ဝယ်ယူမှုအစီအစဥ်
Vol. 16 Ch. 227
နောက်တစ်နေ့မနက်မှာ ရွှီဖန်းသည် သူတစ်ယောက်တည်း ပြည်နယ်ကို ထွက်လာခဲ့သည်။
သူ ချိုးဆုအာကို မခေါ်သွားခဲ့ပေ။ သူ့အမြင်မှာတော့ သူမသည် ကိစ္စများကို သူမကိုယ်တိုင် သင်ယူရန် အချိန်လိုနေသေး၏။
ဒီတစ်ကြိမ် ရွှီဖန်း၏ ရည်မှန်းချက်က ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို ဝယ်ယူရန်ဖြစ်သည်။ အခုဆိုလျှင် သူသည် အမျိုးမျိုးသောလုပ်ငန်းတွေကနေ ယွမ်သန်း၂၀လောက် ရှာထားပြီးလေပြီ။ သို့သော်ငြား ထိုပမာဏက ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို ဝယ်ရန် ၁ရာခိုင်နှုန်းလောက်သာ လုံလောက်သေး၏။ ဒါကြောင့် သူ့လုပ်ငန်းတွေမှာ သူ့စွမ်းရည်တွေကို အသုံးပြု၍ ငွေများများရှာရန်အတွက် အချိန်တစ်ခုလိုဦးမည်ဖြစ်သည်။
ရွှီဖန်းသည် ထိုချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို ဝယ်ယူရန် အလျင်လိုနေခြင်းမှာ အကြောင်းအရင်း မရှိလို့ မဟုတ်ချေ။ အကြောင်းအရင်းသုံးချက်ရှိလေသည်။
နံပါတ်(၁) - ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ ဥက္ကဌ လျိုကျင်းသည် စစ်တပ်၏ ဖမ်းချုပ်ခြင်းကို ခံထားရသည့်အချိန်ဖြစ်သည်။ ဝူမင် သူ့ကို ပို့လာသည့်စာအရ လျိုကျင်းသည် ၈နှစ်၊ ၁၀နှစ်အတွင်း ထွက်လာရန် မဖြစ်နိုင်ချေ။
နံပါတ် (၂) - ဒီနှစ်တွေအတွင်း လျိုကျင်း၏ ထိန်းချုပ်မှုအောက်မှာ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးသည် ပြည်နယ်တစ်ခုလုံး၌ ဖြန့်ချီထားသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ရွှီဖန်းသာ တိုးချဲ့ချင်ပါက ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးသည် အကောင်းဆုံး မှတ်ကျောက်တစ်ခုဖြစ်လေသည်။
နံပါတ် (၃) အချက်တော့ အရေးကြီးဆုံးပင်။ ရွှီဖန်းသည် သူ မသေမျိုးတွေနှင့် ဆက်သွယ်နိုင်ကတည်းက သူ့ရည်မှန်းချက်တွေကို များများမြှင့်တင့်ထားသင့်
သည်ဟု သူခံစားရသည်။ သူလည်း တဖြည်းဖြည်းပြောင်းလဲလာပြီး ယခင်ကလို ငြိမ်းချမ်းအေးဆေးသော ဘဝကိုသာ မတွေးမိတော့ချေ။
ဒါကြောင့် ထိုအခြေအနေသုံးရပ်ဟာ ရွှီဖန်း၏ စီးပွားရေးကို ဆောင်ရွက်ရန်အတွက် ဖြည့်တင်းပေးခဲ့လေသည်။
ယခုအချိန် သူ ဆုပ်ကိုင်ထားနိုင်သည့် အကောင်းဆုံးအခြေအနေမှာ စစ်တပ်က လျိုကျင်း၏ စစ်ဆေးမှုကို နှောင့်နှေးနေမလား၊ တိုးမြှင့်လုပ်ဆောင်မလားဆိုသည့်အချက်ပင်။ စစ်တပ်နှင့်သူ့ကြားမှာ ဆက်ဆံရေးကောင်းမွန်သော်လည်း သူ့ကြောင့် လက်ထောက်
