← Chapters

နတ်ဆရာဝန်၏ခွဲစိတ်မှု

Vol. 15 Ch. 212

နတ်ဆရာဝန်၏ခွဲစိတ်မှု

Vol. 15 Ch. 212

ဒေါက်တာလီသည် အလုပ်မှဆင်းပြီဖြစ်သော်လည်း ပိုက်ဆံအိတ်ကျန်ခဲ့တာကြောင့် ဆေးရုံပြန်ပြီးယူလေရာ ရွှီဖန်းနှင့် တိုးလိမ့်မည်ဟု မထင်ခဲ့ပေ။

ကံကောင်းလိုက်တာ။ ရွှီဖန်းက လူတွေကို ကယ်တင်တာကို ကြည့်ပြီး သူ ဘာမှမသင်ယူနိုင်

လျှင်တောင်မှ လူကယ်တာကို ကြည့်ရတာကပင် ပျော်စရာကောင်းသည်ဟု ဒေါက်တာလီခံစားရလေသည်။

ဒေါက်တာလီရောက်လာတော့ ရွှီဖန်းသည် သူ့ဆီက အဆိုပြုချက်နှင့်ဆိုလျှင် လက်ခံနိုင်လောက်သည်ဟု သိလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုလူအား လူနာတချို့က ဉာဏ်ကြီးရှင်ဆရာဝန်ဟု ခေါ်ဆိုတတ်ကြတာကြောင့် သူ့မှာ အဆင့်အတန်းတစ်ခုတော့ ရှိရပေလိမ့်မည်။

ဒါကို ရွှီဖန်း မတုံ့ဆိုင်းနေဘဲ ပြုံး၍ ပြောလိုက်သည်။

"ကျွန်တော့်မိတ်ဆွေနေမကောင်းလို့ ခင်ဗျားရှိတဲ့ဆေးရုံမှာ ကျွန်တော်ကိုယ်တိုင် ခွဲစိတ်ပေးဖို့ ခေါ်လာတာ"

ရွှီဖန်း၏ ပြောစကားကိုကြားသော် ဒေါက်တာလီ အံ့သြသွားခဲ့သည်။ သူ ရွှီဖန်း ဆေးကုတာကို နှစ်ကြိမ်သာ မြင်ခဲ့ဖူးသည်။ တစ်ကြိမ်က ဟုန်ဖေး၏ ရောဂါကို အသီးများဖြင့် ကုသပေးခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ်က ရှုချိုးယာ၏အဘိုးကို ငွေအပ်များဖြင့် ကုသပေးခဲ့စဥ်က ဖြစ်သည်။ ဒီတစ်ကြိမ်မှာ သူကိုယ်တိုင် ခွဲစိတ်ကုသပေးဖို့ ရောက်လာသည်ဟု အမှန်တစ်ကယ် ပြောခဲ့ပေသည်။

ဆေးပညာထူးချွန်သူပဲ!

ဒေါက်တာလီသည် သူ့စိတ်ထဲ အော်ပြောလိုက်လေသည်။ သူ ရွှီဖန်းကို များစွာယုံကြည်မှုရှိသော်လည်း ထပ်မံအတည်ပြုရန်တော့ လိုသေး၏။ ခွဲစိတ်မှုမအောင်မြင်လျှင် နာမည်ပျက်ရလိမ့်မည်။

"နတ်ဆရာဝန်ရွှီ ခွဲစိတ်မှုအောင်မြင်မယ်လို့ တစ်ကယ် ယုံကြည်ထားတာလား"

ဒေါက်တာလီက သေချာအောင်မေးလာသည်။

"ဟုတ်ပါတယ်၊ ကျွန်တော် ဒီခွဲစိတ်မှုနဲ့ပတ်သက်ပြီး လုံးဝသေချာပါတယ်"

