← Chapters

ကြီးမားသောအစီအစဥ်

Vol. 15 Ch. 223

ကြီးမားသောအစီအစဥ်

Vol. 15 Ch. 223

ချိုးဆုအာ၏ နီမြန်းနေသော မျက်နှာကို ကြည့်ရင်း ရွှီဖန်းသည် ဘာစကားတစ်ခွန်းမှမပြောဘဲ ပြုံးပြုံးကြီးစိုက်ကြည့်နေခဲ့သည်။

နောက်ဆုံးမှာ ထိုလေထုကြီးကို သည်းမခံနိုင်တော့သော ချိုးဆုအာကသာ စကားစလာသည်။

"ရွှီဖန်း မင်း အစ်မကို ခေါ်ပြီး ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

ချိုးဆုအာ၏ နီမြန်းနေသောမျက်နှာကို ကြည့်ရင်း ရွှီဖန်းသည် ကူကယ်ရာမဲ့စွာဖြင့် သူမဘေးမှာ ထိုင်ချခဲ့သည်။ သူမ၏နားကိုကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ဘယ်လိုထင်လဲ ဇနီးကောင်းလေး"

ရွှီဖန်း၏ ရန်စသော စကားလုံးများကို ကြားသည့်အခါ ချိုးဆုအာ၏ခန္ဓာကိုယ်မှာ ထုံကျင်သွားခဲ့သည်။ 

"မင်း မင်းညီမလေးက အရှေ့မှာပဲ ရှိနေသေးတယ်နော်"

ရွှီဖန်းက အကျယ်ကြီးအော်ရယ်တော့သည်။ သူမကို အိပ်ရာပေါ်သို့ တွန်းလှဲ၍

"အိမ်မှာက ပထမဆုံးအကြိမ်လည်း မဟုတ်တော့ဘူးကို၊ ကိုယ့်မိသားစု အခြေအနေကို မသိတာလည်း မဟုတ်ဘူး"

ချိုးဆုအာသည် ရှင်းပြချင်ခဲ့သော်လည်း ရွှီဖန်းပါးစပ်က သူမကို ပိတ်ဆို့လာသည်။ သူမပါးစပ်ထဲမှ ချောမွေ့သောလျှာကို ခံစားရင်း သူမပြောချင်ခဲ့သည့် စကားလုံးများက ညည်းသံများအဖြစ် ပြောင်းလဲသွားခဲ့သည်။

အပြင်ဘက်တွင် ရွှီရှို့ရှို့သည် အခန်းထဲမှ ဝရုန်းသုန်းကားဖြစ်နေမှုကို ကြားသိကာ မျက်နှာနီရဲသွားလေသည်။

"ဆိုးလိုက်တဲ့အစ်ကို မကောင်းတာလုပ်နေပြန်ပြီ"

သို့သော်ငြား ရွှီရှို့ရှို့သည် ရွှီဖန်းလောက် မျက်နှာမထူတာကြောင့် တစ်ဖက်ကိုလှည့်ကာ ခြံပြင်ထွက်သွားခဲ့သည်။ 

မိုးရွာပြီးနောက်မှာ ရွှီဖန်းသည် ချိုးဆုအာကို ဖက်ထားရင်း ဘာမှမပြောခဲ့ချေ။ 

"ရွှီဖန်း ဘာမှလုပ်စရာမရှိတော့ရင် အစ်မအရင်သွားနှင့်တော့မယ်"

ချိုးဆုအာသည် အားနည်းနေသလိုခံစားရကာ အိပ်ချင်နေလေသည်။ သို့သော်ငြား ရွှီဖန်း၏အိမ်မှာဖြစ်နေသေးတာကြောင့် သူမ ရှက်ရွံ့ကာ အရင်ဆုံးထပြန်

ချင်နေမိသည်။ 

"အရူးဇနီးလေး ကိုယ့်ကိုဒီလိုခေါ်နေတုန်းလား"

