

Vol. 48 Ch. 704

အခန်း (၇၀၄)

Vol. 48 Ch. 704

အသင်္ချေ များပြားသည့် လောကအသီးသီးတွင် ထိုအရာကို မလိုချင်သည့်လူဟူ၍ မရှိနိုင်ချေ။ မည်သူမှ သန့်စင်နိုင်ခြင်း မရှိသည့် လက်နက်ကို သန့်စင်နိုင်သည်ဆိုပါက ကျိန်းသေပေါက် အသင်္ချေ များပြားသည့် လောကအသီးသီး တို့ကို လွှမ်းမိုးနိုင်ပေလိမ့်မည်။

ငရဲလောက၏အရှင် ပြန်လာခြင်း သို့မဟုတ် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်၏ စိတ်ဆန္ဒ ပြန်လည် အသက်ဝင်လာခဲ့ခြင်း မည်သည့်အရာမဆို လောကအသီးသီးကို တုန်လှုပ်စေနိုင်သည့် သတင်းအချက်အလက်ပင် မဟုတ်ပါလား။

“အတိအကျပဲ” ဝိညာဉ်နတ်ဆိုးတောအုပ်အရှင်သည် ထိုစကားစုကို ရွတ်ဆိုလိုက်၏။

အောက်ဘက်တွင် ရှိနေသော သုံးပေခန့် ရှိနေသည့် သတ္တဝါသည် သွေးဘုရင်ကို လှမ်းကြည့်ကာဖြင့် လှောင်ပြောင်လိုက်သည်။ “အဲတော့ ဘာဖြစ်လဲ။ အင်မော်တယ် အင်ပါယာအဆင့် ကျင့်ကြံသူတွေက ထာဝရ သေဆုံးမှု မရှိကြဘူး။ ကျုပ်အထင်အရဆိုရင် ငရဲလောကအရှင်က ပြန်လာတော့မှာပဲ။ မနှေးနဲ့မမြန် ဆိုသလို နတ်ဆိုးလောကကြီးက ငရဲလောကအရှင်နောက်ကို လိုက်ရလိမ့်မယ်။ အသင်္ချေ များပြားတဲ့ လောကအသီးသီးကို လွှမ်းမိုးတဲ့နေရာမှာ ကျုပ်တို့က တစ်ထောင့် တစ်နေရာကနေ ပါဝင်ရလိမ့်မယ်”

နတ်ဆိုးလောကကြီးထဲတွင် ငရဲလောက၏ လက်အောက်သို့ မဝင်ချင်သည့်လူဟူ၍ အနည်းငယ်သာလျှင် ရှိ၏။ သို့ပေမဲ့ ငရဲလောကအရှင် ပြန်လာသည်ဆိုပါက အားလုံးသောသူတို့သည် မဝင်ချင်ဘူး ဆိုလျှင်တောင်မှ ငြင်းပယ်၍ မရနိုင်တော့သည် ဖြစ်ကြောင်းကို သူတို့ သိရှိသင့်၏။

သူ၏ အမြင်အရဆိုလျှင် ငရဲလောက၏ အရှင် အသက်ရှင်နေဖို့ အခွင့်အရေး များပြားသည်။ အင်မော်တယ်ဘုရင် တစ်ယောက်ကို သတ်ဖြတ်သည်ကပင် အလွန်တရာ ခက်ခဲနေပြီဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာ သို့မဟုတ် အင်မော်တယ် အင်ပါယာ တစ်ယောက် သေဆုံးဖို့ ဆိုသည်မှာ လွယ်ကူသည့် ကိစ္စရပ်မျိုး မဟုတ်ချေ။

ပြီးဆုံးခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ငရဲလောကအရှင်သည် ၎င်း၏ ဒဏ်ရာများကို ပြန်လည်ကာ ကုသနေခြင်း လည်း ဖြစ်နိုင်၏။ ယခု ဒဏ်ရာများ ပြန်လည်သက်သာလာပြီးနောက် အပြင်လောကသို့ ထွက်လာဖို့ ဆိုသည်မှာ ဖြစ်နိုင်ဖွယ်ရာ ကိစ္စရပ်မျိုးပင် ဖြစ်သည်။

“ဟမ့်”

သွေးဘုရင်သည် အထင်အမြင်သေးသလို နှာခေါင်းရှုံ့လိုက်၏။ သူ၏ အသံက အေးစက်နေ၏။ “အင်မော်တယ်လောကမှာ နတ်ဘုရားအင်ပါယာ ရှိနေသေးတယ် ဆိုတာကိုလည်း မမေ့နဲ့အုံး။ ငရဲလောက အရှင်သာ ရှိနေသေးရင် အဲလူကကော ဘယ်လိုလုပ် သေအုံးမှာလဲ”