ရွှီဖန်းကလည်း အသေအချာ အာမခံခဲ့သည်။

ရွှီဖန်း၏သေချာမှုအပြင် ဒေါက်တာလီကိုယ်တိုင်ကလည်း ရွှီဖန်းအပေါ် လေးစားယုံကြည်မှုရှိတာကြောင့် သူ ဘာမှထပ်မပြောတော့ပေ။ ထိုအစား တစ်ဖက်ဆရာဝန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။

"မင်း ဒီခွဲစိတ်မှုကို ဂရုစိုက်စရာမလိုတော့ဘူး၊ နတ်ဆရာဝန်ရွှီကို ပေးလုပ်လိုက်၊ ငါ မင်းဘက်မှာ နေမှာပါ"

ထိုဆရာဝန်က ကြားသည်နှင့် ချက်ချင်း စိတ်ပူသွားတော့သည်။ ဆေးရုံ၌ ဒေါက်တာလီ၏ အခွင့်အာဏာသည် ထိတ်လန့်စရာကောင်းသော်လည်း ထိုလူနာကို တာဝန်ယူထားရသည့် ဆရာဝန်တစ်ဦးအနေဖြင့် လူနာ၏ဘေးကင်းရေးကို ပိုစိုးရိမ်နေမိသည်။

"ဒေါက်တာလီ ဆေးမှတ်တမ်းတွေကို အရင်ကြည့်ချင်လား"

"ကြည့်စရာမလိုပါဘူး၊ နတ်ဆရာဝန်ရွှီကို ငါယုံတယ်၊ တစ်ခုခုဖြစ်ရင် ငါပဲတာဝန်ယူမယ်"

ထိုဆရာဝန်က သိပ်လက်မခံချင်သည်ကို မြင်သည့်

အခါ ဒေါက်တာလီသည် သူ၏လေးနက်သော သဘောထားကို ပြသခဲ့သည်။

ဒေါက်တာလီ၏အမူအရာကို မြင်လိုက်ရတော့ ထိုဆရာဝန်သည် သူ့ကို မတားနိုင်တော့မှန်း သိလိုက်ကာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရသည်။ အကယ်၍ သူပါ ခွဲစိတ်မှု၌ ဝင်ပါပါက ရွှီဖန်း မကုသနိုင်ခဲ့လျှင်တောင် သူက နည်းလမ်းတစ်ခု ရှာလို့ရပေသည်။

"ဒါဆို ကျွန်တော်လည်း  ခွဲစိတ်မှုမှာ ပါဝင်ချင်တယ်"

"မင်း"

ဒေါက်တာလီမှာ စိတ်တိုသွားသော်လည်း ရွှီဖန်းက တားလာသည်။ ရွှီဖန်းက ရယ်၍ပြောသည်။

"လူနာရဲ့ဘေးကင်းမှုကို ကျွန်တော်ထည့်တွေးပေးတယ်လို့ ဒီဆရာဝန်က မယုံလို့နေမှာပါ"

ရွှီဖန်းက စိတ်ထဲ မထားသည်ကို မြင်သည့်အခါ ဒေါက်တာလီကလည်း ထိုဆရာဝန်ကို မတားတော့ပေ။ သူက တိတ်ဆိတ်စွာခေါင်းညိတ်ရင်း ရွှီဖန်း၏စကားကို ထောက်ခံလေသည်။

ရွှီဖန်းသည်လည်း စကားထပ်ပြောရန် ပျင်းလွန်းနေ၏။ ဒီဟာက သေရေးရှင်ရေးကိစ္စဖြစ်တာကြောင့် ငြင်းခုံနေရန် အချိန်မရှိပေ။ 

မကြာလိုက်၊ သူတို့ ခွဲစိတ်ခန်းရှိရာသို့ ရောက်လာကြသည်။ ရွှီဖန်းသည် အဝတ်အစားတစ်စုံလဲပြီး ခွဲစိတ်ခန်းအိပ်ရာပေါ်၌ လှဲနေသော ဝမ်သာ့ကျွမ်းအားကြည့်၍ ခေါင်းညိတ်ကာ ခွဲစိတ်မှုကို စတင်ခဲ့သည်။

