← Chapters

ဝေးဝေးယူသွား

Vol. 15 Ch. 225

ဝေးဝေးယူသွား

Vol. 15 Ch. 225

ရွှီဖန်းအထဲဝင်လာသည်ကိုမြင်သည့်အခါ လျိုကျင်းသည် ခပ်ဖျော့ဖျော့ရယ်၍ ပြောလာသည်။

"အိုး...ငါ အခုပဲ မင်းကို ဖိတ်ခေါ်တော့မလို့၊ မင်းက ကိုယ့်ဘာသာကိုယ်ရောက်လာတာပဲ"

သို့နှင့် လျိုကျင်းသည် ခရိုင်အုပ်ချုပ်ရေးမှူးဘက်လှည့် ပြောလိုက်သည်။ 

"ခရိုင်အုပ်ချုပ်ရေးမှူး ဒါက ရွှီဖန်းပါ"

ရှောင်းခဲ့ ရွှီဖန်းကို စစ်ဆေးကြည့်လိုက်ရာ အရှုံးသမားလို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ ဒီလိုလူမျိုးက လက်ထောက်မြို့တော်ဝန်လိုလူမျိုးကို ဘယ်လိုအတိုက်အခံလုပ်ရဲတာလဲ သူ မသိပေ။

ဒါကိုတွေးရင်း ရှောင်းခဲ့ မထိန်းထားတော့ပေ။ သူ ရွှီဖန်းအား အေးစက်စွာ ပြောလိုက်သည်။

"မင်းက တရားမဝင်မြေစာချုပ်ချုပ်ထားတဲ့လူပဲ ဖြစ်ရမယ် ဟုတ်လား"

ရွှီဖန်း အံ့သြသွားရသည်။ ခရိုင်အုပ်ချုပ်ရေးမှူးက တရားမဝင်မြေစာချုပ်ချုပ်ခြင်းဆိုသည့် အကြောင်းပြချက်ကို ဆွဲသုံးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူ ချက်ချင်းပင် အပြုံးမမည်သော အပြုံးဖြင့် ပြောလိုက်သည်။

"ခရိုင်အုပ်ချုပ်ရေးမှူးရှောင်း ဟုတ်တယ်နော်... ဒီလို ကောင်းမွန်တဲ့ စာချုပ်တွေက ခင်ဗျားရဲ့ပါးစပ်ထဲမှာကျ ဘာလို့ တရားမဝင်စာချုပ်တွေ ဖြစ်သွားရတာလဲ"

"ဟမ့်! ဒီလိုများပြားတဲ့ မြေကွက်တွေကို ခရိုင်ရဲ့အသိအမှတ်ပြုခြင်းမရှိဘဲ ရွာတွေက မင်းဆီကို ရောင်းလိုက်တာ တရားမဝင်တာ မဟုတ်လို့ ဘာလဲ"

ဘာပဲဖြစ်ဖြစ် ဒီနေ့ သူ မကောင်းတာလုပ်ဖို့ လာခဲ့တာဖြစ်တာကြောင့် အကျိုးဆောင်သလိုလို ဘာလိုလို စကားတွေ သူ ထည့်မပြောတော့ပေ။

ရွှီဖန်း ခဏလောက်တော့ အံ့သြသွားသည်။ ဤခရိုင်အုပ်ချုပ်ရေးမှူးသည် ထိုကဲ့သို့သော စကားများကို တိုက်ရိုက်ပြောရဲသည်အထိ သတ္တိရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ကြည့်ရတာ လျိုကျင်းက သူ့ကို အကျိုးကျေးဇူးများစွာ ပေးထားသည့်ပုံပင်။

ဒါကိုတွေးရင်း ရွှီဖန်း မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ ထို့နောက် သူ့အိတ်ကပ်ထဲမှ အသံသွင်းကိရိယာကို အမြန်နှိပ်လိုက်သည်။

"ခရိုင်အုပ်ချုပ်ရေးမှူးရှောင်း ဒီလိုတွေပြောပေးဖို့ သူ့ဆီကနေ ဘယ်လောက်တောင် အကျိုးအမြတ်တွေရထားလဲ"

