အခန်း (၇၁၇)
Vol. 48 Ch. 717
“လျှိုကျန်းရန်က နက်နဲမီးတောက်လောကကြီးထဲကို အမှတ်မထင် ဝင်ရောက်လာခဲ့တာဖြစ်မယ်။” သူတော်စင်အဆင့် တစ်စုံတစ်ယောက်က တီးတိုးပြောဆိုလိုက်၏။
“အန္တိမအဆင့်ကျင့်ကြံသူ စာရင်း ပြောင်းလဲသွားခဲ့ရုံပဲလေ။ အနာဂတ်မှာ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အင်မော်တယ်ဘုရင်အဆင့် စာရင်းကိုသာ ထုတ်လွှင့်လိုက်မယ်ဆိုရင် လောကကြီး တစ်ခုလုံး ဝက်ဝက်ကွဲ ဖြစ်ကုန်မလား မသိဘူး” တခြားသောလူတစ်ယောက်သည် ဝင်ကာ ပြောဆိုလိုက်သည်။
“အင်း….အဲလိုတော့ မဖြစ်နိုင်ဘူး မဟုတ်လား။ လောကကြီးတွေကို မပေါင်းစပ်ခင်တုန်းက အင်မော်တယ်ဘုရင် အဆင့်ထက် ပိုမိုမြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့် ရှိတယ်ဆိုတာကိုတောင် ကျုပ်တို့ သိခဲ့တာ မဟုတ်ဘူး။ နက်နဲ မီးတောက်လောကက သတ္တဝါတွေရဲ့ ကျေးဇူးကြောင့် ကျုပ်တို့က အင်မော်တယ်ဘုရင်ထက် ပိုပြီးတော့ မြင်တဲ့ ကျင့်ကြံသူတွေ ရှိနေတယ်ဆိုတာကို သိခဲ့ရတာလေ”
“အခု လောကကြီးတွေ အားလုံး ပေါင်းစပ်ပြီးတဲ့နောက်မှာ အင်မော်တယ်ဘုရင်ဆိုတာ လက်တစ်ဆုပ်စာတောင် ရှိမှာ မဟုတ်ဘူး။ ဒီအတိုင်းအတာအတွင်း ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်က ဘယ်လိုဖြစ်ပြီး အင်မော်တယ်ဘုရင်အဆင့် စာရင်းကို ထုတ်ဖော်နိုင်မှာလဲ” တခြားသောသူတစ်ယောက် သည် သူ၏ ထင်မြင်ချက်ကို ထုတ်ဖော်လိုက်သည်။
ဤစကားလုံးသည် များပြားလွန်းသည့် အဓိပ္ပာယ်များ ပါဝင်ပတ်သက်လျက် ရှိနေ၏။ အင်မော်တယ်ဘုရင် အဆင့် စာရင်းကို ထုတ်ပြန်မည်ဆိုလျှင် အနည်းဆုံး ဆယ်ယောက် ပါဝင်ရမှာဖြစ်၏။ ထိုကဲ့သို့ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများကို ဆယ်ယောက်အထိ စုဖို့ဆိုသည်မှာ အဓိပ္ပာယ်ရှိသည့် ကိစ္စရပ်မျိုး မဟုတ်ချေ။
၎င်းတို့ ထိုသို့ ဆွေးနွေးနေသည့် အတောအတွင်း ….
ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းမှာတော့ လီယွင်သည် လက်နှစ်ဖက်ကို အနောက်သို့ ပစ်ကာဖြင့် ရပ်တန့်လျက်ရှိ၏။ ၎င်းသည် အပြင်ဘက် တည်နေရာထဲတွင် တည်ရှိနေသည့် လူတစ်ယောက်ကို လှမ်းကာ ကြည့်ရှုနေ၏။
ထိုလူ၏ ခန္ဓာကိုယ်သည် မြူများဖြင့် ရစ်သိုင်းလျက် ရှိနေပြီး ခန္ဓာကိုယ်၏ အနီးတဝိုက်တွင် နိယာမများက လှိုင်းထနေ၏။ ၎င်းသည် လူအုပ်ကြားထဲမှ လှမ်းကာ လျှောက်သွားသည် ဆိုသော်လည်း ၎င်း၏ အော်ရာများကို ပြည့်ပြည့်ဝဝဖြင့် ဖုံးကွယ်ထား၏။ ထို့ကြောင့် အနားမှာရှိနေသည့် လူများအားလုံးသည် ထိုသူကို သတိမပြုမိချေ။
“အင်မော်တယ်ဘုရင်လား”
လီယွင်သည် ထိုသူ့ကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် မျက်မှောင်ကုတ်လိုက်၏။ တစ်စုံတစ်ခု လွှဲမှားနေသည်ကို အာရုံခံမိ၏။ သူက တီးတိုးရေရွတ်လိုက်၏။ “အင်မော်တယ်ဘုရင် မဟုတ်ဘူး။ ကွာစီအင်မော်တယ် အင်ပါယာတောင် ဖြစ်ဖို့များတယ်။ အင်း.. ဆိုးတာပဲ”
လီယွင်သည် ဇဝေဇဝါဖြင့် သူ၏ ခံစားချက်များကို ထုတ်ဖော်ပြောဆိုလိုက်၏။ ဤလူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ မဝင်ခဲ့ချေ။ ထို့ကြောင့် လီယွင်အနေနှင့် တစ်ဖက်လူ၏ သတင်း အချက်အလက်များကို မသိရှိ နိုင်ပေ။ ကောင်းကင်လျှို့ဝှက်အမှတ်များကို အသုံးပြု၍ စုံစမ်း စစ်ဆေးဖို့ ဆိုသည်မှာလည်း အဓိပ္ပာယ် မရှိချေ။
ကွာစီ အင်မော်တယ် အင်ပါယာအဆင့်သို့ ချိုးဖြတ်ရောက်ရှိလုနီးပါး ဖြစ်နေသည့် တစ်စုံတစ်ယောက်ဆိုပါက ကောင်းကင်လျှို့ဝှက်အမှတ် ပက်ပက်စက်စက် ကုန်ခမ်းမှာ သေချာ၏။ သို့ပေမဲ့ ဤဆန်းကြယ်လှသည့် လူသည် အချိန်ကာလ တစ်ခုတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ မဖြစ်မနေ ဝင်ရောက်လာမှာဖြစ်၏။ ထိုသို့ဆိုလျှင် အရာအားလုံးကို သူက သိရှိမှာဖြစ်၏။ ထို့ကြောင့် လီယွင်အနေနှင့် စိတ်ရှည်ရှည် ထားရပေမည်။
“ကောင်းပြီ။ အင်မော်တယ်ဘုရင်တစ်ယောက်တောင် ရောက်လာပြီဆိုမှတော့ ငါ့အနေနဲ့ စာရင်းကို ထုတ်လွှင့်ဖို့ အချိန်ကျပြီပေါ့” လီယွင်က ပြောဆိုလိုက်၏။
သူသည် လက်ကို အသာမြှောက်ပြီးသည့်နောက် သူ၏အနားတွင် ရှိနေသည့် အလင်းတန်းသုံးခုကို ညွှန်လိုက်၏။ ဤအရာသည် အင်မော်တယ်ဘုရင်အဆင့် စာရင်းဖြစ်ပြီး အသင်္ချေ များပြားသည့် လောကအသီးသီးရှိ အင်မော်တယ်ဘုရင်များကို ထုတ်ဖော်ပြသနေခြင်းလည်း ဖြစ်၏။ စာရင်းထဲတွင် ထိပ်တန်း အင်မော်တယ်ဘုရင် တစ်ရာတိတိပင် ပါဝင်သည်။
ထို့အပြင် အင်မော်တယ်ဘုရင်များ ရောက်ရှိလာခြင်းသည် လီယွင် ကြာရှည်စောင့်စားလျက် ရှိနေသည့် အခွင့်ကောင်း ပေါ်ပေါက်လာခြင်းပင်။
လက်ရှိ အခြေအနေကို ပြောရမည်ဆိုလျှင် လောကတစ်ခုချင်းစီ၌ အင်မော်တယ်ဘုရင် လက်တစ်ဆုပ်စာ မျှသာလျှင် ရှိ၏။ အင်မော်တယ်ဘုရင်စာရင်းကို ထုတ်ဖော်ပြောဆိုရန် မလိုအပ်ချေ။ သို့သော်ငြား အခြေအနေက ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
