← Chapters

အခန်း (၇၁၃)

Vol. 48 Ch. 713

အခန်း (၇၁၃)

Vol. 48 Ch. 713

“အရမ်းကောင်းတယ်” လျှိုချင်းယုက ပြောလိုက်၏။ သူ၏မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်ပေါက်လာ၏။

လျှိုကျန်းရန်သည် ဤကဲ့သို့သော အရာမျိုးကို ယူဆောင်လာဖို့ လွယ်ကူသည် မဟုတ်ချေ။ ခက်ခက်ခဲခဲနှင့် ယူဆောင်လာခဲ့ခြင်းသာဖြစ်၏။ ထိုတင်သာ မကသေးချေ။ နက်နဲမီးတောက်လောကကြီးဆီသို့‌ ရောက်အောင် တပင်တပန်းနှင့် သယ်ဆောင်လာခဲ့ရသေး၏။ မည်မျှ များပြားသည့် ခက်ခဲမှုများကို ကြုံဆုံခဲ့ရသနည်း။

လျှိုချင်းယုသည် လျှိုကျန်းရန်အား အတည်ပြုသည့် အကြည့်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျိုးဆက် သည် သူ့ကို စိတ်မပျက်စေခဲ့ချေ။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသုံးခုသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲတွင် ရှိနေသည့် သတင်းအချက်အလက်များကို ဝယ်ယူရန် လုံလောက်သည့် အရာတစ်ခု မဟုတ်လျှင်တောင်မှ ကျိန်းသေပေါက် အရေအတွက်တစ်ခုအဖြစ် တိုးတက်လာခဲ့ပြီဖြစ်သည်။

“အင်း.. ဒါ မျိုးဆက်သစ်တွေ လုပ်ကို လုပ်ရမယ့် အရာပါပဲ” လျှိုကျန်းရန်သည် တလေးတစားဖြင့် ပြောဆိုလိုက်၏။

လျှိုချင်းယုက အသာခေါင်းညိတ်လိုက်၏။ ဘာမှ ထပ်ကာ မပြောတော့ချေ။ လက်တစ်ဖက်ကို အသာယမ်းခါ ပြီးသည့်နောက် လျှိုကျန်းရန်၏ လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ်များသည် သူ၏လက်ထဲသို့ အသာ ရောက်ရှိလာခဲ့သည်။

ထျန်းမင်တောင်သခင်သည် မည်သို့မှမနေနိုင်ဘဲ အသာလှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် ထိုကဲ့သို့သော သိုလှောင်လက်စွပ်မျိုးကို လိုချင်၏။ သို့ပေမဲ့ သူ့၌ လျှိုကျန်းရန်ကဲ့သို့ မျိုးဆက်မရှိချေ။ သူ၏ ယခင်က ချမ်းသာကြွယ်ဝမှု အရာအားလုံးကိုလည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က သိမ်းဆည်းသွားခဲ့ပြီ ဖြစ်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် အရာအားလုံးသည် ချိုးခြုံကျသွား သကဲ့သို့ပင်။ စီနီယာနန်းဆောင်သခင်သည် သူတို့အား မဲနက်လျက် ရှိနေသည့်‌ ကျောက်စိမ်းပြားတစ်ခုကိုသာ ပေးခဲ့၏။ ထိုအရာသည် ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး မည်သည့်အချိန်တွင် ပေါ်ပေါက်လာမည် ဆိုသည့်အကြောင်း သတင်းအချက်အလက်များသာ ပါဝင်သည်။

“ဘိုးဘေးချင်းယု” လျှိုကျန်းရန်သည် လက်ကို အသာပွတ်သပ်ပြီးသည့်နောက် လျှိုချင်းယုကို ကြည့်ရှုလိုက်၏။ သူသည် မည်သည့်စကားကို ပြောဆိုရမည်ဖြစ်ကြောင်းကို သေသေချာချာ တွေးတောနေမိ၏။

လျှိုကလန်ကို အဘယ်ကြောင့် သစ္စာဖောက်ခဲ့ရသနည်း။ များပြားလွန်းသည့် ရတနာများကို သူ အဘယ်ကြောင့် ယူဆောင်လာရသနည်း။ မိုင်သန်းနှင့်ချီသည့် အကွာအဝေးကို အဘယ်ကြောင့် ကြိုးစားပမ်းစား နှင့် ရောက်ရှိလာရသနည်း။

