← Chapters

မင်းရဲ့အညံ့စားကုမ္ပဏီ

Vol. 15 Ch. 219

မင်းရဲ့အညံ့စားကုမ္ပဏီ

Vol. 15 Ch. 219

"ဘယ်လိုလဲ ရွာသူကြီးဝူ"

လျိုကျင်းက ဝူယွီရွှမ်းအား တိတ်တဆိတ် ကြည့်လာသည်။ ထိုအခိုက်အတန့်တွင် သူဟာ အနိုင်ရရန် ဆုံးဖြတ်ထားခဲ့တာကြောင့် အမြန်မေးခဲ့ခြင်းပင်။

"ကျွန်မ တောင်းပန်ပါတယ် ဥက္ကဌလျို၊ ရပ်ရွာကော်မတီရုံးကတော့ စာချုပ်ချုပ်ထားတဲ့လယ်မြေတွေ ပြန်ရုတ်သိမ်းခိုင်းဖို့ အစမပြုပေးနိုင်ပါဘူး၊ ဒါကြောင့် ရွှီဖန်းကိုသာ တိုက်ရိုက်ဆက်သွယ်ပြီး မြေတွေကို လွှဲပြောင်းခွင့်ပေးမပေး သွားဆွေးနွေးသင့်ပါတယ်"

ဝူယွီရွှမ်းသည် ခပ်ပြတ်ပြတ်ပြောရင်း လျိုကျင်း၏ အကြံဉာဏ်ကို တွန်းဖယ်ခဲ့သည်။

"ကျေးဇူးပြုပြီး ထွက်သွားပေးပါ၊ ကျွန်မမှာ လုပ်စရာအလုပ်တွေရှိသေးလို့"

လျိုကျင်း၏မျက်လုံးများ ကျယ်သွားခဲ့သည်။ သူ့မျက်လုံးထဲတွင် အရမ်းအကျိုးကျေးဇူးများ များပြားနေသည့် သူ့ကမ်းလှမ်းမှုက ငြင်းပယ်ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"မင်း မင်း"

သူ့အမြင်အရ  ရွှီဖန်းကို ချနင်း၍ ပေးထားသော အခွင့်အလမ်းက မသေးပေ။ သူ့မျက်လုံးထဲမှာတော့ ရွှီဖန်းဟာ တောသားသာဖြစ်ပြီး အကယ်၍ စာချုပ်ကို သန်း၂၀လောက် ပစ်ထည့်ပေးလိုက်ပါက ရွှီဖန်းဟာ သူ့ကို စာချုပ်လွှဲပေးလိမ့်မည်။

ဒရိုက်ဘာကလည်း သူ့သူဌေး၏ မပျော်ရွှင်မှုကို သတိထားမိသည်။ သို့သော်ငြား ဒီနေရာဟာ တစ်စုံတစ်ယောက်၏ရုံးခန်းဖြစ်နေတာကြောင့် သူ ဘာမှမပြောဘဲ လျိုကျင်း၏ ညွှန်ကြားချက်ကိုသာ လိုက်နာ၍ ရုံးအပြင်ကို ထွက်လာခဲ့သည်။

"ဟမ့်! ဒီတောသားအုပ်စုက ပိုက်ဆံဆိုတာ ဘာလဲဆိုတာ တစ်ကယ် မသိကြတာပဲ၊ ငါ မင်းတို့အဖေက ဒီလို အခြေအနေကို လက်မခံနိုင်ဘူး"

ရုံးအပြင်၌ လျိုကျင်းက စိတ်ဆိုးတကြီးပြောလာသည်။

"ဥက္ကဌ မှန်ပါတယ်၊ ရွာလူကြီးကတော့ သူ့အလုပ်သူ လုပ်နေတာဖြစ်မှာပါ၊ ကျွန်တော်တို့ ရွှီဖန်းကို ချနင်းဖို့ပဲ လိုပါတယ်"

ဒရိုက်ဘာရှောင်ဝမ်က ဘေးမှာ လေးလေးစားစား ပြောလာသည်။

"အမှန်ပဲ သူ့အိမ်ကိုသွားပြီး စောင့်ရအောင်"

လျိုကျင်းသည် သက်ပြင်းတစ်ချက်ချကာ ရွှီဖန်း၏ အိမ်ကိုသွားလိုက်သည်။

ထိုအချိန် ရွှီဖန်းကလည်း ရွာအဝင်ဝကို ရောက်နေလေပြီ။ သူဟာ လမ်းဘေးမှာ ရပ်ထားသည့် Sports carကိုကြည့်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