များပြားလှသည့် လောကအသီးသီးတွင် ရှိနေသည့် အင်မော်တယ် ဘုရင်များသည် တည်နေရာကို ချိုးဖြတ်ကာဖြင့် ရောက်ရှိလာနေကြပြီဖြစ်၏။ ထို့ကြောင့် စာရင်းကို ထုတ်ဖော်ရန် အကောင်းဆုံး အခြေအနေပင် ဖြစ်သည်။
အင်မော်တယ်ဘုရင်အဆင့်တွင် မြင့်မားသည့် အဆင့်ကို ရရှိသည်ဆိုပါက ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို ချိုးဖြတ်နိုင်မည့် အခွင့်အရေးကို ပိုမိုရရှိရန် အခွင့်အရေး ပိုမိုများပေလိမ့်မည်။
“စနစ်”
လီယွင်သည် လှမ်းကာ ပြောဆိုလိုက်၏။ “အင်မော်တယ်ဘုရင်အဆင့် စာရင်းကို ထုတ်ဖော်လိုက်။ တော်ဝင် သဲကန္တာရမြို့မှာရှိတဲ့ လူတွေအားလုံးရဲ့ နှလုံးသားကို မတည်မငြိမ်ဖြစ်အောင် လုပ်လိုက်စမ်း”
ထိုစကားစုကို ပြောဆိုလိုက်ခြင်းမှာပဲ တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံးက တုန်ခါသွား၏။ လူပေါင်းများစွာတို့သည် အံ့အားတသင့် ဖြစ်လို့နေခဲ့ပြီး ၎င်းတို့၏ မျက်လုံးများကိုပင် ၎င်းတို့ မယုံကြည်သလို ဖြစ်နေမိသည်။
“ဘာတွေဖြစ်နေတာလဲ” တစ်စုံတစ်ယောက်က ထကာ အော်ဟစ်လိုက်၏။
တော်ဝင်သဲကန္တာရမြို့သည် ကောင်းကင်မူလလောကကြီးထဲတွင် အလုံခြုံဆုံး တည်နေရာဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့သော ကြမ်းတမ်းလွန်းသည့် တုန်ခါမှုမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးချေ။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ပြောင်းလဲမှုသည် လူပေါင်းများစွာ တို့ကို အထိတ်တလန့် ဖြစ်စေခဲ့သည်။
မြင့်မားလွန်းသည့် ကောင်းကင်အထက်တွင် တိမ်စိုင်များ စုစည်းလာခဲ့ပြီး အဆင့်စာရင်း တစ်ခုသည် တဖြည်းဖြည်း ဖြစ်တည်လာခဲ့၏။ ဘာမှန်းမသိသည့် ပစ္စည်းနှင့် ဖန်တီးပြုလုပ်ထားသည့် ရောင်စုံ နတ်ဘုရားကျောက်ပြားကြီးသည် လေထုထဲ၌ အကောင်အထည် ဖြစ်တည်လာခဲ့၏။
တလက်လက် တောက်ပသည့် အလင်းတန်းများကို ထုတ်ဖော်လျက် ရှိနေပြီး တောက်ပလွန်းသည့် နေလုံးကြီး တစ်ခုကဲ့သို့ပင် တော်ဝင်သဲကန္တာရမြို့ တည်နေရာတစ်ခုလုံးကို လင်းလက်သွားစေခဲ့၏။ များပြားလွန်းသည့် ကြည့်ရှုသူများသည် အမှတ်မထင် ဆိုသလိုပဲ မျက်လုံးကို ပိတ်လိုက်မိကြ၏။ နတ်ဘုရားကျောက်ပြားကြီး၏ စူးရှမှုကို မျက်စိနှင့် စူးစိုက်ကာ မကြည့်နိုင်ချေ။
လက်ရှိအချိန်မှာတော့ တော်ဝင်သဲကန္တာရမြို့တစ်ခုလုံးက တောက်ပလျက် ရှိနေပြီး ကျင့်ကြံသူ အားလုံးတို့သည် အထိတ်တလန့် ဖြစ်နေကြသည်။ နတ်ဘုရားကျောက်တုံးပေါ်တွင် ပေါ်လာသည့် အကြောင်းအရာ သည် ၎င်းတို့၏ မျက်နှာသွင်ပြင်ကို လေးနက်သွားစေခဲ့သည်။
“ဒါက”