မြို့တော်ဝန်ကို ဖြုတ်ချရန် မဖြစ်နိုင်သေးချေ။ ဒါ
ကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးကိုသာ ရာထူးမှ ဖယ်ရှားခဲ့ပြီး နိုင်ငံရေးနှင့် မသက်ဆိုင်သော လျိုကျင်းသည် ယဇ်ပူဇော်ခံ ဖြစ်လာရသည်။
အခု ရွှီဖန်းသွားချင်သည့် ပထမဆုံးနေရာက ရှရှီဆေးဝါးစက်ရုံကို ဖြစ်သည်။ သူ၏ လက်ရှိစွမ်းရည်
ဖြင့် ပိုက်ဆံမြန်မြန်ရှာချင်လျှင် တစ်ခုတည်းသောနည်းလမ်းက သူ့ဆေးပညာအရည်အချင်းကို အသုံးပြုခြင်းဖြစ်သည်။
အလွန်လျင်မြန်စွာပင် သူ ရှရှီတံခါးရှေ့သို့ ရောက်သွားခဲ့ပြီး ရှယန်ယွိကလည်း သူ့ကို ထွက်စောင့်နေသည်။
"ရွှီဖန်း ဒီတစ်ကြိမ်လာတာ ကျွန်မတို့ရှရှီကို ဖော်မြူလာပေးမလို့လား"
ရှယန်ယွိက အပြုံးဖြင့် ပြောသည်။ မတိုင်ခင်က ရွှီဖန်းသည် အလျင်လိုနေခဲ့ပြီး သူ ဘာကြောင့် ဒီရောက်နေသလဲဆိုတာကို မပြောပြခဲ့ပေ။ သို့သော်ငြား ရွှီဖန်းကို ရှယန်ယွိနားလည်ရသလောက် သူဟာ အကြောင်းအရင်းမရှိဘဲ ရောက်လာမည်မဟုတ်မှန်း သူမ သိပေသည်။ ရွှီဖန်းဘက်မှ တစ်ခုခုတောင်းဆိုရန် ရောက်လာသည့်ပုံလည်း မပေါ်တာကြောင့် သူဟာ ဖော်မြူလာပေးဖို့ ရောက်လာသည်ဟုသာ သူမ ယူဆခဲ့သည်။
"ဟုတ်တယ် ဒါပေမယ့် အဲ့ဒီတစ်ခုတည်းမဟုတ်ဘူး"
ရွှီဖန်းက အပြုံးဖြင့် ပြောသည်။
ရှယန်ယွိ အပျော်လွန်သွားခဲ့သည်။ ရွှီဖန်းဟာ သူမ၏ ကံကောင်းစေသော ကြယ်ဖြစ်သည်။
"အထဲဝင်ရအောင်၊ မင်းရဲ့ရုံးခန်းထဲမှာ ပြောကြမယ်"
ရွှီဖန်းသည် လက်ကိုဝှေ့ယမ်းကာ အရင်ဦးဆုံး လျှောက်ဝင်သွားသည်မှာ မသိလျှင် သူကပဲ ရှရှီ၏ သူဌေးလိုလို ဘာလိုလိုပင်။
ရှယန်ယွိ ခါးသက်စွာ ပြုံးလိုက်မိသည်။ ဒီရွှီဖန်းဟာ သာမန်မဟုတ်ပေ။ ရုံးခန်းထဲ ဝင်ပြီးနောက် ရှယန်ယွိထိုင်ချကာ ရွှီဖန်းကို ကြည့်လိုက်သည်။
"ကဲ ပြောကြရအောင်ပါ၊ ကြီးမြတ်လှပါသောနတ်
ဆရာဝန်ရွှီ ဒီတစ်ကြိမ်မှာ ရှရှီကိုပေးဖို့ ဖော်မြူလာဘယ်နှစ်ခု ပြင်ဆင်ခဲ့ပါလဲရှင့်"
ရွှီဖန်း ပေါ့ပါးစွာရယ်၍ ရှယန်ယွိ၏ မျက်လုံးကို စိုက်ကြည့်ကာ မေးခဲ့သည်။
"ဥက္ကဌရှ နှစ်လအတွင်းမှာ ကျွန်တော် နှစ်ဘီလီယံရှာဖို့ လိုအပ်နေတယ်ဆိုရင် ကျွန်တော် ဖော်မြူလာ ဘယ်နှစ်ခုပေးရင်ရမလဲ"
ရှယန်ယွိသည် ခဏလောက် အံ့အားသင့်သွားကာ ရွှီဖန်းကို စိုက်ကြည့်ရင်း ခြောက်သွေ့စွာ ပြုံး၍ ပြောခဲ့သည်။
"ကျွန်မကို မနောက်နဲ့"
ရွှီဖန်းက ရုတ်ချည်း အလေးအနက်ပြောလာသည်။
"ကျွန်တော်တစ်ကယ် နှစ်လအတွင်းမှာ နှစ်ဘီလီယံလိုအပ်နေတယ်၊ ရနိုင်မလားပဲ ပြောပါ"
