လျှပ်စီး
Vol. 16 Ch. 229
သို့သော်ငြား ရွှီဖန်းအား သိလိုစိတ်ဖြစ်စေခဲ့သည်မှာ သူ့ကို ချဥ်းကပ်လာသည့် သူ့အရှေ့မှ လူသည် ကားပေါ်ခြစ်ရာကို တစ်ကယ်အာရုံစိုက်၍ ကြည့်ကာ ပြောလာသည်။
"အစ်ကိုကြီး ခင်ဗျားရဲ့ကားက ဈေးကြီးတယ် မဟုတ်လား၊ ဆိုးဆိုးရွားရွား ခြစ်မိသွားတာပဲ"
ရွှီဖန်း အသက်ပြင်းပြင်းရှူလိုက်သည်။ သူ ထိုလူနှင့် စိတ်ပိုင်းဆိုင်ရာ ဂိမ်းကစားရန် စိတ်ဝင်စားမှုမရှိချေ။ ချက်ချင်းပင် သူသည် တိတ်ဆိတ်စွာဖြင့် လှုပ်ရှားမှု တစ်ခုကို ထုတ်ကာ တစ်ဖက်လူ၏ လည်ပင်းကို ဆွဲလိုက်သည်။ ထိုလူက လူသတ်သမား ဟုတ်မဟုတ်က အရေးမကြီးပေ။ အရေးကြီးသည်က သူ့ကို ထိန်းချုပ်ထားနိုင်ရန်ပင်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် ရွှီဖန်းသည် သူ့မျက်လုံးထဲမှ လျပ်တပြတ်ပုံရိပ်ကို တွေ့လိုက်ရသည်။ ထိုလူသည် ထိုင်နေရာမှ မတ်တပ်ရပ်နေသည့် ကိုယ်နေဟန်ထားအဖြစ်သို့ လျင်မြန်စွာပြောင်းသွားပြီး တစ်ဖက်ကို လှည့်ကာ ရွှီဖန်း၏ အနောက်ကို ရောက်ရှိသွားခဲ့သည်။
ရွှီဖန်း၏ နှလုံးသားက တင်းကြပ်သွားခဲ့သည်။ သူချက်ချင်း ရှေ့သို့ခုန်၍ မြေကြီးပေါ်လိမ့်ကာ အနောက်မှ တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သည်။
"မင်း ငါ့ကို ဘယ်လို သတိထားမိသွားလဲမသိပေမယ့် မင်းဘက်က စလာပြီဆိုမှတော့ ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့"
ချန်းရုန်က အေးစက်စွာ ပြောသည်။ ထို့နောက် ခြေထောက်ကို မြှောက်၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချသည်။ ရွှီဖန်း နောက်ထပ် လူးလှိမ့်လိုက်သည်။ ကံကောင်းစွာဖြင့် သူကားဟာ အကြမ်းပတမ်းခံသော ကားဖြစ်ပြီး မြင့်မားသောကိုယ်ထည်ရှိသည်။ ရွှီဖန်းမတ်တပ်ရပ်ကာ ကား၏ တစ်ခြားတစ်ဖက်ကို ရှောင်လိုက်သည်။
"ဟဲဟဲ မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်
တယ်ဆိုရင် မင်းရဲ့လုပ်ငန်းမှာ မင်းပညာမရှိတာကိုပဲ အပြစ်တင်လိုက်၊ အရူးတောင်မှ ဒီကိစ္စကို ရှာတွေ့နိုင်တယ်"
ရွှီဖန်း ရယ်လိုက်ကာ လက်ထဲမှ လျှပ်စီးဆင့်ခေါ်
အဆောင်ကို ချိုးလိုက်သည်။ သူ တိုက်ရိုက် ဖောက်ခွဲရန် မပြင်ဆင်ထားပေ။ ဤလျှပ်စီးအဆောင်ကိုသာ လွှတ်ထုတ်ပေးလိုက်မည်ဆိုလျှင် ဘယ်လောက်
တောင် အင်အားကြီးလိမ့်မည်မှန်း သူတောင် မသိပေ။ ၎င်းသာ အလွန်အားပြင်းခဲ့လျှင် ရဲ သို့မဟုတ် စစ်တပ်ကို ဆွဲဆောင်မိလိမ့်မည်။
ဒါကြောင့် ရွှီဖန်းသည် သူ့ကိုယ်ပိုင်အရှိန်ကို တိုးမြှင့်ပေးရန် ခန္ဓာကိုယ်ထဲ၌ လျှပ်စီးအင်အားကို သိမ်းထားရန်သာ တတ်နိုင်လေသည်။ ထို့နောက် ရွှီဖန်းသည် ကောင်းကင်ဘုံစွမ်းအားအဆောင်ကို ချိုးလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူ၏ ခွန်အားနှင့်အရှိန်က အဆင့်တစ်ခုထက်ပိုပြီး တိုးပွားလာသည်ကို ခံစားမိလိုက်သည်။
သူ ချက်ချင်းပင် ကွေးညွတ်ပြီး ကား၏အခြားဘက်ကို သွားခဲ့သည်။ ဤဖြစ်စဥ်မှာ တစ်စက္ကန့်လောက်သာ ကြာခဲ့၏။
ချန်းရုန်၏ အမြင်အာရုံက မှုန်ဝါးသွားပြီး နောက်တစ်
စက္ကန့်အတွင်းမှာပင် ရွှီဖန်းက သူ့အရှေ့ကို ရောက်လာလေသည်။
ရွှီဖန်း သူ့လက်သီးကို ဆုပ်၍ မျက်ခုံးပင့်ကာ ချန်းရုန်၏ ဗိုက်ကို ထိုးချခဲ့သည်။
ဘန်း!!!!
