သန်မာသောအမျိုးသမီး
Vol. 15 Ch. 222
ရွှီဖန်း ခေတ္တအံ့သြသွားခဲ့သည်။ ဝူမင်က သူ့ကို ကူညီပြီးသည်နှင့် ထွက်သွားမည်ဟု သူထင်ခဲ့သည်။ ဝူမင်ကလည်း အခြေအနေတစ်ခုနှင့် လာခဲ့မည်ဟု မ
မျှော်လင့်ထားခဲ့ပေ။ သို့သော် တစ်ဖက်လူက သူ့ဆီမှ တစ်စုံတစ်ရာလိုချင်နေသည့်အခါ သဘာဝကျစွာပင် သူအများကြီးမမေးခဲ့ပေ။
ဒါကိုတွေးပြီး ရွှီဖန်း ခေါင်းညိတ်လိုက်သည်။
"ခေါင်းဆောင်ဝူ တောင်းဆိုစရာရှိရင် ပြောပါ"
ဝူမင်က သူ့အနောက်မှာ ရပ်နေသည့်လူကိုခေါင်းညိတ်ပြသည်။ အဲ့ဒီလူက သူ့လက်ဆွဲအိတ်ထဲမှ ပရင့်ထုတ်ထားသည့် စာအုပ်တစ်အုပ်ကို ထုတ်ပြီး ရွှီဖန်းကို ပေးလာသည်။
"ဒေါက်တာရွှီ ဒါက ငါတို့ မင်းအတွက် ပြင်ဆင်ထားပေးတဲ့ စာရင်းပါ၊ ငါတို့တပ်ဖွဲ့အတွက် လိုအပ်တဲ့ ဆေးဖက်ဝင်အပင်တွေနဲ့အဆိပ်အမျိုးမျိုး ပါဝင်တယ်၊ ကြည့်လိုက်ပါ"
ဝူမင်က ရွှီဖန်းကို ကြည့်၍ ပြုံးပြုံးလေး ပြောလာသည်။ ရွှီဖန်းသည် သူ့လက်ထဲမှ စာရင်းကိုကြည့်ကာ စိတ်ထဲမှ ပြုံးလိုက်မိသည်။ စာရင်းတွင်ဖော်ပြထားသည့် အမျိုးမျိုးသောဆေးဝါးများသည် လက်ရှိဆေးပညာနှင့်ဆိုင်သော စံနှုန်းများအတွက် ထုတ်လုပ်ရန်
ခက်ခဲနိုင်သော်လည်း စိမ်းပြာရောင်ဆေးစာအုပ်ကို ပိုင်ဆိုင်ထားသည့် ရွှီဖန်းအတွက်တော့ခက်ခဲသည့်
အရာမဟုတ်ပေ။
ဒါ့အပြင် ရွှီဖန်းမလုပ်နိုင်လျှင်တောင်မှ နတ်ကလေးထုန်ကို အကူအညီတောင်းလို့ရသည်။ ဒါကိုတွေးရင်းဖြင့် ရွှီဖန်းသည် သူ့အတွက် မခက်ခဲနိုင်မှန်းသိလိုက်သည်။ ယခု သူလိုအပ်သောအရာမှာ တစ်ဖက်လူမှ သူ့အပေါ် ကျေးဇူးကြွေးတင်စေရန်ဖြစ်သည်။
"ခေါင်းဆောင်ဝူ မင်းရဲ့တောင်းဆိုမှုက တော်တော်ခဲယဥ်းတယ်"
ရွှီဖန်းသည် သူ့လက်ထဲမှ စာရင်းကိုကြည့်ရင်း ဝူမင်အား စိတ်ရှုပ်ထွေးနေသလို ပြောခဲ့သည်။
"ဒေါက်တာရွှီ မင်းမှာ အခက်အခဲတွေရှိနေရင် ငါတို့ အတူတူဖြေရှင်းလို့ ရနိုင်မယ်၊ မင်းမှာ ပြောစရာတစ်ခုပဲလိုပါတယ်...ငါလိုချင်တဲ့ဆေးတွေကို လုပ်ပေးနိုင်မလား"
ဝူမင်က ရွှီဖန်း၏ မျက်လုံးများကို အနီးကပ်စိုက်
