← Chapters

အခန်း (၇၁၅)

Vol. 48 Ch. 715

အခန်း (၇၁၅)

Vol. 48 Ch. 715

"အခု လွင့်မျောမြို့ရဲ့ မြို့တော်ဝန်အိုကြီးတောင် ရောက်လာပြီဆိုတော့ တခြားသူတွေလည်း လမ်းမှာ ရောက်နေပြီလို့ တွက်ချက်နိုင်တယ်။" ထျန်းမင်တောင်သခင်သည် တီးတိုး ပြောလိုက်၏။

"အင်း"

လျှိုချင်းယုက သက်ပြင်းချလိုက်၏။ သူသည် လက်ထဲတွင်ရှိနေသည့် သိုလှောင်လက်စွပ်ကို မသိမသာ လှမ်းကာ ပွတ်သပ်ရင်း ပြောလိုက်သည်။

"ကျုပ်တို့အတွက် အချိန် သိပ်မကျန်တော့ဘူး။ တကယ်ကို ကြီးကြီးမားမား ကိစ္စရပ်တစ်ခု ဖြစ်လာတော့မယ်။ အဆုံးသတ်မှာတော့ ကျုပ်တို့က ပွဲကြည့်သူ အဖြစ်နဲ့ ကျန်ခဲ့လို့တော့ မဖြစ်ဘူးမလား။" လျှိုချင်းယုသည် နောက်ဆုံးစကားကို ထပ်မံကာ ပြောဆိုလိုက်၏။

တစ်ချိန်တုန်းက သူသည် ယုံကြည်ချက် အပြည့်ရှိခဲ့၏။ သို့ပေမဲ့ အခြေနေသည် သူထင်မှတ်ထားသည်ထက် ပိုမိုကာ လေးနက်လို့ လာခဲ့၏။ လွင့်မျောမြို့တော်ဝန် ပါ ရောက်ရှိလာပြီဖြစ်သောကြောင့် တကယ့်ကို စဉ်းစားစရာ ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့သည်။

တခြားသောသူများကို ထပ်ပေါင်းထည့်မည်ဆိုလျှင် နောက်ဆုံး အနိုင်ရရှိမည့်သူ မည်သူ ဆိုသည်ကိုပင် ပြောဆိုရန် ခက်ပေလိမ့်မည်။

"သွားကြရအောင်"

ထျန်းမင်တောင်သခင်သည် လျှိုချင်းယုကို လေးလေးနက်နက်ကြည့်ကာ ပြောဆိုလိုက်၏။ "ကျုပ်တို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို သွားတွေ့ရအောင်။ ဒါဆို အသုံးဝင်တဲ့ သတင်း အချက်အလက် တစ်ခုခု ရမယ်လို့ မျှော်လင့်မိတယ်။ "

ကောင်းကင်မူလလောကကြီးထဲသို့ ၎င်းတို့ အလျှင်စလိုနှင့် သွားလျက် ရှိနေတုန်းမှာပဲ နက်နဲလျှို့ဝှက် လောက၏ မူလလျှိုကလန် တည်ရှိရာနေရာ၌ သန့်စင်လွန်းသည့် ဟန်ပန်အမူအရာမျိုးနှင့် သက်လတ်ပိုင်း အရွယ် လူတစ်ယောက်သည် လေဟာနယ်ထဲမှ မြေပြင်သို့ ဆင်းသက်လာခဲ့သည်။

၎င်းသည်​​ မြေပြင်သို့ ဆင်းသက်ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်၏။ မျက်လုံးထဲတွင် အံ့အားသင့်သည့် အမူအယာများ ပေါ်ပေါက်လာ၏။

"ဒါက နတ်နန်းမီးတောက် လောကကြီးလား။"

