စစ်တပ်ကလား
Vol. 15 Ch. 221
ရုံးအပြင်၌ ရွှီဖန်းသည် သူ့ဖုန်းကို ထုတ်၍ ဝူမင် သူ့အတွက် ချန်ထားပေးခဲ့သော နံပါတ်ကို ခေါ်ဆိုလိုက်သည်။
"ဟယ်လို ဘယ်သူလဲ"
ဝူမင်က ခေါ်ဆိုသူနံပါတ်ကိုကြည့်နေသည်။ သူ့ဖုန်းထဲမှာ မှတ်တမ်းမတင်ထားတာကြောင့် စိတ်ရှုပ်ထွေးကာ မေးမိသည်။
"ခေါင်းဆောင်ဝူ ကျွန်တော် ရွှီဖန်းပါ"
ရွှီဖန်း အပြုံးဖြင့်ပြောလိုက်သည်။
ဝူမင်အံ့သြသွားခဲ့သည်။ နှစ်ယောက်တွေ့ထားတာ မကြာသေးဘဲ ရွှီဖန်းမှ ဖုန်းခေါ်လာမည်ဟု မထင်ထားပေ။ ဒါကြောင့် မနေနိုင်ဘဲ မေးမိသည်။
"ဒေါက်တာရွှီ ဘာဖြစ်လို့လဲ၊ ကိစ္စတစ်ခုခုဖြစ်လို့လား"
ရွှီဖန်း ကျိတ်ပြုံးလိုက်သည်။ ဝူမင်၏ စိတ်နေစိတ်ထားအပေါ်မှာ သူယုံကြည်ချက်ရှိလေသည်။ ဝူမင်ကဲ့သို့သောလူတွေက စစ်တပ်ထဲမှာ ကြီးပြင်းခဲ့ကြတာဖြစ်သည်။ သူတို့စိတ်ဝင်စားသည်က တိုင်းပြည်နှင့် ပြည်သူ၏ အကျိုးစီးပွားကိုသာ ဖြစ်သည်။
ဒါကြောင့် သူ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ရှင်းပြလိုက်သည်။
"ဒီလိုပါ ခေါင်းဆောင်ဝူ၊ ကျွန်တော် ခင်ဗျားတို့စစ်တပ်ရဲ့ လိုအပ်ချက်တွေကို အကြမ်းဖျင်းနားလည်ထားပါတယ်၊ ကျွန်တော် လေထဲကို ဖြန့်လို့ရတဲ့ အရောင်မရှိ၊ အနံ့မရှိ အဆိပ်ငွေ့တစ်မျိုးကို ပေါင်းစပ်ဖော်ထုတ်ဖို့ ပြင်ဆင်နေတယ်၊ အဆိပ်ဖြေဆေးသာ ကြိုပြီးမသောက်ထားဘူးဆိုရင် သာမန်လူက အငွေ့ကို ရှူရှိုက်ပြီးနာရီအနည်းငယ်
အတွင်းမှာ သတိကို ဆုံးရှုံးသွားလိမ့်မယ်"
ဖုန်းတစ်ဖက်ခြမ်းမှ ဝူမင်သည် ခေတ္တအံ့သြသွားပြီးနောက်မှာ သူ့မျက်လုံးထဲမှ စိတ်လှုပ်ရှားမှု အလုံးအရင်းလိုက်က ထွက်ရှိလာသည်။ ရွှီဖန်းပြောခဲ့သည့်အရာသာ ဖန်တီးနိုင်ခဲ့မည်ဆိုလျှင် သူတို့အတွက် အထူးလက်နက်ဖြစ်လာလိမ့်မည်။ နတ်ဘုရားလက်နတ်ဟုတောင် ပြောလို့ရပေမည်။
ဝူမင်သည် ပီတိအဟုန်တက်ကြွစွာဖြင့် ရွှီဖန်းဘက် ပြန်လှည့်လိုက်သည်။
"ဒေါက်တာရွှီ အဲ့ဒီအဆိပ်ကိုဖော်စပ်ဖို့ ဘယ်လောက်ယုံကြည်ချက်ရှိလဲ"
ဝူမင်၏ ရိုသေသမှုပြုသော အသံကိုနားထောင်ရင်း ရွှီဖန်း စိတ်ထဲမှ ရယ်လိုက်သည်။ ဝူမင် ကူညီလိမ့်မယ်ဆိုတာ သူသိပေသည်။