ရွှီဖန်း ဘာမှမပြောတာကို မြင်တော့ သူ ဘယ်ကဘယ်လိုစလုပ်ရမှန်းမသိဖြစ်နေတာထင်ပြီး တာဝန်ရှိဆရာဝန်က လှောင်ရန် ပြင်လိုက်သည်။

မမျှော်လင့်ဘဲ ရွှီဖန်းသည် သူနာပြုဆရာမထံသို့ လက်ကမ်း၍

"Lidocaine ပေးပါ"

(Translator's note - Lidocaineဆိုတာက ခန္ဓာကိုယ်ကို ထုံကျင်စေတဲ့နေရာမှာ သုံးတဲ့ဆေးတစ်မျိုးဖြစ်ပြီး ဦးနှောက်ဆီကို သွားတဲ့ နာကျင်မှုအချက်ပြနှုန်းတွေကို တားဆီးပေးပါတယ်၊ တချို့နေရာတွင်မှာဆိုရင် နှလုံးခုန်နှုန်းပြဿနာတွေကို ကုသတဲ့အခါတွေမှာလည်း အသုံးပြုပါတယ်)

သူနာပြုက ထိုစကားကိုကြားသော် အံ့သြသွားခဲ့သည်။ ထို့နောက် တုန်လှုပ်မိသော အမူအရာဖြင့် တာဝန်ရှိဆရာဝန်ကိုကြည့်လိုက်မိသည်။ သူမ၏ လက်ကို အမြန်ဆန့်ကာ စောစောက ပြင်ဆင်ထားပြီးသည့် ဆေးထိုးပြွန်ကိုပေးလိုက်လေသည်။

ဆေးထိုးပြွန်ကို ယူပြီးသည်နှင့် ရွှီဖန်းသည် လူနာ၏ ကြွက်သားတစ်ရှူးအလွှာများအရ စမ်းသပ်ကာ လည်ပင်း၌ ဆေးထိုးပြွန်ကို ထည့်၍ မေ့ဆေးစရရန်အတွက် ထိုးသွင်းလိုက်လေသည်။

ထိုအချိန် တာဝန်ရှိဆရာဝန်လည်း နေရာမှာပင် အေးခဲသွားခဲ့သည်။ ရွှီဖန်းက သူ့ကို လျစ်လျူရှုထားသည်ကို မြင်သည့်အခါ သူ့မျက်နှာမှာ နီတစ်လှည့် ဖြူတစ်လှည့်ဖြင့် ရှက်ရွံ့သလို ခံစားခဲ့ရသည်။

ဘေးမှာရှိနေသည့် ဒေါက်တာလီကလည်း ရွှီဖန်းကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်။ သူဘာမှမပြောခဲ့ပေမယ့် ရွှီဖန်း၏ ရင်းနှီးကျွမ်းဝင်နေသော အပြုအမူကို မြင်သည့်အခါ တာဝန်ရှိဆရာဝန်အား ပြောမိသည်။

"ဒါကိုတွေ့တယ်မလား၊ နတ်ဆရာဝန်ရွှီရဲ့ အရည်အချင်းက မင်းမေးခွန်းထုတ်သင့်တဲ့အရာမဟုတ်ဘူး၊ လိုက်ပြီး သင်ယူဖို့ပဲ အာရုံစိုက်ထားပါ"

ဒေါက်တာလီ၏ စကားကို ကြားတော့ တာဝန်ရှိဆရာဝန်လည်း ရှက်ရွံ့သွားခဲ့သည်။ ဒေါက်တာလီက ဘာလို့ ဒီလိုစကားတွေပြောနေတာလဲဟု သူ့ကိုယ်သူ တွေးလိုက်မိသည်။ သူက ဒီနတ်ဆရာဝန်ရွှီဆိုတဲ့လူအပေါ်မှာ တော်တော်ယုံကြည်မှုရှိနေတာလား။