ရွှီဖန်းသည် မျက်လုံးကျဥ်းမြောင်းလိုက်ကာ ရှောင်းခဲ့ကို စိုက်ကြည့်ခဲ့သည်။

"အကျိုးအမြတ်လား၊ ဒါပေါ့ ငါ့ရင်းနှီးမြှုပ်နှံသူဆီမှာ ဒီလိုအင်အားကြီးကြီးမားမား ရှိတယ်လေ၊ သူရောက်လာတာက မင်းရဲ့ရွာအတွက် အလုပ်၅၀ချပေးနိုင်တယ်၊ ဒါ ဘာကိုဆိုလိုတာလဲဆိုတာ မင်းသိရဲ့လား"

ရှောင်းခဲ့က သူ့မျက်လုံးကို ကျဥ်းမြောင်းလျက် လှောင်ပြောင်မှုတချို့ဖြင့် ရွှီဖန်းကို ကြည့်လာသည်။

"ဘာကိုဆိုလိုတာလဲ၊ ဒါပေါ့ ငါက အလုပ်၅၀ဆိုတာကို မသိဘူး၊ အဆုံးမှာ ငါက ရွာကလူတွေကို အလုပ်၁၀၀ထောက်ပံ့ပေးထားတာဖြစ်လို့လေ"

ရွှီဖန်း၏ အသံက အေးစက်လာသည်။ သူက လျိုကျင်းအား လှောင်ပြောင်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

လျိုကျင်းအံ့သြသွားခဲ့သည်။ မဖြစ်နိုင်ပေ။ သူ ရရှိထားသည့် အချက်အလက်များအရ ရွှီဖန်း၏ သစ်သီးဆိုင်လေးဖြင့် အလုပ် ၁၀ခု လောက်သာ ချပေးနိုင်လိမ့်မည်။

တစ်စုံတစ်ယောက်က လျိုကျင်းနာမည်အောက်တွင် ရွှီဖန်းကို စုံစမ်းနေမှန်းသိသောအခါ ကြက်ခြံအကြောင်းကို ပိတ်ထားခဲ့သည့်ပုံပင်။ ဒါကြောင့် လျိုကျင်းသည် ရွှီဖန်း၌ အမတသစ်သီးဆိုင်တစ်ဆိုင်ပဲ ရှိမှန်းသိရသည့်အခါ မြစ်အောက်ပိုင်းရွာသို့လာ၍ အလုပ်၅၀ချပေးမည်ဟု ပြောရဲခဲ့ခြင်းပင်။ ကံမကောင်းစွာဖြင့် လျိုကျင်းက မစဥ်းစားတတ်ခဲ့ပေ။ ဟွားမန်ရှင်းလို စားသောက်ဆိုင်ကို ထောက်ပံ့ရန်မှာ အမတသစ်သီးဆိုင်တစ်ခုတည်းနှင့် ဘယ်ရနိုင်မည်နည်။

ရွှီဖန်းကတော့ ဒီအကြောင်းတွေကို မသိခဲ့ပေ။ သူ ရယ်လိုက်ကာ...

"ငါ့ရဲ့ကြက်ခြံက တောင်ပေါ်မှာရှိတယ်၊ အားလုံးပဲ လိုက်ကြည့်ချင်ကြလား၊ အဲ့ဒီမှာတင် အလုပ်၉၀လောက်ရှိတယ်"

ရွှီဖန်း၏ စကားများကို ကြားသော် ခရိုင်အုပ်ချုပ်ရေးမှူးသည် လျိုကျင်းအား အပြစ်တင်နေဟန် ကြည့်လိုက်မိသည်။ တဖန် သူ့အတွင်းရေးမှူးကိုလည်း ထိုအတိုင်းကြည့်လိုက်မိသည်။ မမှန်ကန်သည့် အချက်အလက်များကို သူရရှိခဲ့တာကြောင့် ရွှီဖန်းအား 

သူ ဘာမှပြန်မပြောနိုင်အောင် ဖြစ်ခဲ့ရသည်။

ရှောင်းခဲ့သည် ထပ်ပြီးစကားများများပြောရန် စိတ်မဝင်စားတော့ဘဲ ကြမ်းကြုတ်စွာ ပြောခဲ့သည်။