မည်သည့် ရည်ရွယ်ချက် ရှိသနည်း။ အဆင့်တိုးတက်နိုင်ရန်ပင်။

လျှိုချင်းယုသည် သူ၏ တိုက်ရိုက်ဘိုးဘေးကြီး ဖြစ်၏။ လျှိုချင်းယုကို ကူညီခြင်းဆိုသည်မှာ ကျိန်းသေပေါက် လျှိုချင်းယုအောက်သို့ ခိုဝင်လိုက်ခြင်းဖြစ်၏။ လျှိုချင်းယုသာ သေဆုံးသွားသည်ဆိုပါက သူသည်လည်း ကျိန်းသေပေါက် ဆိုးရွားသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားပေလိမ့်မည်။

ကလန်ထဲမှာ နေထိုင်ခြင်းသည် ခြေချုပ်မိနေခြင်းနှင့် ဆင်တူ၏။ အပြင်ဘက်တွင် ဆိုပါက သူသည် အန္တိမကျင့်ကြံခြင်း ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် တည်နေရာ ကုန်းမြေတစ်ခုကို ပိုင်ဆိုင်နိုင်စွမ်းရှိ၏။ ဌာနခွဲတစ်ခုကိုပင် ဖွင့်လှစ်နိုင်စွမ်းရှိသည့် လူတစ်ယောက်ဖြစ်၏။

ထိုကဲ့သို့သော ကောင်းမွန်သည့် အလားအလာများကို အဘယ်ကြောင့် စွန့်လွှတ်ထားရမည်နည်း။

အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာဖို့ သူ့၌ အလားအလာ တည်ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် ပေးဆပ်ခဲ့ရသည့် စတေးမှုများသည် ထိုက်တန်သည်ဟု သူက သတ်မှတ်ထားခဲ့၏။ ယခု ဘိုးဘေးကြီးသည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေ၏။ ထိုသို့ဆိုလျှင်တောင်မှ လျှိုကျန်းရန်သည် စိတ်ထဲတွင် အလျင်စလို မဖြစ်ချေ။

“အင်း”

လျှိုချင်းယုသည် သိုလှောင်လက်စွပ်များကို သိမ်းဆည်းပြီးသည့်နောက် လျှိုကျန်းရန်ကို ထပ်မံကာ ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် တည်ငြိမ်စွာ ပြောဆိုလိုက်၏။ “ထပ်ပြီး မစောင့်ချင်တော့ဘူးလား”

“ကျုပ် အန္တိမကျင့်ကြံခြင်း ထိပ်ဆုံးအဆင့်မှာ ပိတ်မိနေတာ နှစ်သန်းနှင့်ချီနေပါပြီ။ ရုတ်တရက် ဘိုးဘေးကြီးက အဆင့်ချိုးဖြတ်နိုင်မယ့် နည်းလမ်းတစ်ခု ပေးမယ်ဆိုတာ ကြားတော့ ကျုပ်ရဲ့ ခံစားချက်တွေကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ဘူး။ စိတ်မရှည်ဖြစ်သွားခဲ့ရင် ကျုပ်တောင်းပန်ပါတယ် ဘိုးဘေးကြီး” လျှိုကျန်းရန်က အသာရယ်မောကာဖြင့် လေးလေးစားစား ဦးညွတ်လိုက်ပြန်သည်။

“စိတ်ချ”

လျှိုချင်းယုသည် ထူးမခြားနားသလိုပင် ခေါင်းညိတ်လိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်၏။ “မင်းကို ငါ ကတိပေးထားပြီဆိုမှတော့ ကျိန်းသေပေါက် ကူညီပေးမှာပေါ့။ တော်ဝင်သဲကန္တာရမြို့၊ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်နိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ မင်းကိုငါ ပြောပြမယ်”

ဤအရာသည် တကယ့်ကို တည့်တိုးဆန်သည့် အခြေအနေတစ်ခုဖြစ်၏။ လျှိုချင်းယုသည် သွယ်ဝိုက် ပြောဆို မနေခဲ့ချေ။ လျှိုကျန်းရန်ကို တိုက်ရိုက်ဆိုသလိုပဲ အသိပေးခဲ့သည်။

ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် နန်းဆောင်သခင်အနေနှင့် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်အောင် ပြုလုပ်ပေးမလား၊ မပေးဘူးလား ဆိုသည်ကတော့ တစ်ဖက်လူ၏ ကံတရားပေါ်တွင် မူတည်၏။

လျှိုကျန်းရန်သည် လုံလောက်သည့် အရင်းအမြစ်များ တည်ရှိနေပါက အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်လာမှာ သေချာ၏။ လျှိုကျန်းရန် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာသည်ဆိုပါက ကျိန်းသေပေါက် အားကောင်းသည့် မဟာမိတ်တစ်ခုကို ရရှိခဲ့ခြင်းပင်။

“တော်ဝင်သဲကန္တာရမြို့ ဟုတ်လား။ ကောင်းကင်လျှို့ဝှက်နန်းဆောင်လား” လျှိုကျန်းရန်သည် ခဏလောက် စဉ်းစားလိုက်၏။ သူ့ကို ကြည့်ရသည်မှာ လျှိုကလန်ထဲတွင် ကြားခဲ့ရသည့် စကားလုံးများကို ပြန်လည်ကာ ကြားနေရသည့်ပုံပင်။ သို့ပေမဲ့ တော်ဝင်သဲကန္တာရမြို့ မည်သည့်နေရာတွင် ရှိကြောင်းကို သူ သေသေချာချာ မသိချေ။

ထပ်မံမေးမြန်းရန် ပြင်လိုက်သည့် အချိန်မှာပဲ လျှိုချင်းယုက ထပ်မံ ပြောဆိုလိုက်သည်။

“ကောင်းကင်မူလလောကကြီး၊ တော်ဝင်သဲကန္တာရမြို့။ ထျန်းမင်တောင်ကနေ ထွက်ခွာသွားပြီဆိုတာနဲ့ ကောင်းကင်မူလလောကကြီးကို ရှာဖွေဖို့ဆိုတာ ခက်ခဲမှာ မဟုတ်ဘူး။ နည်းနည်းလေး မေးမြန်းလိုက်ရုံနဲ့ ရတယ်”

“ကောင်းပါပြီ”

လျှိုကျန်းရန်က ခေါင်းညိတ်လိုက်၏။ ၎င်းသည် စပ်စုလိုစိတ်များကို မနည်းပင် ထိန်းသိမ်းထားခဲ့၏။ ပြီးနောက် ဦးညွတ်ကာ ပြောဆိုလိုက်၏။ “ဘိုးဘေးကြီးမှာ တခြားညွှန်ကြားစရာ မရှိဘူးဆိုရင် ကျုပ် သွားပါတော့မယ်”

“သွား သွား” လျှိုချင်းယုသည် ထူးမခြားနားသလိုပင် ခေါင်းညိတ်လိုက်သည်။

လျှိုကျန်းရန် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် တချိန်လုံး ဘေးတစ်ဖက်တွင် ကြည့်နေသည့် ထျန်းမင်တောင်သခင်က ရယ်မောလိုက်၏။ “ခင်ဗျားရဲ့ မျိုးဆက်က အရင်းအမြစ်တချို့တော့ ရှိနေသေးတာပဲ။ သူ့ကို ပြန်ခေါ်ဖို့ ခင်ဗျား စိတ်မဝင်စားဘူးလား။ ဒီလိုဆိုရင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီကနေ တန်ဖိုးကြီးတဲ့ သတင်းအချက်အလက်တွေ ခင်ဗျား ရကောင်း ရလိမ့်မယ်။ ကျုပ်တို့ အစီအစဉ်အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးပဲပေါ့”

“ဟမ့်” လျှိုချင်းယုသည် ထျန်းမင်တောင်သခင်ကို လှမ်းကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် အေးစက်သည့် အရိပ်အယောင်များ ထွက်ပေါ်လျက်ရှိသည်။

ထျန်းမင်တောင်သခင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားခဲ့သော်လည်း ရရှိခဲ့သည့် သတင်း အချက်အလက်များကို သူ့အား မမျှဝေခဲ့ချေ။ ထို့ကြောင့် လျှိုချင်းယုသည် သတင်းအချက်အလက်များကို အဘယ်ကြောင့် တခြားလူကို ပေးရမည်နည်း။

