အခန်း (၇၁၂)
Vol. 48 Ch. 712
“အရမ်းကောင်းတယ်”
သတ္တမဘိုးဘေးကြီးသည် သဘောတကျဖြင့် ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက ဆက်လက်ကာ ပြောဆိုလိုက်၏။ “နက်နဲမီးတောက်လောကကြီးဆီ သွားမယ့်လမ်းကို ကလန်ရဲ့ အဖွဲ့သားတွေဆီ ပြောပြီး အရိပ်အယောင် ပြခိုင်းလိုက်။ ဒါဆိုရင် နတ်ဘုရားလောကနဲ့ အင်မော်တယ်လောကက စောင့်ကြည့်နေတဲ့ လူတွေလည်း ငြိမ်နေနိုင်မှာ မဟုတ်တော့ဘူး”
ရှေးမှတ်တမ်းများ အရဆိုလျှင် နက်နဲမီးတောက်လောကကြီးသည် တစစီဖြစ်သွားခဲ့သည်။ ပြန်လည် ပေါင်းစပ်ဖို့ ဆိုသည်မှာ ဖြစ်နိုင်သည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ တည်နေရာလမ်းကြောင်း တစ်ခုလုံးကလည်း ရှုပ်ထွေးလျက် ရှိခဲ့သည်။
သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အကူအညီနှင့်အတူ ကောင်းကင်မူလလောကကြီး နှင့် ဆက်စပ်လျက် ရှိနေသည့် လောကကြီးတစ်ခု ဖြစ်လာခဲ့၏။ ထို့ကြောင့် နက်နဲမီးတောက်လောကကြီး မည်သည့် နေရာတွင် ရှိနေကြောင်း မကြာခင် အားလုံးသိသွားပေလိမ့်မည်။
ရက်အနည်းငယ်အတွင်း နတ်ဘုရားလောကထဲတွင် ကြီးမားသည့် မုန်တိုင်းကြီးတစ်ခု ဖြစ်တည်လာပေလိမ့်မည်။ ထိုအရာသည် အင်မော်တယ်လောကကိုပင် သက်ရောက်စေပေလိမ့်မည်။ များပြားလွန်းသည့် အင်မော်တယ်ဘုရင် များသာ စတင်လှုပ်ရှားလာသည်ဆိုပါက ဝက်ဝက်ကွဲ တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာမှာ သေချာ၏။ အားလုံးတို့၏ ရည်မှန်းချက်သည် ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး ထွက်ပေါ်လာမည့် တည်နေရာသို့ ရောက်ရန်ဖြစ်၏။
“အင်း.. ကလန်ခေါင်းဆောင်လျှိုကို ချက်ချင်း သတင်းပေးပို့လိုက်ပါမယ်” လျှိုရွှမ်ချမ်က အတည်ပြုလိုက်သည်။
“ကောင်းပြီ”
သတ္တမဘိုးဘေးကြီးသည် သဘောတကျဖြင့် ပြောလိုက်၏။ ပြီးနောက် ထပ်မံကာ ပြောဆိုလိုက်ပြန်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အရင်းအမြစ်တွေ ထပ်တိုး မတောင်းခံဖို့ပဲ မျှော်လင့်မိတယ်”
ကွာစီအင်မော်တယ် အင်ပါယာအဆင့် ပစ္စည်းများသည် လူတိုင်း ထုတ်ဖော် အသုံးပြု၍ရနိုင်သည့် ပစ္စည်းများ မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ လောဘကြီးနေသည်ဆိုပါက သူတို့ ဘာလုပ်နိုင်မည်နည်း။
နက်နဲမီးတောက်လောကကြီး - တစ်ချိန်တုန်းက တစစီ ဖြစ်ခဲ့ပြီးသည့်နောက် မည်သို့မှ ပြန်လည် ပေါင်းစပ်၍ မရနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။ သို့ပေမဲ့ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် အားလုံးသော သူတို့သည် တစ်စုတစ်စည်းတည်း ဖြစ်တည်နေသည်ကို ပြန်လည်ကာ မြင်နေရပြီဖြစ်၏။
