အရေးကြီးသောမျိုးစေ့များ
Vol. 15 Ch. 217
ရွှီဖန်းထင်ထားသည့်အတိုင်းသာဆိုလျှင် ကောင်းကင်ဘုံ၌ အထူးဟင်းလျာများ မရှိပေ။ ဒါမှမဟုတ် အချက်အပြုတ်နတ်ဘုရား၏ တပည့်ကပဲ အထူးဟင်းလျာများကို မသင်ရသေးတာ ဖြစ်
လိမ့်မည်။ ဒါကြောင့် ပါဝင်ပစ္စည်းများအားလုံးက ဆိုင်မှာ ရှိပြီးသားဖြစ်ပြီး သူတို့အမြန်ချက်ပြုတ်နိုင်လေသည်။
"အစ်ကိုရွှီဖန်း ချက်ပြီးသွားပြီ၊ အနံ့မွှေးနေတာပဲမလား"
ကျန်းဖန်းယင်က ဟင်းခွက်ကို သယ်လာပြီး သူမအတန်းဖော်ကလည်း အနောက်ကနေ လိုက်ပါလာသည်။ သူမ ဒီဟင်းခွက်နှင့်ပတ်သက်၍ အလွန်
စိတ်ကျေနပ်နေသည်မှာ သိသာပေသည်။ ရွှီဖန်း သူမကို အံ့သြစွာ ကြည့်လိုက်မိသည်။ ဒီကောင်မလေး မြန်မြန်သင်ယူနိုင်ခဲ့မည်ဟု သူမထင်ခဲ့ပေ။
"ဘယ်လိုချက်လို့ပြီးသွားတာလဲ၊ ဟင်းချက်နည်းက ရိုးရှင်းလို့လား"
ရွှီဖန်း အနည်းငယ်သိလိုစိတ်ဖြင့် မေးလိုက်သည်။ သူ အကြမ်းဖျင်းသာ ဖတ်ခဲ့ပြီး ဘယ်လိုချက်ရမလဲဆိုသည့် မိတ်ဆက်ကိုတောင် သေချာမဖတ်ခဲ့ရသေးပေ။
"ဟုတ်တယ် ဟုတ်တယ် အရမ်းရိုးရှင်းတယ်၊ အစ်ကိုကြီးရွှီ မယုံရင် ကိုယ်တိုင်ဖတ်ကြည့်လိုက်ပါ"
ကျန်းဖန်းယင်က ပျော်ရွှင်စွာ ပြုံးရင်း စာအုပ်ကို ကမ်းပေးလာသည်။ ချိုးဆုအာလည်း ဆွဲဆောင်ခံလိုက်
ရကာ အနည်းငယ် သင်ယူချင်သွားခဲ့သည်။ ဒါမှ အနာဂါတ်ကျလျှင် ရွှီဖန်းအတွက် သူမ ချက်ပြုတ်ပေးနိုင်မှာဖြစ်သည်။
ရွှီဖန်း စာအုပ်ကို ဖတ်ကြည့်လိုက်ရာ ခေတ္တအံ့သြသွားရသည်။ ထို့နောက် သူ အကျယ်ကြီးထရယ်မိသည်။ စောစောကတည်းက သူတွေးထားခဲ့သင့်သည်။
ရွှီဖန်း စာအုပ်ကိုကြည့်ရင်း ညီးတွားမိလေသည်။ ဒီဟင်းချက်နည်းက အွန်လိုင်းမှာရှာလျှင် တွေ့နေကျ ဟင်းချက်နည်းနဲ့ အတူတူပင်။ ဘာမှမခက်ခဲဘဲ ဟင်းတစ်ပွဲပြီးမြောက်သည်အထိ ပြည့်ပြည့်စုံစုံညွှန်ကြားထားသည်။ ဥပမာအားဖြင့် ဘယ်ပါဝင်ပစ္စည်းတွေကို ဘယ်လိုဖြတ်တောက်ရမလဲ၊ ကြော်နေစဥ်အတွင်း ဘယ်ပါဝင်ပစ္စည်းအား ထည့်ရမလဲ စသဖြင့် ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားသည်။
သို့သော်ငြား ဒါကလည်း ကောင်းသည့်အရာပဲဟု ရွှီဖန်း တွေးလိုက်သည်။ ဒီနည်းအားဖြင့် ဟွားမန်ရှင်းမှ ပင်တိုင်စာဖိုမှူးများကိုလည်း သူ ပေးသုံးနိုင်လိမ့်မည်။
