← Chapters

ဒုက္ခ

Vol. 15 Ch. 220

ဒုက္ခ

Vol. 15 Ch. 220

သူ့အချစ်လေး ချက်ကျွေးတာတွေ စားသောက်ပြီးနောက် ရွှီဖန်းသည် တောင်ပေါ်သို့ တက်ကာ မြက်ဆီထုတ်လုပ်နိုင်မည့် ဟင်းရွက်ပင်အစေ့ကို စိုက်ပျိုးရန် ပြင်ဆင်လေသည်။

ထိုအချိန် လျိုကျင်းက ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုနေသည်။ သို့သော် ဘယ်သူမှ မကိုင်သေးပေ။ သူ ငြီးတွားလိုက်မိသည်။

"ဒီရွှီဖန်းဆိုတဲ့ ကျေးဇူးမမြင်တတ်တဲ့ကောင်၊ မြေဝယ်ပေးပါဆိုပြီး ငါ့အရှေ့မှာ ဒူးထောက်ငိုယိုပြီး တောင်းဆိုလာအောင် ဒီအဖေ လုပ်ပြမယ်!"

တိတ်ဆိတ်စွာ ကားမောင်းနေသည့် ဒရိုက်ဘာရှောင်ဝမ်သည် ရွှီဖန်းအတွက် စိတ်ရင်းဖြင့် စာနာမိသွားသည်။ အမည်မသိကုမ္ပဏီဘဝကနေ အခုလို အခြေအနေအထိ ရောက်အောင် သူကလည်း လျိုကျင်းနှင့်အတူတူ တိုက်ပွဲဝင်ခဲ့ရသည်။ ဘယ်သူကမှ လျိုကျင်း၏ ခြေလှမ်းများကို မတားစီးနိုင်ခဲ့ပေ။ သူ့အမြင်အရ ရွှီဖန်းကလည်း တခြားလူများနှင့် အတူတူလောက်ပင်။

မကြာလိုက်ပေ၊ ဆက်သွယ်မှုက ချိတ်ဆက်သွားပြီး တစ်ဖက်မှ ကြမ်းတမ်းသည့်အသံထွက်လာသည်။

"ဟယ်လို လျိုကျင်းလား၊ ဘာဖြစ်လို့လဲ"

အသံကိုကြားလိုက်ရသည်နှင့် လျိုကျင်းမျက်နှာပေါ်မှ ဒေါသများက ချက်ချင်းပင် အပြစ်ကင်းစင်သည့် အပြုံးများ ဖြစ်သွားခဲ့သည်။

"ဟဲဟဲ အတွင်းရေးမှူးဝမ် ကျွန်တော်က ဦးလေးကို ရှာနေတာပါ"

"အိုး မြို့တော်ဝန်လျိုက အစည်းအဝေးလုပ်နေတယ်၊ ဘာကိစ္စလဲ"

အတွင်းရေးမှူးဝမ်က မထူးခြားနားစွာ ပြန်ဖြေလာသည်။

"ဒါက ဒီလိုပါ၊ ကျွန်တော်က အခုလုပ်ငန်းကို တောတောင်ရွာတစ်ခုမှာ တိုးချဲ့ချင်တာ၊ ကျွန်တော့်

အတွက်တော့ အဲ့ဒီတောင်မှာ စားနက်ရိက္ခာအခြေစိုက်ရုံးခွဲကို ဖွင့်လှစ်ထားမယ်ဆိုရင် ရွာသားတွေအတွက်လည်း အလုပ်၅၀လောက် ချပေးနိုင်မယ်၊ သိထားရမှာက သူတို့ရွာမှာ လူတစ်ရာလောက်ဝန်းကျင်ပဲရှိတာ၊ ဒီတော့ မိသားစုတစ်ခုမှာ အလုပ်တစ်ခုစီရှိဖို့ ညီမျှလိမ့်မယ်လို့ ထင်တယ်၊ ဒါပေမယ့် လယ်သမားလုပ်ငန်းရှင်တစ်ယောက်က ကျွန်တော့်ကို တားလာတယ်၊ သူက အဲ့ဒီတောင်ပေါ်မှာ ဆောင်ရွက်ခွင့်မပြုခဲ့ဘူး၊ ဒါကြောင့်...."

