← Chapters

အခန်း (၇၁၀)

Vol. 48 Ch. 710

အခန်း (၇၁၀)

Vol. 48 Ch. 710

မီးတောက်ဘုရင်၏ အမြင်အရဆိုလျှင် နတ်ဘုရားလောက၊ လျှိုကလန်ထဲတွင် ရှိနေသည့် ဆက်ဆံရေးသည် ရှုပ်ထွေးလျက် ရှိနေ၏။ သိပ်ပြီး အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။ အသင်္ချေ များပြားသည့် လောကများနှင့် ရင်ဆိုင်သည့်အချိန်တွင် ကြီးမားသည့် မုန်တိုင်းကြီးတစ်ခု ဖြစ်တည်အောင် ဖန်တီးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ နတ်ဆိုးလောကတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများ အတူတူ ပူးပေါင်းပြီး တိုက်ခိုက်မည်ဆိုပါက လျှိုကလန် တစ်ခုလုံးကို လွယ်လွယ်ကူကူ သုတ်သင်ပစ်နိုင်စွမ်းရှိ၏။

“ဒါ အစပဲ ရှိသေးတယ်”

ဌာနေအရှင်က အသာရယ်မောလိုက်၏။ ပြီးနောက် ခေါင်းကိုမော့ပြီး နတ်ဘုရားလောကဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ “နတ်ဘုရားလောကကြီးက မျက်နှာပြင်မှာ ပေါ်နေသလောက် ရိုးရှင်းတဲ့အရာ မဟုတ်ဘူး”

“တကယ်လား”

မီးတောက်ဘုရင်သည် မျက်ခုံးကို ပင့်ပြီးသည့်နောက် အံ့အားသင့်သွားခဲ့၏။ နတ်ဘုရား လောကကြီးသည် မျက်နှာပြင်ထက်တွင် မြင်နေရသလောက် ရိုးရှင်းလှသည့်အရာ မဟုတ်ပေဘူးလား။ နတ်ဘုရား လောကကြီးထဲတွင် ဘာမှန်းမသိသည့် လျှို့ဝှက်ချက်များ တည်ရှိနေလေသည်လား။ နတ်ဆိုးအရှင်သည် နှစ်ပေါင်းများစွာကတည်းက နတ်ဘုရားလောကကြီးကို အပိုင်သိမ်းရန် စီစဉ်ခဲ့လေသည်လား။

“ဒါဆိုရင် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ” မီးတောက်ဘုရင်သည် အလျင်စလိုဖြင့် လှမ်းကာ မေးမြန်းလိုက်သည်။

“အင်း… ကျုပ်တို့ နတ်ဆိုးလောကထဲကနေ ထွက်မယ်။ ပြီးတော့ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ရဲ့ အမွေအနှစ်တွေကို ပြန်ယူရမယ်” ဌာနေအရှင်သည် တည်ငြိမ်စွာပင် ပြောဆိုလိုက်၏။

“ဒါပေမဲ့”

မီးတောက်ဘုရင်သည် တွန့်ဆုတ်သွား၏။ သူသည် အနားပတ်ဝန်းကျင်ကို ကြည့်ရှုပြီးသည့်နောက် တခြားသောသူများ ၏ အမူအရာကို လှမ်းကာ ကြည့်ရှုလိုက်၏။ ခဏလောက် ရပ်တန့်ပြီးသည့်နောက် သူက ဆက်ပြောလိုက်ပြန်သည်။ “ဒါတွေက ကောလဟလတွေ မဟုတ်ဘူးလား”

“တစ်ခါတစ်လေမှာ ကောလဟလတွေက အမှန်ဖြစ်နိုင်တယ်။ အတိတ်တုန်းက ငရဲလောကနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်၊ နှစ်ယောက် မက သေဆုံးခဲ့ကြတယ်” ဌာနေအရှင်က ရှင်းပြလိုက်၏။

ထိုအရာကို ကြားသည့်အချိန်မှာတော့ အနားတွင် ရှိနေသည့် လူပေါင်းများစွာတို့သည့် အံ့ချီးနပမ်း ဖြစ်ကုန်ကြ၏။ တော်တော်များများတို့သည် ထိုတိုက်ပွဲကြီးကို မတွေ့ကြုံခဲ့ရသော်လည်း ၎င်းတို့၏ အသိပညာ၊ ဗဟုသုတ များအရ တိုက်ပွဲ၏ ကြမ်းတမ်းပုံကို သေသေချာချာ သိရှိပြီးသား ဖြစ်သည်။

