← Chapters

သူက စစ်ဆရာဝန်ပဲ!

Vol. 15 Ch. 215

သူက စစ်ဆရာဝန်ပဲ!

Vol. 15 Ch. 215

သူ့မျက်နှာတစ်ခုလုံးနီမြန်းလာသော်လည်း ရွှီဖန်းကတော့ ဒါဇင်ပေါင်းများစွာသော ရိုက်ချက်များကို ရှောင်နေတုန်းပင်။ ရွှီဖန်းက သူ၏ တိုက်ခိုက်မှုအားလုံးကို ရှောင်နိုင်လိမ့်မည်ဟု သူမထင်ခဲ့ချေ။

သူ အသက်ပြင်းပြင်းရှူ၍ လက်မြှောက်ကာ ထပ်ရိုက်ရန် အသင့်ပြင်လိုက်သည်။

ရုတ်တရက် စစ်ဆေးရေးအခန်းက တွန်းဖွင့်ခံလိုက်ရသည်။ 

"မလှုပ်နဲ့!"

ဝူမင်သည် ပထမဆုံးဝင်လာသူဖြစ်ပြီး ရဲသားဟာ ရွှီဖန်းကို ရိုက်ရန်အတွက် လက်မြှောက်ထားသည်ကို တွေ့ခဲ့ရသည်။ အခု သူ့မျက်စိထဲတွင် ရွှီဖန်းသည် စစ်တပ်အတွက် အရည်အချင်းရှိသောလူပင်။ ဒီလိုလူက အခုလို ဆက်ဆံခံနေရတာကို သူသည်းမခံနိုင်ပေ။

"သူ့ကို ဖမ်းစမ်း!"

ထိုရဲအား စစ်သားနှစ်ယောက်က မြေပြင်ပေါ်သို့ လှဲချလာသည်။

ရွှီဖန်း၏ ဆန့်ကျင်ဘက်၊ ဝူမင်၏အရှေ့တွင် ထိုင်နေသည့် ရဲသားက ပို၍ အံ့သြသွားသည်။ သို့သော် သူက ထက်မြက်တာကြောင့် ဘာတစ်ခွန်းမှ မပြောဘဲ အသာမတ်တပ်ရပ်လိုက်သည်။

ဝူမင်သည် ရှေ့သို့လှမ်း၍ ထိုင်ခုံတွင် ထိုင်နေသော ရွှီဖန်းကို ကြည့်ကာ မေးလာသည်။

"ဒေါက်တာရွှီ အဆင်ပြေရဲ့လား"

ရွှီဖန်း အံ့သြသွားရသည်။ သူ ဘယ်တုန်းက ဆရာဝန်ဖြစ်သွားရတာလဲ။

သို့သော် ထိုအကြောင်းကို သူ ထုတ်မပြောခဲ့ပေ။ သူ ပြုံးရုံသာပြုံး၍ ခေါင်းညိတ်ကာ အဆင်ပြေကြောင်း အချက်ပြခဲ့သည်။

"မင်းတို့အားလုံး ဘာဖြစ်နေကြတာလဲ"

ထိုအချိန် ကျန်းလောင်နှင့် တခြားနှစ်ယောက်သည် တစ်ခုခုလွဲချော်နေသည်ကို သတိထားမိပြီး အထူးရဲအရာရှိနှစ်ယောက်နှင့်အတူ အထဲဝင်လာခဲ့သည်။

"ဒါက ပြည်သူ့လုံခြုံရေးဌာနပဲ၊ မင်းတို့ရဲ့တပ်မဟုတ်ဘူး"

ဝူမင်လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် ကျန်းလောင်ကို တွေ့လိုက်သည်။ ဒီမလာခင်မှာ သူ ကြိုတင်စစ်ဆေးခဲ့တာကြောင့် ကျန်းလောင်၏ အထောက်အထားကို သူသိလေသည်။

ဒါကြောင့်လည်း သူ့ကိုများစွာ အာရုံမစိုက်ခဲ့ခြင်းပင်။ သူ လက်ကိုဝှေ့ယမ်းလိုက်တော့ စစ်သားများက သဘာဝကျစွာပင် သူ့ဆိုလိုရင်းကို နားလည်လေသည်။   သူတို့က သေနတ်ကို မြှောက်ရင်း အထူးရဲအရာရှိနှစ်ယောက်ကို ချိန်လိုက်သည်။

"ကလေး ဒါ မင်းဝင်ပြောရမယ့် နေရာမဟုတ်ဘူး"

ဝူမင်က အပြုံးဖြင့် ပြောပြီးနောက် သူ့အနောက်မှ အထူးရဲအရာရှိများကို ထပ်ပြောလာသည်။

"မင်းတို့ဌာနက ဦးစီးကို ဆက်သွယ်လိုက်တာ ပိုကောင်းမယ်၊ မဟုတ်ဘဲ သူ့သားသာ တစ်ခုခုဖြစ်သွားလို့ကတော့ မင်းတို့ကို သူ အလွတ်ပေးမယ်မထင်ဘူး"

