မဟာမိတ်ဂိုဏ်း
Vol. 15 Ch. 211
ပြောစရာပင်မလိုအောင် ကောင်းကင်ဘုံမှ ပစ္စည်းများက ကောင်းမွန်ပေသည်။ ဆေးတစ်လုံးက အဆိပ်ကို ဖြေပေးနိုင်ခဲ့ရုံမကဘဲ ယမကာဓာတ်ကိုပါ ဖြေရှင်းပေးလေသည်။ ရှောင်းချောင်သည် သူမနိုးလာသောအခါ လန်းဆန်းသောခံစားချက်ကို ခံစားခဲ့ရပေသည်။
သူမ မော့ကြည့်လိုက်တော့ ရွှီဖန်းက သူမကို လေးလေးနက်နက်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဆေး၏အာနိသင်အောက်တွင် အဆိပ်သည် သဘာဝကျစွာပင် ရှောင်းချောင်ကို အန္တရာယ်မပြုနိုင်ခဲ့ချေ။ ထို့ကြောင့် သူမသည် သူမအစပြုခဲ့သော ဖြစ်စဥ်ကို မှတ်မိနေပြီး 'ဘာကြည့်နေတာလဲ'ဟု ခပ်တိုးတိုးပြောကာ သူမ၏မျက်နှာမှာ နီမြန်းသွားခဲ့သည်။
ရုတ်တရက်နီရဲသွားခဲ့သော ရှောင်းချောင်၏ပါးပြင်များကို ကြည့်ရင်း ရွှီဖန်း အံ့အားသင့်သွားခဲ့သည်။ ထူးဆန်းပေသည်၊ ဒီမိန်းကလေးဟာ ဘယ်အချိန်ကများ စပြီး ရှက်တတ်သွားသနည်း။ ဆေးလုံးသည် သူမအတွက် မိန်းမပီသမှုကိုပါ ဖန်တီးပေးခဲ့တာလား မသိပေ။
သို့သော် ရွှီဖန်းသည် ယခုအချိန်မှာတော့ ရှောင်းချောင်ကို အရက်သောက်သုံးစေခဲ့သည့် နောက်ကွယ်မှလူကို ပိုသိချင်မိသည်။ သူ မကြောက်ဘူးဟု ပြောခဲ့သော်ငြား တစ်ယောက်အကြောင်းတစ်ယောက်သိထားရမည့် နိယာမကို သူကောင်းကောင်းနားလည်ပေသည်။ သူ အကြည့်ကို ပြန်ရုတ်လိုက်ကာ
"မင်းကို အရက်အတင်းတိုက်တဲ့လူတွေက ဘယ်ကလဲ"
ရှောင်းချောင်ကတော့ ရှောင်းချောင်ပင်။ ရွှီဖန်းမှ အဝေးကို ကြည့်နေသည့်အခါ သူမလည်း သူမစိတ်ကို ထိန်းညှိ၍ ပြောပြလာသည်။
"သူတို့သုံးယောက်က ပြည်နယ်မှာ အဆင့်မြင့်
တပည့်တွေထဲပါပြီး ဟာဘာကျွန်းမိသားစုက သားလည်းပါတယ်၊ သူတို့ ဒီတစ်ကြိမ် ပြည်နယ်ကို ရောက်လာတာက စုပေါင်းဂိုဏ်းတစ်ခု ထောင်ဖို့ပဲ၊ တစ်ကယ်တော့ သူတို့ ဒီမှာ လာပျော်ပါးသောက်စားတာနဲ့ အတူတူပါပဲ"
ရှောင်းချောင်၏ ရှင်းပြမှုကို နားထောင်ရင်း ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ဒါဆို ဒီကောင်တွေရဲ့ဇစ်မြစ်ကတော့ မသေးပေ။ ရှောင်းချောင်တစ်ယောက် အတူတူသောက်စားရန် ဆွဲခေါ်သွားခံရတာ အံ့သြစရာမရှိတော့ပေ။ ဒါ့အပြင် သူနှင့်နောက်ဆုံးတစ်ကြိမ် ပြိုင်ခဲ့ရသည့် စွန်းဖုဟိုင်ကလည်း ဟာဘာကျွန်း၊ စိမ်းမြရောင်ဂိုဏ်းမှ အဖွဲ့ဝင်တစ်ယောက်ပင်။ နောက်မှ သူ့ကို မေးကြည့်ရမည်။
ရွှီဖန်း၏ ဂရုမစိုက်သော အကြည့်ကို မြင်သည့်အခါ ရှောင်းချောင်သည် သူ ဆုံးရှုံးသွားမှာ စိတ်ပူမိတာကြောင့်...