ချိုးဆုအာ၏စကားကိုကြားသော် ရွှီဖန်းက အပြုံးခပ်ဖျော့ဖျော့ဖြင့် ပြောလာသည်။

"ကို...ယောကျ်ား လုပ်စရာမရှိတော့ရင် သွားနှင့်တော့မယ်လို့"

ချိုးဆုအာသည် ရွှီဖန်းကို တစ်ကယ်ရိုက်ပစ်ချင်လာသည်။ မည်သို့ပင်ဆိုစေကာမူ သူမတို့ကြားမှ အသက်ကွာဟချက်ကြောင့် ထိုအခေါ်အဝေါ်ကို ပြောမထွက်ခဲ့ပေ။ 

ရွှီဖန်းက သူမ၏ခေါင်းကို ညင်သာစွာပွတ်သပ်၍ ခပ်တိုးတိုးပြောလာသည်။

"မသွားနဲ့ဦး၊ ဒီနေ့ လာခိုင်းတာက တစ်ကယ်ကို အရေးကြီးကိစ္စပြောစရာရှိလို့"

"ဘာလဲ...အစ်မ ချရေးထားဖို့လိုသေးလား"

ရွှီဖန်းက အရေးကြီးကိစ္စဟု ပြောလာသည့်အခါ ချိုးဆုအာသည် သူမကိုယ်သူမတောင် ဂရုမစိုက်တော့ဘဲ သူ့စကားတွေကို မှတ်မိနေချင်ခဲ့သည်။ စာရွက်နှင့်ဘောပင်ကို ရှာနေသည့် သူမကိုကြည့်ရင်း သူ ခေါင်းပုတ်ပေးမိကာ ပြောလိုက်သည်။

"မှတ်မိနေဖို့မလိုပါဘူး...ကိုယ်ပြောတာပဲ နားထောင်"

"အိုး"

ချိုးဆုအာက ခေါင်းညိတ်သည်။ သူမသည် ရွှီဖန်း၏လက်မောင်းထဲတွင်နေရင်း နာခံသောကလေးကဲ့သို့ သူ့ကို တိတ်ဆိတ်စွာ ကြည့်လာ၏။

"ဆုအာ ကိုယ်အရှေ့မှာဆို ဒီလိုမျိုးနေလို့ရပါတယ်၊ မင်း စက်ရုံကို ပြန်ရောက်ရင်တော့ အလုပ်လုပ်ရင်ပဲဖြစ်ဖြစ် တခြားကိစ္စမှာပဲဖြစ်ဖြသ် တည်ငြိမ်တဲ့မျက်နှာထားနဲ့ ရင်ဆိုင်ဖြေရှင်းရမယ်၊ နားလည်လား"

"ဘာလို့လဲ ၊ အစ်မတို့မှာ မင်းရှိနေတာပဲမဟုတ်လား"

ရွှီဖန်း၏ စကားကိုကြားသော် ချိုးဆုအာသည် သိလိုစိတ်ဖြင့် မေးမိသည်။

"အနာဂါတ်ကျရင် မင်းရဲ့ဘေးမှာ ကိုယ်အချိန်အတော်များများ ရှိနေနိုင်မှာမဟုတ်ဘူး၊ ကိုယ် ကိုယ်တိုင် ဂရုမစိုက်ပေးနိုင်တဲ့ ကိစ္စတွေအများကြီးရှိတယ်၊ ဒါကြောင့် ကိုယ်က မင်းကို သန်မာတဲ့အမျိုးသမီးဖြစ်စေချင်တာ...နားလည်လား"

ရွှီဖန်းက သူမကိုကြည့်၍ နူးနူးညံ့ညံ့ပြောပြသည်။ သူမ ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ ညိတ်ပြမိသည်။ 

