← Chapters

လူသတ်သမား

Vol. 16 Ch. 226

လူသတ်သမား

Vol. 16 Ch. 226

ချန်ဟိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်။

အရပ်ပု၍ သာမန်ဆန်သော လူတစ်ယောက်သည် လေယာဥ်ပေါ်မှ တစ်ယောက်တည်း ဆင်းလာလေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ သူသည် မည်သည့်ခရီးဆောင်ပစ္စည်းကိုမျှ မကိုင်ဆောင်ထားခြင်းပင်။ လေဆိပ်ထဲကနေ တစ်ယောက်တည်းထွက်လာချိန်မှာ လွယ်အိတ်တောင် မပါလာခဲ့ပေ။

"အစ်ကိုချန်း ဒီမှာ!"

စွန်းဖုကျန်းသည် လေဆိပ်ဝင်ပေါက်၌ မနက်ကတည်းက စောင့်နေခဲ့သည်။ သူအကြာကြီးစောင့်နေခဲ့ရသည့်လူကို နောက်ဆုံးမှာ တွေ့လိုက်ရတာကြောင့် အလိုလို စိတ်လှုပ်ရှားလာခဲ့သည်။

အရပ်ပုလူက ခေါင်းညိတ်ပြ၍ စွန်းဖုကျန်းနှင့်အတူ ကားထဲ ဝင်သွားခဲ့သည်။ 

ကားထဲ၌...

"အစ်ကိုချန်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီ၊ ကျွန်တော်ဒီမှာ သေအောင် အနိုင်ကျင့်ခံနေရတာ"

စွန်းဖုကျန်းက ညည်းညူလာသည်။

"အစ်ကိုမသိလို့၊ အဲ့ဒီကောင်က လယ်သမားသာသာပဲရှိတာ၊ သူ စစ်တပ်နဲ့ဘယ်လိုအဆက်အသွယ်ရှိပြီး ကျွန်တော့်ကို ရိုက်ချနိုင်ခဲ့လဲဆိုတာ ဘုရားပဲ သိလိမ့်မယ်၊ ကျွန်တော့်ညီအစ်ကိုတွေမှာလည်း မိသားစုအခွင့်အာဏာတွေရှိပေမယ့် စစ်တပ်ကြောင့် ဘာမှဆက်လုပ်လို့မရတော့ဘူး၊ ဒါကြောင့် အစ်ကို့ကိုပဲ ခေါ်လိုက်ရတာ"

ချန်းရုန်က ခေါင်းညိတ်၍ ပြောသည်။

"အဲ့ဒီလူမှာ စစ်တပ်နောက်ခံရှိတယ်ပေါ့၊ ဒါဆို သူ့မှာ သက်တော်စောင့်ဘာညာရော ထားရှိထားသေးလား"

"ဟင့်အင်း အဲ့ဒါတော့ စိတ်မပူပါနဲ့၊ ကျွန်တော် စစ်ဆေးပြီးပြီ၊ ဒီငတုံးကောင်က နေရာတိုင်းမှာသာ ဒုက္ခလိုက်ရှာနေတာ လုံခြုံရေးအစောင့်တွေတောင် မခေါ်ထားဘူး၊ သူ့ရဲ့ ကိုယ်ခံပညာကတော့ မဆိုးဘူးလို့ ပြောလို့ရတယ်"

"ဒါပေမယ့် ကျွန်တော် အစ်ကို့ကို ယုံတယ်၊ အာရှရဲ့နံပါတ်တစ်လုပ်ကြံသတ်ဖြတ်ရေးသမားတစ်

ယောက်အနေနဲ့ အစ်ကိုချန်းရဲ့ အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်က တော်တော်ကောင်းတယ်မဟုတ်လား"

ချန်းရုန်က ခပ်ဖျော့ဖျော့ရယ်ရင်း သူ့ကိုယ်သူ လှောင်ပြောင်မိသည်။ အာရှရဲ့နံပါတ်တစ်ဟုတ်လား။ ထိုကြောက်စရာကောင်းသော မျိုးနွယ်စုအဖွဲ့အစည်းတွင်တော့ သူ ထိပ်ဆုံးဆယ်ယောက်ထဲတောင် ပါဝင်နိုင်မည် မဟုတ်ချေ။

သို့သော်ငြား ဘာမှမသိသည့် တောသားတစ်ယောက်ကို ရင်ဆိုင်သတ်ဖြတ်ရမည်ဟု တွေးလိုက်သောအခါ သူ အာရုံတော့နောက်သွားခဲ့သည်။