ဒါပေါ့၊ ထိုကဲ့သို့သော အဆိပ်မျိုးကို ရွှီဖန်း မစမ်းသပ်ရသေးချေ။ ထိုအဆိပ်၏ဖြေဆေးကို စိမ်းပြာရောင်အိတ်မှာ မှတ်တမ်းတင်ထားသည်။ ရွှီဖန်း၏လက်ရှိဆေးပညာအရည်အချင်းနှင့် အဆိပ်ဖြေဆေးဖော်ရတာက မခက်ခဲပေ။
"တစ်ကယ်တော့ အဆိပ်ဖော်ရတာ ဘာမှမခက်ခဲပါဘူး၊ တစ်လအတွင်းဖော်စပ်နိုင်ပါတယ်...ဒါပေမယ့်"
ရွှီဖန်းသည် ပြောရခက်နေသလိုမျိုး ဟန်ဆောင်လိုက်သည်။
"ဒါပေမယ့် ဘာဖြစ်လဲ"
တစ်ဖက်မှ ဝူမင်၏အသံသည် ရွှီဖန်းထက်ပင် ပို၍ စိတ်ပူနေသည်။ ရွှီဖန်းဘက်မှ တစ်လအတွင်း လုပ်ပေးနိုင်သည်ဟု ကတိပေးခဲ့တာကြောင့် အတားအဆီးမှန်သမျှကို သူတတ်နိုင်သမျှ ဖယ်ရှားကူညီပေးမည်ဟု တွေးလိုက်သည်။
ဝူမင်၏စကားကိုကြားတော့ ရွှီဖန်းစိတ်ထဲမှ ပြုံးလိုက်သည်။ လျိုကျင်း ဒုက္ခရောက်အောင် လုပ်ရမည်။
ဒါကို တွေး၍ ရွှီဖန်းပြုံးကာ ပြောလိုက်သည်။
"ဒီလိုပါ ခေါင်းဆောင်ဝူ ၊ ကျွန်တော်တို့ရွာက မြေတွေကို ကျွန်တော်အကုန်စာချုပ်ချုပ်ထားပြီးပြီ၊ မြေတွေက အရမ်းကောင်းတာမလို့ သီးပင်စားပင်တွေ ဖွံ့ဖြိုးတယ်၊ ဒါပေမယ့် မြေကောင်းတာကြောင့်ပဲ ကုန်
သည်တချို့က ပစ်မှတ်ထားတာကို ခံနေရတယ်"
ဝူမင် အံ့သြသွားခဲ့သည်။ သူက ရိုးသားသော်လည်း တုံးအသည့်လူတော့ မဟုတ်ပေ။ တစ်ယောက်ယောက်က ရွှီဖန်းကို ပစ်မှတ်ထားနေပြီမှန်း သဘောပေါက်လိုက်သည်။
ရွှီဖန်းက သူ့ကို သုံးချင်နေတာ သိသာသော်လည်း ရွှီဖန်းအကူအညီမပါပါက ထိုအဆိပ်က ရနိုင်မည်
မဟုတ်သည်မှာ သေချာပေသည်။
ဒါကိုတွေးရင်း ဝူမင်သည် ဘာလုပ်သင့်လဲဆိုတာကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။ ချက်ချင်းပင် ဒီကိစ္စအား တစ်ရက်အတွင်း ဖြေရှင်းပေးမည်ဟု ပြောကာ ဖုန်းချသွားခဲ့သည်။
ဖုန်းချပြီးသည်နှင့် ဝူမင်သည် သူ့အဖေရှိရာ ဌာနချုပ်ရှိရာသို့ ဖုန်းဆက်လိုက်သည်။
"ဟယ်လို ဘာကိစ္စလဲ"
ဖုန်းတစ်ဖက်တွင် သြဇာအာဏာရှိသော သက်ကြီးပိုင်း၏ အသံထွက်လာသည်။
"ဟုတ်ကဲ့ ဒီလိုပါ အဖေ"
"ဗိုလ်မှူးလို့ ခေါ်စမ်း"
"အာ...ဟုတ်ကဲ့ ဗိုလ်မှူး၊ ကျွန်တော်တို့ သာမန်လူတွေ ရှူလိုက်ရင် ခဏတော့ သတိလွတ်သွားနိုင်မယ့် လေထဲကို ဖြန့်လို့ရတဲ့ အရောင်မရှိ၊ အနံ့မရှိအဆိပ်လိုအပ်
တယ်လို့ ထင်လား"
ဝူမင် ဟာသဖောက်လိုက်သည်။
"ဘာတွေပြောနေတာလဲ ဒါပေါ့ ငါလိုတာပေါ့! အဓိပ္ပာယ်မရှိတာတွေ လာမေးနေတယ်!"