"အိုး ဒီဘော့စ်လျိုက ခေတ်အမြင်ရှိသားပဲ၊ သူ ဒီကို Sports carမောင်းလာတာတော့ နှမြောစရာပဲ၊ ရွာထဲက လမ်းတွေက အဲ့ဒီကားတွေမောင်းနိုင်လောက်တဲ့အထိတော့ မကောင်းသေးဘူး"

အလွန်လျင်မြန်စွာပင် သူ့အိမ်ကို ရောက်လာခဲ့သည်။ သူကားပေါ်က ဆင်းလာသည်နှင့် ဝူယွီရွှမ်းဆီမှ ပြန်လာခဲ့ကြသည့် လျိုကျင်းနှင့် ရှောင်ဝမ်ကို တိုက်ဆိုင်စွာ တွေ့လိုက်သည်။ 

ရွှီဖန်းသည် အကြည့်တစ်ချက်နှင့်တင် လျိုကျင်းကို သိလိုက်သည်။ ဒီရွာမှာ သူ့လို ဝတ်စုံပြည့်ဝတ်သည့်လူက မရှိပေ။

သို့သော်ငြား သူ့ဘက်မှ စ၍ မခေါ်ချေ။ သူတစ်ဖက်ကိုလှည့်ကာ အော်ပြောလိုက်သည်။

"ဆုအာ မြန်မြန်လာ၊ မင်း ခုနက လေ့လာထားတာတွေ ကိုယ်မြည်းကြည့်ချင်နေပြီ"

ရွှီဖန်းက လျိုကျင်းတို့ကို တမင် လျစ်လျူရှုထားမှန်း ချိုးဆုအာသိသော်လည်း သူမစိတ်ထဲ၌ ပျော်ရွှင်နေတုန်းပင်။ သူမမျက်နှာပေါ်မှာ အပြုံးလေးတင်ရင်း ရွှီဖန်းနှင့်အတူ အိမ်ထဲ လိုက်ဝင်လိုက်သည်။

လျိုကျင်းသည်လည်း ရွှီဖန်းကားပေါ်မှ ဆင်းလာကတည်းက မှတ်မိတာ သိသာပေ၏။ သူက ရွှီဖန်းအား အော်ပြောလာသည်။

"သူဌေးရွှီမလား!"

ထိုအခိုက်အတန့်တွင် ရွှီဖန်းသည် ခြံထဲသို့ ဝင်ပြီးနေလေပြီ။ သူနောက်ကိုလှည့်ကာ အံ့သြချင်ယောင်ဆောင်၍ မေးလိုက်သည်။

"အာ...ဥက္ကဌဆိုတဲ့လူလား"

လျိုကျင်းက သူ့ကော်လံကို ပြင်ရင်း အိတ်ထဲမှ လုပ်ငန်းကတ်ကိုထုတ်၍ ပေးလာသည်။ 

ရွှီဖန်းလည်း လုပ်ငန်းကတ်ကိုယူ၍ အံ့သြချင်ယောင်ဆောင်လိုက်သည်။ 

"ယို...ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးဥက္ကဌက ခင်ဗျားပေါ့...ခင်ဗျားက ပြည်နယ်တစ်ခုလုံးမှာ ပါဝင်

ပစ္စည်းအကြီးဆုံးထောက်ပံ့သူဆိုတာ ကြားဖူးထားပါတယ်၊ ကျုပ် ခင်ဗျားအကြောင်း အများကြီး ကြားဖူးထားပါတယ်၊ အများကြီး ကြားဖူးထားပါတယ်"

ဝူယွီရွှမ်း လျစ်လျူရှုတာ ခံလိုက်ရသည့် လျိုကျင်းသည် ရွှီဖန်းကို တွေ့သည့်အခါ ပြန်၍ ယုံကြည်မှု ရှိလာလေသည်။

"သာမန်ပါပဲ၊ ဒါပေမယ့် အကြီးဆုံးလို့ ပြောလို့ရပါတယ်"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ သို့သော် သူအိမ်ထဲကို ဖိတ်ခေါ်ရန် မစီစဥ်ထားပေ။ သူ အပြုံးဖြင့် ဆက်ပြောလိုက်သည်။ 

"ဒါဆို ခင်ဗျားတို့က လုပ်စရာတွေလိုအပ်နေတော့ အလုပ်ရှုပ်နေမှာပဲ"

