ငါ့ကိုအပြစ်တင်တာလား
Vol. 15 Ch. 224
မကြာခင်မှာပင် လျိုကျင်းသည် ခရိုင်သို့ ရောက်ရှိလာခဲ့သည်။ လျိုဖုဟန် သူ့ကို ပေးခဲ့သည် ခရိုင်အုပ်ချုပ်ရေးမှူးရှောင်း၏ နံပါတ်ကို သူ ခေါ်ဆိုခဲ့သည်။
"မင်းက လက်ထောက်မြို့တော်ဝန်ပြောတဲ့ ရင်းနှီးမြှုပ်နှံသူများလား"
ရှောင်းခဲ့သည် Sports carပေါ်မှ ဆင်းလာသော လျိုကျင်းကိုကြည့်ကာ အပြုံးဖြင့် မေးလာသည်။
"ဟုတ်ပါတယ် ကျွန်တော်ပါပဲ၊ ခရိုင်အုပ်ချုပ်ရေးမှူးရှောင်း ထွက်ကြတော့မလား"
လျိုကျင်း ပြုံးကာ ပြောခဲ့သည်။ အခုအချိန်တွင် သူ ရွှီဖန်းကို ကောင်းကောင်းရိုက်ချချင်နေသည်။ ထိုအရာကလွဲပြီး သူ ကျန်တာ ဂရုမစိုက်နိုင်သေးချေ။
ရှောင်းခဲ့၏အပြုံးက အေးခဲသွားလေသည်။ လျိုကျင်းကို ကြိုဆိုရန်အတွက် ဟင်းကောင်းများပြည့်နှက်နေသော စားပွဲပြည့်တစ်လုံးကို သူပြင်ဆင်ထားခဲ့သော်လည်း လျိုကျင်းက အလျင်လိုနေတာကြောင့် ပြန်လာမှ စားလျှင်လည်း ကိစ္စမရှိပေ။
ထိုအတွေးကြောင့် ရှောင်းခဲ့၏မျက်နှာပေါ်၌ အပြုံးတစ်ခုပြန်ရောက်လာသည်။
"ကောင်းပါပြီ၊ အလုပ်ကိစ္စအရင်သွားလုပ်ကြတာပေါ့"
ပြောပြီးသည်နှင့် သူခေါ်လာသည့်လူများကို ကားပေါ်သို့တင်ဆောင်ကာ လျိုကျင်းနှင့်အတူ မြစ်အောက်ပိုင်းရွာသို့ ထွက်လာခဲ့ကြသည်။
ယခုအချိန်တွင် ရွှီဖန်းသည် ကြက်ခြံ၏ဘေးတွင် ရပ်နေပြီး ဆီထုတ်ယူရန် အသုံးပြုရမည့် ဟင်းရွက်ပင်များကို ကြည့်နေသည်။
မြက်ပင်နှင့်တူသော ဤအင်မော်တယ်ဟင်းရွက်ပင်သည် သာမန်မြက်ပင်နှင့်သာဆင်တူပြီး ကွာခြားမှုသိပ်မရှိပေ။
"သူတို့ကိုကြည့်ရတာ အရွယ်ရောက်လာပြီမဟုတ်လား"
ရွှီဖန်းသည် ထိုမြက်ခင်းပြင်အား ကြည့်ရင်း ရေရွတ်မိသည်။
ဝူမင်နှင့် တခြားစစ်သားများ သူ့အတွက် စစ်ဘက်
ဆိုင်ရာကြော်ညာဆိုင်းဘုတ်များ ချပေးပြီးသွားသည့်အချိန် ဟုန်ဖေးအား ဆီထုတ်သည့်စက်ပို့ပေးပါရန် ဆက်သွယ်၍ အကူအညီတောင်းခဲ့သည်။