အင်မော်တယ်ဘုရင် တစ်ယောက်ပင်လျှင် ဤကဲ့သို့သော တိုက်ပွဲအတွင်းတွင် အသက်ရှင် ရပ်တည်နိုင်ရန် အခွင့်အလမ်း မရှိခဲ့ချေ။ ကွာစီ အင်မော်တယ် အင်ပါယာများပင်လျှင် သေဆုံးခဲ့သည်ဟု ပြောစမှတ် တွင်ခဲ့သည် မဟုတ်ပါလား။

“ခင်ဗျားထင်လား ဌာနေအရှင်... ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ဖြစ်နိုင်မယ့် အခွင့်အလမ်းက အင်မော်တယ်ဘုရင် တစ်ယောက်ကို တကယ်တမ်း အဆင့်ချိုးဖြတ်နိုင်စေမယ်လို့ ထင်လား” မီးတောက်ဘုရင်က မေးမြန်းလိုက်၏။ သူသည် သံသယများကို ထုတ်ဖော်ကာ မေးမြန်းလိုက်ခြင်းပင်။

သူသည် အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်ပြီဖြစ်၏။ သို့ပေမဲ့ အကန့်အသတ် ပါရမီ တည်ရှိနေသည် ဖြစ်သောကြောင့် ထိုအဆင့်မှ တိုးတက်ရန် ကြာရှိလို့နေခဲ့၏။ နတ်ဘုရား လောကကြီးတွင် ပေါ်ပေါက်လျက် ရှိနေသည့် ကောလဟလများသည် သူ၏ စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အခြေအနေကြားမှ မျှော်လင့်ချက် အရိပ်အယောင်တချို့ကို တွေ့လိုက်ရသကဲ့သို့ပင်။

“ပြောဖို့တော့ ခက်တယ်။ အခွင့်အရေးဆိုတာ တစ်ဦးတစ်ယောက်ချင်းစီနဲ့ သက်ဆိုင်တယ်။ နတ်ဆိုးလောကထဲမှာ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ကိုသာ ထပ်ထည့်နိုင်မယ်ဆိုရင် ကျိန်းသေပေါက် အသင်္ချေ များပြားတဲ့ လောကကြီးတွေကို ပြောင်းပြန်လှန်ဖြစ်ဖို့ဆိုတာ ဖြစ်နိုင်တယ်”

ဌာနေအရှင်က ထပ်ပြောလိုက်၏။ “ဒါပေမဲ့ လျှိုကလန်က ဒီတစ်ကြိမ်မှာ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးကို ရှာတွေ့သွားမလား မသိဘူး”

ဌာနေအရှင်သည် နက်နက်နဲနဲ လှမ်းကာကြည့်ရှု ပြီးသည့်နောက် အသာပင် ပြောဆိုလိုက်သည်။

သူသည် လျှိုကလန်ကို လွှတ်ပေးလိုက်ခြင်းမှာ အကြောင်းအရင်း တစ်ခုရှိ၏။ တစ်ဖက်လူများ အနေနှင့် လမ်းကို ဦးဆောင်ကာ သွားစေချင်၍ပင်။ တခြားတစ်ဖက်မှ ကြည့်ရမည်ဆိုလျှင် နတ်ဘုရားလောကထဲတွင် ကောလဟလ သတင်းများ ပျံ့နှံ့လျက် ရှိနေ၏။ ထိုအရာမအားလုံးကိုလည်း လျှိုကလန်က ဖြန့်နေခြင်းပင်။

ယခု ထိုကဲ့သို့သော သတင်းသည် နတ်ဘုရားလောကတင်မက အင်မော်တယ်လောကကိုပင် ပျံ့နှံ့လျက် ရှိနေ၏။ လျှိုကလန်သည် တကယ်တမ်း ငရဲလောကနှင့် ပူးပေါင်းသွားလား၊ မသွားလား မသေချာသေးချေ။ ၎င်းတို့ မပူးပေါင်းဘူး ဆိုလျှင်တောင် လျှိုချင်းယုကတော့ ပူးပေါင်းသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် လျှိုကလန်၏ ဘုရင်သုံးပါး ကို မသတ်ဘဲ လွှတ်ပေးလိုက်ခြင်းပင်။