ရွှီဖန်း၏ ပြင်းပြသော အမူအရာကို ကြည့်ရင်း ရှယန်ယွိလည်း သူမ၏ ခန္ဓာကိုယ်ကို မတ်ကာ လေးနက်စွာ ပြောခဲ့သည်။
"ရွှီဖန်း ရှင့်ရဲ့ဖော်မြူလာတွေက ဘယ်လောက်ပဲ အံ့သြစရာကောင်းပါစေဦး ကိစ္စမရှိသေးဘူး၊ ပိုက်ဆံရှာဖို့ အရေးကြီးဆုံးအရာက ဘာလဲသိလား"
ရွှီဖန်း အံ့သြသွားရသည်။ သူ မတိုင်ခင်က ဒါကို မတွေးခဲ့ချေ။ ဆေးဖော်မြူလာကို ထောက်ပံ့ပေးရုံနှင့် သူ့အတွက် အကျိုးအမြတ်ရနိုင်ပြီဟု ထင်ခဲ့သည်။ ဒါက အားလုံးပင်။ သူ သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ဘာလဲ"
ရှယန်ယွိ၏ သူမရုံးခန်း၏ အနောက်မှ အဆောက်အဦးကို ညွှန်ပြသည်။
"အဲ့ဒါက ဆေးဝါးထုတ်လုပ်တဲ့စက်ရုံပဲ၊ ရှင်သိထားရမှာက ဖော်မြူလာရောင်းပြီးရင်တောင် ပိုက်ဆံရှာလို့ရဖို့ အရင်ဆုံး လိုဦးမယ်၊ ရှင့်မှာ အော်ဒါတွေ တစ်သီကြီးရထားရင်တောင် ရှင့်ကို ပိုက်ဆံချက်ချင်းပေးလို့မရနိုင်ဘူး၊ အဲ့ဒီပိုက်ဆံတွေကို အရင်ဆုံး ထုတ်လုပ်ဖို့ ရင်းနှီးရပြီး ထုတ်လုပ်မှုပြီးစီးတဲ့နောက်ပိုင်း ရလာတဲ့ငွေကိုကျမှ ကျွန်မတို့ပိုင်မှာ၊ ပြီးရင် ပြိုင်ဘက်ကုမ္ပဏီတွေက ကျွန်မတို့ ဖော်မြူလာတွေကို ခိုးမှာစိုးလို့ ကာကွယ်စောင့်ရှောက်ထားဖို့အတွက် ဖော်မြူလာတွေကို နောက်တစ်နည်းအဖြစ် ပြုပြင်ဖယ်ရှားတာတွေ လုပ်ဆောင်ရဦးမယ်၊ အစပိုင်းမှာဆိုရင် ကျွန်မတို့ ပမာဏနည်းတဲ့အသုတ်လေးတွေပဲ ထုတ်နိုင်ဦးမယ်၊ ကျွန်မတို့ သုံးစွဲသူတွေ ယုံကြည်ပြီး မှာယူလာတဲ့အခါကျမှ ထုတ်လုပ်မှုအရှိန်ကို မြှင့်တင်ပြီး အများအပြားထုတ်လုပ်လို့ရမှာ၊ ဒါတွေအတွက် အချိန်တစ်ခုကတော့ လိုအပ်တယ်၊ ရှင် ကျွန်မကို ဖော်မြူလာတွေပေးပြီး အချိန်တစ်နှစ်ပေးထားမယ်ဆိုရင် နှစ်ဘီလီယံက ရနိုင်ပေမယ့် နှစ်လအတွင်းကတော့ မရဘူး"
ရှယန်ယွိမှ စကားပြောလို့တောင်မပြီးသေး ရွှီဖန်း၏ မျက်လုံးများက တောက်ပသွားခဲ့သည်။ သူ ရှယန်ယွိအား ပြုံး၍ ပြောခဲ့သည်။
"ကျွန်တော့်ဘက်က ဖော်မြူလာကို တစ်ကြိမ်တည်းနဲ့ ရောင်းလည်းရတယ်ပေါ့"
"အင်း ဒါပေမယ့် ကျွန်မတို့ရှရှီရဲ့ အင်အားနဲ့သာဆိုရင် ကျွန်မကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချလို့ရပေမယ့် ကျွန်မမိသားစုကတော့ အကျိုးအမြတ်ကိုပဲ အရင်ကြည့်မှာ"
ရှယန်ယွိက သက်ပြင်းချသည်။