ကျန်းလောင်၏ အနောက်မှ အထူးရဲအရာရှိများသည် အံ့သြသွားကြပြီး ဝူမင်ပြောတာ မှန်သည်ကို သိပေသည်။ ဒါကြောင့် မတွန့်ဆုတ်နေဘဲ အထူးရဲအရာရှိတစ်ယောက်က ချက်ချင်းပင် အခန်းထဲမှ တိတ်တဆိတ်ထွက်သွားသည်။

ထိုအချိန် နှစ်ဖက်လုံးမှာ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေဖြစ်နေတာကြောင့် ဝူမင်သည် ကျန်လူများအား သဘာဝကျစွာပင် လျစ်လျူရှုထားခဲ့သည်။ သူ တစ်ဖက်ကို လှည့်လိုက်ကာ စိတ်မသက်မသာဖြစ်နေလောက်မည့် ရွှီဖန်းကိုပဲ ဂရုစိုက်ရန် စိတ်ဝင်စားပေသည်။ 

"ဒေါက်တာရွှီ ကျွန်တော်တို့အဖွဲ့က နောက်ဆုံးသုံးခဲ့တဲ့ ကုသဆေးကို ဖော်စပ်တဲ့နေရာမှာ ဒေါက်တာက အဓိကတာဝန်ရှိသူ မဟုတ်လား"

ဝူမင်သည် တည့်တိုးဆန်သောလူဖြစ်၏။ သူဟာ လေသံတိုးတိုးဖြင့်

"ဒီနေ့ ကျွန်တော် ဒီကိုရောက်လာတာက ဒေါက်တာ့ကို ခေါ်ထုတ်သွားဖို့ပါ၊ မှတ်ထားလိုက်ပါ...ဒီနေ့ကစပြီး...အိုး မဟုတ်သေးဘူး မနှစ်ကစပြီး ဒေါက်တာက ကျွန်တော်တို့တုန့်ဟိုင်စစ်တပ်အတွက် စစ်ဆရာဝန်

အဖြစ် ဆောင်ရွက်နေခဲ့တယ်၊ ဒေါက်တာကို ကာကွယ်ဖို့အတွက်နဲ့ ကျွန်တော်တို့လည်း အပြင်မှာ ဒီအထောက်အထားကို မဖော်ပြခဲ့ကြဘူး"

သူပြောပြီးသည်နှင့် ချက်ချင်းပင် အိတ်ကပ်ထဲမှ အထောက်အထားလက်မှတ်များစွာကို ထုတ်ပေးလာသည်။ ရွှီဖန်းသည်လည်း မတုံးအဘဲ ထိုအထောက်အထားများကို အပြုံးဖြင့်ယူကာ အိတ်ကပ်ထဲ ထည့်လိုက်သည်။ သို့နှင့် သူဟာ စစ်

တပ်နောက်ခံရှိလာလိမ့်မည်။

မကြာလိုက်ပေ၊ သတင်းသိခဲ့ရသည့် ကျန်းထျန့်သည် စစ်ဆေးခန်းထဲသို့ ရောက်ရှိလာသည်။ သူ အခန်းထဲ ဝင်ဝင်လာချင်းမှာပဲ ဘာစကားတစ်ခွန်းမှမပြောဘဲ သူ့သားကို ပါးရိုက်ကာ အော်ပြောလာသည်။

"အထူးရဲအရာရှိတွေကို သိမ်းသွင်းဖို့ အခွင့်အရေး မင်းကို ဘယ်သူ ပေးထားလို့လဲ!!"

ထို့နောက် ကျန်းထျန့်ဟာ ဝူမင်အား အပြုံးဖြင့် နှုတ်ဆက်လာသည်။ 

"ခေါင်းဆောင်ဝူ မင်းရဲ့အကြောင်းတွေ ကြားဖူးပါတယ်၊ ဒီနေ့ ပြည်သူ့လုံခြုံရေးဌာနကို ဘာဖြစ်လို့ စစ်သားတွေနဲ့အတူ ရောက်လာတာလဲဆိုတာ သိလို့ရမလား"

ဝူမင်သည်လည်း အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ပေသည်။ ကျန်းထျန့်၏ရိုက်ချက်နှင့်အတူ သူ့သားက အခွင့်အာဏာကို အလွဲစားအသုံးပြုသည့် ပြစ်မှုအပေါ် သူ၏ ဒေါသထွက်နေမှုက လျော့ကျသွားခဲ့သည်။ သဘာဝကျစွာပင် သူသည် ကျန်းထျန့်

