← Chapters

အခန်း (၇၀၉)

Vol. 48 Ch. 709

အခန်း (၇၀၉)

Vol. 48 Ch. 709

စိမ်းပြာရောင် နတ်ဘုရားအိုးကြီး၏ မျက်နှာပြင်ထက်တွင် အက်ကွဲကြောင်းများ ပေါ်လာ၏။ ကြမ်းတမ်းလွန်းသည့် အားအင်အဆင့်ကို ခုခံရင်းနှင့် ၎င်းသည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ နတ်ဘုရားအိုးကြီး၏ အောက်မှာတော့ သတ္တမဘိုးဘေးနှင့် တခြားသောသူများ၏ ခန္ဓာကိုယ်များသည် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပြီး သွေးများ အန်ထွက်ကာ အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။

ဤတစ်ကြိမ်မှာတော့ ဌာနေအရှင်သည် အားအနည်းငယ်ကို ပိုမိုထုတ်ဖော်ကာ အသုံးပြုခဲ့၏။ ထို့ကြောင့် ဤသုံးယောက်တို့သည် ကံမကောင်းလှချေ။ အထူးသဖြင့် သတ္တမဘိုးဘေးကြီးပင် ဖြစ်သည်။ တိုက်ခိုက်မှုကို တည့်တည့် ရင်ဆိုင်ခဲ့ရသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများ စွန်းထင်းလျက် ရှိနေ၏။ ၎င်းသည် ခန္ဓာကိုယ်တစ်ခုလုံး နောက်ဘက်သို့ လွင့်စင်သွားခဲ့ပြီးသည့်နောက် ၎င်း၏ နတ်ဘုရားဝိညာဉ်ပင်လျှင် နှစ်ပိုင်း ပိုင်းဖြတ်လုနီးပါး ဖြစ်ခဲ့သည်။

တခြားသော နှစ်ယောက်မှာတော့ အနည်းငယ် အခြေအနေ သက်သာသည်ဟု ပြောရမည်။ သို့ပေမဲ့ အစောကြီး တည်းက ဒဏ်ရာရရှိပြီးသားဖြစ်သော လျှိုရွှမ်ချမ်၏ ဒဏ်ရာဟောင်းက ပြန်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပျက်စီးလုနီးပါး ဖြစ်လို့နေပြီး လျှိုချင်းကျီ၏ အခြေအနေကဲ့သို့ပင် ဖြစ်လာခဲ့၏။

“ပြေး” သတ္တမဘိုးဘေးကြီးသည် လွင့်စင်သွားရင်းမှ လှမ်းကာ အမိန့်ပေးလိုက်၏။ သို့ပေမဲ့ သူ၏အသံ မပျံ့နှံ့သေးခင်မှာပဲ သူတို့သည် တွေ့ရာနေရာကို ပြေးပြီးဖြစ်သည်။

အဆင့်တူကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်ရသည်ဆိုပါက သူတို့အနေနှင့် ပြဿနာ မရှိချေ။ သို့ပေမဲ့ ကွာစီ အင်မော်တယ် အင်ပါယာ တစ်ယောက်နှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ သူတို့သုံးယောက်လုံး၏ နှလုံးသား ထဲတွင် ရှိနေသည့် ယုံကြည်ချက်များသည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်၏။

ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်သည် သူတို့ထက် အဆပေါင်းများစွာ ပိုမို အားကောင်း၏။ စကြဝဠာထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို အတွေးတစ်ချက်နှင့်တင် သတ်ဖြတ်နိုင်စွမ်းရှိသော သူများပင်။

သို့ပေမဲ့ အခွင့်အရေးကတော့ ရှိနေသေး၏။ မကြိုးစားဘဲနှင့် သူတို့ မည်ကဲ့သို့ လွတ်မြောက်မည်ကို သိရှိနိုင်မည်နည်း။ အောင်မြင်သွားမည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ချက်ချင်းဆိုသလိုပဲ လျှိုကလန်၏ ဘုရင်သုံးပါးတို့သည် ကောင်းကင်၏ အစွန်းဘက်၌ ပျောက်ကွယ်သွားခဲ့၏။ အသက်တစ်ရှိုက်စာ အတွင်းမှာပဲ ၎င်းတို့သည် နတ်ဆိုးလောက၏ အပြင်အစပ်ဆီသို့ ရောက်ရှိသွားခဲ့၏။ အနည်းငယ် နှောင့်နှေးသည်နှင့် ကျိန်းသေပေါက် သေဆုံးသွားနိုင်၏။ ထို့ကြောင့် သူတို့သည် အသက်ရှင် ရပ်တည်နိုင်ရန်အတွက် အမြန်ဆုံးနှုန်းဖြင့် ပြေးခဲ့ခြင်းပင်။ ၎င်းတို့၏ သွေးအဆီအနှစ်များကိုပင် ကျွမ်းလောင်ခံခဲ့ရ၏။