"ရွှီဖန်း ကျွန်မ ရှင့်ကို အများဆုံး ကူညီနိုင်တာဆိုလို့ ရောဂါသုံးခုအတွက် အထူးဆေးဝါးတွေ ထုတ်လို့ရမယ့် ဖော်မြူလာတွေကို သန်း၁၀၀နဲ့ ဝယ်ပေးတာပဲ"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်။ ရှယန်ယွိမှ သူ့ကို အများကြီးပေးလာကတည်းက သူမသည် လုံလောက်သော လိုက်လျောမှုတစ်ခုကို ပြုလုပ်ခဲ့ရသည်ပင်။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် ရွှီဖန်းသည် သူ့ဆီကနေ အပြစ်ပေးခံရပြီးဖယ်ရှားတာခံခဲ့ရသည့် ရှရှီတွင် ယခင်က လုပ်ချင်တာလုပ်၍ရခဲ့သော ဆေးဝါးပညာရှင်တစ်ယောက်၏ ပုံရိပ်ကို တွေးမိကာ ရွှီဖန်းပြုံးလိုက်သည်။ သူ့စိတ်ထဲ၌ အစီအစဥ်တစ်ခုပေါ်လာသည်။
ထိုအချိန် ပြည်နယ်၌ အကြီးဆုံးသော စားသောက်ဆိုင်ဖြစ်သည့် ကြိုးကြာဖြူစားသောက်ဆိုင်၌ စွန်းဖုကျန်းသည် သူ့အိပ်ရာပေါ်မှာ လဲလျောင်းနေသည်။ သူ့ကို ဝန်ဆောင်မှုပေးရန် အကောင်းဆုံးကြိုးစားနေသည့် ကျွမ်းကျင်သူကို ကြည့်ရင်း သူ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
ဖုန်းမြည်လာ၏။ သူ မျက်မှောင်ကြုတ်၍ ကိုင်လိုက်သည်။
"ပြောစရာရှိရင် ပြော...ငါ့ကို အာရုံလာမစားနဲ့"
"သခင်လေးစွန်း ရွှီဖန်းက ပြည်နယ်မှာ ရောက်နေပြီ"
တစ်ဖက်မှ လေသံခပ်နိမ့်နိမ့်အသံက ထွက်လာသည်။
စွန်းဖုကျန်း၏ မျက်လုံးက အရောင်တောက်သွားခဲ့သည်။ အကောင်းဆုံးကြိုးစားနေသည့် ကျွမ်းကျင်သူလေးကို တွန်းဖယ်ပြီး စိတ်လှုပ်တရှားမေးလိုက်သည်။
"သူ အခု ဘယ်မှာလဲ"
"ရှလုပ်ငန်းစုမှာပါ"
"ကောင်းတယ် သူ့ကို ဆက်ပြီးစောင့်ကြည့်ထား၊ ငါ အစ်ကိုချန်းကို ချက်ချင်း သွားခေါ်လိုက်ဦးမယ်"
"ဟုတ်ကဲ့ သခင်လေး"
ဖုန်းကိုချပြီးနောက် စွန်းဖုကျန်း၏မျက်လုံး၌ မုန်းတီးမှုအလင်းရောင်က ဖြတ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
"ရွှီဖန်း မင်း ငါ့ကို ရိုက်ရဲမှတော့ ငါ ပြန်ရိုင်းလို့ အပြစ်မတင်နဲ့"
စွန်းဖုကျန်းသည် အိပ်ရာပေါ်မှ ထကာ စိတ်ဓာတ်
ကျနေသော်လည်း ဘာမှပြန်မပြောရဲသည့် ကျွမ်းကျင်သူကို ကြည့်လိုက်သည်။ ထို့နောက် အိတ်ထဲမှ ယွမ်ထောင်ပေါင်းများစွာ ထုတ်ယူရင်း ထိုကျွမ်းကျင်သူဆီ ပစ်ပေးလိုက်သည်။
"နောက်လာမယ့်ရက်အတွင်းမှာ မင်းကို တွေ့ဖို့ ပြန်လာခဲ့မယ်၊ ဒါက မင်းအတွက် နစ်နာကြေး"
"ကောင်းပါပြီ ကောင်းပါပြီ ကျေးဇူးတင်ပါတယ်အစ်ကိုကြီးကျန်း"
ကျွမ်းကျင်သူ၏ မျက်နှာလေးက ငွေကို မြင်မှသာ ပြုံးသွားလေသည်။
စွန်းဖုကျန်းသည် အသက်ပြင်းပြင်းရှူ၍ အခန်းပြင်သို့ ထွက်လာခဲ့သည်။ သူ့ကို နှိုးဆွခဲ့ခြင်း၏ အကျိုးဆက်ကို ရွှီဖန်း သိစေရမည်ဟု ကျိန်ဆိုခဲ့သည်။
*******************