အပေါ်၌ အထင်မသေးရဲဘဲ တိုက်ရိုက်ပြောလိုက်

သည်။

"တစ်ယောက်ယောက်က ဒေါက်တာရွှီကို ဖမ်းသွားတယ်ဆိုတဲ့ သတင်းကိုရလို့ ဒီကို လာခဲ့တာပဲ"

ကျန်းထျန့်က ဟက်ဟက်ပက်ပက်ရယ်၍ ပြောလာသည်။

"ကျွန်တော်လည်း ဒီကိစ္စကို သိထားပြီး မတိုင်ခင်က စစ်ဆေးထားပြီးသားပါ၊ မမှားဘူးဆိုရင် ဒီဒေါက်တာရွှီဆိုတဲ့လူရဲ့ ဆေးပညာအသုံးချမှုကို လိုင်စင်မရှိဘူးလို့ ကောက်ချက်ချထားပုံပဲ ဟုတ်ရဲ့လား"

ဝူမင်ပေးထားသော လက်မှတ်များနှင့်အတူ ရွှီဖန်းသည် သူ မတိတ်နေသင့်တော့မှန်း သိတာကြောင့် ကျန်းထျန့်အား အပြုံးအပြည့်ဖြင့် ပြောလိုက်သည်။

"ဦးစီးကျန်း ခင်ဗျား မသိသင့်တဲ့ အချို့အရာက ရှိနေတုန်းပါပဲ၊ ခင်ဗျား သိချင်တယ်ဆိုရင်တော့ ခေါင်းဆောင်ဝူနဲ့ အရင်ဦးဆုံး နှုတ်လုံသဘောတူညီချက် လက်မှတ်ထိုးဖို့ ဒုက္ခပေးရတော့မှာပဲ"

"မင်း"

ကျန်းထျန့် အံ့အားသင့်သွားခဲ့သည်။ ရွှီဖန်းက သူ့ကို အခုလိုပုံစံမျိုးဖြင့် စကားပြောရဲလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

"ဘာဖြစ်လို့လဲ၊ အိုး ဟုတ်သား ဦးစီးကျန်းရဲ့ ရာထူးအဆင့်အတန်းနဲ့ဆိုရင် လက်မှတ်ထိုးဖို့တော့မလိုပါဘူး၊ ဒါပေမယ့် ဒီအတိုင်း သိခွင့်ပေး....ဒီအခန်းထဲက ဘာမှလုပ်စရာကိစ္စမရှိတဲ့လူတွေကို အပြင်

ထွက်ခိုင်းလိုက်ရင်ရော ဘယ်လိုလဲ"

ရွှီဖန်းသည် အနောက်မှ ရဲအရာရှိများအားလုံးကို ညွှန်ပြလိုက်သည်။ ထို့နောက် ကျန်းလောင်နှင့် တခြားနှစ်ယောက်ကိုပါ ညွှန်ပြရင်း ပြောလိုက်သည်။ 

"ကြုံရာကျပန်း လူတွေကိုရောပဲ"

ကျန်းထျန့်က စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို စိုက်ကြည့်လာသည်။ သို့သော်ငြား ဌာနတစ်ခု၏ ဦးစီးတစ်ယောက် ဖြစ်လာတာနှင့်အညီ သူဟာ စိတ်ရှည်

သည်းခံတတ်ပေသည်။ ရဲအရာရှိများနှင့် ထိုသုံးယောက်အား သူ လက်ဝှေ့ယမ်းပြကာ အခန်းထဲမှ ထွက်သွားရန် အချက်ပြလိုက်သည်။

ကျန်းလောင်နှင့် တခြားလူနှစ်ယောက်သည် လက်သင့်မခံချင်သည့် ဆန္ဒရှိနေသော်လည်း အခုအချိန်က အထူးဖြစ်ရပ်တစ်ခု ဖြစ်နေမှန်း သူတို့ သိသေးတာကြောင့် တိတ်တဆိတ်ထွက်သွားကြလေသည်။ 

"ကောင်းပြီ ဒါဆို စစ်တပ်က လူတွေနဲ့ ငါက လွဲပြီး အပြင်လူမရှိတော့ဘူး၊ မင်း အခု ပြောပြလို့ရပြီလား"

ကျန်းထျန့်က ရွှီဖန်းကို ကြည့်လာ၏။

ရွှီဖန်း ခေါင်းခါယမ်းလိုက်ကာ အခုလေးတင်ရရှိထားသည့် လက်မှတ်များကို ထုတ်ပြလိုက်သည်။

"အတိအကျပြောရရင် ကျွန်တော်က တုန့်ဟိုင်

စစ်တပ်က လူပါ"

