← Chapters

တစ်ကယ်ပဲ သူတို့နောက်ခံကဘာလဲ

Vol. 15 Ch. 214

တစ်ကယ်ပဲ သူတို့နောက်ခံကဘာလဲ

Vol. 15 Ch. 214

ရွှီဖန်းက ခုခံရန် မပြင်ဆင်ထားပေ။ ဆေးရုံမှာ လူအများအပြားရှိသည့်အပြင် စောင့်ကြည့်ရေးကင်မရာတွေရော လုံခြုံရေးအစောင့်တွေပါ ရှိလေသည်။ သူသာ ခုခံမိပါက ရလဒ်အနေဖြင့် ရဲတွေက သူ့ကို တိုက်ခိုက်လာလိမ့်မည်။

"အဆင်ပြေပါတယ်၊ ဆုအာ...ချိုးယာ ဒီမှာနေပြီး အဒေါ်ဝမ်ကို စောင့်နေပေးလိုက်ပါ၊ မကြာခင် ပြန်လာခဲ့မယ်"

တစ်ဖက်တွင် ရွှီဖန်းသည် ပို၍ပင် စိတ်ပေါ့ပါးသွားခဲ့သည်။ သူက စိတ်ပူနေသည့် မိန်းကလေးနှစ်ယောက်ကိုပင် ပြန်နှစ်သိမ့်ပေးလိုက်သည်။

"ဟမ့်! မင်းဆန္ဒအလျောက် ရဲစခန်းကိုတော့ လာနိုင်ပေမယ့် မင်းဆန္ဒရှိသလိုတော့ ပြန်ထွက်လို့ရတဲ့နေရာမဟုတ်ဘူး၊ သွားရအောင်"

ရွှီဖန်းတည်ငြိမ်နေတာကိုမြင်တော့ ရဲအရာရှိလည်း အနည်းငယ် စိတ်မချမ်းသာဖြစ်သွားရသည်။ 

"ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်ဖို့မကြိုးစားနဲ့၊ မဟုတ်ရင် မင်း တောင်းပန်ရင်တောင် ငါလွှတ်ပေးမှာမဟုတ်ဘူး"

သို့သော်ငြား ကျန်းလောင်သည် ရွှီဖန်း၏ နောက်ခံကို စုံစမ်းခဲ့သော်လည်း ရွှီဖန်းနှင့် ရှယန်ယွိကြားမှ ဆက်ဆံရေးကိုတော့ မသိခဲ့ပေ။ ဒါကလည်း ရွှီဖန်းတည်ငြိမ်နေရသည့် အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်သည်။ သူ့ဘက်မှ ရှရှီဆေးဝါးစက်ရုံအတွက် ထုတ်ပေးခဲ့သည့် ဆေးစာက သူတို့ရောင်းချရန်အတွက်သာ မဟုတ်ဘဲ စစ်တပ်အတွက် အထူးလက်ဆောင်လို့လည်း ပြောလို့ရသည်။ ဒါက ဘာကိုဆိုလိုတာလဲဆိုတာ သိသာပေသည်။

ထိုအချိန်တွင် ရှယန်ယွိသည် သူမ၏ ရုံးခန်း၌ ထိုင်နေလေသည်။ ဖုန်းဝင်လာချိန်မှာ ဖိုင်တွေအား စာရိုက်နေခဲ့သည်။ ရှယန်ယွိ မျက်မှောင်ကြုတ်မိသည်။ သူမ အလုပ်ကို အလေးအနက်ထားပြီး လုပ်နေချိန်၌ အနှောင့်အယှက်ဝင်လာတာ မကြိုက်ပေ။

သို့သော်ငြား ခေါ်သူနံပါတ်ကိုမြင်တော့ ရှယန်ယွိ ချက်ချင်းကောက်ကိုင်လိုက်သည်။

"ဟယ်လို ဥက္ကဌရှ သတင်းအသစ်ပါ၊ လွန်ခဲ့တဲ့ဆယ်

မိနစ်ကပဲ ပြည်နယ်က ပြည်သူ့လုံခြုံရေးဌာနကနေ မစ္စတာရွှီဖန်းကို လိုင်စင်မရှိဘဲ ခွဲစိတ်ခန်းဝင်တဲ့အချက်နဲ့ ဖမ်းဆီးသွားပါတယ်၊ ဌာနက ဦးစီးရဲ့သား ကျန်းလောင်က သူ့လူတွေကို အမိန့်ပေးခိုင်းစေခဲ့တာဖြစ်ပါတယ်......."

