← Chapters

အခန်း (၇၁၆)

Vol. 48 Ch. 716

အခန်း (၇၁၆)

Vol. 48 Ch. 716

ကောင်းကင်လျှို့ဝှက်ဆိုသည့် စကားလုံးပါသော ဆိုင်းဘုတ် …… ထိုအရာအားလုံးသည် ဆက်စပ်လျက် ရှိနေလေ၏။ လျှိုချင်းယု ပြောဆိုခဲ့သည့် ကောင်းကင်လျှို့ဝှက် နန်းဆောင် သခင် နှင့် ဆန်းကြယ် ဂိတ်သခင် ပြောဆိုခဲ့သည့် နာမည်နှင့် ဆင်တူနေသည် မဟုတ်ပါလား။

ပြောရမည်ဆိုလျှင် ဆန်းကြယ်ဂိတ်သခင်သည် သူ့ကို ကူညီမည့် အစီအစဉ်ကို စွန့်လွှတ်၍ ထွက်ခွာသွားခဲ့၏။

ဤအရာသည် သာမန်ထက် ပိုလွန်းနေကြောင်း ထင်ပေါ်လျက် ရှိနေ၏။ အနည်းဆုံး ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် ဆန်းကြယ်ဂိတ်တံခါး အဘိုးအို ထက်ပိုမိုကာ အစွမ်းထက်လောက်သည်။

တစ်ချက်တွေးကြည့်ပြီးသည့်နောက် တာအိုအရှင်၏ မျက်လုံးထဲတွင် စိတ်ဝင်စားမှုများ ပြည့်နှက်လာသည်။ သူက တီးတိုးရေရွတ်လိုက်၏။

"လောကကြီးထဲမှာ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေတယ်ဆိုရင် ငါ သွားပြီး ကြည့်လိုက်ချင်တယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်မိတယ်။"

………

ကျောက်စိမ်းအဖြူရောင် လမ်းပေါ်မှာတော့ လမ်းသွားလမ်းလာများနှင့် ရှုပ်ထွေးလျက် ရှိနေပြီး စွမ်းအားမြင့် ကျင့်ကြံသူများသည် အဆက်မပြတ်ဆိုသလို ဟိုဒီသွားလာလျက် ရှိနေ၏။ ဤနေရာတွင် သူတော်စင်များ ၊ အင်ပါယာများ များပြားစွာ ရှိနေပြီး အန္တိမကျင့်ကြံခြင်း အဆင့်တွင် ရှိနေသော ကျင့်ကြံသူများပင်လျှင် ထိုလူများထဲ၌ ပါဝင်နေသည်။

သေသေချာချာ ဂရုပြုကာကြည့်ရှုမည်ဆိုလျှင် အင်မော်တယ် ဘုရင်များကိုပင် တွေ့ရမှာ ဖြစ်၏။ လတ်တစ်လောတွင် လူငယ်များကြားတွင် ကောလာဟလများနှင့် ပွက်လောရိုက်လျက် ရှိ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင် တည်ရှိရာသို့ လာကြသော လူများထဲတွင် အင်မော်တယ်ဘုရင်များ ပါဝင်လျက် ရှိနေပြီး ထိုအင်မော်တယ်ဘုရင် များသည် တစ်ချို့သော လူငယ်များအား နှစ်ခြိုက်သောကြောင့် တပည့်အဖြစ် လက်ခံခဲ့သည် ဟူသော ကောလာဟလပင်။

ကောင်းကင်လျှို့ဝှက် နန်းဆောင် သခင်သည် ဤကိစ္စနှင့် ပတ်သက်၍ အနောက်မှ စီမံနေသည်လား မသိနိုင်ချေ။ သို့ပေမဲ့ သူတို့အတည်ပြုနိုင်သည်မှာတော့ များပြားလွန်းသည့် လောက အသီးသီးထဲတွင် တော်ဝင်သဲကန္တာရမြို့ထက် ပိုမိုကာ အားကောင်းသည့် နေရာဟူ၍ မရှိခြင်းပင်။

တစ်စုံတစ်ယောက်သည် ကံကောင်းသည် ဆိုပါက စွမ်းအားမြင့်ကျင့်ကြံသူများ၏ မျက်စိကျခြင်းကို ခံရပြီး တပည့်အဖြစ် လက်သင့်ခံနိုင်၏။ ထိုသို့ ဆိုလျှင် မြင့်မားသည့် အခြေနေတစ်ခုဆီသို့ ရောက်ရှိသွားမှာ သေချာ၏။

သို့ပေမဲ့ ကောင်းကင် ပါရမီရှင် စာရင်းထဲတွင် ပါဝင်သည့် လူများကို ကျော်ဖြတ်ရန်တော့ မနည်းကြိုးစားရပေမည်။ လုံလောက်သည့် အားအင်အဆင့်မရှိဘဲ ကောင်းကင်ပါရမီရှင် စာရင်းတွင် မည်သူက ရပ်တည်နေနိုင်မည်နည်း။