“ဌာနေအရှင်”

သုံးပေကျော်ကျော်သာ ရှိသောသတ္တဝါသည် လျှိုကလန်မှ ဘုရင်သုံးပါးတို့ကို လှမ်းကာ ကြည့်ရှုရင်း စိုးရိမ်ပူပန်လာ၏။ ချက်ချင်းဆိုသလိုပဲ ထကာ အော်ဟစ်လိုက်၏။ သို့ပေမဲ့ သူ ဘာမှ မပြောရခင်မှာပင် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် တီးတိုးပြောလိုက်သည် “ဌာနေအရှင်… သူတို့ နတ်ဆိုးလောကကနေ ထွက်သွား တော့မယ်။ ကျုပ်တို့ သူ့ကို တားဆီးဖို့ မလုပ်ဘူးလား”

တခြားသော တစ်စုံတစ်ယောက်သာ ဆိုပါက သူသည် ဒေါသတကြီးနှင့် အော်ဟစ်မိမှာ သေချာ၏။ သို့ပေမဲ့ သူ၏ရှေ့မှ လူသည် ခြားနားလွန်း၏။ ဌာနေအရှင် ဖြစ်နေခြင်းပင်။ ထို့အပြင် နတ်ဆိုးလောကကြီး၏ ကယ်တင်ရှင် လည်း ဖြစ်သလို ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်လည်း ဖြစ်၏။

သူ့ကဲ့သို့သော အင်မော်တယ်ဘုရင် တစ်ယောက်အနေနှင့် တစ်ဖက်လူကို မည်ကဲ့သို့ သွားရောက်ကာ ဆူငေါက်ရမည်နည်း။ အတိတ်တုန်းက မသိ၍ ဆူငေါက်ကောင်း ဆူငေါက်မိပေလိမ့်မည်။ သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာမှန်း သိသည့်အချိန်မှာတော့ တစ်ခွန်းတစ်လေမှ ပြဿနာ မရှာရဲချေ။

လက်ရှိအခြေအနေမှာတော့ နတ်ဆိုးလောကထဲတွင် ရှိနေသည့် အင်မော်တယ်ဘုရင်ပေါင်း များစွာတို့သည် ရုတ်တရက် နားလည်သွားခဲ့၏။ လူအများကြားထဲတွင် နှစ်ပေါင်းများစွာကြာအောင် ဂုဏ်သိက္ခာနှင့် နေထိုင်ခဲ့ပြီး ထူးခြားသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သော မီးတောက်ဘုရင်သည် ဌာနေအရှင်ကို အဘယ်ကြောင့် ရိုရိုသေသေ နှင့် ဆက်ဆံနေသနည်းကို အားလုံးသောသူတို့က သိရှိသွားခဲ့ကြသည်။

ဌာနေအရှင်သည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်လို့နေ၏။ သူတို့အနေနှင့် တစ်ဖက်လူကို ပုန်ကန်ရန် စဉ်းစားခဲ့သည့် အကြောင်းအရာကို ပြန်လည်ကာ စဉ်းစားမိသည့် အချိန်မှာတော့ ကျောရိုးမကြီးများပင် စိမ့်တက်ပြီး ချွေးစေးများပင် ပျံလာခဲ့၏။ ကံကောင်းစွာဖြင့် သူတို့သည် ထိုအတွေးကို ထုတ်ဖော်ကာ မပြောမိ ခဲ့ခြင်းပင်။ မဟုတ်ပါက အသက်ရှင်လျက် ကျန်ရှိတော့မည် မထင်ချေ။

“ထားလိုက်တော့။ သူတို့ကို သွားခိုင်းလိုက်” ဌာနေအရှင်သည် လက်တစ်ဖက်ကို ဝှေ့ယမ်းပြီးသည့်နောက် စိုးရိမ် ပူပန်မှု မရှိသလို ပြောဆိုလိုက်၏။ ထိုကဲ့သို့ ပြောပြီးသည့်နောက် သူသည် အသာလှည့်ကာဖြင့် ဟောခန်းထဲသို့ လှမ်းလျှောက်ဝင်ရောက်လာခဲ့ပြီး သူ၏ပုလ္လင် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်၏။