ထို့အတူ ယခင်တုန်းက ထျန်းမင်တောင်သခင် အုပ်ချုပ်ခဲ့သည့် အချိန်နှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင် အခြေအနေ တစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် စိတ်ဝိညာဉ်စွမ်းအင်များသည် သိသိသာသာ တိုးတက်လာခဲ့ပြီး အချိန်အတိုင်းအတာတိုအတွင်း အားကောင်းသည့် လောကကြီးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။
သာမန်လူများပင်လျှင် သိသာသည့် အကျိုးကျေးဇူးများကို ခံစားနေရ၏။ ထို့ကြောင့် ပြောင်းလဲမှုများက သိသာ ထင်ရှားလှ၏။ ကျင့်ကြံသူများအတွက်ဆိုလျှင်တော့ အကောင်းမွန်ဆုံးသော အခြေအနေမျိုးပင်။ ၎င်းတို့၏ ကျင့်ကြံခြင်း အမြန်နှုန်းကလည်း ပိုမိုကာ တိုးတက်လာခဲ့၏။ လောကများ၏ ပေါင်းစပ်မှုအောက်တွင် လောက၏ နိယာမများ ပြောင်းလဲလာခဲ့သည့်အတွက်ကြောင့် ဤကဲ့သို့ အကျိုးကျေးဇူးများ ရရှိခဲ့ခြင်းဖြစ်၏။
ထိုအရာအားလုံး၏ အကျိုးကျေးဇူးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကြောင့်သာ ဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သာ မရှိသည်ဆိုပါက သူတို့အနေနှင့် ဤကဲ့သို့သော အခြေအနေမျိုးကို ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ အရာအားလုံးတို့သည် အံ့အားသင့်စရာ မရှိဘဲ ဆက်လက် တိုးတက်လာသည်။
ဤကဲ့သို့သော စိတ်ဝိညာဉ်စွမ်းအင်များ ပိုမိုတိုးတက်လာသည်ဆိုပါက ကျိန်းသေပေါက် အချိန်အတိုင်းအတာ တစ်ခုအတွင်း အနာဂတ်၌ နတ်ဘုရားလောက၏ အဆင့်အတန်းဆီသို့ ရောက်ရှိလာပြီး အင်မော်တယ် ဘုရင်အဆင့်များ ကို လွယ်လွယ်ကူကူနှင့် တွေ့ရှိလာနိုင်ပေမည်။
............
“ဒါ နက်နဲမီးတောက်လောကကြီးလား”
ရှုပ်ထွေးလှသည့် တည်နေရာလမ်းကြောင်းထဲတွင် လူတစ်ယောက်က အသာလှမ်းလျှောက်လာခဲ့၏။ ၎င်းသည် လျှိုကလန်ဆီမှ ထွက်ခွာလာခဲ့သည့် လျှိုကျန်းရန်မှလွဲ၍ တခြား မဟုတ်ချေ။ လမ်းတလျှောက်မှာတော့ သူသည် များပြားလွန်းသည့် နည်းလမ်းများကို အသုံးပြု၍ ဤခရီးစဉ်ကို လှမ်းလာခြင်းပင်။ နောက်ဆုံးမှာတော့ နက်နဲမီးတောက် လောကကြီးဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ရောက်ရောက်ချင်းမှာပဲ ၎င်းသည် လုံခြုံမှုကို ခံစားလိုက်ရ၏။
လျှိုကလန်၏ လွှမ်းမိုးမှုသည် တကယ့်ကို ကျယ်ပြန့်လွန်း၏။ ဤတည်နေရာထဲသို့ ရောက်ရှိမလာခင် သူသည် လုံခြုံမှုကို မခံစားရချေ။ ယခုတော့ စိတ်အေးချမ်းသာသွားသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ထျန်းမင်တောင်သခင် ပိုင်ဆိုင်သည့် တည်နေရာဖြစ်ပြီး ၎င်း၏ ဘိုးဘေးဖြစ်သော ထျန်းမင်တောင်၏ ဒုတိယသခင်ကလည်း ဤနေရာတွင် တည်ရှိ နေသည် မဟုတ်ပါလား။