အတိတ်က အကြောင်းအရာများနှင့် ပတ်သက်၍ သူတို့က ကောင်းကောင်းသိရှိပြီးဖြစ်၏။ ငရဲလောကအရှင် ပြန်လာမည်ဆိုပါက နတ်ဘုရားအင်ပါယာကလည်း ပြန်လာမှာ သေချာ၏။ ထိုသို့ဆိုလျှင် ထပ်မံကာ တိုက်ခိုက်အုံးမှာ ဖြစ်၏။ ငရဲလောကအရှင်သည် ကျိန်းသေပေါက် အနိုင်ရလိမ့်မည် မဟုတ်ချေ။

“အတိတ်က အဖြစ်အပျက်တွေက ပြီးသွားပါပြီ” ဝိညာဉ်ကဲ့သို့သော အစိမ်းရောင်မီးတောက် ထွန်းတောက်လျက် ရှိနေသည့်လူသည် အသာလှမ်းကာ ကြည့်ရှုရင်း ပြောဆိုလိုက်သည်။

သူသည် ငရဲလောက၏ တိုက်ပွဲတွင် ဝင်ရောက်ကာ တိုက်ခိုက်ခဲ့သည့် လူလည်း ဖြစ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် သူ၏ စကားလုံးများသည် အားလုံးသောသူတို့ အလေးထားစရာ ကိစ္စရပ်လည်း ဖြစ်လာခဲ့၏။

“မီးတောက်ဘုရင် ခင်ဗျား ဘာကိုဆိုလိုတာလဲ” တောင်ပံခြောက်ခုနှင့်လူသည် ဝိညာဉ်မီးတောက်များ တောက်လောင်လျက် ရှိနေသည့်လူကို လှမ်းကာ ကြည့်ရှုလိုက်၏။ ၎င်း၏ လေသံထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ပါဝင်နေ၏။ မီးတောက်ဘုရင်သည် ငရဲလောကဘက်ခြမ်းတွင် နေထိုင်ရန် ရွေးချယ်ခဲ့သည်လား။

“ကင်းခြေများဆိုတာ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း သေဆုံးသွားရုံနဲ့ အပြီးသေတယ်လို့ သတ်မှတ်လို့ မရဘူး။ ငရဲလောကအရှင်ဆိုရင် ပိုဆိုးတာပေါ့” မီးတောက်အရှင်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ပြောလိုက်သည်။

ဟောခန်းတစ်ခုလုံးသည် အချိန်ခဏအတွင်း တိတ်ဆိတ်ငြိမ်သက်သွား၏။ ထို့အပြင် တစ်ဖက်လူသည် ငရဲလောကကြီး၏ တိုက်ပွဲတွင် ပါဝင်ခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်၏။ ဝိညာဉ် နတ်ဆိုးတောအုပ်အရှင်မှလွဲလျှင် ၎င်း၏ စကားလုံးများသည် အားလုံး အလေးအနက်ထားရသည့် စကားများပင် ဖြစ်၏။

ငရဲလောက ရှုံးနိမ့်ပြီးသည့်နောက် များပြားလွန်းသည့် အင်မော်တယ်ဘုရင်တို့သည် အသက်ဘေးမှ လွတ်မြောက် အောင် ထွက်ပြေးလာနိုင်ခဲ့၏။ ငရဲလောကအနေနှင့် အသင်္ချေ များပြားသည့် လောကထဲသို့ ပြန်လည်ကာ ရောက်ရှိလာသည်ဆိုပါက ကျိန်းသေပေါက် ထိုစွမ်းအားမြင့် ကျင့်ကြံသူများသည် ပြန်လည်ကာ စုစည်းလာမှာ ဖြစ်သည်။ ထိုသို့ဆိုလျှင် အားအင်လည်း ပိုမို တိုးတက်လာမည် မဟုတ်ပါလား။

“ဌာနေအရှင်က ဒီနေ့ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် အကြောင်းနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တယ်။ ကျုပ် အထင်အရ ဆိုရင် သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက် တစ်ခုခု ရှိပြီးသား ဖြစ်လိမ့်မယ်။ ဌာနေအရှင် ဘယ်လိုပြုလုပ်ချင်လဲ ဆိုတာ ကျုပ်သိချင်တယ်” မီးတောက်ဘုရင်၏ အသံသည် ထွက်ပေါ်လာသည်။