သူ့မှာ ဆေးလိုင်စင်တောင် မရှိဘူးလေဟု တာဝန်ရှိဆရာဝန်မှာ စိတ်ထဲ၌ အော်ဟစ်နေမိသည်။

သူ ဒေါက်တာလီအား ခပ်တိုးတိုး ပြောလိုက်သည်။

"ဒေါက်တာလီ ဒါက ခွဲစိတ်မှုမတိုင်ခင် ကြိုတင်

ပြင်ဆင်မှုတစ်ခုလေးပါပဲ၊ ဒါကြောင့် ကျွန်တော် ဘာမှ မမြင်နိုင်သေးဘူး၊ ခဏနေ သူ ကျရှုံးသွားရင် ကျွန်တော်သွားထိန်းပြီး အသက်ကယ်မယ်"

ဒေါက်တာလီသည် တာဝန်ရှိဆရာဝန်အား အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်လိုက်မိသည်။  သူ လေသံနိမ့်ဖြင့်....

"နတ်ဆရာဝန်ရွှီရဲ့ ကျွမ်းကျင်မှုကို သူ့စွမ်းရည်ခွန်အားတွေနဲ့ သက်သေပြထားပြီးသား၊ မင်း ဒီလိုတွေပြောနေတာက ကိုယ့်ပြဿနာကိုယ် ရှာဖွေနေတာပဲ"

တာဝန်ရှိဆရာဝန်သည် ဒေါက်တာလီ၏ ခွန်းတုံ့စကားအား ဘာမှပြန်မပြောခဲ့ပေ။ တစ်ကယ်တော့ သူကိုယ်တိုင်လည်း ရွှီဖန်းဟာ ခွဲစိတ်မှုကို အောင်မြင်ပြီး လူနာကို သေမင်းတံခါးဝမှ ကယ်ထုတ်နိုင်ရန် မျှော်လင့်မိပေသည်။ 

ရွှီဖန်းသည် ထိုနှစ်ယောက်၏စကားများကို ကြားသော်လည်း စိတ်ထဲမထားပေ။ 

ကံကောင်းစွာဖြင့် ဝမ်သာ့ကျွမ်း၏ အခြေအနေကို သူစစ်ဆေးစဥ်က သူ၏ craniotomyဟာ လုပ်ဆောင်ထားပြီးသား ဖြစ်နေသည်။ သူ့အတွက် ဒဏ်ရာကိုသာ ကုသရန်လိုပြီး ကျန်တာ လုပ်စရာမလိုပေ။ 

(Translator's note - craniotomyဆိုတာက ဦးနှောက်အကျိတ်တွေ၊ သွေးခဲတွေ၊ သွေးလွှတ်ကြောကုသခြင်းနဲ့ဆိုင်တဲ့အရာတွေကို ခွဲစိတ်တဲ့နေရာမှာ ထဲထဲဝင်ဝင်ကုသနိုင်ဖို့အတွက် ဦးခေါင်းခွံရဲ့အစိတ်အပိုင်းတစ်ခုကို ယာယီဖယ်ထုတ်ထားရတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်)

ရွှီဖန်းသည် တိတ်တဆိတ်ပင် သူ့လက်ကို အိတ်ကပ်ထဲထည့်ကာ အရင်တုန်းက ကြိုတင် သန့်စင်ထားခဲ့ဖူးသည့် မြင်ကွင်းထိုးဖောက်အဆောင်ကို ချိုးလိုက်

သည်။ ဒီနည်းဖြင့် ဒဏ်ရာကဘယ်လောက်သေးသေး တည်နေရာကို တိုက်ရိုက်မြင်နိုင်လိမ့်မည်။

"သွေးတွေစုပ်ထုတ်"