လျိုကျင်းသည် လုံးဝမျက်နှာ မနီရဲသွားဘဲ အဖြူကနေ အမဲဖြစ်အောင် ပြောင်းပြောခဲ့လေသည်။ လယ်သမားလုပ်ငန်းရှင်က မြေကွက်တွေအားလုံးကို စာချုပ်ချုပ်ထားသည်ဆိုသည့် အချက်ကို သူထိမ်ချန်ထားခဲ့သည်။

"ဒီလိုလား ဘယ်ရွာလဲ၊ ငါ ရွာသူကြီးနဲ့ တိုက်ရိုက်

ဆက်သွယ်ပြီး စာချုပ်ချုပ်လိုက်မယ်၊ မင်းကိုလည်း ကူညီခိုင်းလိုက်မယ်"

အတွင်းရေးမှူးဝမ်သည် ထိုအကြောင်းကိုကြားသော် သူပဲတာဝန်ယူလိုက်သည်။ ရွာသူကြီးလောက်ကို မြို့တော်ဝန်၏အတွင်းရေးမှူးအနေဖြင့် မကိုင်တွယ်နိုင်လို့မရပေ။

"ဟင်း တော်ပါသေးတယ်၊ ဒါဆို ကျွန်တော် သတင်းကောင်းကို စောင့်နေပါ့မယ်၊ ရွာက မြစ်အောက်ပိုင်းရွာပါ"

လျိုကျင်းသည် လေးလေးစားစားပင် ဖုန်းချခဲ့သည်။ သူ့မျက်လုံးထဲမှ တောက်ပနေသော အလင်းရောင်နှင့်အတူ သူကြမ်းကြုတ်စွာ ပြောလိုက်သည်။

"ဒီရွာသူကြီးက မြို့တော်ဝန်ရဲ့အတွင်းရေးမှူးဝမ်ကနေ တောင်းဆိုလာတဲ့တောင်းဆိုမှူကို ငြင်းဆန်ရဲလိမ့်မယ်လို့ ငါမယုံဘူး"

ဒါပေါ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေသူ ရွှီဖန်းကတော့ အခြေအနေသိရရန်အတွက် ဝူယွီရွှမ်း၏ ရုံးခန်းမှာ ရောက်ရှိနေသည်။

"ယွီရွှမ်း ဒီတစ်ကြိမ်ကောင်းကောင်းလုပ်ခဲ့တာပဲ၊ မဟုတ်ရင် မင်းယောကျ်ားက မင်းကို လက်မထပ်နိုင်တော့မှာ စိုးရိမ်မိတယ်"

ရွှီဖန်းသည် ဝူယွီရွှမ်းအား အပြုံးဖြင့် စနောက်နေသည်။ ဝူယွီရွှမ်း ရှက်သွားကာ သူ့ကို စိုက်ကြည့်၍ ပြောလာသည်။

"ဒါက ရုံးရဲ့ ပထမဦးစားပေးပဲလေ၊ နင့်ရဲ့မြေတွေကို လွှဲပြောင်းချင်ရင် အရင်ဦးဆုံး နင်သဘောတူညီဖို့ လိုတယ်"

ထို့နောက်

"အဲ့ဒီလျိုကျင်းက ငါတို့ရွာက အရင်လိုဆင်းရဲတယ်များ မှတ်နေလား၊ သူက အလုပ်၅၀ပေးမှာမလို့ နင့်ရဲ့မြေတွေကို အတင်းအကြပ်လာလွှဲခိုင်းနေတာ...ရွှီဖန်း နင်ဆိုရင် အနည်းဆုံး အလုပ်၁၀၀လောက် ရွာသားတွေကို ထောက်ပံ့ပေးထားတာလေ ဟုတ်တယ်မလား"

ဒါကိုကြားသည့်အခါ ရွှီဖန်းလည်း လေးနက်စွာ ခေါင်းညိတ်၍ ပြောလာသည်။

"ဟုတ်တယ် ငါတို့ရွာရဲ့ကြွယ်ဝမှုကို သူက လိုချင်နေတာ၊ လျိုကျင်းရဲ့မျက်လုံးထဲမှာ ငါထောက်ပံ့ပေးနေတဲ့ ပါဝင်ပစ္စည်းတွေပဲရှိတယ်၊ ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာနဲ့ အတူတူပဲလေ၊ တောင်ပေါ်က ငါ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေအတွက် သူ လျော်ကြေးပေးလာတယ်ဆိုရင်တောင် သီးပင်စားပင်တွေနဲ့ တိရိစ္ဆာန်တွေကို စိုက်ပျိုးမွေးမြူတဲ့ ငါ့ရဲ့ လျို့ဝှက်နည်းလမ်းက အဖိုးဖြတ်လို့ မရဘူး"

ဝူယွီရွှမ်း ပုခုံးတွန့်ပြလိုက်သည်။ သူမ ဘာမှ ဂရုမစိုက်ပေ။ ရွှီဖန်း ဒီရွာအပေါ်မှာ သစ္စာရှိ၊မရှိကသာ သူမနှင့် သက်ဆိုင်ပေသည်။