"ဟမ့်! မင်း ဒီနေ့ ကောင်းကင်ကို ခွဲပြမယ်ဆိုရင်တောင် အသုံးမဝင်တော့ဘူးဆိုတာ သိထား၊ ဥက္ကဌလျိုရဲ့ဦးလေးက ပြည်နယ်မှာ လက်ထောက်မြို့တော်ဝန်ဖြစ်ပြီး ကောင်စီအဖွဲ့ဝင်ပဲ အဲ့ဒါက ဘာဆိုလိုတာလဲနားလည်လား၊ အဲ့ဒါက မင်း ဘယ်တော့မှ မရောက်နိုင်တဲ့အဆင့်ပဲ"

ထို့နောက် ရှောင်းခဲ့က ဝူယွီရွှမ်းဘက်ကို လှည့်၍ အော်လေသည်။

"ဒီစာချုပ်တွေက အသုံးမဝင်ဘူး၊ စာချုပ်အသစ်

လုပ်ပြီး ရင်းနှီးမြှုပ်နှံသူနဲ့ လက်မှတ်ထိုးခိုင်းလိုက်"

ရှောင်းခဲ့ ပေါက်ကွဲခါနီးတွင် အပြင်ဘက်မှ စည်းချက်ညီသော ခြေသံများကို ရွှီဖန်းကြားလိုက်ရသည်။

ရွှီဖန်းလည်း သူ့အိတ်ကပ်ထဲမှ အသံသွင်းစက်ကို ပိတ်လိုက်သည်။ ဤမှတ်တမ်းကို အရေးကြီးသော သက်သေအဖြစ် မှတ်ယူနိုင်လေသည်။ တစ်

ကယ်တော့ သက်သေမရှိလျှင်တောင်မှ တုန့်ဟိုင်စစ်

တပ်အနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးကို ဖမ်းရန်က လုံလောက်သည်ထက်ပိုလေသည်။

"မင်း!"

ဝူယွီရွှမ်းက မလှုပ်လာတာကြောင့် ရှောင်းခဲ့ ဒေါသထွက်တော့မည်ဖြစ်သော်လည်း လက်နက်ကိုင်

တပ်သားတစ်စုက အထဲဝင်လာသည်ကို သူ တွေ့လိုက်ရသည်။

ပါးသိုင်းမွှေးနှင့်လူတစ်ယောက်သည် အထဲကို ဝင်လျှောက်လာပြီး မကြာခင်မှာ ရွှီဖန်းကို တွေ့သွားခဲ့သည်။ ဒါ့အပြင် ထိုအသက်အရွယ်နှင့် ယောကျ်ားသားမှာ ရွှီဖန်းတစ်ယောက်ပဲ ရှိသည်ဖြစ်ရာ အကြည့်

တစ်ချက်နှင့်တင် ရွှီဖန်းကို သူမှတ်မိခဲ့ပေသည်။

"ဒေါက်တာရွှီ ကျွန်တော် ယန်ချင်းပါ၊ တုန့်ဟိုင်

စစ်တပ်...၃၁၈တပ်ရင်းက တပ်ဖွဲ့မှူးပါ"

ယန်ချင်းသည် ရွှီဖန်းရှေ့သို့ ရောက်သည်နှင့် လေးလေးစားစား မတ်တပ်ရပ်၍ အလေးပြုကာ အမိန့်ကို စောင့်နေလေသည်။

ရွှီဖန်းခေါင်းညိတ်ကာ သူ အခုလေးတင်သွင်းထားသည့်အသံဖိုင်ကို ဖွင့်ပြလိုက်သည်။

"တပ်ဖွဲ့မှူးယန် အသေးစိတ်တော့ ကျွန်တော် သေချာမသိဘူး၊ ဒါပေမယ့် ဒီသက်သေကိုတော့ ပေးနိုင်ပါတယ်၊ ဒီနှစ်ယောက်နဲ့ အသံဖိုင်ထဲမှာ မန်းရှင်းလုပ်ထားတဲ့ လက်ထောက်မြို့တော်ဝန်က စစ်တပ်ပိုင်အရင်းအမြစ်တွေကို ခိုးယူချင်နေကြတာ၊ ကျန်တဲ့အသေးစိတ်ကတော့ တပ်ဖွဲ့မှူးပဲ ဆုံးဖြတ်လိုက်ပါ"