ချိုးဆုအာ၏ အမူအရာကိုကြည့်ရင်း သူမဘာတွေးနေမှန်း ရွှီဖန်းသိကာ ရယ်လိုက်သည်။ စာအုပ်ကို သူမဆီပေးလိုက်ရင်း တူကိုကောက်ကိုင်ကာ မြည်းကြည့်ရန် ပြင်လိုက်သည်။ ထို့နောက် ရွှီဖန်း ခေတ္တအံ့သြသွားရသည်။ အရသာက တစ်ခုခုတော့ မှားနေလေပြီ။
ဒါက တွေ့နေကြ ဂေါ်ဖီထုပ်မွှေကြော်ဖြစ်သည်။ အရောင်၊ အနံ့၊ အရသာ အစရှိသဖြင့် ထိုအရာများက စာအုပ်ထဲမှာပါသလို ဆင်တူပေသည်။ သို့သော် ဟွားမန်းရှင်းမှ ဟင်းခွက်လောက်တော့ အရသာမရှိဘူးဟု သူရှင်းလင်းစွာ ခံစားနေရသည်။ ဒါက အချက်အပြုတ်နတ်ဘုရားရဲ့ တပည့် မှတ်တမ်းတင်ထားတဲ့ ချက်ပြုတ်နည်းမဟုတ်ဘူးလား။ ဘာတွေဖြစ်သွားတာလဲ။
ထိုအချိန် ရွှီဖန်း၏ဖုန်းက တုန်ယင်လာသည်။ ရွှီဖန်း ဘာမှမပြောနိုင်သေးဘဲ ဘယ်သူလဲကြည့်ရန် ဖုန်းကိုင်လိုက်သည်။
ကျန်းဖန်းယင်နှင့် တခြားလူများ သည်းမခံနိုင်တော့ပေ။ ရွှီဖန်း မြည်းပြီးတာနှင့် စတင်စားသောက်နေကြသည်။
ရွှီဖန်းတစ်ယောက်သာလျှင် အရသာနှင့် ပတ်သက်၍ မကျေနပ်ခြင်းပင်။ ဒီဟင်းအရသာမျိုးဖြင့် ဤစားသောက်ဆိုင်၏စီးပွားရေးကို ပိုကောင်းစေနိုင်တာ သူ သိပေသည်။ သို့သော် အနာဂါတ်တွင် ဤဆိုင်အား ဟွားမန်ရှင်း၏ ဆိုင်ခွဲအနေဖြင့် လည်ပတ်စေချင်
ရင်တော့ အရသာက တစ်ကယ် ကျေနပ်စရာမဟုတ်သေးပေ။
သူ့ဖုန်းကို ဖွင့်ကြည့်လိုက်ရာ နတ်ကလေးထုန်ဆီမှ စာဖြစ်နေတာကြောင့် သူ အံ့သြသွားခဲ့သည်။ ကြည့်ရတာ နတ်ကလေးထုန်က အခုတလော တက်ကြွနေသည့်ပုံပင်။ သူ့ဘက်က စာပို့ပြီးတာနှင့် ရက်သိပ်မကြာပဲ ပြန်စာ ပြန်ရောက်နေတတ်သည်။
"အစ်ကိုကြီးရွှီ တောင်းပန်ပါတယ်၊ အချက်အပြုတ်
နတ်ဘုရားရဲ့ တပည့်ဆီက ချက်ပြုတ်နည်း အကြောင်းအရာတချို့ကိုပဲ ကျွန်တော်ရခဲ့တာ၊ အဲ့ဒီနည်းနဲ့ သေမျိုးလောကမှာဆို အရသာကောင်းကောင်း မချက်ပြုတ်နိုင်လောက်ဘူး"
စာကိုဖတ်ရင်း ရွှီဖန်း အံ့အားသင့်သွားကာ အမြန်စာပြန်၍ မေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ နတ်ကလေးထုန်၊ မင်းအစ်ကိုကြီးရွှီကို လှည့်စားလို့မရဘူးနော်၊ မဟုတ်ရင် နောက်ထပ် ကူညီပေးတော့မှာ မဟုတ်ဘူး"