"ခင်ဗျားတို့ကြားပြီးပြီလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အန္တိမကျင့်ကြံခြင်းစာရင်းက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ "

တောင်ဝင်သဲကန္တာရ မြို့အတွင်းမှာတော့ တစ်စုံတစ်ယောက်က တီးတိုး ပြောဆိုလိုက်၏။ အန္တိမကျင့်ကြံခြင်း စာရင်းသည် လီယွင် အစောပိုင်းတုန်းက ထုတ်ဖော်ထားသည့် စာရင်းတစ်ခုဖြစ်ပြီး ထိုအရာသည် အသင်္ချေများပြားသည့် လောကများကို ခြုံငုံပြီး ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။

အဆင့်စာရင်းတွင် ငြိမ်ငြိမ်သက်သက် နေထိုင်သူ ဟူ၍ မရှိလှပေ။ အန္တိမကျင့်ကြံခြင်းအဆင့် စာရင်းသည် အစောပိုင်းက ထုတ်ဖော်ထားခဲ့သည့် အရာဖြစ်သော်လည်း စာရင်းထဲရှိ အန္တိမကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲလျက်ရှိနေ​၏။

အန္တိမကျင့်ကြံခြင်း အဆင့်ဆိုသည်မှာ အန္တိမလမ်းစဥ်ကိုလိုက်ပြီး မသေဆုံးနိုင်သည့် လူများဟု မှတ်ခဲ့၏။ ၄င်းတို့သည် အဆင်အခြင်မဲ့စွာ မပြုလုပ်သည်ပါက ပြိုင်စံရှား ကျင့်ကြံသူများကဲ့သို့ပင် ထည်ဝါစွာ နေထိုင်နိုင်သည်။ သို့ပေမဲ့ ထိုသို့သော လူမျိုးသည်ပင်လျှင် သေဆုံးလျက် ရှိနေသည်။

" အင်း ပြောင်းလဲမှုတွေရှိနေတယ်ဟုတ်လား။ "

တော်ဝင်သဲကန္တာရမြို့၏ အတွင်းဘက်ရှိ တည်နေရာတစ်ခုတွင် လူပေါင်းများစွာတို့သည် ကောင်းကင်ယံကို မော့ကြည့်ကာ ကြည့်ရှူနေကြ၏။ သူတို့သည် သာမန်ထက်ပိုကာ ထူးခြားလှသည့် စာရင်းများကို ကြည့်ရှုနေခြင်း ဖြစ်၏။

သို့ပေမဲ့ လက်ရှိပြောင်းလဲလျက်ရှိနေသည့် အန္တိမစာရင်းသည် သူတို့၏ စိတ်ဝင်စားမှုကို ပိုမိုကာ တိုးတက်စေခဲ့၏။ အခြားတစ်ဖက်မှ ကြည့်ရှုရမည် ဆိုလျှင် ကောင်းကင်ပါရမီရှင်စာရင်းကလည်း ရံဖန်ရံခါ ပြောင်းရွေ့နေ၏။ ကောင်းကင်ပါရမီ စာရင်း စတင်ထွက်ပေါ်လာတည်းက ပါဝင်သည့် ကောင်းကင် ပါရမီရှင် တစ်ဝက်လောက်သည် လက်ရှိအချိန်၌ စာရင်းထဲ မရှိတော့ချေ။

ထိပ်ပိုင်းကျင့်ကြံသူ အနည်းငယ်သာလျှင် ဤနေရာမှာ မားမားမတ်မတ် တည်ရှိကြ၏။ သို့ပေမဲ့ အန္တိမကျင့်ကြံခြင်း စာရင်းလောက် စိတ်ဝင်စားမှု မရှိကြချေ။

"ဟမ်"

တစ်စုံတစ်ယောက်သည် မယုံကြည်နိုင်သလို ထကာအော်ဟစ်လိုက်၏။

"ဘယ်လိုဖြစ်ပြီးတော့ နက်နဲမီးတောက်လောကကြီးရဲ့ အန္တိမကျင့်ကြံခြင်း အဆင့် ဒုတိယနေရာက လျှိုကျန်းရန် ဆိုတဲ့ နာမည် ပြောင်းသွားရတာလဲ "

လီယွင်သည် အန္တိမကျင့်ကြံခြင်းစာရင်းကို ဖန်တီးသည့် အချိန်တွင် နက်နဲမီးတောက် လောကကြီးမှ ကျင့်ကြံသူများကိုပါ ထည့်သွင်း တွက်ချက်ခဲ့၏။ ထို့ကြောင့် လျှိုကျန်းရန်သည် နက်နီမီးတောက် လောကကြီးထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလို စာရင်းထဲတွင် ပါဝင်လာခြင်းဖြစ်၏။

"ဟုတ်ပြီ​ …. ဒီလျှိုကျန်းရန် က နက်နဲမီးတောက် လောကကြီးက ဟုတ်လို့လား" တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

"မဟုတ်နိုင်ဘူး"

အဘိုးအို တစ်ယောက်သည် အပေါ်တွင် ရှိနေသည့် စာရင်းကိုကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