သူ့အနေနှင့် လျှိုကလန်မှ ဘုရင်သုံးပါးကို မသတ်ဘဲနှင့် လွှတ်ပေးလိုက်ခြင်းသည် ဉာဏ်ကောင်းလှသည့် ကိစ္စဟု သူ့ဘာသူ သတ်မှတ်ထား၏။ တကယ်တမ်းသာ သတ်ဖြတ်ပစ်သည်ဆိုပါက မဟာမိတ်များထက် ရန်သူများကို ဖန်တီးခြင်းနှင့် ဆင်တူနေမည် မဟုတ်ပါလား။

သူလုပ်စရာရှိသည့် လုပ်ငန်းစဉ်များကြားထဲတွင် အဟန့်အတားများ ပေါ်ပေါက်လာသည်ဆိုပါက မြန်မြန်ဆန်ဆန်နှင့် လုပ်ငန်းအောင်မြင်လိမ့်မည် မဟုတ်ချေ။ လက်ရှိအခြေအနေတွင် လွှတ်ပေးထားပြီး အနာဂတ်၌ လျှိုကလန်သာ ငရဲလောကနှင့် တကယ် မပူးပေါင်းဘူး ဆိုပါက ထိုသူအားလုံးကို လွယ်လွယ်ကူကူနှင့် သူ သတ်ဖြတ်နိုင်သည်။

“အရင်တုန်းက နေ့ရက်တွေကို ပြန်ပြောရမယ်ဆိုရင် ကွာစီအင်မော်တယ် အင်ပါယာ ထွက်ပေါ်လာနိုင်တဲ့ အခွင့်အရေးက ဌာနေအရှင်ရဲ့ အသိအကျွမ်း တစ်ယောက်ယောက်လည်း ဖြစ်နေနိုင်တယ်” တောင်ပံခြောက်ခုနှင့် လူသည် အသာပြုံးကာ ပြောဆိုလိုက်၏။

ရှေးတိုက်ပွဲကြီးအတွင်းရှိ ကွာစီအင်မော်တယ် အင်ပါယာများ ဆိုသည်မှာ တကယ့်ကို ကျော်ကြားသည့် လူများဖြစ်၏။ လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ကြပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ပွဲကြီးကို တိုက်ခိုက်ခဲ့သူများဖြစ်သည်။

သူတို့၏ အထင်အရဆိုလျှင် ဌာနေအရှင်သည်လည်း ငရဲလောကကြီး သစ္စာရှိနောက်လိုက်တစ်ပါးသာလျှင် ဖြစ်ရပေလိမ့်မည်။

မည်သို့ပင်ကြည့်ကြည့် ဌာနေအရှင်သည် ငရဲလောက၏ အကြွင်းအကျန် မျိုးဆက်သာလျှင်ဖြစ်၏။ ဌာနေအရှင်၏ ခန္ဓာကိုယ်ပေါ်တွင် ငရဲလောက၏ အမှတ်အသားလည်း ရှိကောင်းရှိနိုင်၏။ ငရဲလောက၏ အမွေအနှစ်များကို ရရှိပြီးသည့်နောက် သိုဝှက်ထားခြင်းလည်း ဖြစ်နိုင်သည်။ ရှိရှိသမျှသော သဲလွန်စများကို စဉ်းစားပြီးသည့်နောက် ဌာနေအရှင်သည် ကျိန်းသေပေါက် ငရဲလောက၏ တရားဝင် အဖွဲ့ဝင်တစ်ယောက် ဖြစ်လိမ့်မည်ဟု သူတို့က သတ်မှတ်လိုက်ကြ၏။

“အသိအကျွမ်းတွေလား။ ဟမ့်” ဌာနေအရှင်က ရယ်မောလိုက်၏။ သူ၏အသံသည် ကောင်းကင်ယံတစ်ခုလုံးကို ပျံ့နှံ့သွားလေ၏။ အားကောင်းလှသည့် ဖိအားကြီးတစ်ခုက ဖြစ်တည်လာခဲ့ပြီး နတ်ဆိုးလောကကြီး တစ်ခုလုံးကို ဖိနှိပ်လိုက်သည်။