ရွှီဖန်း ထပ်ပြီး မကူညီပေးတော့မှာကို သူကြောက်နေမှန်း သိသာပေသည်။
"မဟုတ်ဘူး မဟုတ်ဘူး အစ်ကိုကြီးရွှီ၊ ကျွန်တော် မလှည့်စားပါဘူး၊ သာမန်လူတွေကတော့ မချက်ပြုတ်
နိုင်ပေမယ့် အစ်ကိုကြီးကတော့ ရတယ်၊ အစ်ကိုကြီးမှာ ကောင်းကင်ဘုံက မြေကြီးတွေ ရှိတယ်မလား၊ ကျွန်တော် ပြီးရင် အရေးကြီးပါဝင်ပစ္စည်းတွေရဲ့ မျိုးစေ့ကို ပို့ပေးလိုက်မယ်၊ အစ်ကိုကြီး သွားစိုက်လိုက်ပါ"
ဟမ် အရေးကြီးတဲ့ပါဝင်ပစ္စည်းလား။
ရွှီဖန်း ခဏတာတွေးကာ ချိုးဆုအာ ပျော်ရွှင်စွာ ဖတ်နေသည့် စာအုပ်ကို ပြန်တောင်းယူကြည့်လိုက်
သည်။ နတ်ကလေးထုန်၏ သတိပေးချက်နှင့်အတူ ရွှီဖန်းသည် နောက်ဆုံးမှာတော့ အရေးပါသည့် ပါဝင်ပစ္စည်းကို တွေ့လိုက်သည်။
"ဟင်းခတ်အမွှေးအကြိုင်တွေ မထည့်ခင်မှာ မြက်ဆီကို ထည့်ပါ"
ရွှီဖန်း စကားမပြောနိုင်တော့ဘဲ သူ့နဖူးကို ထိလိုက်
မိသည်။ ဆီထုတ်ယူရာတွင် အသုံးပြုသော ထိုမြက်အမျိုးအစားသည် ကုန်ကြမ်းဖြစ်သည်။ ကျန်းဖန်းယင်၏ အတန်းဖော်သည် ဟင်းချက်နည်းကို တရုတ်ရိုးရာစကားလုံးများဖြင့် ရေးသားထားတာကို ဖတ်ပြီး မြက်ဆီကို ဟင်းရွက်ဆီဟု သဘောထားလိုက်တာ ဖြစ်နိုင်သည်။
"နတ်ကလေးထုန် မင်းပြောခဲ့တာက မြက်ဆီကို ထုတ်ယူဖို့ လိုတဲ့ ကုန်ကြမ်းတွေပေါ့"
"ဟုတ်ပါတယ် အစ်ကိုကြီးရွှီ ဒီအစေ့တွေကို ယူလိုက်ပါ၊ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့"
နတ်ကလေးထုန်က အနီရောင်စာအိတ်ကြီး ပို့လိုက်
ပြန်သည်။ ရွှီဖန်း ရယ်မောကာ အိမ်သာ သွားရပြန်သည်။
စာအိတ်နီကို ဖွင့်ကြည့်လိုက်တော့ အနီရောင်ပိုးအိမ်သေးသေးလေးကို တွေ့လိုက်သည်။ ရွှီဖန်း ဖွင့်ကြည့်လိုက်သည်။ အထဲမှာ အနည်းဆုံး မျိုးစေ့ရာနှင့်ချီပြီး ရှိပေသည်။ ၎င်းသည် လေးရက်တစ်ကြိမ် ကြီးထွားနိုင်ပြီး ဤနည်းအားဖြင့် သူရှယ်ယာဝင်ထသည့် စားသောက်ဆိုင်အားလုံးကို ထောက်ပံ့ပေးရန် လုံလောက်ပေသည်။ ဒီမြက်ဆီဟာ ကောင်းကင်ဘုံမှ မသေမျိုးများ သူတို့အစားအစာ၌ ထည့်သုံးသည်ပါဝင်ပစ္စည်းဖြစ်ရာ သာမန်ပစ္စည်းမဖြစ်နိုင်ပေ။ ရွှီဖန်းသည် ဂရုတစိုက်ပင် အစေ့များကို သိုလှောင်
