← Chapters

အခန်း (၇၁၄)

Vol. 48 Ch. 714

အခန်း (၇၁၄)

Vol. 48 Ch. 714

“မဟုတ်သေးဘူး။ တာအိုရောင်းရင်းက ကျုပ်ရဲ့အသက်ကို ကယ်ခဲ့တာလေ။ ကျုပ်ဆီမှာ အရင်းအမြစ် အနည်းငယ်ရှိတယ်။ ကျုပ်တို့နှစ်ယောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို အတူတူသွားရင် မကောင်းဘူးလား” လျှိုချင်းယုသည် လေးလေးနက်နက်ဖြင့် အကြံပြုလိုက်၏။

ငါ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသွားပြီး စီနီယာနန်းဆောင်သခင်ကို မေးမြန်းစရာတွေ ရှိနေတယ်။

ထျန်းမင်တောင်သခင်က တွေးတောလိုက်၏။ သူ၏ စိတ်ထဲတွင် ထိုအတွေး ပေါ်ပေါက်လာခဲ့ပြီးနောက် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ခေါင်းညိတ်လိုက်သည်။ “ကောင်းတာပေါ့”

သူတို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားတဲ့အချိန်မှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အမဲရောင်ကျောက်စိမ်းပြား၏ အကြောင်းကို သေသေချာချာ ရှင်းပြပေလိမ့်မည်။

၎င်းတို့နှစ်ယောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရန်ပြင်လိုက်သည့် အချိန်မှာပဲ ထျန်းမင်တောင် သခင်က ရုတ်တရက် ရပ်တန့်သွား၏။ သူ၏ မျက်လုံးများက အေးစက်သွား၏။ သူ၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာများ ထွက်ပေါ်လာခဲ့၏။ ပြီးနောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် အသံနှင့် လှမ်းကာ အော်လိုက်၏။ “ဘယ်သူလဲ”

အေးစက်သည့် အော်သံသည် မိုးခြိမ်းသံ ကဲ့သို့ပင် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့သွား၏။ ထျန်းမင်တောင် တစ်ခုလုံးက တုန်ယင်လျက် ရှိနေပြီး လေဟာနယ်ထဲတွင် အက်ကွဲကြောင်းကြီးများ ဖြစ်တည်လာခဲ့၏။ ထိုအက်ကွဲကြောင်းကြီးများသည် မိုင်သန်းနှင့်ချီ အကွာအဝေး အတွင်းတွင် ပင့်ကူမျှင်များကဲ့သို့ ပေါ်ပေါက် လာခဲ့သည်။

လေဟာနယ်တစ်ခုလုံး ကွဲအက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် လူနှစ်ယောက် တို့သည် ကောင်းကင်ယံထက်၌ ပေါ်ပေါက်လာခဲ့၏။ ၎င်းတို့သည် အဆုံးမဲ့သော စွမ်းအင်များကို ထုတ်ဖော်လျက် ရှိနေပြီး လေဟာနယ် တည်နေရာ တစ်ခုလုံးကလည်း ရှုပ်ထွေးနေ၏။ ထက်ရှသည့် မျက်လုံးအကြည့် နှစ်ခုသည် တည်နေရာတစ်ခုလုံးကို လှည့်ပတ်ကာ ကြည့်ရှုနေ၏။

“တောင်သခင်… တစ်ခုခုကို ရှာဖွေတွေ့ရှိလို့လား” လျှိုချင်းယုက လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်၏။ ၎င်း၏ အော်ရာများသည် နေကဲ့သို့ပင် ပူလောင်လျက် ရှိနေပြီး ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး အပူချိန်ကို တိုးစေခဲ့၏။ သူ၏ တိုက်ပွဲဝင် ဝတ်စုံသည် တောက်ပလွန်းလှသည်။