ကြည့်နေသည်။ ရွှီဖန်းသာ ထိုဆေးတွေကို ဖန်တီးထုတ်လုပ်နိုင်မည်ဟု လုံလောက်သော ယုံကြည်ချက်ရှိထားသည်ဆိုလျှင် ရွှီဖန်းထံ ဘယ်လိုအခက်အခဲတွေ လာပါစေ ဝူမင်သည် ၎င်းတို့ကို သုတ်သင်ပစ်ရလိမ့်မည်။ သို့သော် ရွှီဖန်းကသာ စိတ်ချလို့မရဘူးဆိုလျှင်တော့ ဝူမင်လည်း သူ့အတွက် လုပ်ပေးရန် ဘာမှသိပ်အာရုံစိုက်စရာမလိုအပ်ပေ။
ထို့ကြောင့် ရွှီဖန်းကလည်း ဝူမင်၏ မျက်လုံးများအား မကြောက်လန့်ဘဲ ပြန်ကြည့်ကာ ပြောခဲ့သည်။
"ခေါင်းဆောင်ဝူ ရိုးရိုးသားသားပြောရရင် ဒီဆေးတွေကို ဖော်စပ်ပေးဖို့ ကျွန်တော့်မှာ ယုံကြည်ချက်အများကြီးရှိတယ်...အချိန်တစ်ခုယူဖို့ပဲ လိုအပ်တယ်၊ ဒါပေမယ့် ကျွန်တော်မျှော်လင့်တာက အဲ့ဒီဆေးပင်တွေကို ဘေးကင်းကင်းနဲ့ ပြုစုစိုက်ပျိုးနိုင်ဖို့ပါပဲ၊ ပြဿနာတစ်ခုခုများ ထပ်ပေါ်လာခဲ့ရင် စစ်တပ်ကိုပဲ ဒုက္ခလာပေးရတော့မှာ"
ရွှီဖန်း၏ ယုံကြည်မှုမျက်လုံးများကို ကြည့်ရင်း ဝူမင် ပြုံးလိုက်သည်။ သူပြောတာ မှန်၏။ ရွှီဖန်းသည် စစ်တပ်က လိုအပ်နေသော အရည်အချင်းပြည့်ဝသောသူပင်။ ဝူမင် ချက်ချင်း ထရပ်လိုက်ကာ...
"ကောင်းပြီ ဒေါက်တာရွှီ၊ မင်းမှာ ယုံကြည်ချက်ရှိနေမှတော့ ငါဘာမှထပ်မပြောတော့ဘူး၊ မင်းတစ်ခုခုဖြစ်ရင် ငါ့ကိုပြောလိုက် ဖြေရှင်းပေးမယ်၊ ဒါပေမယ့် ငါတို့က မင်းကို အလကားတော့ လုပ်ခိုင်းမှာ မဟုတ်ပါဘူး၊ ငါတို့ ရှရှီနဲ့ ပူးပေါင်းပြီး မင်းရသင့်ရထိုက်တာ၊ ပိုင်တဲ့အရာကို ရစေရမယ်လို့ အာမခံတယ်"
ထို့နောက် ဝူမင် ထွက်သွားခဲ့သည်။
"ကောကော ဒီလူတွေက တစ်ကယ်စစ်တပ်ကလား"
ရွှီရှို့ရှို့သည် ဝူမင်ထွက်သွားတာကို ကြည့်ရင်း အခန်းထဲမှနေ၍ အော်မေးလာသည်။ သူမ၏ ရှက်ရွံ့နေသော အမူအရာကို ကြည့်ရင်း ရွှီဖန်း ရယ်မောလိုက်သည်။ ဒီကောင်မလေးဘယ်လောက်ပဲ တော်ပါစေဦး၊ သရုပ်ဆောင်နေတာကတော့ သရုပ်ဆောင်နေတာပင်။
ရွှီဖန်း ပြုံးကာ ခေါင်းယမ်းလိုက်သည်။ ဝူမင်က သူခေါင်းစားစေမည့်အရာကိုချန်ခဲ့တာကြောင့် ထိုအကြောင်းကို စဥ်းစားရန် သူ့အခန်းထဲသို့ ဝင်လာခဲ့သည်။
ဤစာရင်းတွင် ဝူမင်သည် တခြားလိုအပ်သော ဆေးဝါး၁၈မျိုးအပြင် ယခင် သုတေသနလုပ်စဥ်က စစ်တပ်မှ ကြုံတွေ့ခဲ့ရသော ပြဿနာအမျိုးမျိုးကို မှတ်တမ်းတင်ထားသည်။