သူသည် လျှိုကျန်းရန်ကဲ့သို့ပင် တူညီသည့် ခံစားချက်များကို ရရှိနေ၏။ သို့ပေမဲ့ ကွာခြားချက် တစ်ခုတော့ ရှိနေသည်။ လျှိုကျန်းရန်သည် တစ်ချို့သော လျှို့ဝှက်ချက်များကို ယခင်တည်းက ကြိုတင်ကာ သိရှိခဲ့၏။ ဤလူမှာတော့ နတ်နန်းလျှို့ဝှက်နယ်မြေထဲသို့ ပထမဆုံး ခြေချခဲ့ဖူးခြင်းဖြစ်လေ၏။

"အင်း ကောလာဟလတွေ အတိုင်း နက်နဲမီးတောက်လောကကြီးက နတ်ဘုရားစနစ် တစ်ခုခုကြောင့် အလုံးစုံပြန်ပြီး ကောင်းမွန်သွားခဲ့တာပဲ ဖြစ်ရမယ်။ "

"မဟုတ်သေးဘူး။ ဒီလိုမဟုတ်ဘူး။ "

မျက်လုံးကိုမှိတ်ပြီးသည့်နောက် သက်လတ်ပိုင်းအရွယ်လူသည် သေသေချာချာ အာရုံခံကြည့်လိုက်၏။ ပြီးနောက် ပြောဆိုလိုက်သည်။ "ကြည့်ရတာ နက်နဲမီးတောက်လောကကြီးက အရင်ကထက်ပိုပြီး ကျယ်ပြောနေတာပဲ။ ဒါစိတ်ဝင်စားစရာ ကောင်းတယ်။ "

"အမှန်ပဲ "

လက်ရှိ နက်နဲမီးတောက် လောကကြီးသည် ယခင်က အခြေအနေအတိုင်း ပြန်လည် ကောင်းမွန်ရုံတင် မကဘူး။ ပိုပြီးတော့တောင် အဆင့်မြင့်သွားခဲ့တယ်။ ပြောရမယ်ဆိုရင် ကွာစီအင်မော်တယ် ဖြစ်လာနိုင်တဲ့ အခွင့်အရေးရဲ့ နောက်ကွယ်မှာ သာမန်ထက်ပိုတဲ့ ကျင့်ကြံသူတွေ တည်ရှိနေနိုင်တယ်။ ဒီနေ့အဖြစ်ပျက်က သုံးသပ်ကြည့်ရမယ်ဆိုရင် ဒီကိုလာရတာ အလဟသ မဖြစ်နိုင်ဘူး။"

ဤလူသည် အင်မော်တယ် ရှေးလမ်းစဉ်၏ တာအို အရှင်မှလွဲ၍ တခြားလူမဟုတ်ချေ။ ၎င်းသည် တစ်ယောက်တည်း ခရီးထွက်လာခဲ့ခြင်း ဖြစ်ပြီး နက်နဲမီးတောက်လောကကြီးသို့ ရောက်သည့်အချိန်မှာတော့ ပြောင်းလဲမှုကို ချက်ချင်း အာရုံခံမိခဲ့၏။

အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် နှစ်ပေါင်း တစ်သောင်းလောက် ကြာမြင့်သည် ဆိုပါက လက်ရှိလောကကြီးသည် နတ်ဘုရားလောကထက်ပင် ပိုမိုကာ အားကောင်း သွားနိုင်သေးသည်။

အင်မော်တယ် ရှေးလမ်းစဉ် အရှင်သည် သူ၏ ရှေးလမ်းစဉ်ဂိုဏ်းတစ်ခုလုံးအား ဤနေရာတွင် အခြေချရန်ပါ စဉ်းစားလိုက်မိ၏။

"ဟမ်"

တာအိုအရှင်သည် ရုတ်တရက် သတိဝင်သွားသည်။ အောက်ခြေ၌ အစီအရင်များ တည်ရှိလို့နေ၏။ အစီအရင် တစ်ခုချင်းစီတိုင်းသည် အသက်မဝင်သေးသော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ခြင်း အစီအရင်များ ဖြစ်ကြောင်း သိသာလှသည်။ ဤနေရာတွင် ကြီးမားသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်တည်ခဲ့ပုံပင်။