လျှိုကျန်းရန်သည် နတ်နန်းမီးတောင်လောကကြီးမှ တစ်စုံတစ်ယောက်သာ ဖြစ်သည်ဆိုပါက ဒီစာရင်းထဲတွင် ယခင်တည်းက ပါဝင်နေပေလိမ့်မည်။

ထာဝရ အစစ်အမှန် အင်မော်တယ်သည် ဝှက်ဖဲပေါင်း များစွာကို ကိုင်ဆောင်ထားခဲ့၏။ ၄င်းသည် နတ်ဘုရား နည်းစနစ်ကို လေ့ကျင့်ပြီးသည့်နောက် ကိုယ်ခွဲ ကိုးခု ခွဲခြားထားခဲ့၏။

ကိုယ်ခွဲတစ်ခုချင်းစီတိုင်းသည် ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ပြီး ၄င်းတို့ ပေါင်းစပ်လိုက်သည်နှင့် အန္တိမ ကျင့်ကြံခြင်း ထိပ်ဆုံး စွမ်းအင်အဆင့်ကို ပိုင်ဆိုင်မှာ သေချာသည်။

ကံဆိုးစွာဖြင့် အန္တိမ ကျင့်ကြံခြင်း စာရင်းသည် တစ်ဦးတစ်ယောက်ချင်းစီ၏ အားအင်အဆင့်ကို သုံးသပ်ခြင်း ဖြစ်၏။ ထို့ကြောင့်ထာဝရ အစစ်အမှန် အင်မော်တယ်သည် စိတ်ပျက်လက်ပျက် ဖြစ်လို့ နေခဲ့၏။

"​ဒီအတောအတွင်းမှာ တော်ဝင်သဲကန္တာရမြို့ထဲကို သတိထားမိလောက်စရာ လူစိမ်းတွေ ပေါ်လာတာပဲ။ စွမ်းအားမြင့် ကျင့်ကြံခြင်းတွေ ၊ တကယ့်ကို အားကောင်းလှတဲ့ အဖွဲ့တွေ ရောက်လာအုံးမှာလား မသိဘူး"

တစ်စုံတစ်ယောက်သည် ယခင်တုန်းက ဖြစ်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်ကာ တွေးတောရင်း တွက်ချက်လိုက်မိ၏ ။ အားကောင်းသည့် ကျင့်ကြံသူများသည် လောကကြီးတစ်ခုခုနှင့် မပေါင်းစပ်ခင် သူတို့ လောကဆီသို့ ရောက်ရှိလာတတ်သည်ကို သူတို့က သတိပြုမိကြသည်။

ပေါင်းစပ်လာသည့် လော​ကကြီးသည် အလွန် အားကောင်းပြီး သူတို့က အားနည်းနေသည် ဆိုပါက အုပ်ချုပ်ခြင်းကို ခံရမည်မှာ သဘာဝပင်။

"အကယ်၍ နက်နဲမီးတောက်လောကကြီးနဲ့ တခြား လောကတစ်ခုခုကို ပေါင်းစပ်လိုက်မယ်ဆိုရင် ပိုပြီး တိုးတက်လာမယ် မဟုတ်လား။ ဒါပေမဲ့ သွေးနတ်ဆိုး လောကလိုမျိုး လောကတွေ ပေါင်းစပ်မယ်ဆိုရင် တော့ ဘာမှ သိသာ ထင်ရှားမှာ မဟုတ်ဘူး။”

“တခြားလောကဆီက ကျူးကျော်သူတွေ ရောက်ရှိလာပြီဆိုရင် ကျုပ်တို့ သေသေချာချာ ခုခံဖို့လိုအပ်လိမ့်မယ်။ အဲတာကို အရင်စဉ်းစား" ကောင်းကင်မူလ လောကကြီးမှ သူတော်စင် အိုကြီး တစ်ယောက်က ထပ်မံကာ ပြောဆိုလိုက်၏။

ထိုစကားကို ကြားသည့် အချိန်မှာတော့ အားလုံးသော သူတို့သည် အထင်မြင်သေးစွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ကောင်းကင်မူလလောကကြီး၌ တည်ရှိနေပြီး ၎င်းအပြင် စီနီယာတိုင်ချူးကဲ့သို့သော အင်မော်တယ် ဘုရင်တစ်ယောက် လည်း ရှိနေသေးသည် မဟုတ်ပါလား။

ထို့ကြောင့် သာမန်လောကများသည် သူတို့ကို ရန်လာပြု၍ မရနိုင်ချေ။ ဤအတောအတွင်း ကောင်းကင်မူလ လော​ကကြီးတွင် ရှိသည့် သိုင်းကျင့်ကြံသူများသည် တခြားသော လောကကြီးနှင့် ရင်ဆိုင်သည့် နေရာမျိုး၌ မောက်မာသည့် စိတ်မျိူးကို ပိုင်ဆိုင်ကြ၏။ အလွန်အားကောင်းသည့် နောက်ခံ ရှိနေသောကြောင့် သူတို့သည် ယုံကြည်ချက် ရှိလို့နေ၏။

All Chapters