"မင်းသိရမှာက ကိုယ်ဒီရွာမှာပဲ တစ်သက်လုံးမနေနိုင်ဘူး၊ ဒီကမ္ဘာကြီးက အရမ်းကြီးတယ်..ကိုယ့်ရဲ့အင်အားက အနာဂါတ်မှာ ကြီးသထက်ကြီးလာမယ်လို့ ကိုယ်ထင်တယ်၊ အဲ့ဒီအချိန် ကိုယ်ယုံကြည်နိုင်တဲ့ တစ်စုံတစ်ယောက်ရဲ့အကူအညီကို လိုအပ်လာလိမ့်မယ်"

ရွှီဖန်း၏အမူအရာက ပြင်းထန်နေသော်လည်း ချိုးဆုအာကတော့ ရင်ထဲထိသွားရသည်။ ဒီအမျိုးသားက သူမကို ယုံကြည်လေသည်။

"ကိုယ့်မှာ အခု အစီအစဥ်ကြီးတစ်ခုရှိတယ်၊ ကိုယ့်ရဲ့လယ်မြေတွေကို ဝယ်ချင်ခဲ့တဲ့ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို မှတ်မိလား၊ ကိုယ် အဲ့ဒါကို ဝယ်ချင်တယ်"

ချိုးဆုအာသည် ရွှီဖန်းအား မယုံနိုင်မှုဖြင့် ကြည့်လာသည်။ သူမသည် ရွှီဖန်းအ​ပေါ်၌ လုံးဝယုံကြည်မှုရှိသော်လည်း လက်ရှိအချိန်မှာတော့ သူ့မှာ ခွန်အားလုံလုံလောက်လောက် မရှိသေးချေ။

ရွှီဖန်းသည် ရှင်းပြရန်ပျင်းမိတာကြောင့် သူ့စိတ်ထဲတွင်သာ ပြုံးလိုက်သည်။ ဒီတစ်ကြိမ်မှာ ဝူမင်ကို သူ သေချာပြောထားပြီးပြီဖြစ်ရာ အဆင်ပြေလိမ့်မည်ဟု စိတ်ထဲ၌ သူတိတ်တဆိတ်ပြောခဲ့သော်လည်း ထုတ်တော့မပြောခဲ့ချေ။ 

လျိုကျင်းသည် အရှုံးမပေးသေးဘဲ သူ့တောင်တန်းတွေကို သိမ်းပိုက်ရန်နည်းလမ်းအား သေချာတွေးနေလိမ့်မည်မှန်း သူကောင်းကောင်းသိသည်။ ထိုအချိန်

သည် ရွှီဖန်းအတွက် ပြန်လည်တိုက်ခိုက်ရန် အကောင်းဆုံး အချိန်ဖြစ်လေသည်။ 

ရွှီဖန်းတွေးထားသကဲ့သို့ပင် လျိုကျင်းသည် ချန်

ဟိုင်း၏ လက်ထောက်မြို့တော်ဝန်ရုံးခန်းတွင် ထိုင်၍ စကားပြောနေသည်။

"ဦးလေး ဒါကို တစ်ကယ်ကူညီပေးမှ ရမှာ၊ ဦးလေးသိရဲ့လား...အခု နာမည်အကျော်ကြားဆုံးဟွားမန်ရှင်းစားသောက်ဆိုင်က ကျွန်တော့်ဆီက ပါဝင်ပစ္စည်းအကုန်လုံးကို ငြင်းဆိုပြီး ရွှီဖန်းဆီကနေပဲ ဝယ်ယူနေတာ၊ ဦးလေး မကူညီရင် လျိုမိသားစုရဲ့ တစ်ဦးတည်းသော ယောကျ်ားလေးလူငယ်မျိုးဆက်ဖြစ်တဲ့ကျွန်တော်က အလုပ်လက်မဲ့ဖြစ်သွားရလိမ့်မယ်"