ရွှီဖန်း တည်ငြိမ်စွာ ပြောခဲ့သည်။ 

တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များကို ခိုးယူရန်ကြံစည်သည်ဟု ရွှီဖန်း စွပ်စွဲလာသည်ကို ရှောင်းခဲ့ ကြားသောအခါ လျိုကျင်းသည် တစ်ဖက်လူ၏ ပိုင်ဆိုင်မှုတွေတင်မကဘဲ နောက်ခံကိုပါ သေချာ မစုံစမ်းခဲ့မှန်း နားလည်သွားခဲ့သည်။

"ရွှီ...သူဌေးရွှီ ငါ တစ်ကယ် ကုန်သည်ဆိုး လျိုကျင်းရဲ့ လှည့်စားမှုကို ခံခဲ့ရတာပါ၊ မင်းမှာ လူတွေ အများကြီးရှိပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ"

စစ်သားများမှ သူ့ကို အဝေးခေါ်ထုတ်သွားတော့မည်ကို သိသော် ရှောင်းခဲ့သည် ဝမ်းနည်းစွာဖြင့် အော်ပြောခဲ့သည်။ 

"ရှောင်းခဲ့ ခင်ဗျား ဘာတွေလုပ်နေတာဘဲ! ခရိုင်အုပ်ချုပ်ရေးမှူး လုပ်နေပြီး ဒါလေးတောင် မကိုင်တွယ်နိုင်ဘူးလား"

လျိုကျင်းသည် သူ့ဦးလေး၏ အရိပ်အာဝါသအောက်မှာသာကြီးပြင်းလာသည်ဖြစ်ရာ အချိန်မှန်ဟုတ်မဟုတ်ကို နားမလည်နိုင်ခဲ့ပေ။ 

"ဟဲဟဲ မင်းအခုငါ့ကိုတောင်းပန်လည်း အသုံးမဝင်တော့ဘူး...ဘာလုပ်တာလဲ!"

ရွှီဖန်းသည် သူလက်ကို ဝှေ့ယမ်းကာ ထိုနှစ်

ယောက်အား ခေါ်ထုတ်သွားခိုင်းခဲ့သည်။ တစ်ကယ်ကို မျက်စိဖမ်းစားစရာမြင်ကွင်းပင်။

"ဒါဆို ဒေါက်တာရွှီ တခြားညွှန်ကြားစရာရှိသေးလား၊ ကျွန်တော့်ညီအစ်ကိုတွေ ဒီမှာရှိတုန်း မင်းကို ကူညီပေးလို့ရတယ်"

လူနှစ်ယောက် ဆွဲထုတ်ခံရပြီးသော် ယန်ချင်းက ရွှီဖန်းကို ကြည့်၍ မေးလာသည်။

ရွှီဖန်း ရယ်ကာ ခေါင်းခါယမ်းခဲ့သည်။

"မလိုတော့ပါဘူး၊ ဒီနေ့ တပ်ခွဲမှူးယန်က ကောင်းကောင်းဖြေရှင်းပေးခဲ့တာပဲ၊ ခဏနေရင် ခေါင်းဆောင်ဝူဆီမှာ ခင်ဗျားကို သေချာလေး ချီးကျူးပေးလိုက်ပါ့မယ်"

"ဟားဟားဟား မလိုပါဘူး၊ ကျွန်တော့်တာဝန်က အမိန့်နာခံဖို့ပဲလေ၊ ဘာမှ လုပ်စရာမရှိတော့ဘူးဆိုရင်တော့ အရင်ဆုံး ပြန်လိုက်ပါဦးမယ်"

ယန်ချင်းက ကျယ်လောင်စွာ ပြောလာသည်။

"ဒီနေ့ ခင်ဗျားကို နှောင့်ယှက်မိပါပြီ၊ အနားယူလိုက်ပါဦး"

ယန်ချင်း၏ နောက်ကျောကိုကြည့်ရင်း ရွှီဖန်းသည် ဒုက္ခတစ်ခုက ရောက်နှင့်နေပြီမှန်း မသိခဲ့ပေ။

**********************

All Chapters