လျိုကျင်း အံ့အားသင့်နေသည်။ မဟုတ်သေးပေ။ ရွှီဖန်းသည် သူ့ကို ဖားယားသည့်အမူအရာဖြင့် အိမ်ထဲ ဝင်ရန် ဖိတ်ခေါ်ရမည်မဟုတ်ပါလော။

"အဟမ်း သူဌေးရွှီ မင်းကိုရှာဖို့ ဒီနေ့ ရောက်လာတာပါ၊ မင်းညီမလေးပြောတယ်မဟုတ်ဘူးလား"

လျိုကျင်းချောင်းဆိုးကာ အဆင်မပြေသလို ပြောလိုက်သည်။

ထိုအချိန် ရွှီဖန်းက 

"အိုး တစ်စုံတစ်ယောက်က ကျုပ်ကို လိုက်ရှာနေတယ်လို့ ညီမလေး လှမ်းပြောထားတယ်၊ အဲ့ဒီလူက ဥက္ကဌလျို ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး၊ ခင်ဗျားလို သူဌေးကြီးက ဘာမှ လုပ်စရာမရှိဘဲ ကျုပ်လို လယ်သမားငယ်လေးကို ဘာလို့ လာရှာတာလဲ"

ရွှီဖန်း၏ ပုံကြီးချဲ့နေသော အမူအရာကို မြင်သည့်

အခါ ချိုးဆုအာရယ်မောလိုက်ပြီး ထမင်းချက်ရန်

အတွက် ရွှီရှို့ရှို့ကို အထဲခေါ်သွားလေသည်။

"အာ...သူဌေးရွှီ ဘာလို့ ငါတို့ အထဲဝင်မပြောတာလဲ"

တံခါးဝမှာ ရပ်နေသည့် လျိုကျင်းက ရွှီဖန်းကို ကြည့်၍ ပြောလာသည်။

"အာ ဝင်စရာမလိုပါဘူး၊ ဥက္ကဌလျို ခင်ဗျားမှာ စီးပွားရေးလုပ်ငန်းအကြီးကြီးရှိတော့ အလုပ်ရှုပ်နေမှာပဲ၊ ကျုပ် ခင်ဗျားကို မနှောင့်ယှက်ရက်ပါဘူး၊ ပြောစရာရှိရင် ပြောသွားလိုက်ပါ"

ရွှီဖန်း ဟန်ဆောင်နေသည်ဟု လျိုကျင်းထင်သော်လည်း သူ ပေါ်တင်ဒေါသမထွက်နိုင်ပေ။

"အိုကေလေ သူဌေးရွှီက အရမ်းရိုးသားနေမှတော့ တိုက်ရိုက်ပဲပြောလိုက်ပါ့မယ်၊ မင်း စာချုပ်ချုပ်ထားတဲ့ လယ်မြေတွေအားလုံးကို ပြန်ဝယ်ဖို့ ဒီနေ့ ရောက်လာတာပါ၊ ကျွန်တော် သန်း၂၀ပေးချင်ပါတယ်"

လျိုကျင်းသည် ရွှီဖန်း၏အဖြေကို စောင့်မျှော်လျက် စိတ်ချလက်ချ ရပ်နေခဲ့သည်။ သူမလာခင်မှာ လုံလောက်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ပြီး ရွှီဖန်း၏ခြံနှင့် သူစာချုပ်ချုပ်ထားသည့် လယ်မြေအားလုံးကို စစ်ဆေးရန် သူ့လူတွေကို စေလွှတ်ခဲ့သည်။  သီးပင်စားပင်များနှင့် ကြက်များအပြင် ရွှီဖန်း၏ စာချုပ်များက အများဆုံး ၃-၄သန်းထိ တန်ဖိုးရှိလေသည်။

သို့သော်ငြား ရွှီဖန်း၏ အမူအရာက အေးစက်သွားခဲ့သည်။ 

"ဥက္ကဌလျို ကျုပ်က လုပ်ငန်းသေးသေးလေးပဲ လုပ်

ချင်တာပါ၊ တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျုပ်

လက်ခံလို့မရဘူး"

"မင်း"

လျိုကျင်းအံ့အားသင့်သွားကာ ဒေါသတကြီးအော်လိုက်မိသည်။

"ရွှီဖန်း ငါမင်းကို အထင်ကြီးလေးစားတာမလို့ ဝယ်ဖို့ လာခဲ့တာ၊ မဟုတ်ရင် ငါ့ကုမ္ပဏီအင်အားနဲ့ အတင်းအကြပ်လုပ်လို့ရတယ်၊ ဖိအားလာမပေး.."