"ရွှီဖန်း မင်းက သာမန်မဟုတ်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် မင်း ဒီတစ်ခါ သတိထားရင် ပိုကောင်းလိမ့်မယ်၊ သူတို့က ငါ့လို မဟုတ်ဘူး၊ သူတို့မှာ အစိုးရနောက်ခံရှိတယ်၊ အထူးသဖြင့် ငါ့ဘယ်ဘက်မှာထိုင်တဲ့ ထိပ်ပြောင်နေတဲ့ကောင်ရဲ့ အဖေက ပြည့်သူ့လုံခြုံရေးဌာနက ဦးစီးပဲ၊ အချိန်တစ်ခုရောက်လာရင် မင်းကို သတိမပေးဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့"
ရှောင်းချောင် ပြောသည်က အမှန်ပင်။ စိမ်းမြရောင်
ဂိုဏ်းဆိုရင်တောင် ရွှီဖန်းက ကြောက်မည်မဟုတ်ချေ။ အများဆုံးအနေဖြင့် တိုက်ခိုက်ရရုံဆိုသော်ငြား ဒီတစ်ခါတော့ ပြည်သူ့လုံခြုံရေးဌာနက ဦးစီးရဲ့သားပါ ပါဝင်နေသည်။
သို့သော်ငြား တွေးကြည့်ပြီးနောက် ရွှီဖန်း စိတ်မပူတော့ပေ။ တစ်ဖက်လူက ရာထူးနောက်ခံအကြီးကြီးတစ်ခုရှိသော်လည်း တစ်နေ့နေ့ သူကြံစည်ခံရပါက သူ့ကိုယ်သူ ဖော်ထုတ်ရန်သာလိုသည်။ ထိုအခါ ထိုလူ၏ ရာထူးလည်း ပုံမှန်လောက် တည်ငြိမ်နိုင်တော့မည် မဟုတ်ချေ။
တွေးရင်းဖြင့် ရွှီဖန်း တည်ငြိမ်လာကာ ရှောင်းချောင်ကို ပြောလိုက်သည်။
"မင်း ငါ့ကို စိတ်ပူစရာမလိုပါဘူး၊ ငါ့မှာ ငါ့နည်းလမ်းတွေရှိပါတယ်၊ ကဲ အခု မင်းကို အိမ်ပြန်ပို့ပေးရမှာလား"
"မေ့လိုက်တော့ ငါ့ဘာသာငါပဲ ပြန်လိုက်မယ်၊ အခု ကြည့်ရတာ သူတို့လက်ရှိ အာရုံစိုက်နေတဲ့လူက မင်းထင်တယ်"
ရှောင်းချောင်က ခဏတာတွေးပြီးနောက် ရွှီဖန်းကို ပြောလာသည်။ ပြောရင်းဖြင့် ကားပေါ်က ဆင်းသွားသည်မှာ ဘာကိုမှ ဂရုမစိုက်သည့် အထာနှင့်ဖြစ်သည်။
ရှောင်းချောင်း၏ နောက်ကျောကို ကြည့်၍ ရွှီဖန်းမှာ ရယ်ရခက် ငိုရခက်ပင်။ ဒါ ဘာသဘောလဲ။ သူမကို ကယ်တင်ပေးခဲ့သည့်အတွက်ကိုတောင် ကျေးဇူးမတင်သွားပေ။
ရှောင်းချောင် ပြောခဲ့သည့်အတိုင်းပင် မင်းသားသုံးပါးသည် လက်ရှိ ပြည်သူ့လုံခြုံရေးဌာန၏ စောင့်ကြပ်ရေးအခန်း၌ ထိုင်နေကြသည်။
"ငါ ပြောသလို မင်းလုပ်နိုင်လား ကျန်းလောင်၊ အဲ့ဒီကောင်က ငါတို့ကို ရိုက်သွားတာ၊ ဒီ ဆယ်ရက်ကနေ ဆယ့်ငါးရက်အတွင်း အချုပ်ထဲထည့်မှရမယ်၊ သူ့ကို ဂရုစိုက်ဖို့ တစ်ယောက်ယောက်ကို ပို့လိုက်လို့ အဆင်ပြေတယ်မလား"
အနီရောင်ဆေးဆိုးထားသည့် ဆံပင်ရှည်နှင့် အမျိုးသားက သာမန်ကာလျှံကာ ပြောလာသည်။
"အမှန်ပဲ လီယွင် ပြောပုံအရ ငါတို့ သူ့ကို အရင်
အချုပ်ထဲထည့်ပြီးမှ ကောင်းကောင်းပေးခံစားသင့်