"အင်း ငါသာ မမှားဘူးဆိုရင် ဒီနေရာမှာ ကလန် တစ်ခုခု ရှိခဲ့တာပဲဖြစ်မယ်။"

တာအိုအရှင်သည် တကယ်ပင် အမြင်စူးရှလွန်းလှ၏။ ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို ဆက်ကာ ကြည့်ရှုပြီးသည့်နောက် မိုင်သန်းနှင့် ချီသော စက်ဝိုင်း တည်နေရာအတွင်းသို့ ကြည့်ရှုပြီး ဖြစ်၏။ သူသည် အသာ ရယ်မောကာပြောလိုက်၏။ "ဒီနေရာမှာ သတ်ဖြတ်ခြင်း အစီရင် သုံးခုတောင် ရှိတာပဲ။ ကြည့်ရတာ ကလန်က တစ်စုံတစ်ယောက်ကို ငါးစာအဖြစ် အသုံးပြုခဲ့ပုံပေါ်တယ်။ ဒါကြောင့် အင်မော်တယ်ဘုရင် အတော်များများကို ဒီနေရာဆီ ခေါ်ဆောင်ပြီး သတ်ဖြတ်နိုင်ခဲ့တာ နေမယ်”

မူလတိုက်ပွဲကြီးကို မမြင်ခဲ့ရဘူး ဆိုလျှင်တောင်မှ အစီအရင်ထဲတွင်ရှိသည့် အကျိုးအပျက်များကို ကြည့်ရှုလိုက်ရုံဖြင့် တချို့သော သဲလွန်စများကို ကောက်ချက်ချနိုင်၏။ ဥပမာအားဖြင့် အင်မော်တယ် ဘုရင်အဆင့် သတ်ဖြတ်ခြင်း အစီအရင် သုံးခုတို့သည် ခန့်မှန်း၍ မရအောင် အားကောင်းသည့် အရာ ဖြစ်နေခြင်းပင်။ အဓိကအားဖြင့် ဤအရာသည် လျှိုကလန်မှ ဘုရင် သုံးပါးတို့ကို ပစ်မှတ်ထားခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

"အံ့အားသင့်စရာပဲ။ တကယ့်ကို အံ့အား သင့်စရာပဲ။ အဲ့နေ့က ဘာတွေဖြစ်လဲဆိုတာကို ငါကြည့်ရမယ်။"

အင်မော်တယ် ရှေးလမ်းစဉ်၏ တာအိုအရှင်သည် ကောင်းကင်ကို လက်ညှိုးညွှန်လိုက်၏။ ပြီးနောက် နောက်ထပ် လက်ညှိုးကို မြေပြင်သို့ ညွှန်လိုက်၏။ အချိန်၏ စွမ်းရည်များ ဖြစ်ပေါ်လာခဲ့ပြီးသည့်နောက် အချိန်နှင့် တည်နေရာတစ်ခုလုံးသည် နောက်ဘက်သို့ ပြန်လည်ကာ ရစ်သွားသလိုပင်။

ပတ်ဝန်းကျင်တည်နေရာကြီးထဲတွင် ရှိနေသည့် အဆောက်အဦးများ ပြန်လည်ကာ ဖြစ်တည် လာခဲ့၏။ ပျက်စီးသွားသည့် အစီအရင်ဆီမှ တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံ သူများသည် အချိန်၏ မြစ်ရေစီးကြောင်းအတိုင်း ထွက်လျှောက်လာခဲ့သလိုပင် ထင်ပေါ်လာခဲ့၏။