သူစကားပြောလို့မပြီးခင် ရွှီဖန်းက ဖြတ်ပြောလာသည်။

"မင်းရဲ့အညံ့စားကုမ္ပဏီအင်အားလား"

"ကောင်းတယ်! ဘယ်လိုတောင်ကောင်းပါ့ ရွှီဖန်း! ကောင်းလိုက်တဲ့လယ်သမား! စောင့်နေ မင်း နောင်တရလိမ့်မယ်! အချိန်ရောက်လာမှ လာမတောင်းပန်နဲ့!"

လျိုကျင်းတစ်ယောက် တစ်ကယ်ဒေါသထွက်နေသည်။ ရွှီဖန်းက ထိုကဲ့သို့ အပြုအမူဖြင့် သူ့အား စကားပြောရဲလိမ့်မည်ဟု သူမထင်ခဲ့ချေ။

"ဂရုစိုက်သွားပါ"

ရွှီဖန်း ပေါ့ပါးစွာ ပြောလိုက်သည်။ သူတစ်ဖက်ကိုလှည့်ကာ ရွှီရှို့ရှို့ သူ့အတွက်တင်ထားပေးသည့် တံခါးပေါ်မှ လက်ဆောင်ဘူးကို ကောက်ကိုင်ပြီး ထွက်ခွာသွားသော လျိုကျင်း၏ ပုံရိပ်ကို တားလိုက်သည်။

"ဥက္ကဌလျို!"

ရွှီဖန်း အော်ခေါ်ခဲ့သည်။ 

လျိုကျင်း ပြန်လှည့်လိုက်သည်။ ရွှီဖန်းက သူ့စကားတွေကို ပြန်ရုတ်သိမ်းလိမ့်မည်ဟု သူတွေးနေသည်။

"ပစ္စည်းတွေ မမေ့ကျန်စေနဲ့လေ၊ ကျုပ်တို့က မိသားစုတွေမဟုတ်ဘူး၊ ဒါကြောင့် နောက်တစ်ခါလာလည်ရင် လက်ဆောင်တွေ မယူလာပါနဲ့"

ရွှီဖန်းက လက်ဆောင်ဘူးကို ကမ်းပေး၏။ လျိုကျင်းသည် တစ်ခါမှ ဒီလောက်အထိ ဒေါသမထွက်ဖူးပေ။ သူက လက်ဆောင်ဘူးအား မြေပြင်ပေါ်သို့ ရိုက်ချရင်း နှာမှုတ်ကာ ထွက်သွားလေသည်။ 

ထွက်သွားသောလျိုကျင်း၏ပုံရိပ်အား ရွှီဖန်း လှောင်ရယ်ရင်း အိမ်ထဲ ပြန်ဝင်လာခဲ့သည်။

မတိုင်ခင်က လျိုကျင်းကို သူလေးစားသလို ဟန်ဆောင်ပြခဲ့ခြင်းမှာ သူ့အပေါ် ထားသည့် သဘောထားပြောင်းလဲပြီး ဒေါသပိုထွက်စေရန်ဖြစ်သည်။ ဒါမှသာ နောက်ပိုင်း သူ့ကို တိုက်ခိုက်လာပါက သူလည်း ဆက်ဆံရတာ ပိုလွယ်ကူလိမ့်မည်။ ဘာပဲပြောပြော ယခုဆိုလျှင် သူ့မှာ စစ်တပ်နောက်ခံရှိနေလေပြီ။ 

အိမ်အနောက်ဘက်မှာတော့ ချိုးဆုအာသည် ဟင်းပွဲအားလုံးပြင်ဆင်ထားပြီးပြီဖြစ်၏။ စားပွဲပေါ်၌ ဟင်းပွဲလေးပွဲ၊ စွပ်ပြုတ်တစ်ခွက်စီရှိနေလေသည်။ အနံ့များကလည်း မွှေးကြိုင်နေလေ၏။ 

ရွှီရှို့ရှို့၏ စားချင်စိတ်ကို သည်းမခံနိုင်တော့သော အမူအရာကိုကြည့်ကာ ရွှီဖန်း ရယ်မော၍ ခုံမှာ ဝင်ထိုင်ခဲ့သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းကာ အားလုံးကို စစားရန် အချက်ပြခဲ့သည်။

*********************

All Chapters