“နတ်ဆိုးလောကထဲ ကနေထွက်ပြီး အသင်္ချေ များပြားတဲ့ လောကအသီးသီးနဲ့ တိုက်ခိုက်ရမယ်” ဌာနေအရှင်သည် လေဟာနယ်ထဲသို့ လှမ်းမျှော်ကြည့်ရှုရင်း လေးလေးနက်နက် ပြောဆိုလိုက်၏။

စကားပြောဆိုလိုက်သည့် အချိန်မှာတော့ ဝိညာဉ်အော်ငြီးသံများ၊ နတ်ဘုရား အော်သံများသည် သူ၏ ပတ်ဝန်းကျင် အနီးအနား တဝိုက်ဆီမှ ထွက်ပေါ်လာ၏။ နတ်ဆိုးလောကကြီး တစ်ခုလုံးသည် လှုပ်ခါလျက် ရှိနေ၏။ ကောင်းကင်ယံ ထက်တွင် ရှိနေသည့် ကြယ်စင်စုများသည်လည်း အောက်သို့ ပြုတ်ကျလာသည်။

“ဘာ... မဖြစ်နိုင်တာ”

“ဘာတွေဖြစ်တာလဲ”

ဟောခန်းထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ဌာနေအရှင်၏ စကားကို ကြားရသည့် အချိန်မှာတော့ မယုံကြည်နိုင်သလို ဖြစ်လို့နေ၏။ ဌာနေအရှင်သည် နတ်ဆိုးလောကထဲတွင် အင်အားစု တစ်ခုကို ဖန်တီးချင်ခြင်း ဟု သူတို့ထင်မှတ်ခဲ့၏။

ဌာနေအရှင်သည် နတ်ဆိုးလောကကြီး တစ်ခုလုံးကို လွှမ်းမိုး ထိန်းချုပ်နိုင်စွမ်း ရှိနေသည့် လူတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ အားလုံးသောသူတို့ ဝိုင်းဝန်းကာ ပုန်ကန်မည်ဆိုပါက ထိုလူသည် အလှပြထားသည့် ရုပ်တုတစ်ခုကဲ့သို့ ဖြစ်မည်မဟုတ်ပါလား။ အားလုံးသောသူတို့၏ သဘောဆန္ဒကို အဘယ့်ကြောင့် ဂရုမစိုက်ရသနည်း။

ဌာနေအရှင်၏ အဆိုပြုချက်ကို တခြားသောသူများက ချက်ချင်းပဲ ပယ်ချချင်မိ၏။ ဤအရာကလည်း လက်ခံနိုင် လောက်ပေသည်။ နတ်ဆိုးလောကထဲမှ ထွက်ခွာပြီးသည့်နောက် အသင်္ချေ များပြားသည့် လောကအသီးသီးကို သွားရောက်ကာ တိုက်ခိုက်ဖို့ ဆိုသည်မှာ တကယ့်ကို ပြဿနာ များစေမည့် ကိစ္စပင်။

တချို့သည် ၎င်းတို့၏ ဌာနေထဲ၌ပင် ငြိမ်ငြိမ်သက်သက် နေချင်ကြ၏။ ထို့အပြင် ၎င်းတို့သည် နတ်ဆိုးလောကကြီး ဆိုသည်မှာ နတ်ဘုရားလောကကိုပင် ယှဉ်ပြိုင်၍ ရနိုင်မည် မဟုတ်ကြောင်း ယုံကြည်မိ၏။ ထို့ကြောင့် အလျင်စလိုဖြင့် သွားရောက်ကာ တိုက်ခိုက်ခြင်းဆိုသည်မှာ အလုံးစုံ ပျက်စီးခြင်းကို ရောက်ရှိသွားမည့် အခြေအနေမျိုးပင်။

ထို့အပြင် ဌာနေအရှင်နှင့် ငရဲလောက၏ ယခင်အရှင်တို့ ကြားထဲတွင် ကွာခြားချက်က သိသိသာသာ ရှိလို့နေခဲ့၏။ ငရဲလောက၏အရှင်သည် အင်မော်တယ် အင်ပါယာတစ်ယောက်ဖြစ်ပြီး ဌာနေအရှင်မှာတော့ အင်မော်တယ်ဘုရင် များကြားထဲတွင် အားအကောင်းဆုံးသော လူတစ်ယောက်သာဖြစ်၏။ ၎င်းတို့၏ ရင်ဆိုင် ကျော်ဖြတ်နိုင်စွမ်းသည် ကွာခြားလွန်းလှချေသည်။