တစ်ဖက်လူတင်ပြနေသောစကားများကို နားထောင်ရင်း တွန့်နေသည့် ရှယန်ယွိ၏ မျက်ခုံးများသည် ပြေလျော့သွားခဲ့သည်။ မကြာလိုက်ပေ၊ သူမ စတင်၍ ရယ်မောလာသည်။

"ကောင်းပြီ ငါသိပြီ၊ မင်းတို့ သူ့ကို ဆက်ပြီးစောင့်

ကြည့်ထားလိုက်ပါ၊ ရွှီဖန်းနဲ့ပတ်သက်ပြီး မကောင်းတဲ့သတင်းတစ်ခုခုသိရပြီဆိုတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြားပါ"

"ဟုတ်ကဲ့!"

ရွှီဖန်းသာ တစ်ကယ် ပြစ်မှုကျူးလွန်ခဲ့ထားလျှင် သူမအတွက် သူ့ကို ထုတ်ပေးဖို့ရန် ခက်ခဲပေလိမ့်မည်။ သို့သော် ခွဲစိတ်မှုက အောင်မြင်ထားသည့်အပြင် အမိန့်ကလည်း ပြည်သူလုံခြုံရေးဌာနက ဦးစီးရဲ့သားဆီက ဖြစ်နေသည်။ သူမ အဖြစ်အပျက်ကို အကြမ်းဖျင်းခန့်မှန်းနိုင်ပေသည်။ ဒါကြောင့် သူမ ပြုံးရခြင်းပင်။ သူမအတွက် ဒီကိစ္စကို လွယ်လွယ်ကူကူဖြေရှင်းနိုင်သည့်အပြင် ရွှီဖန်းကို ကျေးဇူးဆပ်ရာလည်း ရောက်ပေသည်။ ဘာကြောင့် မပြုံးဘဲ နေနိုင်မည်နည်း။

ထို့နောက် အခြားဖုန်းနံပါတ်တစ်ခုကို သူမ ခေါ်ဆိုခဲ့သည်။

"ဟယ်လို ဥက္ကဌရှပါလား၊ ကျုပ်ကို ခေါ်တာ ဘာလုပ်ပေးစရာရှိလို့လဲ" 

ဖုန်းထဲမှ ကြမ်းတမ်းသော အသံတစ်ခုထွက်လာသည်။

"တပ်သားခေါင်းဆောင်ဝူ ကျွန်မတို့ နောက်ဆုံးတစ်ကြိမ်က ပေးခဲ့တဲ့ ကုသဆေးက တော်တော်လေး ကောင်းတယ်မဟုတ်လား"

"ဟဲဟဲ မစ်ရှင်တာဝန်ယူထားတဲ့ ညီအစ်ကိုတွေတော်တော်များများက မင်းကို ချီးကျူးနေကြတယ်ဆိုတာ ဝန်ခံပါတယ်၊ ဒီအကြောင်း လာပြောဖို့ပဲ ရှိသေးတယ်၊ မင်း ကျုပ်တို့ကို ဆေးတွေ ထပ်ပို့ပေးရမယ်နော်"

"ဒါက..."

"ထပ်ပို့ပေးရတာက ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ကျွန်မတို့ ကုသဆေးကို ထပ်ပြီးသုတေသနလုပ်ဖို့ ခက်ခဲနေတယ်၊ ကျွန်မ ကြောက်မိတာက...."

ရှယန်ယွိသည် ဝူမင်၏စပ်စုလိုစိတ်ကို လှုံ့ဆော်ပေးချင်တာကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် သူမ၏စကားကို တစ်ဝက်နှင့် ဖြတ်ချလိုက်သည်။ 

"ဘာဖြစ်နေလို့လဲ ဥက္ကဌရှ မင်းမှာ အခက်အခဲရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ၊ ကျုပ်တို့ဘက်က မင်းကို သေချာပေါက်ထောက်ပံ့ပေးမှာပါ"

ဝူမင်၏စကားကိုကြားတော့ ရှယန်ယွိသည် ပေါ့ပေါ့ပါးပါးရယ်လိုက်သော်ငြား 

"ခေါင်းဆောင်ဝူ အဲ့ဒါက မခက်ပါဘူး၊ ကျွန်မတို့ရှရှီရဲ့ လုပ်နိုင်စွမ်းကို ရှင်သိပါတယ်၊ အဓိကပြဿနာက ကျွန်မတို့ရဲ့ အရေးအကြီးဆုံးဆေးဝါးပညာရှင်က အဖမ်းခံထားရတာပါပဲ၊ ကျွန်မတို့ ဘယ်လိုနည်းနဲ့ သုတေသန ဆက်လုပ်ရမလဲရှင်"

"ဘာ! ငါတို့ရဲ့ဆေးဝါးပညာရှင်ကို ဘယ်သူက ထိရဲတာလဲ!"