အသားချင်း တိုက်မိခြင်းပင်။ ရွှီဖန်း၏အရှိန်က အလွန်မြန်နေပြီဖြစ်သော်လည်း ချန်းရုန်သည် သူ့လက်နှစ်ဖက်နှင့် ခြေထောက်တစ်ဖက်ကိုမြှောက်ကာ ရွှီဖန်း၏ တိုက်ခိုက်မှုကို တားဆီးလာသည်။ သို့သော်ငြား ချန်းရုန်သည် သူ့လက်နှစ်ဖက်နှင့် ခြေထောက်က ထုံကျင်သွားသည်ကို ခံစားလိုက်ရသေး၏။
"အရမ်းသန်မာတယ်"
တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်စလုံး သက်
ပြင်းချမိကြသည်။
သို့သော် ရွှီဖန်းသည် ချန်းရုန်အား အခွင့်အရေးပေးရန် မစီစဥ်ထားခဲ့ပေ။ သူ့တိုက်ခိုက်မှုက တားဆီးခံလိုက်ရသည်ကို မြင်သော် ဆောင့်ကြောင့်ထိုင်ပုံစံဖြင့် သူ့ခန္ဓာကိုယ်ကို လှည့်ကာ ခုန်၍ ချန်းရုန်၏ ဦးခေါင်းကို ကန်လိုက်သည်။
ချန်းရုန်လည်း တုံ့ဆိုင်းမှုမရှိ ထိုင်ချလိုက်သည်။ ထို့နောက် ခြေထောက်ကိုမြှောက်ကာ ရွှီဖန်း၏ ညာခြေထောက်ကို ရိုက်ချလိုက်သည်။
ရွှီဖန်းသည် ထုံကျင်သောနာကျင်မှုနှင့်အတူ သူ့ဟန်ချက်ပျောက်ဆုံးသွားသလို ခံစားရသည်။ သူ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်ပြီးသည့်အချိန် သူတို့နှစ်ယောက်ကြားမှ အကွာအဝေးတစ်ခု ချန်ထားခဲ့သည်။
"ငါ လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်သာ မသုံးထားရင် သေသွားလောက်ပြီ"
ရွှီဖန်း အသက်ပြင်းပြင်းရှုသွင်းကာ တွေးမိသည်။
သူ နောက်ပြန်မဆုတ်ဘဲ ရှေ့ပြန်တက်လာခဲ့သည်။ ဒီတစ်ချိန် မမှန်မကန်မတိုက်ခိုက်တော့ပေ။ သူ စစ်မှန်သော အရှင်အာ့လန်၏ ထိုးဖောက်ခြင်းသိုင်း၊ ပထမခြေလှမ်းကို အသုံးပြုခဲ့သည်။
"မီးကဲ့သို့ထိုးဖောက်ခြင်း သွားစမ်း"
ရွှီဖန်း ပေါ့ပါးစွာ အော်၍ ချန်းရုန်ကာကွယ်ရန် မြှောက်ထားသည့်လက်ကို ထိုးလိုက်သည်။
ချန်းရုန်သည် တိုက်ခိုက်နေသော်လည်း ပြိုင်ဘက်ကို စောင့်ကြည့်သည့် အလေ့အကျင့်က မပျောက်သွားခဲ့ပေ။ ထို့ကြောင့် ရွှီဖန်း၏ အော်သံမှာ ကျယ်လောင်ခြင်းမရှိသော်လည်း ချန်းရုန်ကတော့ ၎င်းကို ရှင်းရှင်းလင်းလင်းကြားရတုန်းပင်။
ချက်ခြင်းပင် ချန်းရုန်သည် သူ့ခြေထောက်ကို ဆန့်
ထုတ်၍ အတိုင်းအတာနှစ်ခုစာလောက် နောက်ပြန်
ခုန်လိုက်သည်။ ထိုသို့ ခုန်ရင်း ရွှီဖန်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သည်။
"အရဲစွန့်မေးပါရစေဦး၊ ဒီကအစ်ကိုကြီးရွှီဖန်း ခင်ဗျားက...."