နတ်ဆိုးလောကထဲရှိ အင်မော်တယ်ဘုရင်များသည် ၎င်းနောက်မှ လိုက်၍ ဟောခန်းထဲသို့ ဝင်ရောက်လာခဲ့၏။ ၎င်းတို့သည် နဝေတိမ်တောင် ဖြစ်လို့နေကြသည်။

“ဌာနေအရှင်… ခုဏက သုံးယောက်က ကျုပ်မမှားဘူးဆိုရင် နတ်ဘုရားလောက၊ လျှိုကလန်က အင်မော်တယ်ဘုရင် သုံးပါးပဲ။ သူတို့ရဲ့နောက်မှာ လျှိုကလန်ကြီး တစ်ခုလုံး ရှိနေတယ်။ ဒီလိုအခြေအနေက ကျုပ်တို့ နတ်ဆိုးလောကကြီးကို လာပြီး ကလဲ့စားချေမယ့် အခြေအနေမျိုး ဖြစ်လိမ့်မယ်။ ဒီ‌နေ့ကြည့်ရတာ ကျုပ်တို့ လောကထဲမှာ လျှိုကလန်က ကြီးမားတဲ့ အခွင့်အရေးကောင်းကို ရရှိခဲ့တဲ့ပုံပဲ။ ကျုပ်တို့ သူတို့ကို လွယ်လွယ်ကူကူနဲ့ လက်လွှတ်ပေးလိုက်လို့ မဖြစ်ဘူး မဟုတ်လား” ထိုအချိန်မှာတော့ တောင်ပံခြောက်ခုနှင့် သတ္တဝါသည် အရှေ့ဆီသို့ လှမ်းတက်လာပြီးသည့်နောက် လေးလေးနက်နက်ဖြင့် မေးခွန်းထုတ်လိုက်၏။

နတ်ဆိုးလောကကြီးသည် များပြားသည့် လောကများနှင့် ရန်ငြိုး တည်ရှိ၏။ တခြားသော လောကများမှ သက်ရှိများအတွက် နတ်ဆိုးလောကဆိုသည်မှာ တားမြစ်တည်နေရာကြီး တစ်ခုပင်ဖြစ်၏။ လွယ်လွယ်ကူကူနှင့် ဝင်ရောက်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

သို့ပေမဲ့ ယနေ့အချိန်မှာတော့ လျှိုကလန်၏ အဖွဲ့ဝင်များသည် အထဲသို့ ဝင်ရောက်လာသည်သာမက ကွာစီ အင်မော်တယ်အင်ပါယာ၏ တိုက်ခိုက်မှု အောက်တွင်ပင်လျှင် လွယ်လွယ်ကူကူနှင့် လွတ်မြောက်သွားခဲ့သည်။

ဤအရာသည် ဘာကို သက်သေပြနေသနည်း။ ဆိုလိုသည်မှာ နတ်ဆိုးလောကကြီးသည် အထဲသို့ ဝင်လာသည့် လူများကိုပင် ထိန်းချုပ်နိုင်စွမ်း မရှိသည့် အရာဖြစ်နေသည် မဟုတ်ပါလား။ လက်ရှိ တည်ရှိနေသည့် အင်မော်တယ် ဘုရင်ပေါင်း များစွာတို့သည် ရှက်ရွံ့မှုကိုပင် ခံစားလာခဲ့ကြ၏။

“ဟုတ်လား”

ဌာနေအရှင်သည် တောင်ပံခြောက်ခုနှင့်လူကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ထူးမခြားနားသလို ပြောလိုက်သည်။ “ခင်ဗျား သိပါတယ်။ နတ်ဘုရားလောကရဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေကလည်း ဒီလိုမျိုး တွေးကြမှာပဲ”

“ဌာနေအရှင် ဘာကိုဆိုလိုတာလဲ” တောင်ပံခြောက်ခုနှင့် သတ္တဝါသည် အနည်းငယ် နဝေတိမ်တောင် ဖြစ်သွား၏။ သို့ပေမဲ့ သူ မြန်မြန်ဆန်ဆန် ဆိုသလိုပဲ နားလည်သွားခဲ့၏။

နတ်ဆိုးလောကမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် သူတို့ကို သတ်ဖြတ်ရန် အတွေးမျိုး ရှိနေသည်လား။ လျှိုကလန်သည် သံသယရှိစရာ မလိုအောင်ဘဲ အားကောင်းသည့် မိသားစုကြီးတစ်ခုဖြစ်၏။ ငရဲလောက၏ ကြီးမားသည့် တိုက်ပွဲကြီး မတိုင်ခင်ကတည်းက ထွန်းတောက်ခဲ့သည့် ကလန်ကြီးတစ်ခုလည်း ဖြစ်လေသည်။