ထိုစကားကိုကြားသည့်အခါ ရှယန်ယွိမှာ အကျယ်ကြီး အော်ရယ်လုနီးပါးပင်။ ဒီရွှီဖန်းကတော့ ဝူမင်၏ဆေးဝါးပညာရှင် ဖြစ်သွားရ၏။ 

"အိုး...သူက ပြည်သူ့လုံခြုံရေးဌာနက ဦးစီးရဲ့ သားပဲ၊ သူက ကျွန်မတို့ ဆေးဝါးပညာရှင်ကို လိုင်စင်မရှိဘဲ ခွဲစိတ်ခန်းဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားတယ်"

"ငါလူးမသား"

ဝူမင်က ဆဲဆိုလာသည်။ ဘာတွေဖြစ်မှန်း သူအသေးစိတ်မသိထားသေးသော်လည်း သူ့အမြင်အရ ဆေးဝါးပညာရှင်တစ်ယောက်က လတ်မှတ်လိုင်စင်မရှိရင်တောင် အဖမ်းခံလိုက်ရတာ အဓိပ္ပာယ်မရှိချေ။ 

"ဥက္ကဌရှ သူ့ရဲ့အထောက်အထားဖိုင်ကို ပို့ပေးလိုက်လို့ ရမလား၊ ကျုပ် တစ်ယောက်ယောက်ကို လွှတ်ပြီး ဖြေရှင်းခိုင်းလိုက်မယ်"

"ကောင်းပါပြီ၊ ဒါဆို ခေါင်းဆောင်ဝူလက်ထဲပဲ အပ်ထားရတော့မှာပဲ"

ဖုန်းချပြီးနောက် သူမမှာရှိသည့် ရွှီဖန်း၏ အချက်အလက်များနှင့် ဖမ်းဆီးခံထားရသည့်နေရာကိုပါ ပို့ပေးလိုက်သည်။

ဒါပေါ့ ဝူမင်ကလည်း ရမ်းသမ်းသည့်လူမဟုတ်ပေ။ တပ်သားခေါင်ဆောင်တစ်ယောက်ဖြစ်နေရင်တောင် 

တစ်ဖက်လူက ပြည်သူ့လုံခြုံရေးဌာနမှ ဦးစီးဖြစ်နေဆဲဖြစ်တာကြောင့် သူ့အဖေဆီမှ ခွင့်ပြုချက်ယူရန် အရင်ဖုန်းခေါ်ခဲ့သည်။

"ပေါက်ကရတွေ...မင်းက ငါ့ကို ဖုန်းခေါ်နေသေးတာလား! သွားဖြေရှင်းလိုက်!"

ဝူမင်၏အဖေက သူ့ထက် များစွာ အင်အားကြီးမှန်း သိသာထင်ရှားကာ သူ့ကို တိုက်ရိုက်ဆူလာလေသည်။ သို့သော် လေသံအရတော့ ဝူမင်၏အဖေလည်း သဘောတူကြောင်း သက်သေပြနှင့်ပြီးသားပင်။

ဒါကြောင့် ဝူမင်လည်း ကြာကြာ မတုံ့ဆိုင်းတော့ဘဲ လက်နက်အပြည့်အစုံကိုင်ထားသည့် တပ်သားတစ်ဖွဲ့နှင့်အတူ  ပြည်သူ့လုံခြုံရေးဌာနသို့ ဦးတည်လိုက်သည်။ 

ပြည်သူ့လုံခြုံရေးဌာန၊ စစ်ဆေးရေးအခန်း။

"ပြော...လိုင်စင်မရှိဘဲ ဘာကြောင့် ခွဲစိတ်တာလဲ၊ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"

ရဲတစ်ယောက်က လျော့တိလျော့ရဲထိုင်နေသော ရွှီဖန်းကို ကြည့်လာသည်။

"လိုင်စင်မရှိဘဲ ခွဲစိတ်ခန်း ဝင်ခဲ့တာလား၊ လိုင်စင်မရှိဘဲ ဘယ်အချိန်ကစပြီး ခွဲစိတ်တတ်သွားတာလဲ"

ရွှီဖန်း အံ့သြစွာ မေးလိုက်သည်။

ရဲ၏ မျက်နှာက မဲမှောင်သွားပြီး သူ့ဘေးနားရှိ ထွားကြိုင်းသည့်ရဲကို တစ်ချက်ကြည့်လိုက်လေသည်။ 

ရဲသည် ရှေ့တစ်လှမ်းတက်လာပြီး ရွှီဖန်းကို ပါးရိုက်ချလေသည်။ သို့သော် ရွှီဖန်းသည် သူ့ခန္ဓာကိုယ်ကိုနှိမ့်ကာ ပါးရိုက်လာမှုကို ရှောင်လိုက်သည်။

"ကလေး...မင်း စဥ်းစားဉာဏ်ရှိရင် ပိုကောင်းလိမ့်

မယ်!"