လောလောဆယ် စိမ်းပြာရောင်ဆေးအိတ်ထဲ၌ ဆေးဝါး၈မျိုးဖော်မြူလာကို တွေ့ခဲ့တာကြောင့် ရွှီဖန်း ရယ်မောခဲ့သည်။ ထိုဆေး၈လုံးကို နှစ်နှစ်ခွဲ၍ ဖြည်းဖြည်းဆီ ရှရှီထံအပ်ပြီး စစ်တပ်အတွက် တာဝန်ထမ်းဆောင်ပေးလျှင်တောင်မှ တော်တော်မြန်နေသေးသည်ဟု သူ ခံစားရသည်။ သူ့အကျိုးအမြတ်အတွက် စဥ်းစားရင်း ရှယန်ယွိကို သူဖုန်းခေါ်ခဲ့သည်။
"ဟယ်လို ရွှီဖန်း"
ရှယန်ယွိကလည်း အမြန်ဖုန်းကောက်ကိုင်လာသည်။
"အင်း ကျွန်တော်မင်းနဲ့ဆွေးနွေးစရာရှိတယ်"
ရွှီဖန်း တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ တည်ငြိမ်သော လေသံကိုကြားတော့ ယခင်ကုသဆေးအကြောင်း ဆွေးနွေးရန်ဖြစ်မည်ဟု သူမ ထင်ခဲ့သည်။ ရှရှီတွင် ဆေးဝါးပညာရှင် အမြောက်အမြားလိုအပ်နေတာကြောင့် လတ်တလောအတွင်းမှာ သူတို့ ဆေးဝါးပညာရှင်များကို လိုက်စုဆောင်းရန်သာ အလုပ်ရှုပ်နေခဲ့သည်။ ဘဏ္ဍာဌာနမှ ရွှီဖန်းအတွက် ပိုက်ဆံကိုပေးရန် စီစဥ်ထားပြီးပြီဖြစ်သော်လည်း ရှယန်ယွိမှ အမိန့်မချလာသေးတာကြောင့် သူတို့ မလွှဲရသေးပေ။
"ရှင်ဆိုလိုတာ ကုသဆေးအတွက် ပိုက်ဆံကို ပြောတာမလား၊ ခဏလေးစောင့်နော်...အခုပဲ ဘဏ္ဍာဌာနကို လွှဲခိုင်းလိုက်ပါမယ်၊ ခွဲဝေမှုက တွက်ချက်ထားပြီးပြီဖြစ်လို့ ရှင့်ရဲ့ဝေပုံက ယွမ်၈သန်းပါ၊ ကျွန်မတို့ ဒီက အဆင်သင့်ဖြစ်တာနဲ့ ပို့ပေးလိုက်မယ်နော်"
ရှယန်ယွိက ရှက်ရွံ့စွာ ပြောလာသည်။ ရွှီဖန်းသည် သူမ၏ရှရှီကို ကူညီခဲ့သော်လည်း သူမကတော့ ပိုက်ဆံကို မလွှဲရသေးချေ။
ယွမ်၈သန်းလား၊ နောက်ဆက်တွဲက ထပ်ရှိသေးသည်။ ကျစ်! ကျစ်! ကျစ်! ရွှီဖန်း သူ့နှုတ်ခမ်းကို စုပ်လိုက်သည်။ ဤဆေးဘက်ဆိုင်ရာကဏ္ဍက အမှန်တစ်ကယ်ကို အလုပ်ဖြစ်ပေသည်။
ရွှီဖန်းသည် အကြောင်းစုံထပ်မရှင်းပြချင်တော့တာကြောင့် လိုရင်းကိုသာ ပြောလိုက်သည်။
"ဝူမင်နဲ့ ကျွန်တော်က ပူးပေါင်းမှုထပ်လုပ်ဖို့ အစပြုထားပြီးပြီ၊ အနာဂါတ်မှာ စစ်တပ်အတွက် ဆေး၁၈မျိုးကို ကျွန်တော် ထုတ်လုပ်ပေးရလိမ့်မယ်၊ ရှုပ်ထွေးများပြားတဲ့ထုတ်လုပ်မှုဖြစ်စဥ်တွေကြောင့် ကျွန်တော် ရှရှီအပေါ်မှာ မှီခိုရလိမ့်မယ်"
"၁၈ခုလား!"