ရွှီဖန်း မစောင့်နိုင်တော့ပေ။ ကြက်ခြံမှ ဝန်ထမ်းအနည်းငယ်ကို ခေါ်၍ မြက်ပင်များကို ဆွဲနှုတ်ခဲ့သည်။ ဤမြက်နှင့် သာမန်မြက်၏ ကွာခြားချက်တစ်ခုမှာ ရင့်မှည့်လာသည့်အခါ အရွက်ပေါ်၌ အစေ့လို အသီးလေးတစ်သီးပေါ်ပေါက်လာမှာဖြစ်သည်။
ဝန်ထမ်းများအား မျိုးစေ့များ စိုက်ပျိုးထားရန် ညွှန်ကြားပြီးနောက် ရွှီဖန်းသည် မြက်သေတ္တာကြီးနှစ်လုံးကို မကာ ဆီထုတ်လုပ်သည့်စက်ကို ထားထားသည့် ကြက်ခြံထဲသို့ ဝင်လာခဲ့သည်။
စက်ထဲသို့ မြက်များကိုလောင်းထည့်ကာ စတင်သည့်
ခလုတ်ကို နှိပ်ပြီးနောက် ဘေးမှာ ထိုင်စောင့်နေခဲ့သည်။
ချိုးဆုအာသည်လည်း ကြက်ခြံရောက်နေသည်ကို သိရသည်နှင့် ရွှီဖန်းနောက်သို့ လိုက်လာခဲ့လေသည်။
မကြာခင်မှာပင် ဆီထွက်သည့်နေရာမှ ဆီတချို့ စတင်၍ ထွက်ရှိလာသည်။ သို့သော် ထိုဆီက ရွှီဖန်းကို ခဏတာ အံ့အားသင့်စေခဲ့သည်။ ထိုဆီသည် ရေကဲ့သို့ ကြည်လင်လှသည်။
"ရွှီဖန်း ဘာတွေညှစ်နေတာလဲ... ဘာလို့ မြက်ထဲကရေတွေကို ညှစ်ထုတ်နေတာလဲ"
ချိုးဆုအာက စိတ်ဝင်တစားမေးလာသည်။
"ဒါက ရေတွေမဟုတ်ဘူး ဆီတွေ"
ရွှီဖန်း ရယ်မောရင်း ပြောခဲ့သည်။ ကောင်းကင်ဘုံကဆီက ကမ္ဘာမြေကဆီများနှင့် အရမ်းကွာခြားလွန်းသည်။ ဆီတွေထွက်လာပြီးမကြာခင်မှာပင် ရွှီဖန်းသည် အခန်းထဲ၌ မွှေးရနံ့များ ပြည့်နှက်လာသည်ကို ခံစားလိုက်ရသည်။
သို့သော်လည်း နောက်ဆက်တွဲအဖြစ်အပျက်က ရွှီဖန်းကို အံ့အားသင့်စေခဲ့သည်။ သူနှုတ်ယူခဲ့သော မြက်များသည် ၁၀ကျင်းထက်နည်းသော်ငြား ဆီအဖြစ် အနည်းဆုံး ကျင်း၅၀စာလောက် ညှစ်ထုတ်နေခဲ့သည်။ ရွှီဖန်း သူ့ခေါင်းကို ပွတ်သပ်ကာ တွေးလိုက်မိသည်။
"ကောင်းကင်ဘုံကတော့ မျှော်လင့်ထားသလိုပါပဲ၊ သိပ္ပံနည်းကျတာ မကျတာကို လုံးဝဂရုမစိုက်နေဘူး"
နောက်ဆုံးတွင် ဆီအပြည့်ဖြည့်ထားသော စည်နှစ်စည်ကိုယူကာ မတ်တပ်ထရပ်လိုက်သည်။ စည်များအပေါ်၌ အမှတ်အသားလုပ်ထားသည့် အလေးချိန်ကိုကြည့်မိရာ ရွှီဖန်းတစ်ယောက် တံတွေးမြိုချလိုက်