ရွှီဖန်းက သူရိုက်တာကို ရှောင်လိုက်တာကြောင့် ရဲဟာ ရှက်ရွံ့ပြီး ရွှီဖန်းကို အော်လာလေသည်။

ထိုအချိန် ထိန်းချုပ်ခန်းထဲ၌ သူဌေးသားသုံးယောက်ဟာ မျက်နှာပေါ်မှာ အပြုံးတွင် တင်ထားရင်း ကြည့်နေလေသည်။

ကျန်းလောင်က ဂုဏ်ယူစွာ ရယ်ရင်း ပြောလာသည်။ 

"သူ့ရဲ့နာမည်ကြီးမှုက ခရိုင်ထိပဲ ရှိပါသေးတယ်၊ သူ့ကို စစ်ဆေးမေးမြန်းပေးဖို့ ဌာနက တစ်စုံတစ်ယောက်ကို ငါလွှတ်လိုက်တာလေ၊ သူ့အတွက် ရပ်တည်ရဲမယ့်လူကို တွေ့ချင်ပါသေးတယ်၊ ဟားဟားဟား"

ရွှီဖန်းက သူ့လက်ချောင်းတွေနဲ့ကစားရင်း ငြိမ်သက်နေသည်။ 

"စဥ်းစားဉာဏ်လား၊ ဘာကိုစဥ်းစားရမှာလဲ"

"မင်း!"

ထိုရဲက နောက်တစ်ကြိမ်ထပ်ရိုက်လာသော်လည်း ရွှီဖန်းက ထပ်ပြီးရှောင်သွားလေသည်။

ရွှီဖန်း၏ တိမ်းရှောင်မှုက ရဲသားအား အလွန်ဒေါသထွက်စေလေသည်။ 

"ငါ မင်းကို အသေရိုက်မယ်!"

ထိုအချိန် တပ်မတော်မှ ကားတစ်စီးက ပြည်သူ့လုံခြုံရေးဌာန၏ အရှေ့မှာ ရပ်တန့်သွားခဲ့သည်။ ဝူမင်သည် ရင်ကော့ကာဖြင့် လက်နက်ကိုင်စစ်သားတချို့နှင့်အတူ ဝင်လာခဲ့သည်။

"ရပ်! ပြည်သူ့လုံခြုံရေးဌာနကို ဘာလာလုပ်တာလဲ၊ အထောက်အထားပါလား"

ပြည်သူ့လုံခြုံရေးဌာနအဝင်ပေါက်၌ ရဲတစ်ယောက်က ခေါင်းကိုမြှောက်၍ အော်လာသည်။

"ငါ ဒီမှာ တစ်စုံတစ်ယောက်ကို ထုတ်ဖို့ လာတာ" 

ဝူမင်က ထိုရဲကို စိတ်မဝင်စားပေ။ 

"ငါက တုန့်ဟိုင်စစ်တပ်ရဲ့ တပ်မှူး ဝူမင်ပဲ"

ကံမကောင်းစွာဖြင့် ထိုရဲဟာ ဉာဏ်မမီနေခဲ့ပေ။ သူဟာ ဝူမင်ရှေ့မှာ ပိတ်ရပ်၍

"ပြည်သူ့လုံခြုံရေးဌာနက မဟုတ်တဲ့လူဆို အထောက်အထား ပြရပါမယ်"

"မင်းက အထောက်အထား လိုချင်တယ် ဟုတ်လား"

ဝူမင်သည် သူ့လက်ကိုမြှောက်၍ ထိုရဲသား၏ခေါင်းအား ရိုင်ဖယ်ဖြင့် ချိန်ထားလိုက်သည်။

ထိုရဲသားသည် ပြည်သူ့လုံခြုံရေးဌာနသို့ ပြောင်းရွှေ့လာတာ မကြာသေးဘဲ ခက်ခဲပုံပေါ်သော အပြင်လူနှင့်တွေ့သည့်အခါ တာဝန်ပြီးမြောက်သလို 

ဟန်ဆောင်ချင်ခဲ့သည်။ ရလဒ်အနေဖြင့် သူ့ခြေထောက်များအားနည်းလာကာ မြေကြီးပေါ် ပုံကျသွားခဲ့သည်။ ဝူမင်နှင့်တခြားလူများ အထဲဝင်သွားသည်ကို ငိုယိုကာ ကြည့်ရင်း တွေးလိုက်မိသည်။

"ဒီလူတွေက တစ်ကယ်ပဲ သူတို့နောက်ခံကဘာလဲ"

******************

All Chapters