"မဆိုးပါဘူး သူ့ကို သတ်ဖို့တော့ လုံလောက်ပါတယ်"

ချန်းရုန်၏အမူအရာမှာ မပြောင်းဘဲဘဲ ကျွမ်းကျင်သူတစ်ယောက်၏ အမူအရာရှိနေသည်။

"ကောင်းပြီ အစ်ကိုချန်း၊ ဒီနေ့အနားယူလိုက်ပါ...ဧည့်ခံပွဲကိုလည်း ပြင်ဆင်ထားပြီးပြီ၊ အဲ့ဒီကောင် ပြည်နယ်ကို နောက်တစ်ခါ ရောက်လာတဲ့အချိန်ကျရင် အစ်ကို့ကို အကူအညီလာတောင်းမယ်"

စွန်းဖုကျန်း၏မျက်နှာက ဒါကိုပြောနေသည့်အချိန် ပျော်ရွှင်မှုအပြည့်ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် ရွှီဖန်းသည် သူ့အိမ်အနောက်

ဘက်တောင်၌ ကောင်းကင်ဘုံအမှိုက်များကို ရှာဖွေနေသည်။

သူ ရောက်နေတာ ကြာပြီဖြစ်၏။ အမှိုက်ပုံနှစ်ပုံကိုလည်း တွေ့ထားတာကြောင့် သူ ဖောက်ချခဲ့သည်။ သို့သော် ပထမအမှိုက်ပုံကို ရှာဖွေပြီးနောက် ရွှီဖန်းစိတ်ပျက်သွားခဲ့သည်။ အမှိုက်ပုံကို ရှာရသည့် မူလအကြောင်းအရင်းက နတ်ဘုရားများ၏ အသုံးမဝင်သော ပစ္စည်းများကို ရှာလိုခြင်းပင်။ သို့သော်ငြား နတ်ဘုရားများက ချွေတာလွန်းကြသည်။ သူတို့မှာ ဆိုးရွားသော ပစ္စည်းများ ရှိလျှင်တောင်မှ သူတို့တပည့်ကိုသာ ပေးကြတာ များသည်။

ဘာကြောင့်သိလည်း သူ့ကို မမေးပါနှင့်။ wechat momentမှာ တစ်ကြိမ်ပြီး တစ်ကြိမ် တင်ကြတာတွေကြည့်တိုင်း သိနိုင်ပေသည်။ 

အမှိုက်ပုံနှစ်ပုံကို မွှေခဲ့သော်လည်း အသုံးဝင်တာ ဘာမှမတွေ့ခဲ့ပေ။ ရုတ်တရက် ရွှီဖန်းသည် ကောင်းကင်ကြီး တုန်လှုပ်သွားသည်ကို ခံစားခဲ့ရသည်။

ငှက်နှုတ်သီးရှိပြီး လူခန္ဓာကိုယ်ပိုင်ဆိုင်ထားသည့် နတ်တစ်ပါးက ခေါင်းထွက်လာပြီး ရွှီဖန်းကို အော်ပြောလာသည်။ 

"ဟေး မင်းက ငါတို့ အမှိုက်တွေကို ဖြေရှင်းပေးနေတဲ့လူ ဟုတ်တယ်မလား၊ ငါ ဒီကနေ ဖြတ်တော့ မင်းကို ကြည့်လိုက်မိတာ"

ရွှီဖန်း ခဏတာ အံ့သြသွားပြီး ခေါင်းညိတ်ခဲ့သည်။ သူ ဝတ်ဆင်ထားသည်ကို ကြည့်ရင်း မိုးကြိုးနတ်ဘုရားဆိုတာ သူ သိလိုက်သည်။

"အာ...ကျွန်တော် ကူညီပေးရမှာ ရှိလို့လား"

"ဟေး ပြောမနေပါနဲ့တော့၊ ငါ့အိမ်က မိန်းမက မင်းတို့ သေမျိုးလောကက လူတွေ သရုပ်ဆောင်တာကို ဆဲလ်ဖုန်းကနေ လတ်တလောကြည့်နေတာ၊ ဒါပေမယ့် သူ မန်ဘာမဝင်ထားတော့ သူကြိုက်တဲ့ဟာတွေကို ကြည့်လို့မရဘူးဖြစ်နေတယ်၊ သူ့အတွက် မန်ဘာလုပ်ပြီးသား အကောင့်ကို ရှာပေးလို့ရမလား"