လက်ရှိအချိန်မှာတော့ သူ၏အရှိန်အဝါသည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားပုံပင်။ သို့ပေမဲ့ ရလဒ်သည် သူ့အား စိတ်ပျက်စေခဲ့၏။ အစကနေ အဆုံးအထိ သူသည် မည်သူ့ကိုမှ ရှာဖွေ မတွေ့ရှိခဲ့ချေ။

ထျန်းမင်တောင်သခင် သတိအပြည့်နှင့် အော်ဟစ်လိုက်သည်သာ မဟုတ်ပါက သူ့အနေနှင့် ဘာတစ်ခုမှ သိရှိလိမ့်မည် မဟုတ်ချေ။

ထို့အပြင် ကွာစီအင်မော်တယ် အင်ပါယာ သတင်းအချက်အလက်က ပျံ့နှံ့နေခဲ့ပြီ ဖြစ်သောကြောင့် ရောက်ရှိလာခဲ့သည့် လူများသည် အင်မော်တယ်ဘုရင် ထိပ်ဆုံးပိုင်းတွင် ရှိနေသည့် လူများသာ ဖြစ်ပေလိမ့်မည်။

ငရဲလောက၏ တိုက်ပွဲကြားတွင် အသက်ရှင် ကျန်ရစ်နေခဲ့သည့် မွန်းစတားအိုကြီးများလည်း ပါဝင်လာမှာ သေချာ၏။ ၎င်းတို့ထဲက ကြုံရာလူတစ်ယောက်ကပင်လျှင် သူနှင့် အားအင်အဆင့် ယှဉ်ပြိုင်နိုင်သူ ဖြစ်နေနိုင်သည်။

“နတ်ဘုရားလောကက လူတွေ” ထျန်းမင်တောင်သခင်၏ မျက်နှာတစ်ခုလုံးက မဲမှောင်သွားခဲ့၏။

“နတ်ဘုရားလောကက လူတွေ ဟုတ်လား”

လျှိုချင်းယု၏ မျက်နှာ အမူအရာကလည်း ပြောင်းလဲသွားသည်။ “လျှိုကလန်က အဖွဲ့ဝင်တွေလား”

ဒီတစ်ကြိမ်မှာတော့ လျှိုကလန် တစ်ခုတည်းသာ ရောက်ရှိလာသည့်ပုံပေါ်၏။ လာရောက်လည်ပတ်သူ မည်သူ ဖြစ်ကြောင်းကို သူမသိရှိချေ။ သတ္တမဘိုးဘေးကြီး သို့မဟုတ် ကြောက်မက်ဖွယ်ရာကောင်းသည့် ဒုတိယဘိုးဘေးလည်း ဖြစ်နိုင်၏။ ချင်းကျီနှင့် ရွှမ်ချမ်တို့ကိုတော့ ထည့်မစဉ်းစားချေ။ ၎င်းတို့ နှစ်ယောက်သည် သူနှင့် နှိုင်းယှဉ်နိုင်သည့် အားအင်အဆင့်ကိုသာ ပိုင်ဆိုင်၏။ ထျန်းမင်တောင်သခင်ကို ယှဉ်ပြိုင် တိုက်ခိုက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။

“လျှိုကလန်က မဟုတ်မှာ စိုးရိမ်ရတယ်”

ထျန်းမင်တောင်သခင်သည် ခေါင်းကို ဖြည်းညှင်းစွာခါပြီး ဆက်လက်ကာ ပြောဆိုလိုက်၏။ “ကျုပ်ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ဒီအော်ရာက နတ်ဘုရားလောက၊ လွင့်မျောမြို့ကလူ တစ်ယောက်ယောက်ပဲ”

“ဘာ”