“ခင်ဗျားတို့ ဒါကို စဉ်းစားနေဖို့ မလိုဘူး။ တစ်ယောက်ချင်းစီတိုင်းက မိမိသက်ဆိုင်ရာ ဌာနေကို ပြန်ကြတော့။ ပြီးတော့ တိုက်ပွဲအတွက် ပြင်ဆင်ထားကြ။ ကျုပ် နတ်ဆိုးလောက အပြင်ကို ထွက်ပြီဆိုတာနဲ့ ခင်ဗျားတို့ လိုက်ခဲ့ကြ။ ငရဲလောကကြီးရဲ့ ဂုဏ်သိက္ခာက ထပ်မံတွန်းတောက်လာပြီ ဆိုတာကို အသင်္ချေ များပြားတဲ့ လောကအသီးသီးက သိစေရမယ်”

ဤစကားစုကို ပြောဆိုပြီးသည့်နောက်မှာတော့ အားလုံးသော သူတို့သည် ကျောရိုးမကြီးများပင် စိမ့်တက်သွားခဲ့ ကြ၏။ ဌာနေအရှင်၏ စကားလုံးများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ရန်ပြုလိုခြင်း စိတ်ဆန္ဒများနှင့် ပြည့်နှက်လျက် ရှိနေသည်ကို သူတို့ မြင်နိုင်၊ ကြားနိုင်၏။

အရှင်၏အမိန့်သည် တစ်သွေး၊ တစ်သံ၊ တစ်မိန့်ပင် ဖြစ်၏။ သို့ပေမဲ့ သူတို့သည် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်၏ ထောက်ပံ့မှုကို ရရှိခဲ့သောကြောင့် နှလုံးသားထဲတွင် ရှိနေသည့် အစိုင်အခဲများကို ဖယ်ရှား လိုက်ကြရ၏။ သူတို့သည် ကျိန်းသေပေါက် အနိုင်ယူရပေလိမ့်မည်။

နတ်ဘုရားအင်ပါယာနှင့် ငရဲလောက၏ အရှင်တို့ မရှိပါက ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် သည် ကျိန်းသေပေါက် လောကအသီးသီးတို့၏ ဘုရင်ပင် ဖြစ်၏။ မည်သူမှသည် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ကို တိုက်ခိုက် သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။

..............

တခြားတစ်ဖက် နတ်ဆိုးလောကကြီးနှင့် မိုင်သန်းနှင့်ချီသော အကွာအဝေး ရှုပ်ထွေးသည့် တည်နေရာ လမ်းကြောင်းထဲမှာတော့ ဘုရင်သုံးပါးတို့သည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့ကြ၏။

သတ္တမ ဘိုးဘေးကြီးသည် မြူကဲ့သို့သော ပုံပန်းသွင်ပြင်မျိုးနှင့် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် ခါးကိုကုန်းထား၏။ ရင်ဘတ်ကြီး တစ်ခုလုံးကလည်း မို့မောက်လျက် ရှိနေလေပြီး မျက်နှာပေါ်တွင် သွေးရောင်ဟူ၍ မရှိတော့ချေ။ မနည်းပင် ကြိုးစားကာ ထွက်ပြေးလာခဲ့ခြင်းပင် ဖြစ်သည်။

ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်၊ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်မှလွဲလျှင် နောက်ထပ် ကွာစီ အင်မော်တယ် အင်ပါယာတစ်ယောက်ကို သူတို့ မြင်ခဲ့ခြင်း ဖြစ်၏။

နတ်ဆိုးလောကကြီးတွင် အဘယ်ကြောင့် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ပေါ်ပေါက်လာခဲ့ရသနည်း။ တကယ်ကို အံ့အားသင့်စရာ ကောင်းလှချေသည်။ စီနီယာ ပြောဆိုခဲ့သည့် အံ့အားသင့်စရာ ကြုံရမည်ဆိုသော အချက်အလက်သည် ကြောက်ခမန်းလိလိပင် ဖြစ်လို့နေသည်။

All Chapters