ချန်းရုန် လက်သီးဆုပ်ကာ မေးခွန်းထုတ်
လိုက်သော်ငြား ရွှီဖန်းက သူ့ကို လျစ်လျူရှုပြီး ရှေ့ကို တက်လာသည်။ သူက ဆက်လက်၍ လေကဲ့သို့ လှုပ်ရှားနေ၏။
ချန်းရုန်မှာ သူ့နှလုံးသားထဲ ခါးသီးစွာခံစားလိုက်ရသော်လည်း ယခုအချိန်တော့ ပြန်မတိုက်ဝံ့ပေ။ သူ ရွှီဖန်းထက် တိုက်ပွဲအတွေ့အကြုံပိုရှိတာကြောင့် ထိုအတွေ့အကြုံကိုသာ အသုံးချပြီး ရှောင်တိမ်းခဲ့ရသည်။ သူထပ်ပြီး ပါးစပ်မဟရဲတော့ပေ။ သူသာ ရွှီဖန်းကြောင့် စိတ်ပျံ့လွင့်သွားခဲ့ပါက လက်သီးဖြင့်အထိုးခံရပြီး ကျိုးကြေသွားနိုင်ပေသည်။
ထိုအချိန် ရွှီဖန်းလည်း စိုးရိမ်နေ၏။ သူ ဘယ်လောက်ပဲ မြန်နေပါစေ၊ သူ့တိုက်ခိုက်မှုများက ဘယ်လောက်ပဲ ဆန်းကြယ်နေပါစေ ချန်းရုန်က ရှောင်နိုင်နေလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုသော် ရွှီဖန်း၏ တိုက်ခိုက်မှုများအားလုံးသည် လေထဲတွင်သာ ပျောက်ဆုံးနေရသည်။
ချန်းရုန်လည်း ခါးသီးနေသော်ငြား ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။ မကြာသေးခင်နှစ်များက သူသည် လှံကို ကျွမ်းကျင်အောင် ကျင့်နေရင်းဖြင့် သူ့အနီးကပ်တိုက်ခိုက်မှုတချို့က ဆုံးရှုံးသွားခဲ့သည်။ မဟုတ်လျှင် ရွှီဖန်း၏ စွမ်းရည်လောက်ဖြင့် ချန်းရုန်သည် သူ့အား မိနစ်ပိုင်းအတွင်း အနိုင်ယူနိုင်လိမ့်မည်။
စစ်တပ်ကြီးကြပ်သော နယ်မြေဖြစ်တာကြောင့် တရားမဝင်လက်နက်များ ယူဆောင်လာရန်မလွယ်ကူချေ။ ထိုအချိန် သူကလည်း အလျင်စလိုဖြစ်နေခဲ့ပြီး စွန်းဖုကျန်းကလည်း သူ့အတွက် သေနတ်တစ်
လက်တောင် မရှာထားပေ။ သူ ဒီကိုလာနေစဥ် ယုံကြည်ချက်အပြည်ရှိခဲ့သည်။ သို့သော်....