ကျန်းထျန့်သည် ခေတ္တအံ့အားသင့်သွားကာ ဝူမင်ကို ကြည့်လာသည်။ ဝူမင်၏ ဘာအမူအရာမှ မရှိသော မျက်နှာကို တွေ့လိုက်ရသည့်အခါ ရွှီဖန်း၏ လက်မှတ်များက အစစ်မှန်း သိလိုက်သည်။

"အာ...ဒေါက်တာရွှီ၊ ဘာလို့များ အစက မင်းရဲ့ အထောက်အထားကို မထုတ်ပြခဲ့တာလဲ"

မည်သို့ပင်ဆိုစေကာမူ ယနေ့ ရွှီဖန်း၏ ဘေးမှာ ရပ်နေသော ဝူမင်၌ နောက်ခံကောင်းကောင်းတစ်ခု ရှိပေသည်။ အထူးသဖြင့် သူ့အဖေသည် ပြည်နယ်၏ ဗိုလ်မှူးဖြစ်ရာ လူတိုင်းက သူ့ကို မျက်နှာသာပေးရပေသည်။

ဒါ့အပြင် သူကလည်း သင့်တော်သော အရာရှိတစ်ယောက် ဖြစ်ချင်နေတုန်းပင်။ ကြီးမားသည့် စစ်

အသိုင်းအဝိုင်းရှိသော ပြည်နယ်တစ်ခု ဖြစ်တာကြောင့် စစ်တပ်အတွင်းပိုင်းထင်မြင်ချက်များက လူတစ်ယောက်၏ အသက်မွေးဝမ်းကြောင်းကို ဆုံးဖြတ်ပေးနိုင်လေသည်။

ယခုအချိန်တွင် ဝူမင် သို့မဟုတ် ရွှီဖန်းသည် သူ့သား ကျန်းလောင်အား သေသည်အထိ ဖိအားမပေးဖို့သာ မျှော်လင့်ရန် တတ်နိုင်ပေသည်။ မဟုတ်လျှင် ကျန်းလောင်က တခြားနိုင်ငံမှ သူလျှိုဖြစ်ပြီး စစ်တပ်၏ အရေးပါသော အဖွဲ့ဝင်တစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖမ်းဆီးခဲ့သည်ဟု စွပ်စွဲလာနိုင်သည်။ ထိုသို့ ဖြစ်လာလျှင် ကျန်းလောင်အား ဘယ်လိုမှ ထိုဒုက္ခတွင်းထဲကနေ ဆွဲထုတ်လို့ရတော့မည် မဟုတ်ချေ။ 

သို့သော်ငြား ဝူမင်သည် ဖြောင့်မတ်သောပင်ကိုစိတ်ထားရှိ၍ ထိုကဲ့သို့သော ချောက်ချသည့်အစီအစဥ်မျိုး မလုပ်မည်မှန်း သိသာပေသည်။ မူလအားဖြင့်တော့ ယနေ့ ရွှီဖန်းက သူ၏ အထောက်အထားကို ပြလာတာကြောင့် ဒီနေ့ လွှတ်ပေးလိုက်လည်း ရလေပြီ။ ရွှီဖန်းအတွက်မူ ထိုကဲ့သို့ နောက်ခံရှိမည့်လူမှန်း သူ တစ်ကယ် မထင်ခဲ့မိချေ။

ဒီလိုနှင့် ရွှီဖန်းတစ်ယောက် မြန်မြန် ပြန်လွတ်လာခဲ့သည်။ 

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဝူ၊ စစ်တပ်ကို အလည်လာဖို့အတွက်ကတော့ နောက်မှပဲ ထပ်ပြောကြတာပေါ့"

"ဒါဆိုလည်း ကောင်းပါပြီ ၊ ရှောင်ဝမ် ဒေါက်တာရွှီကို ပြန်ပို့ပေးဖို့ မင်းကို ဝာာဝန်ပေးလိုက်မယ်၊ ဒေါက်တာရွှီက မင်းကို မလိုအပ်တော့ဘူးဆိုမှ ပြန်လာခဲ့"

ပြည်သူ့လုံခြုံရေးဌာနအပြင်ဘက်၌ ရွှီဖန်းသည် ခေါင်းဆောင်ဝူအပေါ်မှာ သူ၏ ကျေးဇူးတင်မှုကို ပြသနေခဲ့သည်။ စစ်တပ်ကို အလည်ဝင်ရန် ဖိတ်ခေါ်လာသည်အား ယဥ်ကျေးစွာ ငြင်းပယ်ပြီးနောက် ရွှီဖန်းသည် ဆေးရုံသို့ ပြန်လာခဲ့သည်။

သို့သော်ငြား ဒီတစ်ကြိမ်မှာတော့ မကောင်းသည့်လေထုကို ခံစားမိလိုက်သည်။

*********************

All Chapters