မိသည်။ စည်တစ်ခုစီတွင် အလေးချိန် ၁၀၀ ကီလိုဂရမ်ရှိသည်။
မြက်ငါးကီလိုဂရမ်သည် ဆီကီလိုဂရမ်လေးရာကို တစ်ခါတည်း ညှစ်ထုတ်ပေးနိုင်လေသည်။
ရွှီဖန်း ခါးသက်စွာ ပြုံးလိုက်မိသည်။ နောင်တွင် ဒီဆီကို သူကိုယ်တိုင်ပဲ ထုတ်ရမည့်အလားအလာရှိနေသည်။ မဟုတ်လျှင် နိုင်ငံကပါ သူ့ကိုစုံစမ်းလာနိုင်သည်။
ဘေးမှာ ရပ်နေသော ချိုးဆုအာသည် ရွှီဖန်းထည့်ထားသော မြက်များကို ကြည့်နေခဲ့သည်။ သို့သော်ငြား သူမသည် စိုက်ပျိုးမွေးမြူရေးဘက်မှာ သိပ်ပြီး ဗဟုသုတမရှိသေးတာကြောင့် အနည်းငယ်သာ အံ့သြခဲ့သည်။ ရွှီဖန်းသည် မြောက်မြားစွာသော ထူးဆန်းမှုများစွာကို ပြုလုပ်လာပြီးကတည်းက သူမ ထိုအကြောင်းကို များစွာ ဂရုမစိုက်ခဲ့ချေ။
စားသောက်ဆိုင်နှစ်ဆိုင်သို့ ဆီများ ပို့ဆောင်ပေးရန် ချိုးဆုအာကို ညွှန်ကြားပြီးနောက် ရွှီဖန်းသည် တောင်ပေါ်မှ ဆင်းလာခဲ့သည်။
လတ်တလောတွင် နတ်ဘုရားများ အမှိုက်ပစ်ချထားခြင်း ရှိမရှိစစ်ဆေးရန်အတွက် အိမ်အနောက်တောင်ဘက်သို့ တစ်ချက်သွားကြည့်ရန် ပြင်ဆင်ထားခဲ့သည်။
အိမ်တံခါးအရှေ့သို့ သူရောက်ရောက်ချင်းမှာပင် လျိုကျင်းဟာ လူတချို့ဖြင့် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ရွှီဖန်း အံ့သြသွားသည်။ တစ်ဖက်ကိုလှည့်ကြည်မိရာ သူ့ဆီအပြေးလာနေသည့် ဝူယွီရွှမ်းကို တွေ့လိုက်ရသည်။ သူ ချက်ချင်းပင် တစ်စုံတစ်ရာကို တွေးမိခဲ့သည်။
"ရွှီဖန်း ဘာတွေလုပ်နေတာလဲ၊ ငါ နင့်ကို ဖုန်းခေါ်နေတာ မကိုင်ဘဲနဲ့"
ဝူယွီရွှမ်းက ရွှီဖန်းဘေးမှာ ရပ်ရင်း ခပ်တိုးတိုးပြောလာသည်။
"အိုး ငါ ခုနက တောင်ပေါ်မှာ ရောက်နေတာ၊ စိတ်မပူပါနဲ့...ငါ မနေ့ကပြောတဲ့လူတွေ ဒီနေ့ ဘာလို့ရောက်လာတယ်လို့ မင်းထင်လဲ"
ရွှီဖန်းသည် ခေါင်းကိုမော့ ရင်ကိုကော့ရင်း သူ့ကိုလျှောက်လာနေသည့် လျိုကျင်းအား ကြည့်ရင်း ရယ်လိုက်သည်။
"ယွီရွှမ်း ခဏနေရင် သူတို့ပြောချင်တာ ပြောပါစေ၊ မင်း တတ်နိုင်သလောက် ငြိမ်ငြိမ်လေးနေလိုက်၊ ငါ ခဏလောက် သူ့ကို ကစားလိုက်ဦးမယ်"