ရွှီဖန်း အံ့အားသင့်သွားသည်။ ဒီလိုရိုးရှင်းတဲ့တောင်းဆိုမှုပဲလား။

သို့သော်ငြား ရွှီဖန်း ချက်ချင်း နားလည်သွားခဲ့သည်။ ကောင်းပင်ဘုံမှ နတ်များသည် သူပေးခဲ့သည့်ဖုန်းအပေါ်မှာ မူတည်ပြီး သူတို့ ကိုယ်ပိုင်ဖုန်းကို ဖန်တီးခဲ့ကြသော်လည်း သူတို့ဟာ ဘာပဲပြောပြော မိုဘိုင်းဖုန်းနှင့်ပတ်သက်၍ အသိနည်းသေးတာကြောင့် တချို့အရာတွေမှာဆိုလျှင် သေမျိုးလောကက လူတွေလုပ်တာကို ကြည့်ကြရလေသည်။

ဒါ့အပြင် နတ်တစ်ပါးလေးတောင်မှ လူ့လောကငွေကို ပေးချေရန် ပိုက်ဆံမရှိကြပေ။ ဒါကြောင့် သူတို့ မန်ဘာလုပ်လို့မရတာ မထူးဆန်းပေ။

ဒါကိုတွေးရင်းဖြင့် ရွှီဖန်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ခဏစောင့်ပါ...အရှင့်ရဲ့ Wechatက ဘာလဲ၊ ကျွန်တော်အပ်လိုက်မယ်"

အလွန်မြန်စွာပင် မိုးကြိုးဘုရားနှင့် ရွှီဖန်းသည် wechatမှာ သူငယ်ချင်းဖြစ်သွားကြသည်။

ရွှီဖန်း မတုံ့ဆိုင်းနေဘဲ ဗီဒီယိုဆော့ဖ်ဝဲ၌ မန်ဘာ ၇ခု၊ ၈ခုလောက်လုပ်ကာ အကောင့်များကို ပို့ပေးခဲ့သည်။

"ပြီးသွားပါပြီ၊ ဘယ် ဗီဒီရိုဆော့ဖ်ဝဲထဲကိုပဲ သုံးသုံး အဲ့ဒီအကောင့်တွေနဲ့ ဝင်လိုက်ပါ၊ ကျွန်တော် အလိုအလျောက်ပြန်ပြီးသက်တမ်းတိုးတဲ့ စနစ်ကို ဖွင့်ထားပြီးပြီ၊ ဒါကြောင့် ရပ်သွားမှာ မဟုတ်ဘူး"

ရွှီဖန်း ရယ်ရင်း ပြောခဲ့သည်။

"အငယ်လေး မင်း ဒီမန်ဘာဝင်တာ ဘယ်လောက်ကုန်ခဲ့လဲ"

မိုးကြိုးနတ်ဘုရားက ရှက်ရွံ့စွာ မေးလာသည်။ သူဟာ ရွှီဖန်းအား ကူညီရန် တောင်းဆိုခဲ့သော်လည်း ရွှီဖန်းက ရက်ရောလှသည်။ သဘာဝကျစွာပင် သူ ရွှီဖန်းကို တစ်ခုခုပြန်ပေးချင်နေသည်။

ရွှီဖန်းသည် ငွေကို အလေးအနက်မထားတာကြောင့် ပေါ့ပေါ့ပါးပါးဖြေခဲ့သည်။ 

"တစ်လစာကို ယွမ်၁၀၀လောက်ပါပဲ"

မိုးကြိုးနတ်ဘုရားက ခေတ္တအံ့အားသင့်သွားခဲ့သည်။ ​သေမျိုးလောက၌ ငွေကို ဘယ်လိုဖလှယ်ကြလဲ သူမသိခဲ့ချေ။ သူ့စိတ်က ရှေးခေတ်မှာသာ ပိတ်မိနေပြီး တစ်ခု၊ နှစ်ခုဆိုပြီး တွက်တဲ့ပုံစံကိုသာ တွေးနေခဲ့သည်။

ဒါကြောင့် သူ အဆောင်သုံးခုကို ထုတ်ကာ ရွှီဖန်းကို ကမ်းပေးခဲ့သည်။ 

"ဒါက ပထမအဆင့်လျှပ်စီးဆင့်ခေါ်တဲ့အဆောင်ပဲ၊ အဆင့်မြင့်အဆောင်က သေမျိုးကမ္ဘာကြီးကို ပြောင်းလဲမှုဖြစ်စေနိုင်တာကြောင့် ငါ မင်းကို မပေးရဲဘူး၊ ဒီပထမအဆင့်က လုံလောက်ပါတယ်၊ လူအိုကြီးထိုက်ပိုင်က မင်းကို ဒီအဆောင်ပြုလုပ်နည်းကို မပေးခဲ့ဘူး ဟုတ်တယ်မလား၊ ငါ ခဏနေရင် ဒီအဆောင်