လျိုကျင်းသည် စိုးရိမ်စိတ်အနည်းငယ်ဖြင့် ပြောခဲ့သည်။ ဟုတ်ပါ၏...သူ့အမြင်မှာတော့ ရွှီဖန်းသည် သူ့မြေများကို လက်လွှတ်မည်မဟုတ်ချေ။ သူ့ဦးလေး မြန်မြန်ဆုံးဖြတ်ချက်ချရန်အတွက်သာ ဖြစ်ရပ်ကို သူချဲ့ကား၍ ပြောဆိုခဲ့သည်။

အမှတ်တစ်ကယ်ကိုပင် လျိုကျင်းသည် သူ့ကိုယ်သူ လျိုမိသားစုမှ တစ်ဦးတည်းသော ယောကျ်ားလေးမျိုးဆက်ဖြစ်ကြောင်း ထုတ်ပြောခဲ့သည့်အခါ လျိုဖုဟန်လည်း အတော်စိတ်မကောင်းဖြစ်သွားခဲ့သည်။ မှန်၏။ သူသည် လက်ထောက်မြို့တော်ဝန်အဖြစ် ရာထူးတိုးခံရပြီးပြီဖြစ်ရာ ဘယ်လိုလုပ် သူ့တူကိုတောင် မကူညီနိုင်ရမည်နည်း။

ဒါ့အပြင် ရွှီဖန်းကလည်း တစ်ယောက်နှင့်တစ်ယောက် ဘာမှအလုပ်တွဲလုပ်စရာမရှိသည့် လယ်သမားသာဖြစ်ရာ သူ တစ်ခုခုပြောလိုက်ရင်တောင် သူ ဘာတတ်နိုင်မည်နည်း။

ဒါကိုတွေးရင်းဖြင့် လျိုဖုဟန်သည် ကြာကြာမတုံ့ဆိုင်းနေတော့ဘဲ ခရိုင်အုပ်ချုပ်ရေးမှူးဆီ တိုက်ရိုက်ဖုန်းခေါ်ခဲ့သည်။

"ဟယ်လို ခရိုင်အုပ်ချုပ်ရေးမှူးရှောင်းလား...လျိုဖုဟန်ပါ"

တစ်ဖက်တွင် ရှောင်းခဲ့မှာ အံ့သြသွားရသည်။ လျိုဖုဟန်သည် လက်ထောက်မြို့တော်ဝန်သာ ဖြစ်သေးသော်လည်း ပြည်နယ်၏ကောင်စီအဖွဲ့ဝင်လည်းဖြစ်နေသေး၏။ သူ့ကိုများ စော်ကားမိခဲ့တာလား။ ဘာလို့ ဖုန်းခေါ်လာတာပါလိမ့်"

ဒါကိုတွေးရင်း ရှောင်းခဲ့သည် မနှောင့်နှေးရဲတော့ဘဲ တစ်ဖက်လူကို စိတ်ကျေနပ်စေအောင် အမြန်ကြိုးစားလိုက်သည်။

"အာ...လက်ထောက်မြို့တော်ဝန်လျိုမှာ ညွှန်ကြားချင်တာများ ရှိပါသလားခင်ဗျ"

ယခင်က ထိုခရိုင်အုပ်ချုပ်ရေးမှူးနှင့် သူတစ်ခါမှ မတွေ့ဖူးသော်လည်း ထိုလေသံအရ သူ့ကို မျက်နှာသာပေးရန်ကြိုးစားနေမှန်း လျိုဖုဟန်သိလိုက်သည်။

ပြီးပြီ!