တစ်ဖက်မှ ဖုန်းသံကို နားထောင်ရင်း သူ့အဖေသည် သူလုပ်တော့မည့်ကိစ္စကို လက်ခံမည်မှန်း သိလိုက်သည်။ ဒါကြောင့် ဘာမှ မထိမ်ချန်ထားတော့ဘဲ
"မတိုင်ခင်က ကျွန်တော်တို့ ကုသဆေးကို ဖော်ထုတ်ပေးခဲ့တဲ့ ရွှီဖန်းကို မှတ်မိတယ်မဟုတ်လား၊ သူ တစ်လအတွင်း အဆိပ်ဖော်စပ်ပေးနိုင်တယ်ပြောတယ်၊ ဒါပေမယ့် သူ့ရဲ့လယ်မြေတွေကိုတော့ ကာကွယ်ပေးမှရမယ်၊ မဟုတ်ရင် သူ ဖော်စပ်ပေးနိုင်မှာမဟုတ်ဘူး...ဘာလို့လဲဆိုတော့......."
ဝူမင်၏စကားကို ကြားပြီးနောက် ဗိုလ်မှူးက ချက်ချင်းခေါင်းညိတ်၍ ပြောလာသည်။
"ခဏစောင့်၊ လူတချို့ကို ခေါ်သွားလိုက်၊ သူ့အတွက် ကြီးကြီးမားမား ရှင်းလင်းပေးလိုက်၊ ဒါပေမယ့် ငါတို့အကျိုးစီးပွားကို အမြင့်ဆုံးဖြစ်အောင်လုပ်ဖို့တော့မမေ့ပါနဲ့"
"ဟုတ်ကဲ့"
ဗိုလ်မှူး၏အမိန့်ကိုရသည်နှင့် ဝူမင်သည် ပညာရှင်အနည်းငယ်ကို ခေါ်ဆောင်ကာ မြစ်အောက်ပိုင်းရွာကို ဦးတည်လိုက်သည်။
ထိုအချိန် ရွှီဖန်းနှင့် ဝူယွီရွှမ်းကတော့ ရွာအဝင်ဝမှာ စောင့်နေကြသည်။
"ရွှီဖန်း လျို့လျို့ဝှက်ဝှက်တွေ မလုပ်နေနဲ့၊ တစ်ကယ်ပဲ ဘယ်သူလာမှာမို့လို့လဲ"
ဝူယွီရွှမ်းက ကူကယ်ရာမဲ့စွာ ပြောလာသည်။
"မပြောရင် ငါ အလုပ်ပြန်လုပ်တော့မယ်"
"အိုက်ယား ရွာထဲမှာ အလုပ်က ဘယ်လောက်များများလုပ်ရမှာမို့လို့လဲ၊ ငါနဲ့ ဒိတ်ပါဦး"
ပြောပြီးသည်နှင့် ရွှီဖန်းသည် သူ့လက်ကို မြှောက်ကာ သူမကို လက်မောင်းထဲ ဆွဲသွင်းခဲ့သည်။ ဝူယွီရွှမ်း ထိတ်လန့်သွားကာ ရွှီဖန်း၏ပွေ့ဖက်မှုမှ ရုန်းထွက်
လိုက်သည်။ သူမ ဘာစကားမှမပြောဘဲ ရွှီဖန်းကို စိုက်ကြည့်လာသည်။
ဝူယွီရွှမ်း၏ နီမြန်းနေသော မျက်နှာကိုကြည့်ရင်း ရွှီဖန်း၏နှလုံးသားလည်း ပူလောင်လာခဲ့သည်။ သူ တစ်ခုခုလုပ်ခါနီးမှာ စစ်ထရပ်ကားတစ်စီးက မြင်ကွင်းထဲ၌ ပေါ်လာလေသည်။
"အချိန်မှန်မဟုတ်တဲ့အချိန်မှာ ရောက်လာရတယ်လို့"
ရွှီဖန်းသည် သူ့ကိုယ်သူ ငြီးတွားမိသော်လည်း ဝူယွီရွှမ်းကတော့ သူ့ကို ပြုံး၍ သွားနှုတ်ဆက်ရန် ညွှန်ကြားနေသည်။