ရွှီဖန်းသည် ဝူယွီရွှမ်းအား စိတ်ချလက်ချနေလို့ရကြောင်း အကြည့်တစ်ချက်ပေးခဲ့ပြီး သူ့အိမ်သို့ တိုက်ရိုက်လျှောက်သွားလိုက်သည်။
ဝူယွီရွှမ်းမှာ ကူကယ်ရာမဲ့စွာ သက်ပြင်းချမိသည်။ မနေ့ကလာသည့် လူက စစ်တပ်ကဖြစ်သည်ဆိုသည့် အကြောင်းကိုသာ သူသိထားသည်။ သို့သော် ရွှီဖန်းက သူမကို များစွာ မပြောပြထားခဲ့ပေ။ ဝူယွီရွှမ်းသည် စာလေ့လာသည့်နေရာမှာသာ နှစ်ပေါင်းများစွာ စိတ်
နှစ်ထားခဲ့တာကြောင့် စစ်ဘက်ဆိုင်ရာနှင့်ပတ်သက်၍ သူမ များစွာ မသိထားပေ။
သူ့အခန်းထဲရောက်သည်နှင့် ရွှီဖန်းသည် ဝူမင်၏ နံပါတ်ကို ခေါ်လိုက်သည်။
"ဟယ်လို ခေါင်းဆောင်ဝူ ဒီကို စစ်သားတစ်ဖွဲ့လောက် ပို့ပေးလိုက်လို့ရမလား"
ရွှီဖန်း လိုရင်းကိုသာ ပြောလိုက်သည်။
"ဟမ် ဘာဖြစ်လို့လဲ ရွှီဖန်း"
ဝူမင် အံ့သြသွားခဲ့သည်။ ဒီရွှီဖန်းဟာ အမြဲဒုက္ခရှာခံနေရတာတော့ မဟုတ်နိုင်ပါဘူးနော်။
"ဒီလိုပါ၊ ကျွန်တော် ဒီဘက်မှာ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်တွေကို ပစ်မှတ်ထားနေတဲ့လူတွေကို သံသယရှိထားတယ်၊ ဒါက တိုင်းပြည်ရဲ့သယံဇာတတွေရဲ့ သိမ်းယူတဲ့ ကိစ္စကြီးပဲ၊ ဒါကြောင့် ခင်ဗျားရဲ့စစ်တပ်ကို ဒီကိစ္စဖြေရှင်းပေးဖို့ ဖိတ်ချင်ပါတယ်"
ရွှီဖန်းသည် မတုံ့ဆိုင်းဘဲ လျိုကျင်း၏ခေါင်းပေါ် ဦးထုပ်ဆောင်းပေးခဲ့သည်။
"တိုင်းပြည်ရဲ့သယံဇာတကို ခိုးတာလား"
ဝူမင် ဒီမေးခွန်းကို မေးရသည့်အကြောင်းအရာက သိသာပေသည်။ ရွှီဖန်းကို ကိစ္စဟာ ပြင်းထန်မပြင်းထန် မေးလိုခြင်းပင်။
"တိုင်းပြည်ရဲ့သယံဇာတကို ခိုးယူနေတာ"
ရွှီဖန်းသည် ထိုစကားအတိုင်း ပြန်ပြောခဲ့သည်။ သူ အလေးအနက်ထားသည်မှာ သိသာပေသည်။
"ကောင်းပြီ ရွှီဖန်း ခဏစောင့်၊ မင်းရဲ့ရွာအနီးမှာ လေ့ကျင့်နေတဲ့ တပ်သားတစ်ဖွဲ့ရှိတယ်၊ မင်းဆီကို ချက်ချင်းလွှဲပေးလိုက်မယ်"