လျှိုကျန်းရန် ယူဆောင်လာသည့် အရင်းအမြစ်များကို ရရှိခဲ့ပြီးနောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ သတင်း အချက်အလက်များကို ဝယ်ယူနိုင်၏။ သို့ပေမဲ့ မျှဝေရန် ဆိုသည်မှာတော့ မဖြစ်နိုင်ချေ။ လျှိုချင်းယု သည် ထျန်းမင်တောင်သခင်နှင့် ယှဉ်ပြိုင်၍ ရနိုင်သည့်လူတစ်ယောက် မဟုတ်ကြောင်းတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိ၏။

ထျန်းမင်တောင်သခင်သည်သာ သူ့တွင်ရှိနေသည့် သတင်းအချက်အလက်များကို ရယူချင်သည်ဆိုပါက ကျိန်းသေပေါက် သူ့အနေနှင့် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ လျှိုကျန်းရန်သည်သာ အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်လာသည်ဆိုပါက ကျိန်းသေပေါက် တူညီသည့် အားအင်အဆင့် ဖြစ်တည်လာပေလိမ့်မည်။ နှစ်ယောက် - တစ်ယောက် တိုက်ခိုက်ဖို့ ဆိုသည်မှာ လွယ်ကူသည့်အရာ မဟုတ်ပါလား။

“တောင်သခင်က ကောင်းကင်မူလလောကကြီးကို သွားပြီး လျှိုကလန်ရဲ့ ဘုရင်သုံးပါးကို စောင့်ကြည့်၊ သူတို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားရောက်လည်ပတ်ခဲ့လား ကျုပ်သိချင်တယ်”

လျှိုချင်းယုသည် အသာရယ်မောကာ ပြောလိုက်၏။ “ခင်ဗျားလည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရောက်ဖူးတာပဲ။ ဘယ်သတင်း အချက်အလက်တွေ ရခဲ့သေးလဲ”

“ဟမ့်”

ထျန်းမင်တောင်သခင်သည် မျက်မှောင်ကုတ်သွား၏။ ပြီးနောက် အကူအညီမဲ့စွာ ပြောလိုက်သည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကျုပ်ကို အမဲရောင် ကျောက်စိမ်းပြားကြီး တစ်ခုပဲ ပေးခဲ့တာလေ။ ဒါကလွဲရင် ဘာသတင်းအချက်အလက်မှ မရှိဘူး”

“ဟုတ်လား” လျှိုချင်းယုသည် မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ လိမ်ညာနေချင်လေသည်လား။ ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲ၌ တကယ့်ကို တည့်တိုးဆန်သည့် စီးပွားရေးသာ ပြုလုပ်ကြောင်း သူ သိရှိပြီးဖြစ်၏။ အဘယ်သို့ အမဲရောင် ကျောက်စိမ်းပြားကြီးတစ်ခုကို ပေးရမည်နည်း။ သတင်းအချက်အလက် များကို မမျှဝေချင်ပါက ကျိန်းသေပေါက် ရိုးရိုးရှင်းရှင်း ငြင်းပယ်လိုက်ရုံသာဖြစ်၏။ အဘယ်ကြောင့် ကွေ့ဝိုက် နေရသနည်း။

“ကြည့်ရတာ တာအိုရောင်းရင်းက ကျုပ်ကို မယုံကြည်ဘူးနဲ့တူတယ်” ထျန်းမင်တောင်သခင်သည် လေးလေးနက်နက် ပြောဆိုလိုက်၏။ သူသည် လျှိုချင်းယုကို လှမ်းကာ ကြည့်ရှုရင်း စိတ်ပျက်သလို ဖြစ်မိနေ၏။

သူသည် တစ်ဖက်လူအပေါ်တွင် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့၏။ ကျေးဇူးတင်ရမည့်အစား တစ်ဖက်လူ သည် သူ့ကို အငြှိုးအတေးကဲ့သို့ပင် ခံစားနေ၏။ သွေးအေးလွန်းသည့် နှလုံးသားကြောင့်များ ဖြစ်နေသည်လား။ တစ်ဖက်လူသည် ငရဲလောက၏ အမွေအနှစ်အတွက် မိမိ၏ မိသားစုကိုပင် လွယ်လွယ်ကူကူ သစ္စာဖောက်ခဲ့သည့် လူတစ်ယောက်ဖြစ်ကြောင်း တွေးတောပြီးသည့်နောက် နားလည်သလို ခံစားချက်များကို ရရှိလာခဲ့သည်။

All Chapters