လူအများ၏ ကြားတွင် ၎င်းတို့၏ ခန္ဓာကိုယ်များသည် ပုံရိပ်ယောင်ကဲ့သို့ ဖြစ်တည်လျက် ရှိနေပြီး ၎င်းတို့သည် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ကြ၏။ လက်ရှိအခြေနေမှာတော့ အင်မော်တယ် ဘုရင်အဆင့် ကျင့်ကြံသူများသည် သွေးသဲတရဲရဲဖြင့် လဲကျလျက်ရှိနေပြီး ၎င်းတို့၏ ပါးစပ်ဆီမှ တစ်စုံတစ်ခုကို ရေရွတ်လျက် ရှိနေကြသည်။

တော်တော်များများတို့၏ အသံများသည် ဝေဝါးလျက် ရှိနေ၏။ ဤလူများသည် နေရာတစ်ခုကို ညွှန်းဆိုနေခြင်းပင်။ ဤနေရာသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ပင်။

"ဟမ်"

တာအိုအရှင်သည် တစ်စုံတစ်ခုကို နားလည်သွားပုံ ပေါ်၏။ ၎င်း၏ နည်းစနစ်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ ကြားထဲတွင်ရှိနေသည့် မြင်ကွင်းတစ်ချို့ လစ်ဟင်းလျက်ရှိနေသည်တောင်မှ သူသည် အကျိုးသင့် အကြောင်းသင့်ကို သေသေချာချာ နားလည်သွားခဲ့၏။

"ကြည့်ရတာ လျှိုချင်းယုက ငရဲလောကဆီ တကယ် ပူးပေါင်းသွားတာပဲဖြစ်ရမယ်။"

အင်မော်တယ်ရှေးလမ်းစဉ် တာအိုအရှင်သည် အကန့်သတ်တစ်ခုထိ သူ့နားတွင် ရှိနေသည့် ပုံရိပ်ယောင်များ ကို ကြည့်ရှု လိုက်သည်။

"ဒါပေမဲ့ ဘယ်သူတွေလဲ ။ အရေးအကြောင်း အခြေအနေမျိုးမှာ ဘယ်သူတွေက ရှုံးနိမ့်ခဲ့တာလဲ။ ကြည့်ရတာ အင်မော်တယ်လောက ကလာတဲ့ တစ်ယောက်ယောက်များလား မသိဘူး။ "

စောနတုန်းကဖြစ်တည်ခဲ့သည့် အရာများကို မြင်ရပြီးသည့်နောက် တာအိုအရှင်သည် သံသယများကို အနည်းနှင့် အများ ဖြေရှင်းပြီးခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ မသေချာမရေရာမှုများသည် သူ၏ စိတ်ထဲတွင် ပြန်လည် ပေါ်ပေါက်လာလေသည်။

လျှိုချင်းယုနှင့် လျှိုကလန်၏ ဘုရင်သုံးပါးတို့ တိုက်ခိုက်သည့် တိုက်ပွဲကို မြင်ခဲ့ရသည်ဟု သူ ထင်မှတ်ခဲ့၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပဲ များပြားလွန်းသည့် အမည်မသိ အင်မော်တယ်ဘုရင်များသည် ပဋိပက္ခထဲသို့ ဝင်ရောက်ခဲ့ပြီး တစ်ယောက်ချင်းစီတိုင်းအား ရင်းနှီးသလို ၊ မရင်းနှီး သလိုပင်။

မည်သို့ကြိုးစား၊ ကြိုးစား ဤလူများကို မသိကြောင်း တာအိုအရှင်က မှတ်ချက်ချမိသည်။ ၎င်းတို့ ပြောဆိုနေသည့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆိုသော စကားလုံးကို တွေးကြည့်ပြီးသည့်နောက် အင်မော်တယ် ရှေးလမ်းစဉ်၏ တာအိုအရှင်သည် ဆန်းကြယ်ဂိတ်သခင် ပြောခဲ့သည့် စကားလုံး များကို ပြန်လည်ကာ သတိရသွား၏။

All Chapters