“ဌာနေအရှင်က နတ်ဆိုးလောကကြီးက ထွက်ခွာပြီး တခြားလောကတွေကို တိုက်ခိုက်ဖို့ စိတ်ဆန္ဒ ရှိတယ်ဆိုရင် ကျုပ်တို့ အကန့်အသတ်မဲ့ သွေးစည်းဂိုဏ်းက ဝိညာဉ်နတ်ဆိုးတောအုပ်ကနေ ထွက်ခွာပါမယ်။ အခုကစပြီး ခင်ဗျားတို့လမ်း ခင်ဗျားတို့ လမ်းလျှောက်ပါ။ ကျုပ်တို့ကလည်း ကိုယ့်လမ်း ကိုယ်လျှောက်တော့မယ်” သွေးဘုရင်သည် အေးစက်စက်နှင့် ကြေညာလိုက်၏။

သူ့အနေနှင့် နတ်ဘုရားလောကထဲတွင် သတင်းအချက်အလက်များ ပျံ့နှံ့နေပြီဖြစ်ကြောင်း အစောကြီးတည်းက ပြောဆိုခဲ့ပြီးပြီဖြစ်၏။ နတ်ဆိုးလောကကြီး အနေနှင့် ဘေးတစ်ဖက်ဆီမှ ငြိမ်းငြိမ်းချမ်းချမ်း ထိုင်ကာ ကြည့်ရှုနိုင်သည် ဆိုပါက ၎င်းတို့အတွက် ကြီးမားသည့် အကျိုးအမြတ် ရရှိနိုင်မည့် အခြေအနေတစ်ခုဆီသို့ အလိုလို ရောက်ရှိလာမှာပင်။

သို့ပေမဲ့ ကံဆိုးစွာဖြင့် ဌာနေအရှင်သည် သူ၏ စကားကို ဂရုမစိုက်ခဲ့ချေ။ မိမိလမ်းကို မိမိဖောက်ရန် ကြိုးစားလျက် ရှိနေ၏။ တစ်ဖက်လူက သူ့ကို မျက်နှာသာပေးခြင်း မရှိသည်ဆိုမှတော့ ကျိန်းသေပေါက် သူကလည်း တစ်ဖက်လူ၏ လက်အောက်မှ ထွက်ခွာရပေလိမ့်မည်။ သူ၏ ရည်ရွယ်ချက်သည် ငြိမ်ငြိမ်သက်သက်နှင့် စောင့်မျှော်နေခြင်းပင်။ လက်ရှိအခြေအနေမှာတော့ တခြားသော သူများအားလုံးသည်လည်း ထိုကဲ့သို့ ထွက်ခွာသွားကြရန် စဉ်းစား နေမိကြသည်။

“သဘောတူတယ်”

အမြင့်တွင် ထိုင်လျက်ရှိနေသည့် ဌာနေအရှင်၏ ခန္ဓာကိုယ်သည် မြူများဖြင့် ဖုံးလွှမ်းလျက် ရှိနေတုန်းပင်။ ၎င်း၏ အသွင်အပြင်နှင့် စိတ်ခံစားချက် မည်သို့ ဖြစ်နေကြောင်း မည်သူမှ မသိရှိကြချေ။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေသည့် တောက်ပသော ရောင်စဉ်များကတော့ ရှိရှိသမျှသော လူပေါင်းများစွာတို့၏ ကျောရိုးမကြီးများ ကို စိမ့်တက်စေခဲ့၏။ လက်ရှိအချိန်တွင် ၎င်းသည် စကားတစ်ခုချင်း စီတိုင်းကို ဖြည်းညှင်းစွာ ပြောဆိုခဲ့၏။

ဌာနေအရှင်နောက်သို့ မလိုက်ပါလိုသူများသည် ကျန်ရစ်ခဲ့နိုင်သည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။

ချက်ချင်းဆိုသလိုပဲ ကျင့်ကြံသူနှစ်ယောက်တို့သည် အရှေ့ကို ထွက်ပြီး ၎င်းတို့၏ အတွေးကို ဖော်ပြရန် စဉ်းစားလိုက်မိ၏။ သို့ပေမဲ့ သူတို့ခြေထောက်ကို မရန်ပြင်လျက် ရှိနေတုန်းမှာပဲ ....

All Chapters