ဤလမ်းကိုလာသည့် လမ်းတလျှောက်တွင် လျှိုကျန်းရန်သည် သေသေချာချာ စုံစမ်းစစ်ဆေးခဲ့၏။ သူ့အနေနှင့် အနာဂတ်တွင် ကြီးမားသည့် အောင်မြင်မှုမျိုးကို ရရှိနိုင်မည်ဟု ခံစားမိ၏။ အနည်းဆုံး သူသည် ဤနေရာသို့ ရောက်ရှိလာချိန်မှာတော့ လျှိုကလန်တွင် နေထိုင်ရသည်ထက် ပိုမိုကာ ကောင်းမွန်သည့် အခြေအနေကို ခံစားမိ၏။
လမ်းခရီးစဉ်ကို သေသေချာချာ အတည်ပြုပြီးသည့်နောက် နှောင့်နှေးခြင်းတစ်ချက် မရှိတော့ချေ။ လျှိုကျန်းရန် သည် လျှိုချင်းယု ပြသထားသည့် လမ်းအတိုင်း တည်နေရာတစ်ခုဆီသို့ ပျံသန်းလာခဲ့၏။ တစ်လကျော်ခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ တောင်တန်းရှည်ကြီး တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။ ထိုတောင်တန်းကြီးကို မြင်ရသည့် အချိန်မှာတော့ လျှိုကျန်းရန်သည် သူ၏မျက်လုံးကိုသူ မယုံကြည်နိုင်သလို ဖြစ်လို့နေသည်။
“ဒါ ထျန်းမင်တောင်လား” လျှိုကျန်းရန်သည် မယုံကြည်နိုင်သလိုပင် ခံစားနေမိ၏။ ထျန်းမင်တောင်သည် နက်နဲမီးတောက်လောကကြီး၏ အားအကောင်းဆုံးသော အင်အားစုတစ်ခုအဖြစ် သုံးသပ်နိုင်၏။ ငရဲလောကကြီး၏ တိုက်ပွဲမတိုင်ခင် အင်မော်တယ်ဘုရင်များ နေထိုင်ခဲ့သည့် နေရာပင် ဖြစ်၏။
ဤတည်နေရာကြီးသည် နှစ်ပေါင်းများစွာကြာအောင် စည်းခတ်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ကောင်းချီး ပေးခံထားရသည့် ကုန်းမြေကြီးတစ်ခုအဖြစ် ဖြစ်တည်နေမည် ဆိုလျှင် ထူးဆန်းပေမည်။
စည်းကို ဖယ်ရှားပြီးသည့် ထျန်းမင်တောင်သခင်သည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်လာရန် နည်းလမ်းကို ကျိန်းသေပေါက် ရှာဖွေပေလိမ့်မည်။
ထို့ကြောင့် ထျန်းမင်တောင်သခင်သည် သူ၏ ဌာနချုပ်ကို အလုံးစုံ စွန့်ပစ်တော့မှာ သေချာ၏။ ထို့အပြင် ကွာစီ အင်မော်တယ် အင်ပါယာတစ်ယောက်၏ အခွင့်အရေး သတင်းအချက်အလက်များ တည်ရှိနေသည့် အချိန်တွင် ထျန်းမင်တောင်သခင် အနေနှင့် သူ၏တောင်ကို စီမံအုပ်ချုပ်ပြီး ငြိမ်ငြိမ်သက်သက် နေထိုင်ရန် ရည်ရွယ်ချက် အဘယ်သို့ ရှိမည်နည်း။ စိတ်ပါမည် မဟုတ်ချေ။
“ဘာလို့ ဘိုးဘေးကြီးက” လျှိုကျန်းရန်က တီးတိုး ရေရွတ်လိုက်၏။ သူ့အနေနှင့် ဘိုးဘေးကြီး အဘယ်ကြောင့် ဤကဲ့သို့သော တည်နေရာမျိုးတွင် နေထိုင်နေသည်ကို မေးမြန်းချင်စိတ် ပေါက်လာ၏။ သို့ပေမဲ့ ထျန်းမင်တောင်သခင်၏ လွှမ်းမိုးမှုထဲသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူ့အနေနှင့် စကားလုံးများကို ရုတ်သိမ်းလိုက်မိ၏။
“ဟင်း..” လျှိုကျန်းရန်သည် သက်ပြင်းကို အသာချလိုက်၏။ ကောင်းကင်ယံထက်တွင် နန်းတော် တစ်ခုသာလျှင်ရှိ၏။ သူသည် ထိုနေရာဆီသို့ မြန်မြန် ပျံသန်းသွားလိုက်၏။ နန်းတော်၏ အရှေ့ဆီသို့ ရောက်သည့် အချိန်မှာတော့ လျှိုကျန်းရန်သည် ဦးကိုညွတ်ကာ အော်လိုက်သည်။