ရွှီဖန်းသည် သူနာပြုများအား တစ်ခုပြီးတစ်ခု အမိန့်ပေးနေခဲ့သည်။ ဒီမြင်ကွင်းကိုကြည့်ရင်း တာဝန်ရှိဆရာဝန်သည် တစ်စုံတစ်ရာပြောလိုက်ချင်သော်လည်း တုံ့ဆိုင်းနေမိသည်။ မကောင်းတော့သည့်သွေးတွေကို စုပ်ထုတ်ပြီး ခွဲစိတ်မှုမအောင်မြင်ခဲ့ပါက လူနာသည်လည်း အသက်ရှင်တော့မည် မဟုတ်ချေ။

သို့သော် ဒေါက်တာလီ၏ ယုံကြည်ချက်ရှိသော အကြည့်ကို မြင်ထားတာကြောင့် တာဝန်ရှိဆရာဝန်လည်း လိမ္မာပါးနပ်စွာဖြင့် ဘာမှဝင်မပြောခဲ့ပေ။ 

မကောင်းသော သွေးများအား ဖယ်ရှားပြီးလေပြီ။ ယခု ပြဿနာမှာ ပျက်စီးနေသော မရီဒီယန်ကို မည်သို့ ပြုပြင်ရမည်နည်း။ ထိုဒဏ်ရာဟာ အနာဖေးများဖြင့် ဖုံးကွယ်နေကြောင်း သိထားရပေမည်။ ထို့အပြင်

ဒဏ်ရာသည် စင်တီမီတာ အနည်းငယ်မျှသာ ကျယ်ပြီး အလွန်သေးငယ်လေသည်။ ဒါဟာ ကမ္ဘာ့အဆင့်မီခွဲစိတ်မှုမျိုးပင်။ 

"Hemostatic pliers"

ရွှီဖန်းသည် တုံ့ဆိုင်းမနေဘဲ သူ့လက်ကို တိုက်ရိုက်

ဆန့်ထုတ်လိုက်သည်။ သူ့ဘေးနားရှိ သူနာပြုကလည်း ပြင်ဆင်ထားပြီးသားဖြစ်သည့် Hemostatic pliersကို လက်ထဲ ထည့်ပေးလာသည်။ 

(Translator's note - Hemostatic pliersဆိုတာက သွေးကြောတွေ ဒါမှမဟုတ် တစ်ရှူးတွေကို ညှပ်ပြီး ခွဲစိတ်နေစဥ်မှာ သွေးထွက်ခြင်းကို ထိန်းချုပ်ရန်

အတွက် အသုံးပြုတဲ့ခွဲစိတ်ကိရိယာဖြစ်ပါတယ်)

မိနစ်ဝက်အတွင်းမှာပင် ရွှီဖန်းသည် Hemostatic pliersကို အသုံးပြု၍ ဒဏ်ရာကို ပေါ်လာအောင် ပြုလုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဒဏ်ရာမှ ထွက်လာသော သွေးများကို ပိတ်ကျဲဖြင့် သန့်စင်ပေးနေခဲ့သည်။

ပျက်စီးနေသောသွေးကြောများ ပိတ်ဆို့နေသည်ကို ရွှီဖန်း မြင်သည့်အခါ နက်ရှိုင်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။

"ချုပ်အပ်ထိန်းကိရိယာ ပြင်ဆင်ထားပါ"

"အပ်ချည်ကြိုး...."

"ဇာဂနာယူ...ပြီးတော့..."

ရွှီဖန်းအား စိုးရိမ်ပူပန်စွာ ကြည့်ရင်း အမိန့်ကို စောင့်နေသည့် သူနာပြုလေးသည် ဤငယ်ရွယ်၍ အံ့သြဖွယ်ကောင်းသော ဆရာဝန်လေးတစ်ယောက် ခွဲစိတ်ခန်းထဲ၌ တစ်ကိုယ်တည်း ထမ်းဆောင်နေသည်ကို ကြည့်မြင်နိုင်ရန်အတွက် ချက်ချင်းပင် ဇာဂနာကို ယူပေးလာလေသည်။

*************************

All Chapters