မည်သို့ပင်ဆိုစေ ရွှီဖန်းကတော့ ထိုအကြောင်းတွေကိုမသိဘဲ သူ့ခန္ဓာကိုယ်ထဲရှိ လျှပ်စီးအဆောင်စွမ်းအားများကို အရှိန်အတွက် များစွာ အသုံးပြုထားခဲ့သည်သာ သိ၏။
ရွှီဖန်းသည် ချက်ချင်းပင် ဒေါသတကြီးဖြင့် လက်သီးတစ်လုံးပစ်လွှတ်ကာ တစ်လျှောက်လုံး ရှောင်နေခဲ့သည့် ချန်းရုန်းအား ကားနှစ်စီးအလယ်သို့ တွန်းပို့ခဲ့သည်။
ထို့နောက် ရွှီဖန်း အနောက် ပြန်ဆုတ်ခဲ့သည်။
ချန်းရုန်သည် ခဏတာ အံ့အားသင့်သွားကာ ဆိုသည်။
"အစ်ကိုရွှီကို ငါမေးလို့ရမလား"
ပြောပြီးသည်နှင့် ချန်းရုန်သည် သူ့လက်ကို မြှောက်ကာ ကောင်းကင်ကို ညွှန်ပြလိုက်သည်။
"မိသားစုလား"
သို့သော်လည်း လက်ရှိအချိန်တွင် ရွှီဖန်း၏ နားထဲ၌ မိုးကြိုးသံများသာ ပြည့်နှက်နေခဲ့တာကြောင့် သူ့အမေးကို မကြားခဲ့ပေ။
ရွှီဖန်း သူ့လက်ကို နှေးကွေးစွာ မြှောက်၍ ချန်းရုန်ကို ရွယ်လိုက်သည်။
"မိုးကြိုးပစ်"
သို့သော်ငြား ရွှီဖန်းကို အံ့သြစေသည်မှာ သူ့ခန္ဓာကိုယ်ထဲတွင် ရှိသော အနည်းငယ်မျှ လျှပ်စီးစွမ်းအားသည် မတိုင်ခင်ကလို တိုက်ရိုက်ထုတ်၍ မရခဲ့ချေ။ ထိုအစား အေးစက်သောလေများအဖြစ် ချန်းရုန်၏ ဘေးနှစ်ဖက်မှာ ဝန်းရံနေခဲ့သည်။
ချန်းရုန်သည်လည်း ရွှီဖန်း၏စကားကို ကြားသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးထဲ၌ ရှော့ရသည့် အမူအရာပေါ်လာကာ နောင်တရမှုပါ ရောစွက်နေခဲ့သည်။ သို့သော် ထိုအရာက အရေးမကြီးတော့ပေ။
အနက်ရောင်တိမ်တိုက်လေးက ချန်းရုန်၏ ဦးခေါင်းထက်၌ ပေါ်လာသည်။ ထို့နောက် ချန်းရုန်အပေါ်သို့ မိုးကြိုးလျှပ်စီးတစ်ခုကို ပစ်ချခဲ့လေသည်။
ထိုအရာအားလုံးက နှစ်စက္ကန့် သုံးစက္ကန့်အတွင်း ဖြစ်
ပျက်ခဲ့ခြင်းပင်။ ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ လျှပ်စီးကြောင့် မြေကြီးပေါ်၌ အနက်
ရောင်နှင့်မီးခိုးရောင်ရောနေသော စတီးတုံးကြီးကို ကြည့်လိုက်မိသည်။
မတိုင်ခင်က လျှပ်စီးအဆောင်၏ စွမ်းအား ၉၀ရာခိုင်နှုန်းလောက်ကို အရှိန်မြန်စေဖို့ရန် သုံးခဲ့မှန်း သူသေချာပေသည်။ ကြည့်ရတာ သူ ယခင်က ရခဲ့သည့် လျှပ်စီးအဆောင်မှာ တစ်ကယ်ကို ပျက်စီးနေသည့်ပစ္စည်းဖြစ်ပုံပင်။ ယခုအဆောင်ကမှသာ လျှပ်စီးအဆောင်၏ စွမ်းအားအစစ်အမှန်ပင်။
အသက်ပြင်းပြင်းရှူသွင်းပြီးနောက်မှာ သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ရင်း တစ်ဖက်ကိုလှည့်ကာ Star Cityသို့ ဆေးဝါးစီးပွားရေးလုပ်ရန် ဦးတည်ခဲ့သည်။
သို့သော်ငြား သူ့ဖုန်းကို ယူကြည့်ပြီးနောက်မှာ ရှောင်းချောင်ဘက်မှ ဖုန်းပြန်မဖြေသည့်သူ့ကို အကြိမ်ပေါင်းစွာ ဖုန်းခေါ်ထားသည်ကို သူတွေ့ခဲ့ရသည်။
ရွှီဖန်း ခေတ္တအံ့သြသွားခဲ့ရင်း ရင်ထဲ၌ နွေးထွေးသွားခဲ့ကာ ရှောင်းချောင်၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
"ဟယ်လို ရှောင်းချောင်၊ ငါ သူ့ကို ဂရုစိုက်လိုက်ပြီးပြီ၊ အာရှရဲ့ နံပါတ်တစ်လုပ်ကြံရေးသမားဆိုတော့ တော်တော်တော့ ကိုင်တွယ်ရခက်တာပဲ"
ရွှီဖန်းသည် အပြုံးဖြင့် ရှောင်းချောင်းကို ပြောပြနေခဲ့သည်။
**********************