လွင့်မျောမြို့ဆိုသည့် စကားလုံးကို ကြားရသည့် အချိန်မှာတော့ လျှိုချင်းကျီသည် မျက်မှောင်ကုတ် သွား၏။ သူ၏အသံထဲတွင် ကြောက်လန့်သည့် အရိပ်အယောင်များ ပေါ်လာ၏။ “ဘယ်လိုဖြစ်ပြီး လွင့်မျောမြို့က မြန်မြန်ဆန်ဆန်နဲ့ တုံ့ပြန်ရတာလဲ။ မြို့တော်ဝန်အိုကြီးက ပြန်ပေါ်လာပြီလား။ မဖြစ်နိုင်ပါဘူး”

လွင့်မျောမြို့သည် ဆန်းကြယ်သည့် အင်အားစုတစ်ခုဖြစ်၏။ ငရဲလောက၏ ကြီးမားသည့် တိုက်ပွဲကြီး မတိုင်ခင်ကတည်းက တည်ရှိခဲ့သည့် အင်အားစုကြီးဖြစ်ပြီး မြို့တော်ဝန်အိုကြီးသည် နတ်ဘုရားလောကနှင့် ငရဲလောက တိုက်ခိုက်သည့် အတောအတွင်း၌ပင် ပေါ်မလာခဲ့ချေ။

အင်မော်တယ်ဘုရင် တစ်ယောက်ကိုမဆိုနှင့် သာမန်ကျင့်ကြံသူ တစ်ဦးတစ်လေကပင် တိုက်ပွဲ၌ ဝင်ရောက် ပါဝင်ခဲ့ခြင်း မရှိချေ။ လွင့်မျောမြို့သည် နတ်ဘုရားလောကကြီး တစ်ခုလုံး ပျက်စီးသွားမည်ကို စောင့်မျှော်လျက် ရှိနေသည်ဟု အားလုံးက ထင်မှတ်ခဲ့၏။ ၎င်းတို့သည် ငရဲလောကကို အညံ့ခံရန် ရွေးချယ်ခဲ့ခြင်းလား။

မထင်မှတ်ထားလောက်အောင်ပဲ ငရဲလောကတိုက်ပွဲ၏ အရေးအကြောင်း အခြေအနေမျိုးတွင် လွင့်မျောမြို့၏ မွန်းစတားအိုကြီးသည် ရုတ်တရက် ပေါ်ပေါက်လာပြီး တိုက်ခိုက်ခဲ့သည်။ ၎င်းသည် ငရဲလောက၏ အင်မော်တယ် ဘုရင် ငါးယောက်တို့ကို တရစပ်တည်း တိုက်ခိုက် အနိုင်ယူနိုင်ခဲ့၏။ လွင့်မျောမြို့ဆိုသော စကားလုံးသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ပျံ့နှံ့ခဲ့၏။ ထို့အပြင် မည်သူမှသည် အင်မော်တယ်ဘုရင် ငါးယောက်တို့ကို တစ်ခါတည်း အနိုင်ယူနိုင်စွမ်း မရှိခဲ့ကြချေ။

လွင့်မျောမြို့၏ မြို့တော်ဝန်သည် ကွာစီအင်မော်တယ် အင်ပါယာအောက်တွင် ရှိနေသည့် ထိပ်တန်းကျင့်ကြံသူ တစ်ယောက်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြ၏။ ၎င်း၏ ဂုဏ်ထူးဂုဏ်ပုဒ်သည် အတိတ်တည်းက ထင်ရှား ကျော်ကြားခဲ့ခြင်း ဖြစ်၏။ နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးသည့် နောက်မှာတောင်မှ ၎င်းသည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်အဖြစ် တည်ရှိနေသေးသည်။

နောက်ပိုင်းမှာတော့ ၎င်း၏ ထင်ရှားသော ဂုဏ်သိက္ခာတရားသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့‌သော လျှိုချင်းဟုန်ကြောင့် ပျောက်ကွယ်သွားခဲ့ရ၏။ လျှိုချင်းဟုန်သည် ပိုမိုထင်ရှားသည့် လူတစ်ယောက် ဖြစ်လာခဲ့၏။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် လွင့်မျောမြို့၏ မြို့တော်ဝန်သည် လောကရေးရာများ အားလုံးကို လျစ်လျှူရှုပြီး ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းနိုင်ရန်သာ အာရုံစိုက် ကြိုးစားခဲ့သည်။