လျှိုကလန်နှင့် နတ်ဆိုးလောကဆိုသည်မှာ တစောင်းစေးနှင့် မျက်ချေးပင် ဖြစ်၏။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ လျှိုကလန်တွင် ရှိနေသည့် လူများသည် နတ်ဆိုးလောကထဲသို့ ခိုးကြောင်ခိုးဝှက်နှင့် ဝင်ရောက်လာခဲ့ပြီး အထဲတွင် ရှိနေသည့် ကံကောင်းခြင်းတရားများကို ခူးဆွတ်ရယူသွားခဲ့၏။

ထို့အပြင် ၎င်းတို့သည် တစ်ခါတည်း ထွက်ပြေးသွားခဲ့လေ၏။ ထွက်ပြေးသွားခြင်းသည် ကိစ္စကြီးတစ်ခု မဟုတ်ချေ။ ကွာစီ အင်မော်တယ် အင်ပါယာတစ်ယောက်၏ နှာခေါင်းအောက်မှ လွတ်မြောက်သွားခဲ့သည် ဆိုခြင်းမှာ ပြဿနာ ဖြစ်လာခဲ့၏။

လျှိုကလန်၏ ဘုရင်သုံးပါး နေရာတွင် တခြားသော အင်မော်တယ်ဘုရင်များသာဆိုပါက ကျိန်းသေပေါက် ဤကဲ့သို့ ထွက်ခွာခွင့် ရလိမ့်မည် မဟုတ်ချေ။

ဟုတ်ပေ၏။ လျှိုကလန်မှ ဘုရင်သုံးပါးတို့သည် လွယ်လွယ်ကူကူဖြင့် ထွက်ပြေးသွားနိုင်ခဲ့၏။ မေးခွန်းသည် မည်ကဲ့သို့ ထွက်ပြေးနိုင်ကြသနည်း။ ဤမေးခွန်းသည် နတ်ဘုရားလောကရှိ စွမ်းအားမြင့် ကျင့်ကြံသူများ၏ ဦးနှောက်ထဲသို့ ရောက်ရှိလာပေလိမ့်မည်။ သူတို့ဆိုလျှင် ထိုသို့ လွတ်မြောက်နိုင်မည်လား။

လျှိုကလန်၏ အကြီးအကဲဖြစ်သော လျှိုချင်းယုသည် ငရဲလောကနှင့် ပူးပေါင်း သွားခဲ့ပြီဖြစ်၏။ ယနေ့ လျှိုကလန်၏ ဘုရင်သုံးပါးတို့ကလည်း နတ်ဆိုးလောက ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်၏ လက်မှ လွတ်မြောက်သွားခဲ့၏။ ကျိန်းသေပေါက် ဤကဲ့သို့သော အဖြစ်အပျက်များသည် လျှိုကလန်အနေနှင့် ငရဲလောကနှင့် မရှင်းလင်းသည့် ဆက်ဆံရေးများ တည်ရှိနေခြင်းဖြစ်ကြောင်း သက်သေပြနေခြင်းပင်။

မဟုတ်ပါက နတ်ဆိုးလောက၏ ကွာစီအင်မော်တယ် အင်ပါယာသည် ဤကဲ့သို့ သေးငယ်သည့် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ကို အဘယ်ကြောင့် ချမ်းသာပေးရမည်နည်း။

“ဌာနေအရှင်က သူတို့ဘာသာသူတို့ ဒုက္ခရောက်အောင် လွှတ်ပေးခဲ့တာလား” တောင်ပံခြောက်ခုနှင့်လူ၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူသည် ဉာဏ်အလင်းပေါက်သွားသည်။

“ဌာနေအရှင်…”

ထိုအချိန်၌ မီးတောက်ဘုရင်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်လျက် ရှိနေတုန်းပင်။ သူက မှတ်ချက်ပြုလိုက်၏။ “လျှိုကလန်ရဲ့ ဘုရင်သုံးပါးက နတ်ဘုရားလောကထဲမှာ အားကောင်းတယ်ဆိုပေမဲ့ တခြားလောကအသီးသီးမှာ ဆိုရင် ဘာမှ အသိအမှတ်ပြုလောက်စရာ လူမျိုးမဟုတ်ဘူး။ သူတို့က ဘာမှ သိသာအောင် အကျိုးကျေးဇူး ပေးနိုင်မယ့်လူမျိုး မဟုတ်ဘူး”

All Chapters