သူမစကားပြောခါနီးတွင် စားပွဲပေါ်မှ ဖုန်းက မြည်လာသည်။

"မင်္ဂလာပါ၊ မြစ်အောက်ပိုင်းရွာက ရွာသူကြီးဖြစ်ပါတယ်၊ ဘယ်သူလဲသိခွင့်ရှိမလား"

ဝူယွီရွှမ်းသည် ဖုန်းကိုကောက်ကိုင်၍ အလုပ်လုပ်နေသည့် အသံအနေအထားကို ပြောင်းသွားလေသည်။

"ရွာသူကြီးဝူ ကျွန်တော်က မြို့တော်ဝန်လျိုရဲ့ အတွင်းရေးမှူး ဝမ်ဇဲ့ပါ"

ဝမ်ဇဲ့သည် ဖုန်းကိုကိုင်ထားရင်း သူ့အထောက်အထားကို ဖော်ပြကာ မသိစိတ်မှအလိုလို ဖိအားပေးလိုက်သည်။ 

"အတွင်းရေးမှူးဝမ်လား၊ ညွှန်ကြားစရာရှိလို့လားရှင့်"

ဝူယွီရွှမ်း၏ အမူအရာက လေးနက်သွားခဲ့သည်။ သို့သော် အတွင်းရေးမှူးဝမ်ဟာ ရွှီဖန်းကိစ္စကြောင့် ဆက်လာမှန်း သူမ သေချာသိပေသည်။ 

မျှော်လင့်ထားသည့်အတိုင်း အတွင်းရေးမှူးဝမ်သည် အဓိကအချက်ကို တန်းပြောလေသည်။

"ဒီလိုပါ ရွာသူကြီးဝူ လျိုကျင်းလို့ခေါ်တဲ့ လုပ်ငန်းရှင်တစ်ယောက်က မင်းဆီက မြေကွက်တွေကို စာချုပ်ချင်ခဲ့ပေမယ့် မင်းက ငြင်းပယ်ခဲ့တယ်လို့ကြားတယ်၊ ဟုတ်ရဲ့လား"

ဝူယွီရွှမ်းသည် ရွှီဖန်းကို တစ်ချက်ကြည့်ကာ ဖုန်းကို စပီကာဖွင့်လိုက်သည်။

"ဟုတ်ပါတယ်"

"အတွင်းရေးမှူးဝမ် ဒီကိစ္စနဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးချင်တာရှိလို့လား"

"ထင်မြင်ချက်ဟုတ်လား ကျွန်တော်က ဘယ်လိုလုပ် ထင်မြင်ချက်ပေးနိုင်မှာလဲ၊ ရွာသူကြီးဝူ မင်းရွာရဲ့အကြောင်းအရာအသေးစိတ်ကို ဖတ်ရှုပြီးပါပြီ၊ ဒါက ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ အဆင်းရဲဆုံးရွာတွေထဲက တစ်ရွာလို့ သတ်မှတ်ခံထားရတယ်မဟုတ်လား"

ဝမ်ဇဲ့က ရိုးသားသည့်အသံဖြင့် ပြောနေသည်။

"ဒီတစ်ခါ မင်းရဲ့ရွာမှာ ရင်းနှီးမြှုပ်နှံဖို့ သြဇာကြီးမားတဲ့လူက ရှားရှားပါးပါးရောက်လာတာကို ဘာလို့ ငြင်းပယ်ချင်ရတာလဲ၊ လယ်သမားလုပ်ငန်းရှင်

တစ်ယောက်ကပါ ဒီကိစ္စထဲဝင်ပါနေတယ်လို့ကြားတယ်၊ ကိုယ့်ရွာရဲ့အခြေအနေကို စဥ်းစားပေးရမယ်လေ၊ ဒေသခံတွေကို အာရုံစိုက်ပြီး ရွာ ဖွံ့ဖြိုးတိုးတက်လာမယ့် အခွင့်အရေးတွေကို အဆုံးရှုံးခံလို့မဖြစ်ဘူး"

ဒါကို ကြားသည့်အခါ ရွှီဖန်းသည် အတွင်းရေးမှူးဝမ်နောက်ကွယ်မှ မြို့တော်ဝန်က လျိုကျင်းနောက်ကွယ်မှလူဆိုတာ သိလိုက်သည်။ လျိုကျင်းသည် ဒီလိုမကောင်းသည့် အရာကို လုပ်ဆောင်

လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

သို့သော်ငြား ဒီနည်းလမ်းကို တွေးရင်း စကားပြောဆိုရန်အတွက် သူ့ကိုယ်ပိုင်ခွန်အားကို အားကိုးရန်လိုအပ်သေးကြောင်း သူနားလည်ခဲ့သည်။ မဟုတ်လျှင် သူ့မှာ အကြောင်းပြချက်များစွာ ရှိနေလျင်တောင်မှ ကျိုးကြောင်းမသင့်လျော်သည့် အရာပေါင်းများစွာကို မြင်ရလိမ့်မည်။

"အတွင်းရေးမှူးဝမ် ဒီကိစ္စကိုသေချာစုံစမ်းရပါမယ်၊ ရွှီဖန်းလို့ခေါ်တဲ့ လုပ်ငန်းရှင်တစ်ယောက်က ကျွန်မတို့ရွာက မြေကွက်တွေအားလုံးကို စာချုပ်ချုပ်ထားပြီးသားပါ၊ ပြီးတော့ သူက ရွာသားတွေအတွက် အလုပ်၁၀၀ကျော်ပေးခဲ့တဲ့အပြင် လမ်းကိုလည်း ပြုပြင်ပေးထားပါတယ်"

ဝူယွီရွှမ်းသည် နှုတ်ဆိတ်၍ မနေနိုင်တော့ချေ။ သူမ လက်ရှိအခြေအနေကိုလည်း တင်ပြပြီးပြီဖြစ်ရာ အကယ်၍ သူသာ လျိုကျင်းကို ဆက်ပြီးကူညီချင်သေးပါက သူမဘက်က ဘာမှပြောနိုင်တော့မည်

မဟုတ်ချေ။

မျှော်လင့်ထားသကဲ့သို့ အတွင်းရေးမှူးဝမ်သည် ဝူယွီရွှမ်းရှင်းပြသည်ကို ကြားသော် ဘာတွေဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။ သူ ဝူယွီရွှမ်းနှင့် စကားအနည်းငယ်ပြောပြီးနောက် ဖုန်းကို အမြန်ချသွားခဲ့သည်။

"ကြည့် ဒုက္ခက လာနေပြီ"

ဝူယွီရွှမ်းက ရွှီဖန်းကိုကြည့်ရင်း တခစ်ခစ်ရယ်နေသည်။ သို့သော် သူမ ရွှီဖန်းကို အမှန်တစ်ကယ်စိတ်ပူခြင်းပင်။ 

ရွှီဖန်းကတော့ စိတ်မပူနေပေ။ သူက အိတ်ထဲမှ ကတ်ကို ထုတ်ပြီးတော့တောင် ကစားနေသေး၏။

ဝူယွီရွှမ်းသည် ခေတ္တကြောင်အသွားကာ စိတ်ဆိုးတကြီးပြောလာသည်။

"ဟေး ရွှီဖန်း နင် တစ်ကယ်စိတ်မပူဘူးလားလို့!"

ရွှီဖန်းသည် သူ့လက်ထဲမှ ကတ်ကို ပစ်ပေးရင်း ရယ်

လိုက်လေသည်။ 

ဝူယွီရွှမ်းအံ့သြသွားခဲ့သည်။ သူမ ယူကြည့်လိုက်တော့ ရေးထားသည့်စာကို တွေ့လိုက်သည်။

ချန်ဟိုင်းပြည်နယ် စစ်တပ်ချုပ်ရုံးမှ ခန့်အပ်ထားသော ဆေးဘက်ဝန်ထမ်း - ရွှီဖန်း။ 

"တစ်ကယ်ကြီးလား၊ နင် ဘယ်တုန်းက ဒီလောက်ထိ အံ့သြဖို့ကောင်းသွားတာလဲ"

ရွှီဖန်းပေါ့ပေါ့ပါးပါးပြုံး၍ မတ်တပ်ရပ်ကာ မျက်နှာက သူမအနားကို ကပ်သွားလိုက်သည်။

"ငါ့ကို ယောကျ်ားလို့ခေါ်ရင် ပြောပြမယ်"

ဝူယွီရွှမ်း ရှက်ရွံ့သွားသည်။ သူမလက်ထဲမှ ကတ်ကို ရွှီဖန်းထံ ပစ်ထုတ်ကာ သူမခေါင်းကို တစ်ဖက်လှည့်

လိုက်သည်။

သို့သော် သူမစိတ်နှလုံး၏ အောက်ခြေ၌ တိတ်တဆိတ်ပင် သက်ပြင်းတစ်ချက်ကို လွှတ်ထုတ်လိုက်မိ၏။

**********************

All Chapters