၎င်းသည် အဆင့်ချိုးဖြတ်နေသည့် အတောအတွင်း သေဆုံးသွားခဲ့ပြီဟု တော်တော်များများ ယုံကြည်ထားခဲ့ ကြ၏။ သို့ပေမဲ့ အသက်ရှင်လျက် ရှိနေပြီး အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့၏။ မထင်မှတ်ထား လောက်အောင်ဘဲ အဆင့်ချိုးဖြတ်နိုင်ခဲ့လေသည်လား။

ပိုမို၍ အံ့အားသင့်စရာကောင်းသည်မှာ ၎င်းသည် နက်နဲမီးတောက် လောကကြီးသို့ အရင်ကြိုကာ ရောက်ရှိ လာခဲ့ခြင်းပင်။

တွက်ချက်ကြည့်ရမည်ဆိုလျှင် ထျန်းမင်တောင်သခင်သည်ပင်လျှင် ၎င်း၏ မောက်မာမှုများကို ဖယ်ရှားရမှာ ဖြစ်၏။ အသင်္ချေများပြားသည့် လောကအသီးသီးတွင် ဖုံးကွယ်လျက် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများ သည် များပြားလွန်း၏။ ထျန်းမင်တောင်သခင်အနေနှင့် သူရဲကောင်းအားလုံးကို ခေါင်းငုံ့ကာ ကြည့်ရှုနေ၍ မဖြစ်ချေ။ လက်ရှိ အခြေအနေကို ကြည့်ရမည်ဆိုလျှင် လွင့်မျောတိမ်တောင်၏ မြို့တော်ဝန်အိုကြီးသာ ဖြစ်မည်ဆိုပါက သူတို့ တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုလျှင်တောင် အနိုင်ရဖို့က မဖြစ်နိုင်ချေ။

“အင်း.. ဒါက လွင့်မျောမြို့ရဲ့ မြို့တော်ဝန်အိုကြီးပဲ ဖြစ်ရမယ်”

ထျန်းမင်တောင်သခင်က လေးလေးနက်နက် ပြောလိုက်၏။ သူသည် လျှိုချင်းယုကို လှမ်းကြည့်လိုက်၏။ “ကြည့်ရတာ ကျုပ်တို့ အစီအစဉ်က ထင်မှတ် ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်နေတာပဲ”

“အင်း.. ဒါ ကျုပ်တို့ ထင်မှတ်ထားတာထက် ပိုပြီး တိုးတက်တာတော့ ဟုတ်တယ်” လျှိုချင်းယုက ခေါင်းညိတ် လိုက်၏။ မူလအားဖြင့် သူ၏ မျိုးဆက်များကို သတင်းအချက်အလက် ဖြန့်ဝေရန် ခိုင်းစေခဲ့ခြင်းမှာ သတ္တမ ဘိုးဘေးကြီးတို့ သိရုံလောက်သာ ဖြစ်၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ကျယ်ကျယ်ပြန့်ပြန့်နှင့် သတင်းပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

သတင်း ပျံနှံ့မှုနှုန်းသည် ကြောက်ခမန်းလိလိပင်။ အချိန်အတိုင်းအတာတိုအတွင်း နတ်ဘုရားလောက၊ အင်မော်တယ်လောက၊ နတ်ဆိုးလောကနှင့် တခြား စွမ်းအားမြင့်လောကများဆီသို့ပါ သတင်း အချက်အလက်က ပျံ့နှံ့သွားခဲ့ပြီ ဖြစ်၏။ အားလုံးသော သူတို့သည် လက်ရှိအခြေအနေမှာတော့ နက်နဲမီးတောက် လောကကြီးထဲတွင် ကွာစီအင်မော်တယ် အင်ပါယာ အမွေအနှစ် တည်ရှိသည်ဟူသည့် သတင်းကို မသိသူ မရှိတော့ချေ။