ရှယန်ယွိသည် အလွန်အံ့အားသင့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ရသည်။ တခြားလူတွေ မသိနိုင်သော်ငြား ရှရှီ၏သူဌေးဖြစ်သူ သူမအတွက်တော့ ရွှီဖန်းပြောခဲ့တာသာ အမှန်ဆိုလျှင် ထိုဆေး၁၈မျိုး၏ အမြတ်ငွေဟာ ယွမ်သန်းရာနှင့်ချီ၍ ရှိမည်မှန်း တွက်ချက်နိုင်ပေသည်။
"ရွှီဖန်း ရှင်နောက်နေတာ မဟုတ်တာ သေချာပါ
တယ်နော်"
ရွှီဖန်း ရယ်လိုက်သည်။ အမြဲတည်ငြိမ်နေသည်ဟု သူထင်ခဲ့သော အမျိုးသမီးက ယခုတစ်ခါ အကျိုးအမြတ်ကြောင့် မတည်ငြိမ်နိုင်တော့သည်ကို မြင်လိုက်ရပေသည်။
"အမှန်ပါပဲ၊ ကျွန်တော် ခေါင်းဆောင်ဝူနဲ့ စကားပြောပြီးပြီ၊ ဒါကြောင့် အပြင်မှာ ဆေးဝါးပညာရှင်တွေ လိုက်မရှာနဲ့တော့၊ ကျွန်တော်တစ်ယောက်တည်းနဲ့ လုံလောက်တယ်"
ရွှီဖန်းက ယုံကြည်ချက်ရှိစွာ ပြောလေသည်။ သူ၏စကားများကိုကြားသော် ရှယန်ယွိသည် ခေတ္တတောင့်တင်းသွားခဲ့သည်။ ထို့နောက် သူမ သူ့ကို စစတွေ့ချင်းအချိန်ကို ပြန်တွေးမိသွားခဲ့သည်။ ဒီလူဟာ လူတွေမြင်နိုင်ဖို့ရန် ခက်ခဲလှသည်။
သို့သော်ငြား သူမမျက်နှာက ပူလောင်လာတာကြောင့် ချက်ချင်း အသိပြန်ဝင်လာခဲ့သည်။ ဒီရွှီဖန်းဟာ သူမအား ထူးထူးဆန်းဆန်းခံစားရလေအောင် လုပ်နိုင်
သည့် ပထမဦးဆုံး ယောကျ်ားဖြစ်သည်။
ပြောရရင် မိန်းမတွေ၏စူးစမ်းလိုမှုသည် ကျရှုံးခြင်း၏ အစပင်။
သူမကိုယ်တိုင်တောင်မသိလိုက်ဘဲ ရွှီဖန်းသည် သန်မာသောအမျိုးသမီးဖြစ်သူ ရှယန်ယွိ၏ နှလုံးသားထဲသို့ တိတ်တဆိတ်ဝင်ရောက်လာလေသည်။
မကြာလိုက်ပေ၊ ရွှီဖန်းသည် ရှယန်ယွိနှင့် စကားတချို့ပြောပြီးနောက် ဖုန်းချခဲ့သည်။ ဖုန်းချပြီးနောက် သူသက်ပြင်းချမိသည်။ ကြည့်ရတာ သူ၏တိုးချဲ့မှုအစီအစဥ်ကို ချိုးဆုအာ၊ ဟုန်ဖေးနှင့် တခြားလူများထံ အပ်ထားရမည့်ပုံပင်။
ရွှီဖန်း၏ လက်ရှိစွမ်းရည်အရ သူ ပိုက်ဆံအမြောက်အမြားကို လွယ်လွယ်ကူကူ ရှာဖွေသင့်ပေသည်။ ယခုဆိုလျှင် သူချဲ့ထွင်ရန် လိုအပ်သေးသည်က ပြည်နယ်အပြင်ဘက်အထိ သူ့လွှမ်းမိုးမှုကို တိုးချဲ့ရန်ဖြစ်၏။ လုံလုံလောက်လောက်ခုခံရင်ဆိုင်နိုင်မည်ဟူ၍လည်း သူယုံကြည်သည်။
ဒါကြောင့် ရွှီဖန်းသည် ဟုန်ဖေးနှင့်ချင်းလန်ကို စကားပြောပြီးနောက် ချိုးဆုအာကို ဖုန်းခေါ် ခဲ့သည်။ ဒီအမျိုးသမီးဟာ သူအယုံကြည်ဆုံးသောလူဖြစ်
သည်။ ရှယန်ယွိလို သန်မာသည့် စိတ်နေစိတ်ထားမျိုး သူမပျိုးထောင်နိုင်မည်ဟုလည်း သူမျှော်လင့်ပေသည်။
********************