လက်စွပ်ထဲထည့်၍ ပြန်ထွက်လာခဲ့သည်။
"ရှောင်ယင် ဒီနေ့တော်တယ်၊ မင်းရဲ့အတန်းဖော်နဲ့အတူတူ ဒီချက်ပြုတ်နည်းကို ကူးရေးထားလိုက်ပါ၊ နောက်တစ်နေ့ကျမှ မူရင်းချက်ပြုတ်နည်းကို ပြန်ယူဖို့ လာခဲ့မယ်"
ကျန်းဖန်းယင်ထံ၌ သူမထားသည့် အကြောင်းအရင်းက မတော်တဆချက်ပြုတ်နည်း ပျံံ့သွားမှာ စိုးသောကြောင့်ပင်။ ချက်ပြုတ်နည်းက အထူးသီးသန့်
မဟုတ်တာကြောင့် လုပ်ငန်းကိုင်တွယ်ရလွယ်ကူမှာမဟုတ်ချေ။ ဒါကြောင့် လက်ရေးဖြင့် ကူးယူထားမှုကိုသာ သူရွေးချယ်ခဲ့သည်။
"အာ...အစ်ကိုကြီးရွှီဖန်း ပြန်တော့မှာလား"
ကျန်းဖန်းယင်က အံ့သြသွားပြီး ရွှီဖန်းကို ဖက်ရန် ပြေးလာလေသည်။ ဒါက ရွှီဖန်းအား ရှက်ရွံ့စေခဲ့သည်။
"ဒါဆို အစ်ကိုကြီးရွှီ ခဏခဏ လာလည်ရမယ်နော်"
ရွှီဖန်း နေရခက်စွာ ခေါင်းညိတ်၍ ကျန်းဖန်းယင်၏ ဖက်တွယ်မှုကနေ လျင်မြန်စွာ ထွက်လာခဲ့သည်။ ထို့နောက် ချိုးဆုအာကို ဆွဲကာ အမြန်ထွက်ပြေးလာခဲ့သည်။
ကျန်းဖန်းယင်သည် တရွေ့ရွေ့ထွက်သွားသော ရွှီဖန်း၏ကျောပြင်အား ကြောင်တောင်တောင်လေး ကြည့်နေသည်။
" ရှောင်ယင် အစ်ကိုကြီးရွှီမှာ အလှလေးတွေအများကြီးရှိတယ်နော်၊ နင် ယုံကြည်ချက်ရှိရဲ့လား"
ဒါကိုကြားတော့ ကျန်းဖန်းယင် ရှက်ရွံ့သွားသည်။ သူမ၏ မြတ်နိုးမှုက အရမ်းသိသာနေတာလား။
ထို့နောက် ကျန်းဖန်းယင်၏ မျက်လုံးအကြည့်များက တင်းမာလာသည်။ ရွှီဖန်း၏ တဖြည်းဖြည်းပျောက်
ကွယ်သွားသော ကားကိုကြည့်ရင်း လက်သီးတင်းတင်းဆုပ်ကာ ပြောလာသည်။
"ငါ ဂရုမစိုက်ဘူး၊ အခြေအနေမပေးတာထက်စာရင်တော့ တော်ပါသေးတယ်"
ကျန်းဖန်းယင်၏ ပြတ်သားသော အကြည့်ကို ကြည့်ရင်း သူမ လက်ကို ခါယမ်းမိသည်။ ဒီကလေးမကို တားလို့မနိုင်ဘူးဆိုတာ သူမသိပေသည်။
သူမ ကျန်းဖန်းယင်ကို ဆိုင်ထဲ ဆွဲသွင်း၍ ပြောလိုက်သည်။
"နင် အစ်ကိုကြီးရွှီကို ကြိုက်မှတော့ အထဲဝင်ပြီး ချက်ပြုတ်နည်းကို ကူးတော့၊ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းကို ကူညီရမယ်မလား"
ကျန်းဖန်းယင်သည် ခေါင်းမညိတ်ခင်မှာ အချိန်ခဏလောက်တော့ အံ့အားသင့်သွားခဲ့သည်။
*******************