ထိုကဲ့သို့သတင်း ပျံ့နှံ့သွားချိန်မှာတော့ လွင့်မျောမြို့၏ မြို့တော်ဝန်ကဲ့သို့ ရှေးစွမ်းအားမြင့် မွန်းစတားအိုကြီး များပင်လျှင် ဤတည်နေရာဆီသို့ ရောက်ရှိလာသည်။ ထိုအရာမှာ နားလည်ရမည့် အရာမျိုးပင်။

“တွေးကြည့်ရမယ်ဆိုလျှင် လွင့်မျောမြို့က လူတွေက ဘယ်လိုဖြစ်ပြီး ဒီကို မြန်မြန်ဆန်ဆန် ရောက်ရှိလာတာလဲ” ထျန်းမင်တောင်သခင်၏ အကြည့်သည် ထက်ရှလျက် ရှိနေ၏။ သူသည် လျှိုချင်းယုကို လှမ်းကြည့်လိုက်၏။

သူ၏အမြင်အရဆိုလျှင် နက်နဲမီးတောက်လောကကြီးသည် အသုံးမဝင်သည့် အရာမျိုး မဟုတ်တော့ချေ။ သို့ပေမဲ့ နတ်ဘုရားလောကထဲတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများတို့သည် ရှေးမှတ်တမ်းများအတိုင်း နက်နဲမီးတောက် လောကကြီးကို ရှာဖွေမည်ဆိုပါက အစိတ်အပိုင်းများ ပျံ့ကျဲနေပြီဟု တွေးထင်ကြမှာ သေချာသည်။

သို့ပေမဲ့ လွင့်မျောမြို့၏ မြို့တော်ဝန်အိုကြီးသည် ဤနေရာဆီသို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့၏။ တစ်စုံတစ်ယောက်က လမ်းညွှန်နေသကဲ့သို့ပင်။ လျှိုချင်းယုတစ်ယောက် နောက်ကွယ်မှ ကူညီနေခြင်း ဖြစ်နေသည်လား။

“ခင်ဗျား ဘာကို ဆိုလိုတာလဲ”

လျှိုချင်းယုသည် ထျန်းမင်တောင်သခင်၏ အကြည့်ကို အာရုံစိုက်မိ၏။ သူသည် မျက်မှောင်ကုတ်ကာဖြင့် သဘောမတွေ့သလို ပြောလိုက်၏။ “ကျုပ် လွင့်မျောမြို့ရဲ့ မြို့တော်ဝန်အိုကြီးနဲ့ ပူးပေါင်းနေတယ်လို့ ခင်ဗျား သံသယ ဝင်နေတာလား။ ခင်ဗျား အတွေးလွန်နေပြီ။ ကျုပ် အထင်အရဆိုရင် လွင့်မျောမြို့ရဲ့ မြို့တော်ဝန်အိုကြီးက လျှိုကျန်းရန် နောက်ကနေ လိုက်ပြီး ဒီကို ရောက်လာတာ ဖြစ်ရမယ်”

“ဟမ်” ထျန်းမင်တောင်သခင်သည် အမှတ်မထင် ခေါင်းညိတ်လိုက်မိ၏။ သူသည် ထိုအရာကို ယုံကြည်မိ၏။ လျှိုကျန်းရန်၏ အားအင်အဆင့်သည် အန္တိမကျင့်ကြံခြင်းအဆင့် ထိပ်ဆုံးမျှသာဖြစ်၏။ တခြားသော နေရာများတွင် အားကောင်းသည့် ကျင့်ကြံသူအဖြစ် သတ်မှတ်ရမှာ ဖြစ်သော်လည်း လွင့်မျောမြို့၏ မြို့တော်ဝန် အရှေ့မှာတော့ ဘာမှ မဟုတ်လှချေ။

All Chapters