တည်နေရာတစ်ခုတွင် ရှိနေသည့် တော်ဝင်အင်ပါယာတစ်ယောက်သည် ခြေချိတ်ကာ ထိုင်လျက်ရှိပြီး လေဟာနယ်ထဲသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ၎င်းသည် ရောင်စုံနတ်ဘုရား ကျောက်ပြားပေါ်တွင် ပေါ်ပေါက်လာသည့် စာများကို လှမ်းကာကြည့်ရှုရင်း ပါးစပ်အဟောင်းသား ဖြစ်လို့နေ၏။ “အင်မော်တယ်ဘုရင်အဆင့်လား”
သူ့အနေနှင့် ရေတွက်လို့ မရအောင် များပြားသည့် တွက်ချက်မှုများကို နှလုံးသားထဲ၌ တွေးတောထားခဲ့ ပြီးသားဖြစ်၏။ သို့ပေမဲ့ လောကကြီးထဲတွင် အင်မော်တယ်ဘုရင်အဆင့်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။ ဤကဲ့သို့သော စာရင်းမျိုး မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာမည်ဟု သူမထင်ခဲ့ချေ။ စီနီယာနန်းဆောင်သခင်သည် အဘယ်ကြောင့် ဤကဲ့သို့သော စာရင်းကို မြန်မြန်ဆန်ဆန် ထုတ်ဖော်ရသနည်း။
……..
ဤအတောအတွင်း မြူများရစ်သိုင်းလျက် ရှိနေသည့်လူတစ်ယောက်သည် ရုတ်တရက် တုံ့နှေးလျက် ရှိနေ၏။ ၎င်း၏ အသွင်အပြင်သည် အကြီးအကဲတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးဖြစ်ပြီး ၎င်း၏ မျက်လုံးများထဲတွင် အသက်ဓာတ်များ ကင်းမဲ့လျက် ရှိနေ၏။ ၎င်းကို ကြည့်ရှုရသည်မှာ ပြန်လည် ရှင်သန်လာသည့် အလောင်းကောင်ကြီး တစ်ခုနှင့် ဆင်တူ၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် သေခြင်းတရား၏ အရိပ်အယောင်များ ပြည့်နှက်လျက် ရှိနေ၏။ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် ၎င်းသည် ကျိန်းသေပေါက် သေမင်းကြီး တစ်ပါးနှင့်ပင် ဆင်တူနေသည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဘယ်လိုလူမျိုးလဲ။ တကယ့်ကို ခန့်မှန်းလို့ မရဘူး။ သူက ကွာစီ အင်မော်တယ် အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်” မြူများရစ်သိုင်းလျက် ရှိနေသည့် ထိုလူသည် ၎င်း၏ ပိန်ခြောက်နေသည့် လက်များကို အသာမြှောက်ပြီး မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ပြောဆိုလိုက်၏။
“သိချင်တာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က လျှိုချင်းယုနဲ့ တခြားလူတွေ ပြောဆိုသလိုပဲ တကယ့်ကို ဆန်းကြယ်တဲ့ လူတစ်ယောက် ဖြစ်နေလား မသိဘူး။ ဒီလိုဆိုရင် ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို သူအစောကြီး ကတည်းက ကြိုပြီး မြင်နိုင်လောက်တယ်”
ပြောပြောပြီးချင်းမှာပဲ တော်ဝင်သဲကန္တာရမြို့တစ်ခုလုံးက တုန်ခါသွား၏။ မြူများရစ်သိုင်းလျက်ရှိနေသော သူသည် ခေါင်းကို မော့ကြည့်လိုက်သည့် အချိန်မှာတော့ အင်မော်တယ်ဘုရင်အဆင့် ဆိုသည့်စကားလုံးကို မြင်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ထင်ပေါ်လာခဲ့သည်။
“အင်မော်တယ်ဘုရင်အဆင့် ဟုတ်လား။ စိတ်ဝင်စားစရာပဲ။ အင်မော်တယ်ဘုရင်တွေရဲ့ စာရင်းလား။ ဒါပေမဲ့ လက်ရှိ ငါ့ရဲ့အဆင့်အရဆိုရင် ငါက အင်မော်တယ်ဘုရင်လို့ သုံးသပ်ရမှာလား။ ဒါမှမဟုတ် ကွာစီအင်မော်တယ် အင်ပါယာလို့ သုံးသပ်ရမှာလား”