“ဂျူနီယာ လျှိုကျန်းရန်.. ဘိုးဘေးကို လာပြီး တွေ့ဆုံပါတယ်”
အသံသည် အဝေးဆီသို့ ပျံ့နှံ့သွားခဲ့၏။
မကြာခင်မှာပဲ ထူးမခြားနားလှသော အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။
“ဝင်ခဲ့”
အသံထွက်ပေါ်လာခဲ့ပြီးသည့်နောက် နန်းတော်၏ ရှေ့တံခါးကြီးသည် တဂျိန်းဂျိန်းနှင့် ပွင့်လာခဲ့၏။ ထိုတံခါးကြီးသည် ကြီးမားလေးလံလွန်းလှပြီး ပေါင် သန်းနှင့်ချီ လေးလံသည့် တံခါးကြီးကဲ့သို့ပင်။
လျှိုကျန်းရန်သည် အထဲဆီသို့ အသာလျှောက်ဝင်သွားခဲ့၏။ အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် နန်းတော်၏ အထက်တွင် ထိုင်လျက်ရှိနေသည့် လူနှစ်ယောက်ကို သူ မြင်လိုက်ရ၏။ ၎င်းတို့သည် ဆန်းကြယ်လွန်းသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး နတ်ဘုရားများ ကဲ့သို့ပင်။
ဘယ်ဘက်ခြမ်းတွင် ရှိနေသည့်လူသည် သူ့ကို သေသေချာချာ စိတ်ဝင်တစားဖြင့် ကြည့်ရှုနေ၏။ ပြီးနောက် မျက်နှာကို အသာလွှဲလိုက်၏။
ညာဘက်ခြမ်းတွင် ရှိနေသည့် လူမှာတော့ လူငယ်တစ်ယောက်ဖြစ်ပြီး ဆံနွယ်များသည် အသောပြေလျော့ကာဖြင့် ကျောဘက်သို့ ကျဆင်းနေ၏။ ခန္ဓာကိုယ်ဆီမှ နတ်ဘုရား ရောင်စဉ်များ ထွန်းတောက်နေ၏။ ငွေရောင်တိုက်ပွဲဝင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးစက်သည့် အော်ရာများကို ထုတ်ဖော်နေသည်။
ငယ်ရွယ်သည့် ပုံပန်းသွင်ပြင်မျိုး ရှိသော်လည်း လျှိုကျန်းရန်သည် မလေးမစား မပြုလုပ်ရဲချေ။ အရှေ့ဆီသို့ အသာ တိုးကပ်ပြီးသည့်နောက် သေသေချာချာ ဦးညွတ်လိုက်၏။
“လျှိုကျန်းရန်… ဂုဏ်သိက္ခာကြီးမားတဲ့ ဘိုးဘေးအရှင်ကို ဂါရဝပြုပါတယ်။ ထျန်းမင်တောင်သခင်ကိုလည်း ဂါရဝပြုပါတယ်”
“ထ”
အေးစက်သည့် အသံတစ်ခုသည် လျှိုချင်းယုဆီမှ ထွက်ပေါ်လာသည်။
“ကျေးဇူးပါပဲ ဘိုးဘေး” လျှိုကျန်းရန်သည် ပြန်လည်ကာ ဖြေဆိုလိုက်၏။ သူသည် ဖြည်းညှင်းစွာ မတ်တပ် ထရပ်လိုက်၏။
“ကျုပ်မှာထားတဲ့ ပစ္စည်းတွေ ယူခဲ့လား” လျှိုချင်းယုက မေးမြန်းလိုက်၏။ သူ၏ အကြည့်သည် လျှိုကျန်းရန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ထွင်းဖောက်ကာ ကြည့်ရှုနေသကဲ့သို့ပင်။
“အရာအားလုံးကို ယူဆောင်လာခဲ့ပါတယ် ဘိုးဘေး။ ဒါတွေကို စစ်ဆေးကြည့်ပါအုံး”
လျှိုကျန်းရန်သည် ပြောပြီးသည့်နောက် သူ၏ လက်ချောင်းများတွင် ရှိနေသည့် သိုလှောင်လက်စွပ်များကို ချွတ်ပေးလိုက်သည်။ “ကျုပ် အင်မော်တယ်ဘုရင်အဆင့် သိုင်းနည်းစနစ်တစ်ခုနဲ့ အင်မော်တယ်ဘုရင်အဆင့် လက်နက်နှစ်ခု၊ ပြီးတော့ တခြားအရင်းအမြစ်တွေ အားလုံးကိုလည်း ယူဆောင်လာခဲ့ပါတယ်”