ဝူမင်က လေသံနိမ့်ဖြင့်ပြောသည်။ ရွှီဖန်းအပေါ်မှာ သူနားလည်မှုတချို့ရှိတာကြောင့် သူတပ်ဖွဲ့ကို လက်လွှဲရဲခြင်းဖြစ်သည်။
ဖုန်းချပြီးနောက် ရွှီဖန်း စိတ်သက်သာရာရသွားခဲ့သည်။ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုကို တင်ထားရင်း အိမ်ပြင်သို့ ထွက်လာကာ ဝူယွီရွှမ်း၏ရုံးသို့ လျှောက်သွားလိုက်သည်။
"ဒါက အဓိပ္ပာယ်မရှိရင် ဘာလဲ၊ မင်းရဲ့ရွာလား မဟုတ်ဘူးလေ...မင်းရဲ့ရွာတင်မကဘဲ တခြားပတ်ဝန်းကျင်က တောင်တွေ သစ်မြေတွေပါ ရွှီဖန်းကို ပေးလိုက်သေးတယ်! ဒီအတွက် ခရိုင်ကနေ ခွင့်ပြုချက် မင်းယူထားလို့လား"
ရှောင်းခဲ့က စားပွဲကို ရိုက်၍ ဝူယွီရွှမ်းကို အော်ပြောနေသည်။
ဝူယွီရွှမ်းက သူ့ကိုကူကယ်ရာမဲ့စွာကြည့်ရင်း ပြောသည်။
"ခရိုင်အုပ်ချုပ်ရေးမှူး ကျွန်မတို့ မြေတွေ စာချုပ်ချုပ်တဲ့ ကိစ္စကတော့ ခရိုင်ကိုတင်ပြစရာမလိုပါဘူးလေ၊ ဟုတ်တယ်မလား"
"ဘယ်လိုစကားလဲ...မင်းက ခေါင်းဆောင်လား ငါက ခေါင်းဆောင်လား၊ ဒီစာချုပ်က ပျက်ပြယ်သွားပြီ...ခရိုင်က ဒီစာချုပ်တွေကို အသိအမှတ်မပြုထားဘူး၊ ငါ စာချုပ်အသစ်ရေးဆွဲပြီးရင် ရင်းနှီးမြှုပ်နှံသူအသစ်ဆီ ပေးလိုက်မယ်၊ ရင်းနှီးမြှုပ်နှံသူအသစ်က ပြည်နယ်ကပဲ၊ သူနဲ့သာဆိုရင် မင်းတို့ကို ဆင်းရဲတွင်းက လွတ်မြောက်အောင် ကူညီပေးနိုင်မှာ"
တစ်ချိန်တည်းမှာပင် သူသည် လျိုကျင်းကို တိတ်တဆိတ်ထည့်ချီးကျူးခဲ့လေသည်။
ထိုအရာက လျိုကျင်းကို ပျော်ရွှင်စေသည်။ သူက ဝူယွီရွှမ်းကို ကြည့်၍ မထူးခြားနားစွာ ပြောလိုက်သည်။
"ရွာသူကြီးဝူ ရွှီဖန်းက ဘယ်မှာလဲ၊ သူ့ကိုခေါ်လိုက်ပါ...နောက်ဆုံးတော့ သူ့စာချုပ်က တရားမဝင်ဘူးလေ၊ သူ့ကို ဒီခေါ်ထားရမှာ မဟုတ်ဘူးလား"
ဘေးမှာရပ်နေသည့် ရှောင်းခဲ့ကလည်း သဘောတူလိုက်သည်။
"အမှန်ပဲ သူရှိနေရမှာ"
"ငါ ဒီမှာပဲ၊ ဘာဖြစ်လို့လဲ...ငါ့စာချုပ်တွေကို ဖျက်ချင်လို့လား"
ရွှီဖန်းသည် တံခါးကိုတွန်းဖွင့်၍ ဖြည်းညှင်းစွာ ဝင်လာသည်။
***********************