လျိုဖုဟန် ပြုံး၍ ပြောလိုက်သည်။

"မင်းရဲ့ လက်အောက်ခံရွာတစ်ရွာမှာ ပေါ့ပေါ့တန်တန်နဲ့ ကန်ထရိုက်စာချုပ်တွေ ချုပ်ထားတဲ့လူရှိနေတယ်လို့ ငါ သံသယရှိထားတယ်၊ နောက်ပြီးရင် ရင်းနှီးမြှုပ်နှံမယ့်လူတစ်ယောက်ကို ငါလွှတ်လိုက်မယ်၊ စာချုပ်တွေကို ဖျက်သိမ်းပြီး အဲ့ဒီရင်းနှီးမြှုပ်နှံသူဆီ လွှဲပေးရမယ်၊ နားလည်လား"

ရှောင်းခဲ့ အံ့အားသင့်သွားသည်။ လက်ထောက်

မြို့တော်ဝန်သည် သူ့ကို မကောင်းတာလုပ်ခိုင်းနေမှန်း အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။ သူ ခက်ခက်ခဲခဲဖြင့် ပြောမိသည်။

"အာ...ဒါက ခိုင်လုံတဲ့အထောက်အထားမရှိရင် ကိုင်တွယ်ဖို့ ခဲယဥ်းပါတယ်"

"ခရိုင်အုပ်ချုပ်ရေးမှူး ဒီနှစ်အတွင်းမှာ ခရိုင်ဝန်ကြီးပါတီက ရောက်လာတော့မှာ မဟုတ်လား"

လျိုဖုဟန်၏ လေသံကိုကြားသော် ရှောင်းခဲ့၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ မှန်ပေသည်၊ သူ့မှာ နောက်ခံမရှိတာကြောင့် အသက်၅၀ထိတိုင်အောင် ခရိုင်ဝန်ကြီးအတွက် အလုပ်လုပ်ပေးရသည့်အဆင့်မှာပဲ ရှိနေတုန်းပင်။ အကယ်၍ ပြည်နယ်

ကောင်စီအဖွဲ့ဝင်၏ အကူအညီရရှိထားပါက ခရိုင်ဝန်ကြီးအပြောင်းအလဲမှာပဲဖြစ်ဖြစ် တခြားပြောင်းရွှေ့ရမည့် ဝန်ကြီးရာထူးပဲဖြစ်ဖြစ် ရလာလိမ့်မည်။

ရှောင်းခဲ့သည် တုန့်ဆိုင်းနေခြင်းကို ချက်ချင်းရပ်၍ ပြောလိုက်သည်။ 

"လက်ထောက်မြို့တော်ဝန်လျို ကျွန်တော်လည်း အခုပဲ အဲ့ဒီကိစ္စကို တွေးနေခဲ့တာပါ၊ ခရိုင်လက်အောက်မှာရှိတဲ့ရွာတွေအပေါ် ကြီးကြပ်ကွပ်ကဲမှုက တစ်ကယ်

လည်း အားနည်းနေခဲ့တာပဲ၊ ခဏပဲစောင့်ပါ...ရင်းနှီးမြှုပ်နှံမယ့်လူကိုခေါ်ပြီး အဲ့ဒီအဓိပ္ပာယ်မရှိတဲ့ တရားမဝင်စာချုပ်ကို ဖယ်ရှားပစ်ဖို့ အဲ့ဒီလူကို လုပ်ခိုင်းလိုက်မယ်၊ စိတ်ချပါဗျ"

ထိုအချိန် လျိုဖုဟန်သည် စပီကာဖွင့်ရင်း ပြောနေခဲ့ခြင်းဖြစ်သည်။ သူ ဖုန်းကိုချကာ တူလုပ်သူကို ပြုံးပြခဲ့သည်။ လျိုကျင်းလည်း ဖြစ်ပျက်နေတာကို နားလည်ပြီး အလုပ်သွားလုပ်ရန် ထွက်ခွာဖို့ ထခဲ့သည်။ 

တစ်ချိန်တည်းမှာပင်...

"ရွှီဖန်း မင်းက မင်းအတွက် ဘာကောင်းလဲဆိုတာ မသိခဲ့ဘူး! ဒါကြောင့် ငါ့ကို အပြစ်မတင်နဲ့"

******************

All Chapters