"ဟားဟား ဒေါက်တာရွှီ ငါ ဒီမှာ တရားဝင်စီးပွားရေး လာလုပ်တာ"
ဝူမင်က ရယ်မောရင်းပြောလာသည်။ ဝူမင်၏ ပြုံးပြုံးရွှင်ရွှင်မျက်နှာနှင့် ကားလိုင်စင်နံပါတ်ပြားနောက်ရှိ စစ်ဘက်ဆိုင်ရာ ကြော်ညာဘုတ်ကြီးများကို ကြည့်ပြီး ရွှီဖန်း ဘာမှပြောမနေတော့ဘဲ တောင်ပေါ်ကိုသာ ခေါ်သွားလိုက်သည်။
"ဒီနေရာမှာ...ဒီမှာ တစ်ခု၊ ဒီတစ်ခု...ဒီတစ်ခု၊ ဟုတ်တယ်...အဲ့ဒီနေရာမဟုတ်ဘူး"
ဟင်း...မေ့လိုက်ပါတော့ နောက်မှ ပြန်လုပ်လိုက်ပါမယ်လေ။
ဤသို့ဖြင့် ရွှီဖန်း၏ အရှက်ကင်းမဲ့သော ညွှန်ကြားမှုအောက်တွင် ကြော်ညာဘုတ်များကို မြစ်အောက်ပိုင်းရွာနှင့် အနီးအနားရှိ တောင်တန်းများအပေါ်တွင် နေရာချထားခဲ့သည်။ တောင်ပေါ်၊ နေရာတိုင်းမှာရှိနေသော ဆိုင်းဘုတ်များကို ကြည့်ရင်း ရွှီဖန်း ကျေနပ်စွာ ခေါင်းညိတ်ခဲ့သည်။ ဝူယွီရွှမ်း၏ပြောစရာစကားမဲ့နေသော အကြည့်အောက်တွင် ရွှီဖန်းသည် စစ်တပ်အကူအညီဖြင့် ပတ်ဝန်းကျင်ရွာများမှ ရွာသူကြီးများနှင့်ပင် စာချုပ်ချုပ်ခဲ့သေးသည်။
"ဟုတ်ပြီ ဒေါက်တာရွှီ၊ တစ်ကယ်တော့ ဒီမှာ စောင့်ကြပ်ဖို့ စစ်သားအနည်းငယ်ကို စေလွှတ်သင့်တာ ဒါပေမယ့် ဝေးလံခေါင်သီတဲ့အရပ်ဖြစ်လို့ သူတို့ကို မပို့ဖို့ဘဲ ဆုံးဖြတ်ခဲ့တယ်၊ ဒါပေမယ့် ဒီဆိုင်းဘုတ်တွေ ထောင်ထားရဲ့သားနဲ့ မင်းရဲ့မြေတွေကို ထိရဲတဲ့လူရှိရင် တိုင်းပြည်ရဲ့ သယံဇာတတွေကို ခိုးယူတဲ့လူလို့ သတ်မှတ်ရလိမ့်မယ်၊ သူတို့ကို ပြင်းပြင်းထန်ထန်အပြစ်ပေးမယ်"
ရွှီဖန်း၏ အိမ်မှာထိုင်ရင်း ဝူမင်သည် သူ့အား ပြုံး၍ ပြောပြခဲ့သည်။
ရွှီဖန်း ကူကယ်ရာမဲ့စွာပင် မလိုအပ်ကြောင်း လက်ဝှေ့ယမ်းပြလိုက်သည်။ ဝူမင်မှ ရိုးသားသည့်ပုံစံဖြင့် ပြောလာသော်လည်း သူဟာ သူ့လူတွေကို မပို့ချင်မှန်း သိသာပေသည်။
"ကောင်းပြီ ဒေါက်တာရွှီ၊ မင်းရဲ့ ကိစ္စတွေကို ဖြေရှင်းပြီးပြီဆိုတော့ မင်း၊ ရှရှီနဲ့ စစ်တပ်ကြားက ပူးပေါင်းအကြောင်းကို ဆွေးနွေးသင့်ပြီ"
ဆွေးနွေးမှုစတင်သည်နှင့် ဝူမင်၏ အမူအရာက လေးနက်လာသည်။
*********************