တယ်၊ သူထွက်လာတာနဲ့ ငါတို့ ရိုက်နှက်ကြမယ်၊ ငါတို့ကို ဆန့်ကျင်ရဲတဲ့ အကျိုးဆက်က ဘာလဲဆိုတာ သိအောင် လုပ်ပြမယ်"
စွန်းဖုကျန်းက ဒေါသတကြီး ပြောလာသည်။ စိမ်းမြရောင်ဂိုဏ်းခေါင်းဆောင်၏ သားအနေဖြင့် သူ ငယ်ငယ်လေးကတည်းက သူ့ကို ရိုက်ရဲသည့်လူကို မတွေ့ခဲ့ဖူးချေ။ သူ့အဖေတောင်မှ သူ့ကို မရိုက်ဖူးပေ။ ဒါကြောင့် သူ့ဒေါသတွေကို မမြိုချနိုင်ဖြစ်နေရသည်။
စောင့်ကြည့်ကင်မရာကို ကြည့်၍ ကျန်းလောင်ဟာ ခေါင်းခါယမ်း၍ လေသံနိမ့်ဖြင့်ပြောလာသည်။
"မဟုတ်ဘူး၊ ငါတို့က အခု သီးသန့်ခန်းထဲမှာ၊ အဲ့ဒီကောင်လေးရဲ့ အပြုအမူအားလုံးကိုလည်း မှတ်တမ်းတင်ထားတာ မရှိဘူး၊ ငါတို့ ရဲတွေကို စစ်ဆေးခွင့်
ပေးလိုက်ရင် ဆိုးကျိုးဖြစ်သွားနိုင်တယ်"
"ဆိုးကျိုးဟုတ်လား၊ ဘာဆိုးကျိုးလဲ...ဒီအတိုင်း နယ်ပြောင်းအလုပ်သမားလေးပဲမဟုတ်ဘူးလား၊ အကယ်၍ သူသေသွားရင်တောင် ဘယ်သူကမှ သတိထားမိမှာ မဟုတ်ဘူး၊ အိုကေ"
စွန်းဖုကျန်းသည် လုံးဝမတည်ငြိမ်နိုင်တော့ပေ။ ကျန်းလောင်ဟာ ဘာမှအားထုတ်ထားခြင်းမရှိဘူးဟု သူခံစားရတာကြောင့် ထူးဆန်းသည့်လေသံဖြင့် သူပြောမိသည်။
"ကျန်းလောင် မင်းအဖေရဲ့ ဦးစီးရာထူးက ဒီအတိုင်း အလှတပ်ထားတာတော့ မဟုတ်ဘူးမလား"
ကျန်းလောင်၏ စိတ်အခြေအနေက မကောင်းတော့ပေ။ သူ့အဖေက ပြည်သူ့လုံခြုံရေးဌာန၏ ဦးစီးတစ်ယောက်ဖြစ်သော်လည်း ကိစ္စများစွာဟာ အမှောင်ဘက်ကနေ လုပ်ရန် လိုအပ်နေတုန်းပင်။ သူ ဘာမှမပြောတော့ဘဲ သူ့ရှေ့ကိုသာ ရထားသည့် အချက်အလက်များကို ကမ်းပေးလိုက်သည်။
လီယွင်က ကောက်ယူပြီး အံ့သြစွာကြည့်ကာ ပြောလာသည်။
"ယို...လယ်သမားလုပ်ငန်းရှင်လား၊ ကြည့်ရတာ စီးပွားရေးလည်းကောင်းကောင်းလည်ပတ်နေပုံရတယ်"
ကျန်းလောင်က ခေါင်းညိတ်၍ ပြောလာသည်။
"အမှန်ပဲ၊ အနည်းဆုံးတော့ သူ့မှာ နာမည်ကောင်းရှိတယ်၊ ငါတို့လှုပ်ရှားရင်တောင် သူ့ကို အများကြီး မထိခိုက်နိုင်မှာ ကြောက်ရတယ်"
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ၊ ဘာမှမလုပ်ဘဲ အရှုံးပေးလိုက်ရမှာလား"
စွန်းဖုကျန်းက စိတ်ဆိုးတကြီးပြောလာသည်။ သူ့ရဲ့စိမ်းမြရောင်ဂိုဏ်းပါဝါက ဟာဘာကျွန်းမှာသာ သက်ရောက်တာဖြစ်သည်။ မဟုတ်လျှင် သူ့လူတွေကို ရွှီဖန်းအား အပိုင်းပိုင်းခုတ်ရန် အမိန့်ပေးပြီးနှင့်လေပြီ။
"စိတ်မပူနဲ့ ငါ့မှာ အစီအစဥ်ကောင်းရှိတယ်"
ကျန်းလောင်က သူ့မျက်လုံးကိုလှိမ့်ရင်း အပြုံးဖြင့် ပြောလာသည်။
ပြည်နယ်ဆေးရုံ...