ပြုလုပ်နည်းနဲ့ မြှုပ်ကွက်တွေကို wechatကနေ ပို့ပေးလိုက်မယ်၊ ဒီသုံးခုကို သိမ်းထားလိုက်ပါ၊ မင်းကိုယ်ကိုယ်မင်း ဂရုစိုက်နိုင်မှာပါ"

ရွှီဖန်းသည် သဘာဝကျစွာပင် ထိုကဲ့သို့ ကောင်းမွန်သည့်ပစ္စည်းကို ယူရန် မနှောင့်နှေးရဲပါချေ။ သိထားရမည်မှာ သူတစ်ခါရခဲ့သည့် အက်နေသောလျှပ်စီး

အဆောင်ကတောင်မှ ပြင်းထန်သော ထိခိုက်မှု ရှိခဲ့လေသည်။ ဒါကြောင့် ဒီအဆောင်တွေသာဆိုလျှင်...

ဒါကိုတွေးရင်း ရွှီဖန်းသည် သူ၏ကျေးဇူးတင်မှုကို အမြန်ပြသခဲ့သည်။ မိုးကြိုးနတ်ဘုရားကလည်း သူလိုချင်တာ ရသွားပြီဖြစ်ရာ စိတ်ကျေနပ်မှုအပြည့်ဖြင့် ထွက်သွားလေသည်။

ရွှီဖန်းသည် ဤအဆောင်ကို ချက်ချင်းစမ်းသပ်ချင်

သည့် စိတ်က အလွန်ပြင်းပြနေသော်လည်း သုံးခုသာ ရှိထားတာကြောင့် သူ၏စိတ်လှုပ်ရှားနေမှုကို ဖိနှိပ်ကာ တောင်အောက်သို့ ဆင်းလာခဲ့သည်။

ရွှီဖန်း၏မိဘတွေလည်း ကြက်ခြံမှာ နှစ်ရက်ကြာ အလုပ်ဝိုင်းလုပ်ပြီးနောက် အိမ်ပြန်ရောက်လာကြလေသည်။ သားဖြစ်သူ ကြွယ်ဝလာပြီးကတည်းက သူသည် မိဘနှစ်ပါးအား အလုပ်လုပ်ခွင့်မပေးတော့တာကြောင့် လူအိုစုံတွဲခင်ဗျာ ကြက်ခြံသွား၍ အစာကျွေးခြင်းဖြင့်သာ အလုပ်လုပ်ချင်စိတ်ကို ဖြေသိမ့်နေရသည်။ 

"သား အဲ့ဒီကြက်တွေကို ဘယ်လိုများ မွေးမြူထားခဲ့တာလဲ၊ ကြက်တွေအကုန်လုံးက အကြီးကြီးတွေ၊ အမေ တစ်ကောင်လောက်ယူပြီး ချက်စားချင်ပေမယ့် သားအဖေက ခွင့်မပြုဘူး"

ရွှီဖန်းပြန်လာတာကို မြင်သည့်အခါ အမေဖြစ်သူက ရယ်၍ ပြောလာသည်။

"မင်းသားရဲ့ကြက်ခြံက အလကားဖွင့်ထားတာမဟုတ်ဘူးလေ၊ တစ်ကောင်လောက် ယူသွားတာက စည်းကမ်းဖောက်ရာမကျဘူးလား"

ရွှီဖန်း၏အဖေက အလေးအနက်ပြန်ပြောလာသည်။

ဒီဆူညံနေသည့်အတွဲကိုကြည့်ရင်း ရွှီဖန်းပြုံးလိုက်ကာ ချိုးဆုအာ၏နံပါတ်ကို တိတ်တဆိတ်ခေါ်လိုက်သည်။ သူတို့စားရန်အတွက် အိမ်ကို ကြက်နှစ်ကောင်ပို့ပေးရန် တောင်းဆိုခဲ့ပြီး သူသည်လည်း မိသားစုချက်ပြုတ်ထားတာကို စားသောက်ခဲ့သည်။

သူ ရွာသို့ အချိန်အကြာကြီး မပြန်လာဖြစ်လောက်ဘူးဆိုတာ သူသိထားသည်။ နောက်ဆုံးမှာ ရွှီဖန်း၏ နှစ်ရှည်စီမံကိန်းက စတင်ခဲ့လေပြီ။

***********************

All Chapters