ထိုအခိုက်အတန့်တွင် ရွှီဖန်းသည် လူသုံးယောက်က သူ့ကို မကောင်းကြံစည်နေမှန်း မသိခဲ့ပေ။ သူဟာ လက်ထဲရှိဆေးမှတ်တမ်းကိုကြည့်ရင်း မျက်မှောင်ကြုတ်နေလေသည်။
"တစ်နည်းပြောရရင် ခင်ဗျားတို့ဆေးရုံမှာရှိတဲ့ အကောင်းဆုံးဆရာဝန်ကတောင် ခွဲစိတ်မှုကို ပြီးမြောက်အောင် မလုပ်နိုင်ဘူးပေါ့"
ရွှီဖန်း မျက်မှောင်ကြုတ်ကာ သူ့အရှေ့မှ ဆရာဝန်ကို ပြောလိုက်သည်။
ဆရာဝန်က ရှင်းပြလာသည်။
"ဒါက ကျွန်တော်တို့ အာမ မခံပေးနိုင်ဘူး၊ ဆရာဝန်တွေအတွက် နည်းပညာလိုအပ်ချက်က များလွန်းတယ်၊ နောက်ပြီး လူနာက ဦးနှောက်သွေးကြောပေါက်ပြီး သွေးက မရီဒီယန်ကိုပါ လုံးဝဖုံးနေပြီ၊ သွေးထွက်လာတဲ့ဇစ်မြစ်ကို ရှာမတွေ့ရင် ခွဲစိတ်မှုက ပြီးမြောက်မှာ မဟုတ်ဘူး"
ဆရာဝန်စကားကြားတော့ ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ သူပြောသည့်အတိုင်း သွေးထွက်ခြင်းကို မတားနိုင်ခဲ့လျှင် သူလုပ်သမျှဟာ အချည်းနှီးဖြစ်လိမ့်မည်။ ခဏလောက်စဥ်းစားပြီးနောက်...
"သူ့ဦးနှောက်ထဲက သွေးခဲတွေအားလုံးကို ဖယ်
လိုက်ရင်ရော၊ အဲ့ဒါဆို လုံလောက်လား"
"ဒါကမလွယ်ဘူး၊ လူနာက သွေးထွက်တာ အရမ်းများပြီး ဒဏ်ရာက အရမ်းသေးနေတယ်၊ အရေးအကြီးဆုံးက သွေးခဲတွေကို ဖယ်ထုတ်ပြီးပြီးချင်း အချိန်တိုအတွင်းမှာ ခွဲစိတ်မှု မပြီးမြောက်နိုင်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ပြင်းထန်လာနိုင်တယ်၊ လုနာက အဲ့ဒီအချိန်တွင်းမှာ သွေးတွေဆက်ထွက်လာမှာပဲ၊ သွေးထွက်လွန်တာက လူနာရဲ့အသက်အန္တရာယ်ကို ထိခိုက်စေပါတယ်"
ဆရာဝန်က ခေါင်းယမ်း၍ ရွှီဖန်း၏ အကြံအစည်ကို ငြင်းဆိုခဲ့သည်။
ဒီလိုလား။ ရွှီဖန်း ခေါင်းယမ်းလိုက်မိသည်။ ဒီဆေးရုံက ဆရာဝန်တွေ မလုပ်နိုင်ဘူးဆိုရင် သူလုပ်ရမှာပေါ့။
"ကျွန်တော့်ကို ခွဲစိတ်မှုပေးလုပ်နိုင်မလား"
"မင်းကလား"
ဆရာဝန်က ရှော့ရသွားခဲ့သည်။
"မရဘူး၊ လူနာရဲ့မိသားစုက ခွင့်ပြုရင်တောင် ကျွန်တော် ခွင့်မပြုနိုင်ဘူး၊ လူနာကို ကုသဖို့ ခင်ဗျားကို ဘယ်လိုယုံကြည်ရမလဲ"
ရွှီဖန်း ရှင်းပြခံနီးတွင် အံ့အားသင့်နေသော အော်သံတစ်ခုက ထွက်လာသည်။
"နတ်ဆရာဝန်ရွှီ! ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"
ရွှီဖန်း အံ့သြကာ လှည့်ကြည့်လိုက်သည်။ ထိုလူက ဒေါက်တာလီပင်။
**********************